Premier League

ဝိန်းရူနီလို ဂိုးသွင်းပြီး ရော်နယ်လ်ဒိုလို အောင်ပွဲခံခဲ့တဲ့ ဂါနာချို

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် အလက်ဟန်းဒရိုး ဂါနာချိုဟာ တနင်္ဂနွေနေ့ညက အဲဗာတန်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ဂွတ်ဒီဆင်ပါ့ခ်က ပွဲစဉ်မှာ အကောင်းဆုံး ပရီးမီးယားလိဂ်သွင်းဂိုးတွေထဲက တစ်ဂိုးကို သွင်းယူခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် အာဂျင်တီးနားတောင်ပံကစားသမားဟာ ပထမပိုင်း ၃ မိနစ်မှာပဲ ဒါလော့တ် ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို အံ့အားသင့်ဖွယ် နောက်ပြန်ကန်ချက်နဲ့ ဂိုးညာဘက်အပေါ်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ မန်ချက်စတာဒါဘီမှာ မန်ချက်စတာစီးတီးဘက်ကို ဝိန်း ရူနီ ကန်သွင်းယူခဲ့တဲ့ သွင်းဂိုးနဲ့ တူညီတယ်လို့ ပရိသတ်တွေကြားမှာ နှိုင်းယှဉ်ချီးကျူးမှုတွေ ရှိနေခဲ့ပြီး ဂါနာချိုက ဂိုးသွင်းယူအပြီးမှာ သရဲနီဂန္တဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အောင်ပွဲခံဟန်အတိုင်းပါ အောင်ပွဲခံပြခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးကလည်း ကွင်းထဲမှာ ရှိခဲ့သမျှကာလတလျှောက်လုံး ဒီလောက်ကောင်းတဲ့ နောက်ပြန်ကန်ချက်ကို မမြင်ခဲ့ဖူးဘူးလို့ ထင်မြင်ကြောင်း ပြောဆိုခဲ့ပြီး ဒီလောက် ကောင်းတဲ့ဂိုးကို မန်စီးတီးနဲ့ပွဲမှာ ဝိန်း ရူနီသွင်းယူခဲ့တုန်းကပဲ မြင်ခဲ့ဖူးတယ်လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ကွင်းလယ်ကြယ်ပွင့်ဟောင်း လီယွန် အော့စ်မန်းကလည်း “အဲဒါက ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတဲ့အခိုက်အတန့်ပါ။ အားလုံးက ဒီလောက်အရည်အသွေးရှိတဲ့ဂိုးကို မြင်ရလို့ အံ့အားသင့်ခဲ့ကြပါတယ်။ အဲဒါက ထူးခြားတဲ့ အဆုံးသတ်တင်မဟုတ်ဘဲ ရွေ့လျားမှုတစ်ခုလုံးပါ။ နောက်ကနေ ရှေ့ကို၊ ကွင်းကို ခါးစောင်းဖြတ်တင်ပေးလိုက်တဲ့ ပေးပို့မှု၊ ကောင်းမွန်တဲ့ ထိတွေ့မှု၊ ပင်နယ်တီဧရိယာထဲ ပြေးဝင်မှု၊ ဂိုးတိုင်နားကို ဖြတ်တင်ပေးပို့မှု ဒါတွေအားလုံးပေါင်းပြီးတော့ အဲဒီအခိုက်အတန့်ဖြစ်လာတာပါ”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အတွက် နောက်ထပ် ဦးဆောင်ဂိုးတွေကို မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ အန်သိုနီ မာစီယယ်လ်တို့က ဒုတိယပိုင်းမှာ သွင်းယူပေးသွားခဲ့ပြီး ဒီနိုင်ပွဲအပြီးမှာ တန်ဟက်ရဲ့အသင်းဟာ ထိပ်ဆုံး ၄ နေရာနဲ့ ၄ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ အလက္ဟန္းဒ႐ိုး ဂါနာခ်ိဳဟာ တနဂၤေႏြေန႔ညက အဲဗာတန္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ဂြတ္ဒီဆင္ပါ့ခ္က ပြဲစဥ္မွာ အေကာင္းဆုံး ပရီးမီးယားလိဂ္သြင္းဂိုးေတြထဲက တစ္ဂိုးကို သြင္းယူခဲ့ပါတယ္။

