Premier League

ဂွါဒီယိုလာ လိုချင်နေမယ့် သရဲနီကြယ်ပွင့်ကို ပြောပြခဲ့တဲ့ဂယ်ရီ နဗီး

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီ နဗီးက ပပ် ဂွါဒီယိုလာအနေနဲ့ ၎င်းရဲ့ မန်ချက်စတာစီးတီးကွင်းလယ်မှာ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ကော်ဘီ မိန်းနိုးကို လိုချင်နေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

မိန်းနိုးဟာ တနင်္ဂနွေနေ့က ဂွတ်ဒီဆင်ပါ့ခ်မှာ မန်ချက်စတာယူနိုက်တက်က အဲဗာတန်ကို ၃-၀ နဲ့ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲထွက်ပါဝင်ကစားခွင့် ပေးအပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်မှာ အထင်ကြီးဖွယ် ခြေစွမ်းပြသခဲ့တာကြောင့် ပွဲအပြီးမှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ပွဲစဉ်တလျှောက် အကောင်းဆုံးကစားသမားလို့ ချီးကျူး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ နဗီးဟာ အဲဗာတန်နဲ့ပွဲက မိန်းနိုးရဲ့ ခြေစွမ်းကို သဘောကျခဲ့ပြီး မန်ချက်စတာယူနိုက်တက်လူငယ်ကွင်းလယ်ကစားသမားဟာ ဂွါဒီယိုလာရဲ့ လက်အောက် မန်စီးတီးအသင်းထဲမှာဆိုရင်လည်း နေရာရနိုင်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“အထင်ကြီးစရာခြေစွမ်းဖြစ်ခဲ့ပြီး အဲဒါကြောင့် စိတ်မလှုပ်ရှားဘဲနေစရာအကြောင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူက အသက် ၁၇ ပဲရှိသေးလို့ပါ။ သူ့ရှေ့မှာ ၁၈ နှစ်လောက်ရှိနေသေးပြီး သူ လုပ်စရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တစ်ခါတလေ ခင်ဗျား ပထမဆုံးအကြိမ် ဝင်ကစားတဲ့ ကစားသမားကို မြင်ရတဲ့အခါမှာ သူ့မှာ နည်းစနစ်ပိုင်းအရည်အသွေးနဲ့ ကျွမ်းကျင်မှုရှိတာ မြင်သာပါတယ်။ ခင်ဗျား အဲဒါတွေသာမရှိရင် မန်ချက်စတာယူနိုက်တက် ပွဲထွက်လူစာရင်းထဲမှာ ကစားရမှာမဟုတ်ပါဘူး။ ခင်ဗျားမှာ အဲဒါတွေသာမရှိရင် တန်ဟက်ရဲ့ ရွေးချယ်ခြင်းကို ခံရမှာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒါကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကတော့ ခင်ဗျား သိမယ့်အရာမဟုတ်ပါဘူး။ သူက ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားခဲ့တယ်။ ဒီကွင်းက တစ်နှစ်တာအတွင်း ရန်အလိုဆုံး ပတ်ဝန်းကျင်ထဲမှာမှ အဆိုးရွားဆုံး ပတ်ဝန်းကျင်တစ်ခုဖြစ်ခဲ့ပြီး သူ့ပုံစံကြည့်ရတာ အဆင့်အတန်းတစ်ခုရှိတဲ့ပုံပါ။ ကျွန်တော်တို့ သူက အဆင့်အတန်းရှိတဲ့သူဆိုတာ သိပါတယ်။ သူ့မှာ အရည်အချင်းရှိတယ်။ ဒါပေမယ့် သူက အဲဒီလို ပတ်ဝန်းကျင်မျိုးမှာ အဆင့်အတန်းရှိနေပုံပေါ်တယ်”

“ကျွန်တော်က ကစားသမားတွေကိုအမြဲတမ်း ပြိုင်ပွဲရဲ့ အခက်ခဲဆုံးအပိုင်းတွေကျမှသာ အကဲဖြတ်လေ့ရှိတယ်။ မန်ချက်စတာယူနိုက်တက် သူတို့ရဲ့ အခက်ခဲဆုံးအချိန်ဖြစ်ခဲ့တဲ့ ပထမပိုင်းမပြီးခင် မိနစ် ၂၀ မှာ သူက ခြေစွမ်းပြခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားပါ။ သူက သူဖြစ်နေသေးပုံပေါ်တဲ့ တစ်ဦးတည်းသော ကစားသမားပါ။ သူ့ကို ကျွန်တော် အကြီးမားဆုံး ချီးကျူးမှုမျိုး ပြုလုပ်နိုင်တယ်။ အဲဒီလို ပြောဖို့က နာကျင်ရပါတယ်။ လူတွေက ဒါကို စိတ်ရှင်းရှင်းနဲ့ပဲ လက်ခံမယ်လို့ မျှော်လင့်ပါတယ်။ သူ့ပုံစံက မန်စီးတီးကစားသမားလိုမျိုးပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် သူကစားတာကို စောင့်ကြည့်ရင်း တွေးမိတာက ဒါက ဂွါဒီယိုလာက ကြည့်ပြီး သူ့ကို ငါ့ကွင်းလယ်မှာ လိုချင်တယ်။ ဒါက ငါ့ကွင်းလယ်ကစားသမားတွေ လုပ်ရမယ့်အရာပဲလို့ တွေးနေမယ့်သူမျိုးဆိုတာပါ”

