Premier League

စပါးစ်ကို အနိုင်ရခဲ့ပြီးနောက် ထိပ်ဆုံး ၄ နေရာကို အံ့အားသင့်ဖွယ် ခန့်မှန်းခဲ့တဲ့ အူနိုင်း

အူနိုင်း အမ်မရီဟာ အက်စတန် ဗီလာရဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ခြေကို ငြင်းပယ်ခဲ့ပြီး ပိုမိုကြီးမားတဲ့ စိန်ခေါ်သူတွေ ၇ သင်းလောက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အက်စတန် ဗီလာဟာ တနင်္ဂနွေနေ့ညက တော့တင်ဟမ်ဟော့စပါးကို အထင်ကြီးဖွယ် နိုင်ပွဲရရှိခဲ့ပေမယ့်လည်း အူနိုင်း အမ်မရီက ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးနိုင်ခြေနဲ့ပတ်သက်ပြီး အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

လိုဆယ်လိုက စပါးစ်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ပါအူ တောရက်စ်နဲ့ အိုလီ ဝပ်ကင်းစ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အက်စတန် ဗီလာဟာ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

၁၃ ပွဲကစားပြီးနောက်မှာ အက်စတန် ဗီလာဟာ အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ်နဲ့ ၂ မှတ်အကွာ၊ မန်စီးတီးနဲ့ ၁ မှတ်အကွာ၊ လီဗာပူးလ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့်သာ အဆင့် ၄ နေရာမှာ ရပ်တည်နေရတာဖြစ်ပါတယ်။

ယခုရာသီမှာ ဆုဖလားစိန်ခေါ်ဖို့က တော်တော်လေး အလှမ်းဝေးနိုင်သေးပေမယ့်လည်း အချို့က ထိပ်ဆုံး ၄ နေရာအတွင်း ရာသီပြီးဆုံးပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရလိမ့်မယ်လို့ ယုံကြည်နေကြတာဖြစ်ပြီး အမ်မရီကတော့ အဲဒီလို ထင်မြင်နေခြင်းမရှိတာဖြစ်ပါတယ်။

အာဆင်နယ်နည်းပြဟောင်းက ၎င်းရဲ့အသင်းဟာ ထိပ်ဆုံး ၇ နေရာအတွင်းမှာတောင် ရာသီပြီးဆုံးနိုင်မလားဆိုတာ မသေချာနေတာဖြစ်ပြီး ဥရောပဝင်ခွင့်ရ၊ မရလည်း အာမမခံနိုင်တာဖြစ်ပါတယ်။

“ထိပ်ဆုံး ၇ နေရာအတွက် ကျွန်တော်တို့ထက် ပိုပြီးတော့ ယှဉ်ပြိုင်နိုင်တဲ့အသင်း ၇ သင်းရှိပါတယ်။ ကျွန်တော်တို့က အခု ထိပ်ဆုံး ၄ နေရာထဲမှာ ရှိနေတာကို ပျော်ရွှင်ခံစားပြီး ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းသွားရမှာပါ။ မန်စီးတီး၊ မန်ယူနိုက်တက်၊ လီဗာပူးလ်၊ အာဆင်နယ်၊ စပါးစ်၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်တို့ပါ။ ကျွန်တော်တို့ ဒီလိုနိုင်ပွဲတွေကနေ ယုံကြည်ချက် ရယူနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ ရှင်းလင်းနေဆဲပါ။ ကျွန်တော်တို့ ဟန်ချက်ညီအောင် လုပ်ဖို့ လိုပါတယ်။ ၃၈ ပွဲ ကစားရမှာပါ။ ကျွန်တော်တို့ ခြေစွမ်းပိုင်းတည်ငြိမ်မှုကို ပြသရပါမယ်။ ကျွန်တော်တို့က ကောင်းမွန်တဲ့နေရာမှာရှိနေပေမယ့် စိန်ခေါ်နိုင်သူတွေ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီနေရာမှာ ရှိနေတုန်းတော့ ထိန်းသိမ်းဖို့ ကြိုးပမ်းရမှာပါ။ ကျွန်တော်တို့ ပျော်ရွှင်ရမယ်။ ကျွန်တော်တို့ ပျော်ရွှင်ခံစားရမှာဖြစ်ပြီး တောင်းဆိုမှုတွေလည်း ရှိရမှာပါ။အခု ကျွန်တော်တို့ အနားယူပြီး ကြာသပတေးနေ့အတွက် စဉ်းစားရမှာပါ။ ပြီးရင် တနင်္ဂနွေနေ့ ဘုန်းမောက်နဲ့ပွဲအတွက် စဉ်းစားမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အူႏိုင္း အမ္မရီဟာ အက္စတန္ ဗီလာရဲ႕ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးႏိုင္ေျခကို ျငင္းပယ္ခဲ့ၿပီး ပိုမိုႀကီးမားတဲ့ စိန္ေခၚသူေတြ ၇ သင္းေလာက္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အက္စတန္ ဗီလာဟာ တနဂၤေႏြေန႔ညက ေတာ့တင္ဟမ္ေဟာ့စပါးကို အထင္ႀကီးဖြယ္ ႏိုင္ပြဲရရွိခဲ့ေပမယ့္လည္း အူႏိုင္း အမ္မရီက ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးႏိုင္ေျခနဲ႔ပတ္သက္ၿပီး အခုလို ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လိုဆယ္လိုက စပါးစ္အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း ပါအူ ေတာရက္စ္နဲ႔ အိုလီ ဝပ္ကင္းစ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အက္စတန္ ဗီလာဟာ ၿပိဳင္ဘက္ေတြကို ေက်ာ္ျဖတ္ၿပီး အမွတ္ေပးဇယား အဆင့္ ၄ ေနရာကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

