Premier League

ချဲလ်ဆီးဂျင်းအဟောင်းကို အံ့အားသင့်ဖွယ်ခေါ်ယူမယ့် မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ချဲလ်ဆီးမှာ ခြေစွမ်းမပြသနိုင်ခဲ့ဘဲ ဂျာမနီ ပြန်သွားခဲ့ရတဲ့ တီမို ဗာနာကို အံ့အားသင့်ဖွယ်ခေါ်ယူဖို့အတွက် စိတ်ဝင်စားကြောင်း ထုတ်ဖော်ပြသခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဇန်နဝါရီလမှာ တိုက်စစ်ကို အင်အားဖြည့်တင်းဖို့အတွက် ကြိုးပမ်းနေးတာဖြစ်ပြီး Sky Germany ရဲ့ ဖော်ပြချက်အရ သရဲနီတွေဟာ တီမို ဗာနာအတွက် စုံစမ်း မေးမြန်းမှုတွေတောင် ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဟာ လိုက်ပ်ဇစ်မှာ ပုံမှန်ပွဲထွက်ကစားချိန်ကင်းမဲ့နေမှုကြောင့် မပျော်မရွှင်ဖြစ်နေတယ်လို့ ယုံကြည်ရပြီး ပြီးခဲ့တဲ့ရာသီမှာ ၁၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ဘွန်ဒက်စ်လီဂါ ၈ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဆီကနေ တရားဝင် ကမ်းလှမ်းမှု သို့မဟုတ် ဘယ်လို ညှိနှိုင်းဆွေးနွေးမှုမျိုးမှ ပြုလုပ်လာခြင်းမရှိသေးပေမယ့်လည်း တီမို ဗာနာဟာ အဲရစ် တန်ဟက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ ရီးရဲလ်မက်ဒရစ်၊ ဖူလ်ဟမ်၊ ခရစ္စတယ် ပဲလေ့စ်၊ ဝက်စ်ဟမ်းတို့နဲ့ အရင်တုန်းက သတင်းထွက်ခဲ့ဖူးသူဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ ကစားခဲ့တဲ့ ၂ ရာသီအတွင်း ၅၆ ပွဲမှာ ၁၀ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် အင်္ဂလန်ပြန်သွားပြီး သက်သေပြသချင်နေမှာ သေချာပါတယ်။

ချဲလ်ဆီးဟာ တီမို ဗာနာအတွက် ပေါင် ၄၇.၅ သန်းပေးချေ ခေါ်ယူခဲ့ရပြီး ၂၀၂၁ ခုနှစ်မှာ သောမတ်စ် တူဟယ်လက်အောက် ချန်ပီယံလိဂ်ရရှိခဲ့တဲ့အသင်းမှာ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပေမယ့်လည်း ၂၀၂၂ ခုနှစ်မှာ လိုက်ပ်ဇစ်ကို ပေါင် ၂၅.၃ သန်းနဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ခြေစွမ်းပြသဖို့အတွက် မီဒီယာတွေရဲ့ မျက်စိဒေါက်ထောက်ကြည့် ဝေဖန်ရေးသားမှုနဲ့ ဖိအားတွေကြောင့် အင်္ဂလန်မှာ ကစားခဲ့တဲ့အချိန်အတွင်း မပျော်ရွှင်ခဲ့ဘူးလို့ BILD က ဖော်ပြခဲ့ပြီး ဗာနာဟာ အစ်တီဟတ်မှာ မန်စီးတီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွက် အင်္ဂလန်ကို ခဏပြန်လာရဦးမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ ခ်ဲလ္ဆီးမွာ ေျခစြမ္းမျပသႏိုင္ခဲ့ဘဲ ဂ်ာမနီ ျပန္သြားခဲ့ရတဲ့ တီမို ဗာနာကို အံ့အားသင့္ဖြယ္ေခၚယူဖို႔အတြက္ စိတ္ဝင္စားေၾကာင္း ထုတ္ေဖာ္ျပသခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဇန္နဝါရီလမွာ တိုက္စစ္ကို အင္အားျဖည့္တင္းဖို႔အတြက္ ႀကိဳးပမ္းေနးတာျဖစ္ၿပီး Sky Germany ရဲ႕ ေဖာ္ျပခ်က္အရ သရဲနီေတြဟာ တီမို ဗာနာအတြက္ စုံစမ္း ေမးျမန္းမႈေတြေတာင္ ျပဳလုပ္ခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