“မန်ချက်စတာယူနိုက်တက်က သူ့ကို ရထားတာ တော်သေးတာပေါ့။ ဘာလို့လဲဆိုတော့ သူက အရမ်းကို တည်ငြိမ်နေပုံပေါ်လို့ပါ။ အမြဲတမ်း သူ့ ပုခုံးပေါ်ကနေ ကျော်ပြီး ကြည့်တယ်။ ကျန်တဲ့လူတွေအားလုံး ဘယ်ရောက်နေလဲဆိုတာ သူသိတယ်။ သူ့ကို ဖြတ်သန်းပြီး ပြေးလွှားခွင့်ပြုတယ်။ အသက် ၁၈ နှစ်အရွယ်နဲ့ ဒီဟာတွေ လုပ်နေတယ်။ သူ့မှာ ပိုပြီးခက်ခဲတဲ့ပွဲတွေ ရှိလာမှာပါ။ သူ့ရှေ့မှာ ရှည်လျားတဲ့ စိန်ခေါ်မှုတွေ ရှိပါတယ်။ ဒဏ်ရာတွေလည်းရှိလိမ့်မယ်။ ခြေစွမ်း တက်လိုက်၊ကျလိုက်ရှိမယ်။ တခြားကစားသမား ရောက်လာတာလည်း ရှိမယ်။ သူက ကြီးမားတဲ့တောင်းဆိုမှုရှိတဲ့ အသင်းမှာ ကစားနေတာပါ။ ဒါပေမယ့် ဒါက အရမ်း အရမ်းကောင်းမွန်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္း ဂယ္ရီ နဗီးက ပပ္ ဂြါဒီယိုလာအေနနဲ႔ ၎ရဲ႕ မန္ခ်က္စတာစီးတီးကြင္းလယ္မွာ မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ေကာ္ဘီ မိန္းႏိုးကို လိုခ်င္ေနလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

မိန္းႏိုးဟာ တနဂၤေႏြေန႔က ဂြတ္ဒီဆင္ပါ့ခ္မွာ မန္ခ်က္စတာယူႏိုက္တက္က အဲဗာတန္ကို ၃-၀ နဲ႔ ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပထမဆုံးေသာ ပရီးမီးယားလိဂ္ပြဲထြက္ပါဝင္ကစားခြင့္ ေပးအပ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အ႐ြယ္ကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္မွာ အထင္ႀကီးဖြယ္ ေျခစြမ္းျပသခဲ့တာေၾကာင့္ ပြဲအၿပီးမွာ အသင္းေခါင္းေဆာင္ ဘ႐ူႏို ဖာနန္ဒက္စ္က ပြဲစဥ္တေလွ်ာက္ အေကာင္းဆုံးကစားသမားလို႔ ခ်ီးက်ဴး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဂယ္ရီ နဗီးဟာ အဲဗာတန္နဲ႔ပြဲက မိန္းႏိုးရဲ႕ ေျခစြမ္းကို သေဘာက်ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္လူငယ္ကြင္းလယ္ကစားသမားဟာ ဂြါဒီယိုလာရဲ႕ လက္ေအာက္ မန္စီးတီးအသင္းထဲမွာဆိုရင္လည္း ေနရာရႏိုင္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“အထင္ႀကီးစရာေျခစြမ္းျဖစ္ခဲ့ၿပီး အဲဒါေၾကာင့္ စိတ္မလႈပ္ရွားဘဲေနစရာအေၾကာင္းမရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ သူက အသက္ ၁၇ ပဲရွိေသးလို႔ပါ။ သူ႔ေရွ႕မွာ ၁၈ ႏွစ္ေလာက္ရွိေနေသးၿပီး သူ လုပ္စရာေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ တစ္ခါတေလ ခင္ဗ်ား ပထမဆုံးအႀကိမ္ ဝင္ကစားတဲ့ ကစားသမားကို ျမင္ရတဲ့အခါမွာ သူ႔မွာ နည္းစနစ္ပိုင္းအရည္အေသြးနဲ႔ ကြၽမ္းက်င္မႈရွိတာ ျမင္သာပါတယ္။ ခင္ဗ်ား အဲဒါေတြသာမရွိရင္ မန္ခ်က္စတာယူႏိုက္တက္ ပြဲထြက္လူစာရင္းထဲမွာ ကစားရမွာမဟုတ္ပါဘူး။ ခင္ဗ်ားမွာ အဲဒါေတြသာမရွိရင္ တန္ဟက္ရဲ႕ ေ႐ြးခ်ယ္ျခင္းကို ခံရမွာမဟုတ္ပါဘူး။ ဒါေပမယ့္ အဲဒါကို ဘယ္လိုကိုင္တြယ္မလဲဆိုတာကေတာ့ ခင္ဗ်ား သိမယ့္အရာမဟုတ္ပါဘူး။ သူက ဂြတ္ဒီဆင္ပါ့ခ္မွာ ကစားခဲ့တယ္။ ဒီကြင္းက တစ္ႏွစ္တာအတြင္း ရန္အလိုဆုံး ပတ္ဝန္းက်င္ထဲမွာမွ အဆိုး႐ြားဆုံး ပတ္ဝန္းက်င္တစ္ခုျဖစ္ခဲ့ၿပီး သူ႔ပုံစံၾကည့္ရတာ အဆင့္အတန္းတစ္ခုရွိတဲ့ပုံပါ။ ကြၽန္ေတာ္တို႔ သူက အဆင့္အတန္းရွိတဲ့သူဆိုတာ သိပါတယ္။ သူ႔မွာ အရည္အခ်င္းရွိတယ္။ ဒါေပမယ့္ သူက အဲဒီလို ပတ္ဝန္းက်င္မ်ိဳးမွာ အဆင့္အတန္းရွိေနပုံေပၚတယ္”