၁၃ ပြဲကစားၿပီးေနာက္မွာ အက္စတန္ ဗီလာဟာ အမွတ္ေပးဇယား ဦးေဆာင္သူ အာဆင္နယ္နဲ႔ ၂ မွတ္အကြာ၊ မန္စီးတီးနဲ႔ ၁ မွတ္အကြာ၊ လီဗာပူးလ္နဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္ေၾကာင့္သာ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။

ယခုရာသီမွာ ဆုဖလားစိန္ေခၚဖို႔က ေတာ္ေတာ္ေလး အလွမ္းေဝးႏိုင္ေသးေပမယ့္လည္း အခ်ိဳ႕က ထိပ္ဆုံး ၄ ေနရာအတြင္း ရာသီၿပီးဆုံးၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ရလိမ့္မယ္လို႔ ယုံၾကည္ေနၾကတာျဖစ္ၿပီး အမ္မရီကေတာ့ အဲဒီလို ထင္ျမင္ေနျခင္းမရွိတာျဖစ္ပါတယ္။

အာဆင္နယ္နည္းျပေဟာင္းက ၎ရဲ႕အသင္းဟာ ထိပ္ဆုံး ၇ ေနရာအတြင္းမွာေတာင္ ရာသီၿပီးဆုံးႏိုင္မလားဆိုတာ မေသခ်ာေနတာျဖစ္ၿပီး ဥေရာပဝင္ခြင့္ရ၊ မရလည္း အာမမခံႏိုင္တာျဖစ္ပါတယ္။

“ထိပ္ဆုံး ၇ ေနရာအတြက္ ကြၽန္ေတာ္တို႔ထက္ ပိုၿပီးေတာ့ ယွဥ္ၿပိဳင္ႏိုင္တဲ့အသင္း ၇ သင္းရွိပါတယ္။ ကြၽန္ေတာ္တို႔က အခု ထိပ္ဆုံး ၄ ေနရာထဲမွာ ရွိေနတာကို ေပ်ာ္႐ႊင္ခံစားၿပီး ထိန္းသိမ္းႏိုင္ဖို႔ ႀကိဳးပမ္းသြားရမွာပါ။ မန္စီးတီး၊ မန္ယူႏိုက္တက္၊ လီဗာပူးလ္၊ အာဆင္နယ္၊ စပါးစ္၊ ခ်ဲလ္ဆီးနဲ႔ နယူးကာဆယ္တို႔ပါ။ ကြၽန္ေတာ္တို႔ ဒီလိုႏိုင္ပြဲေတြကေန ယုံၾကည္ခ်က္ ရယူႏိုင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္စိတ္ထဲမွာ ရွင္းလင္းေနဆဲပါ။ ကြၽန္ေတာ္တို႔ ဟန္ခ်က္ညီေအာင္ လုပ္ဖို႔ လိုပါတယ္။ ၃၈ ပြဲ ကစားရမွာပါ။ ကြၽန္ေတာ္တို႔ ေျခစြမ္းပိုင္းတည္ၿငိမ္မႈကို ျပသရပါမယ္။ ကြၽန္ေတာ္တို႔က ေကာင္းမြန္တဲ့ေနရာမွာရွိေနေပမယ့္ စိန္ေခၚႏိုင္သူေတြ မဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီေနရာမွာ ရွိေနတုန္းေတာ့ ထိန္းသိမ္းဖို႔ ႀကိဳးပမ္းရမွာပါ။ ကြၽန္ေတာ္တို႔ ေပ်ာ္႐ႊင္ရမယ္။ ကြၽန္ေတာ္တို႔ ေပ်ာ္႐ႊင္ခံစားရမွာျဖစ္ၿပီး ေတာင္းဆိုမႈေတြလည္း ရွိရမွာပါ။အခု ကြၽန္ေတာ္တို႔ အနားယူၿပီး ၾကာသပေတးေန႔အတြက္ စဥ္းစားရမွာပါ။ ၿပီးရင္ တနဂၤေႏြေန႔ ဘုန္းေမာက္နဲ႔ပြဲအတြက္ စဥ္းစားမွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.