Premier League

လွန်းစ်နဲ့ပွဲမတိုင်ခင် ဂန်းနားကြယ်ပွင့်ရဲ့ အညှာအတာကင်းမဲ့တဲ့စိတ်ဓာတ်ကို ချီးကျူးခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ အာစီ လွန်းစ်နဲ့ ယနေ့ည ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဘူကာယို ဆာကာရဲ့ အညှာအတာကင်းမဲ့တဲ့ စိတ်ဓာတ်ပိုင်းကို ချီးကျူးပြောဆိုခဲ့ပါတယ်။

ဂန်းနားတွေဟာ ပြင်သစ်လီဂူးဝမ်းကလပ်ကို ယနေ့ည အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အနိုင်ရခဲ့မယ်ဆိုရင် အုပ်စုဗိုလ်အဖြစ် နောက်တဆင့်ကို တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်။ ဆာကာဟာ ချန်ပီယံလိဂ်မှာ အာဆင်နယ်အတွက် ကစားပေးခဲ့တဲ့ ၄ ပွဲအတွင်း သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးထားပြီး အကောင်းဆုံးပုံစံ ပြသနေတဲ့ ကစားသမား ဖြစ်ပါတယ်။

အာတီတာက ယနေ့ည မြောက်လန်ဒန်မှာ ကစားမယ့် ပွဲစဉ်မှာ အောက်တိုဘာလတုန်းက လွန်းစ်အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်ချင်နေတာကြောင့် ဆာကာအနေနဲ့ နောက်ထပ်တစ်ကြိမ် အကောင်းဆုံးပုံစံ ပြသနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

“သူ့မှာ အခု အကောင်းဆုံးဖြစ်နေဖို့ အညှာအတာကင်းမဲ့တဲ့ စိတ်ဓာတ်ပိုင်း ရှိပါတယ်။ သူက နေ့တိုင်း ကွင်းထဲမှာ ရှိနေပြီး အသင်းအတွက် ပွဲအပေါ် အကျိုးသက်ရောက်မှုပြသပြီး နိုင်ပွဲတွေ ရယူပေးနိုင်ပါတယ်။ ဘူကာယိုကို မချစ်ဖို့က မဖြစ်နိုင်ပါဘူး။ ခင်ဗျား သူနဲ့ ၂ မိနစ်လောက် စကားထိုင်ပြောလိုက်ရင် သူ့အကြောင်း သိမှာပါ။ သူက ဘယ်လောက် ထူးခြားတဲ့ စိတ်နေစိတ်ထားရှိတဲ့လူတစ်ယောက်လဲဆိုတာကို သိရင် ခင်ဗျား အံ့အားသင့်မိမှာပါ။ တစ်ချိန်တည်းမှာပဲ သူက အရမ်းကို နှိမ့်ချတတ်တယ်။ ဒါပေမယ့် သူက အဆင့်အတန်းကို မြင့်မြင့်မားမား သတ်မှတ်ထားတဲ့ လူမျိုးပါ။ ဒါက လုံလောက်ပါတယ်။ ဒါက ကြီးမားတဲ့ အရည်အသွေးလို့ ကျွန်တော် ထင်တယ်။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ အာစီ လြန္းစ္နဲ႔ ယေန႔ည ယွဥ္ၿပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္ခင္ ဘူကာယို ဆာကာရဲ႕ အညႇာအတာကင္းမဲ့တဲ့ စိတ္ဓာတ္ပိုင္းကို ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ဂန္းနားေတြဟာ ျပင္သစ္လီဂူးဝမ္းကလပ္ကို ယေန႔ည အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး အႏိုင္ရခဲ့မယ္ဆိုရင္ အုပ္စုဗိုလ္အျဖစ္ ေနာက္တဆင့္ကို တက္ေရာက္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ ဆာကာဟာ ခ်န္ပီယံလိဂ္မွာ အာဆင္နယ္အတြက္ ကစားေပးခဲ့တဲ့ ၄ ပြဲအတြင္း သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ေပးထားၿပီး အေကာင္းဆုံးပုံစံ ျပသေနတဲ့ ကစားသမား ျဖစ္ပါတယ္။

အာတီတာက ယေန႔ည ေျမာက္လန္ဒန္မွာ ကစားမယ့္ ပြဲစဥ္မွာ ေအာက္တိုဘာလတုန္းက လြန္းစ္အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ ရႈံးေႂကြးကို ျပန္ဆပ္ခ်င္ေနတာေၾကာင့္ ဆာကာအေနနဲ႔ ေနာက္ထပ္တစ္ႀကိမ္ အေကာင္းဆုံးပုံစံ ျပသႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

“သူ႔မွာ အခု အေကာင္းဆုံးျဖစ္ေနဖို႔ အညႇာအတာကင္းမဲ့တဲ့ စိတ္ဓာတ္ပိုင္း ရွိပါတယ္။ သူက ေန႔တိုင္း ကြင္းထဲမွာ ရွိေနၿပီး အသင္းအတြက္ ပြဲအေပၚ အက်ိဳးသက္ေရာက္မႈျပသၿပီး ႏိုင္ပြဲေတြ ရယူေပးႏိုင္ပါတယ္။ ဘူကာယိုကို မခ်စ္ဖို႔က မျဖစ္ႏိုင္ပါဘူး။ ခင္ဗ်ား သူနဲ႔ ၂ မိနစ္ေလာက္ စကားထိုင္ေျပာလိုက္ရင္ သူ႔အေၾကာင္း သိမွာပါ။ သူက ဘယ္ေလာက္ ထူးျခားတဲ့ စိတ္ေနစိတ္ထားရွိတဲ့လူတစ္ေယာက္လဲဆိုတာကို သိရင္ ခင္ဗ်ား အံ့အားသင့္မိမွာပါ။ တစ္ခ်ိန္တည္းမွာပဲ သူက အရမ္းကို ႏွိမ့္ခ်တတ္တယ္။ ဒါေပမယ့္ သူက အဆင့္အတန္းကို ျမင့္ျမင့္မားမား သတ္မွတ္ထားတဲ့ လူမ်ိဳးပါ။ ဒါက လုံေလာက္ပါတယ္။ ဒါက ႀကီးမားတဲ့ အရည္အေသြးလို႔ ကြၽန္ေတာ္ ထင္တယ္။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.