“ကြၽန္ေတာ္က ကစားသမားေတြကိုအၿမဲတမ္း ၿပိဳင္ပြဲရဲ႕ အခက္ခဲဆုံးအပိုင္းေတြက်မွသာ အကဲျဖတ္ေလ့ရွိတယ္။ မန္ခ်က္စတာယူႏိုက္တက္ သူတို႔ရဲ႕ အခက္ခဲဆုံးအခ်ိန္ျဖစ္ခဲ့တဲ့ ပထမပိုင္းမၿပီးခင္ မိနစ္ ၂၀ မွာ သူက ေျခစြမ္းျပခဲ့တဲ့ တစ္ဦးတည္းေသာ ကစားသမားပါ။ သူက သူျဖစ္ေနေသးပုံေပၚတဲ့ တစ္ဦးတည္းေသာ ကစားသမားပါ။ သူ႔ကို ကြၽန္ေတာ္ အႀကီးမားဆုံး ခ်ီးက်ဴးမႈမ်ိဳး ျပဳလုပ္ႏိုင္တယ္။ အဲဒီလို ေျပာဖို႔က နာက်င္ရပါတယ္။ လူေတြက ဒါကို စိတ္ရွင္းရွင္းနဲ႔ပဲ လက္ခံမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သူ႔ပုံစံက မန္စီးတီးကစားသမားလိုမ်ိဳးပါ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ကြၽန္ေတာ္ သူကစားတာကို ေစာင့္ၾကည့္ရင္း ေတြးမိတာက ဒါက ဂြါဒီယိုလာက ၾကည့္ၿပီး သူ႔ကို ငါ့ကြင္းလယ္မွာ လိုခ်င္တယ္။ ဒါက ငါ့ကြင္းလယ္ကစားသမားေတြ လုပ္ရမယ့္အရာပဲလို႔ ေတြးေနမယ့္သူမ်ိဳးဆိုတာပါ”

“မန္ခ်က္စတာယူႏိုက္တက္က သူ႔ကို ရထားတာ ေတာ္ေသးတာေပါ့။ ဘာလို႔လဲဆိုေတာ့ သူက အရမ္းကို တည္ၿငိမ္ေနပုံေပၚလို႔ပါ။ အၿမဲတမ္း သူ႔ ပုခုံးေပၚကေန ေက်ာ္ၿပီး ၾကည့္တယ္။ က်န္တဲ့လူေတြအားလုံး ဘယ္ေရာက္ေနလဲဆိုတာ သူသိတယ္။ သူ႔ကို ျဖတ္သန္းၿပီး ေျပးလႊားခြင့္ျပဳတယ္။ အသက္ ၁၈ ႏွစ္အ႐ြယ္နဲ႔ ဒီဟာေတြ လုပ္ေနတယ္။ သူ႔မွာ ပိုၿပီးခက္ခဲတဲ့ပြဲေတြ ရွိလာမွာပါ။ သူ႔ေရွ႕မွာ ရွည္လ်ားတဲ့ စိန္ေခၚမႈေတြ ရွိပါတယ္။ ဒဏ္ရာေတြလည္းရွိလိမ့္မယ္။ ေျခစြမ္း တက္လိုက္၊က်လိုက္ရွိမယ္။ တျခားကစားသမား ေရာက္လာတာလည္း ရွိမယ္။ သူက ႀကီးမားတဲ့ေတာင္းဆိုမႈရွိတဲ့ အသင္းမွာ ကစားေနတာပါ။ ဒါေပမယ့္ ဒါက အရမ္း အရမ္းေကာင္းမြန္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.