UCL&UEL

ပီအက်စ်ဂျီရဲ့ အငြင်းပွားဖွယ် နောက်ကျ ပင်နယ်တီကြောင့် ဒေါသထွက်ခဲ့တဲ့ အက်ဒီ ဟောင်း

နယူးကာဆယ်နည်းပြ အက်ဒီ ဟောင်းက ပီအက်စ်ဂျီရဲ့ ၉၈ မိနစ်မှာ ရရှိခဲ့တဲ့ အငြင်းပွားဖွယ် ပင်နယ်တီကြောင့် ဒေါသထွက်ခဲ့ပြီး ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နားလည်အောင် ကြိုးစားနေဆဲဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။

အလက်ဇန်းဒါး အီဆက်ခ်က အင်္ဂါနေ့ည ချန်ပီယံလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်ဟာ ပြင်သစ်ချန်ပီယံတွေကို အဝေးကွင်းနိုင်ပွဲ ရယူနိုင်တော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲကစားချိန်ပြီးဆုံးခါနီးမှာ လီဗရာမန်တိုက ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ ထိမိခဲ့ပုံပေါ်ခဲ့ပြီး VAR က ဖြစ်စဉ်ကို ပြန်လည်စစ်ဆေးခဲ့ရာမှာ ပင်နယ်တီ ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

ဒမ်ဘီလီရဲ့ ဖြတ်တင်ပေးပို့မှုဟာ နယူးကာဆယ်နောက်ခံလူရဲ့ ရင်ဘတ်ကို ထိပြီးနောက် လက်ကို ထိသွားခဲ့တာဖြစ်ပြီး အမ်ဘာပေက ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အက်ဒီဟောင်းက “ကျွန်တော် အဲဒါကို လက်ခံဖို့ လေ့လာသင်ယူနေတုန်းပါ။ ကျွန်တော် တကယ်ကို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ပေမယ့် တချိန်တည်းမှာပဲ ကစားသမားတွေ ဒီနေ့ပေးခဲ့တဲ့အရာတွေကြောင့် တကယ်စိတ်ကျေနပ်မိခဲ့ပါတယ်။ သူတို့ရဲ့ ပေးဆပ်ရင်းနှီးမှု၊ အဆုံးသတ်မှု။ ကျွန်တော်တို့ဘက်မှာ ကံတရားရှိနေခဲ့တယ်။ အဆုံးမှာတော့ ကံကောင်းမှုတွေက ကုန်ဆုံးသွားခဲ့တယ်။ အဲဒါက ပင်နယ်တီလို့ ကျွန်တော် မထင်ပါဘူး။ ဒီလိုအနှေးပြကွက်တွေမှာ ဘောလုံးက ဘယ်လောက်အထိ လျင်လျင်မြန်မြန်နဲ့ သွားနေလဲဆိုတာကို ခင်ဗျား ထည့်တွက်မှာမဟုတ်ပါဘူး။ သူ့လက်ကိုသာ အရင်ဆုံးထိသွားခဲ့တာဆိုရင်တောင် အဲဒါက ပင်နယ်တီ မဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ သူက အရမ်းနီးကပ်နေလို့ပါ။ ရင်ဘတ်ကို အရင်ထိပြီး နှိမ့်ထားတဲ့ လက်ကို ထိရင်လည်း အဲဒါက ပင်နယ်တီမဟုတ်ပါဘူး။ ကျွန်တော့်စိတ်ထဲက အတွေးကို မပြောပြနိုင်တာသိသာပါတယ်(ကျွန်တော် ပြဿနာတက်နိုင်တယ်)။ ဒိုင်လူကြီးက ဒီအခိုက်အတန့်မတိုင်ခင်အထိ ကောင်းမွန်တဲ့ပွဲတစ်ပွဲကို ပိုင်ဆိုင်ခဲ့တယ်လို့ ထင်ပါတယ်။ သူက အရမ်းအားကောင်းခဲ့တယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္နည္းျပ အက္ဒီ ေဟာင္းက ပီအက္စ္ဂ်ီရဲ႕ ၉၈ မိနစ္မွာ ရရွိခဲ့တဲ့ အျငင္းပြားဖြယ္ ပင္နယ္တီေၾကာင့္ ေဒါသထြက္ခဲ့ၿပီး ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး နားလည္ေအာင္ ႀကိဳးစားေနဆဲျဖစ္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