ဂ်ာမနီလက္ေ႐ြးစင္တိုက္စစ္မႉးဟာ လိုက္ပ္ဇစ္မွာ ပုံမွန္ပြဲထြက္ကစားခ်ိန္ကင္းမဲ့ေနမႈေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနတယ္လို႔ ယုံၾကည္ရၿပီး ၿပီးခဲ့တဲ့ရာသီမွာ ၁၆ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း ဒီရာသီမွာေတာ့ ဘြန္ဒက္စ္လီဂါ ၈ ပြဲမွာ ၂ ဂိုးသာ သြင္းယူထားႏိုင္ေသးတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဆီကေန တရားဝင္ ကမ္းလွမ္းမႈ သို႔မဟုတ္ ဘယ္လို ညႇိႏႈိင္းေဆြးေႏြးမႈမ်ိဳးမွ ျပဳလုပ္လာျခင္းမရွိေသးေပမယ့္လည္း တီမို ဗာနာဟာ အဲရစ္ တန္ဟက္ရဲ႕ ပစ္မွတ္စာရင္းထဲမွာ ရွိေနတယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဟာ ရီးရဲလ္မက္ဒရစ္၊ ဖူလ္ဟမ္၊ ခရစၥတယ္ ပဲေလ့စ္၊ ဝက္စ္ဟမ္းတို႔နဲ႔ အရင္တုန္းက သတင္းထြက္ခဲ့ဖူးသူျဖစ္ေပမယ့္လည္း ပရီးမီးယားလိဂ္မွာ ကစားခဲ့တဲ့ ၂ ရာသီအတြင္း ၅၆ ပြဲမွာ ၁၀ ဂိုးသာ သြင္းယူႏိုင္ခဲ့တာေၾကာင့္ အဂၤလန္ျပန္သြားၿပီး သက္ေသျပသခ်င္ေနမွာ ေသခ်ာပါတယ္။

ခ်ဲလ္ဆီးဟာ တီမို ဗာနာအတြက္ ေပါင္ ၄၇.၅ သန္းေပးေခ် ေခၚယူခဲ့ရၿပီး ၂၀၂၁ ခုႏွစ္မွာ ေသာမတ္စ္ တူဟယ္လက္ေအာက္ ခ်န္ပီယံလိဂ္ရရွိခဲ့တဲ့အသင္းမွာ အစိတ္အပိုင္းတစ္ခု ျဖစ္ခဲ့ေပမယ့္လည္း ၂၀၂၂ ခုႏွစ္မွာ လိုက္ပ္ဇစ္ကို ေပါင္ ၂၅.၃ သန္းနဲ႔ ျပန္လည္ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေျခစြမ္းျပသဖို႔အတြက္ မီဒီယာေတြရဲ႕ မ်က္စိေဒါက္ေထာက္ၾကည့္ ေဝဖန္ေရးသားမႈနဲ႔ ဖိအားေတြေၾကာင့္ အဂၤလန္မွာ ကစားခဲ့တဲ့အခ်ိန္အတြင္း မေပ်ာ္႐ႊင္ခဲ့ဘူးလို႔ BILD က ေဖာ္ျပခဲ့ၿပီး ဗာနာဟာ အစ္တီဟတ္မွာ မန္စီးတီးနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္အတြက္ အဂၤလန္ကို ခဏျပန္လာရဦးမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.