အသက္ ၁၉ ႏွစ္အ႐ြယ္ အာဂ်င္တီးနားေတာင္ပံကစားသမားဟာ ပထမပိုင္း ၃ မိနစ္မွာပဲ ဒါေလာ့တ္ ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို အံ့အားသင့္ဖြယ္ ေနာက္ျပန္ကန္ခ်က္နဲ႔ ဂိုးညာဘက္အေပၚေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီသြင္းဂိုးဟာ မန္ခ်က္စတာဒါဘီမွာ မန္ခ်က္စတာစီးတီးဘက္ကို ဝိန္း ႐ူနီ ကန္သြင္းယူခဲ့တဲ့ သြင္းဂိုးနဲ႔ တူညီတယ္လို႔ ပရိသတ္ေတြၾကားမွာ ႏႈိင္းယွဥ္ခ်ီးက်ဴးမႈေတြ ရွိေနခဲ့ၿပီး ဂါနာခ်ိဳက ဂိုးသြင္းယူအၿပီးမွာ သရဲနီဂႏၲဝင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေအာင္ပြဲခံဟန္အတိုင္းပါ ေအာင္ပြဲခံျပခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးကလည္း ကြင္းထဲမွာ ရွိခဲ့သမွ်ကာလတေလွ်ာက္လုံး ဒီေလာက္ေကာင္းတဲ့ ေနာက္ျပန္ကန္ခ်က္ကို မျမင္ခဲ့ဖူးဘူးလို႔ ထင္ျမင္ေၾကာင္း ေျပာဆိုခဲ့ၿပီး ဒီေလာက္ ေကာင္းတဲ့ဂိုးကို မန္စီးတီးနဲ႔ပြဲမွာ ဝိန္း ႐ူနီသြင္းယူခဲ့တုန္းကပဲ ျမင္ခဲ့ဖူးတယ္လို႔ ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

အဲဗာတန္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း လီယြန္ ေအာ့စ္မန္းကလည္း “အဲဒါက ပါးစပ္အေဟာင္းသားျဖစ္ခဲ့ရတဲ့အခိုက္အတန႔္ပါ။ အားလုံးက ဒီေလာက္အရည္အေသြးရွိတဲ့ဂိုးကို ျမင္ရလို႔ အံ့အားသင့္ခဲ့ၾကပါတယ္။ အဲဒါက ထူးျခားတဲ့ အဆုံးသတ္တင္မဟုတ္ဘဲ ေ႐ြ႕လ်ားမႈတစ္ခုလုံးပါ။ ေနာက္ကေန ေရွ႕ကို၊ ကြင္းကို ခါးေစာင္းျဖတ္တင္ေပးလိုက္တဲ့ ေပးပို႔မႈ၊ ေကာင္းမြန္တဲ့ ထိေတြ႕မႈ၊ ပင္နယ္တီဧရိယာထဲ ေျပးဝင္မႈ၊ ဂိုးတိုင္နားကို ျဖတ္တင္ေပးပို႔မႈ ဒါေတြအားလုံးေပါင္းၿပီးေတာ့ အဲဒီအခိုက္အတန႔္ျဖစ္လာတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးေတြကို မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ အန္သိုနီ မာစီယယ္လ္တို႔က ဒုတိယပိုင္းမွာ သြင္းယူေပးသြားခဲ့ၿပီး ဒီႏိုင္ပြဲအၿပီးမွာ တန္ဟက္ရဲ႕အသင္းဟာ ထိပ္ဆုံး ၄ ေနရာနဲ႔ ၄ မွတ္အကြာ အဆင့္ ၆ ေနရာမွာ ရပ္တည္ေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.