အလက္ဇန္းဒါး အီဆက္ခ္က အဂၤါေန႔ည ခ်န္ပီယံလိဂ္ပြဲစဥ္မွာ နယူးကာဆယ္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ကလပ္ဟာ ျပင္သစ္ခ်န္ပီယံေတြကို အေဝးကြင္းႏိုင္ပြဲ ရယူႏိုင္ေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပြဲကစားခ်ိန္ၿပီးဆုံးခါနီးမွာ လီဗရာမန္တိုက ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးကို လက္နဲ႔ ထိမိခဲ့ပုံေပၚခဲ့ၿပီး VAR က ျဖစ္စဥ္ကို ျပန္လည္စစ္ေဆးခဲ့ရာမွာ ပင္နယ္တီ ခြင့္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။

ဒမ္ဘီလီရဲ႕ ျဖတ္တင္ေပးပို႔မႈဟာ နယူးကာဆယ္ေနာက္ခံလူရဲ႕ ရင္ဘတ္ကို ထိၿပီးေနာက္ လက္ကို ထိသြားခဲ့တာျဖစ္ၿပီး အမ္ဘာေပက ပင္နယ္တီကို အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ပြဲအၿပီးမွာ အက္ဒီေဟာင္းက “ကြၽန္ေတာ္ အဲဒါကို လက္ခံဖို႔ ေလ့လာသင္ယူေနတုန္းပါ။ ကြၽန္ေတာ္ တကယ္ကို စိတ္ပ်က္လက္ပ်က္ျဖစ္ခဲ့ေပမယ့္ တခ်ိန္တည္းမွာပဲ ကစားသမားေတြ ဒီေန႔ေပးခဲ့တဲ့အရာေတြေၾကာင့္ တကယ္စိတ္ေက်နပ္မိခဲ့ပါတယ္။ သူတို႔ရဲ႕ ေပးဆပ္ရင္းႏွီးမႈ၊ အဆုံးသတ္မႈ။ ကြၽန္ေတာ္တို႔ဘက္မွာ ကံတရားရွိေနခဲ့တယ္။ အဆုံးမွာေတာ့ ကံေကာင္းမႈေတြက ကုန္ဆုံးသြားခဲ့တယ္။ အဲဒါက ပင္နယ္တီလို႔ ကြၽန္ေတာ္ မထင္ပါဘူး။ ဒီလိုအေႏွးျပကြက္ေတြမွာ ေဘာလုံးက ဘယ္ေလာက္အထိ လ်င္လ်င္ျမန္ျမန္နဲ႔ သြားေနလဲဆိုတာကို ခင္ဗ်ား ထည့္တြက္မွာမဟုတ္ပါဘူး။ သူ႔လက္ကိုသာ အရင္ဆုံးထိသြားခဲ့တာဆိုရင္ေတာင္ အဲဒါက ပင္နယ္တီ မဟုတ္ေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ သူက အရမ္းနီးကပ္ေနလို႔ပါ။ ရင္ဘတ္ကို အရင္ထိၿပီး ႏွိမ့္ထားတဲ့ လက္ကို ထိရင္လည္း အဲဒါက ပင္နယ္တီမဟုတ္ပါဘူး။ ကြၽန္ေတာ့္စိတ္ထဲက အေတြးကို မေျပာျပႏိုင္တာသိသာပါတယ္(ကြၽန္ေတာ္ ျပႆနာတက္ႏိုင္တယ္)။ ဒိုင္လူႀကီးက ဒီအခိုက္အတန႔္မတိုင္ခင္အထိ ေကာင္းမြန္တဲ့ပြဲတစ္ပြဲကို ပိုင္ဆိုင္ခဲ့တယ္လို႔ ထင္ပါတယ္။ သူက အရမ္းအားေကာင္းခဲ့တယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.