La Liga

ရော်နယ်လ်ဒိုရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်

ဂျုဒ် ဘယ်လင်ဟမ်ဟာ တနင်္ဂနွေနေ့ညက ကဒစ်ဇ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကြယ်ပွင့်ဟာ ပွဲကစားချိန် ၁၅ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ ယူရို ၁၀၃ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက လက်ရှိအချိန်အထိ ၁၅ ပွဲပါဝင်ကစားပေးထားရာမှာ ၁၄ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ကဒစ်ဇ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ဂျုဒ် ဘယ်လင်ဟမ်ဟာ ရီးရဲလ်မက်ဒရစ်အတွက် ပထမဆုံး ၁၅ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးထက်ပိုမို သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုကလည်း ၂၀၀၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်ကနေ ပေါင်သန်း ၈၀ နဲ့ ပြောင်းရွှေ့လာပြီးနောက် ဘာနေဗျူးမှာ အလွန်ကောင်းမွန်တဲ့ကစားသမားဘဝ စတင်မှုကို ပိုင်ဆိုင်ခဲ့ပြီး ပထမဆုံး ၁၅ ပွဲမှာ ၁၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ်တူဂီတိုက်စစ်မှူးဟာ ၁၉၅၃ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ဂန္တဝင် အယ်လ်ဖရက်ဒို ဒီစတီဖာနိုနဲ့ ၁၉၄၃ ခုနှစ်က စပိန်တိုက်စစ်မှူး ပရူဒန်တို့ စိုက်ထူခဲ့တဲ့ သွင်းဂိုးစံချိန်ကို လိုက်မီရုံတင် လိုက်မီခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ဳဒ္ ဘယ္လင္ဟမ္ဟာ တနဂၤေႏြေန႔ညက ကဒစ္ဇ္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အတြက္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္ၾကယ္ပြင့္ဟာ ပြဲကစားခ်ိန္ ၁၅ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္မွာ အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္နဲ႔ ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဒါ့မြန္ကေန ယူ႐ို ၁၀၃ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက လက္ရွိအခ်ိန္အထိ ၁၅ ပြဲပါဝင္ကစားေပးထားရာမွာ ၁၄ ဂိုးအထိ ရွိလာခဲ့ၿပီျဖစ္ပါတယ္။

ကဒစ္ဇ္နဲ႔ပြဲမွာ သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ ဂ်ဳဒ္ ဘယ္လင္ဟမ္ဟာ ရီးရဲလ္မက္ဒရစ္အတြက္ ပထမဆုံး ၁၅ ပြဲမွာ သြင္းဂိုး ၁၃ ဂိုးထက္ပိုမို သြင္းယူႏိုင္တဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကလည္း ၂၀၀၉ ခုႏွစ္မွာ မန္ခ်က္စတာယူႏိုက္တက္ကေန ေပါင္သန္း ၈၀ နဲ႔ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ဘာေနဗ်ဴးမွာ အလြန္ေကာင္းမြန္တဲ့ကစားသမားဘဝ စတင္မႈကို ပိုင္ဆိုင္ခဲ့ၿပီး ပထမဆုံး ၁၅ ပြဲမွာ ၁၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေပၚတူဂီတိုက္စစ္မႉးဟာ ၁၉၅၃ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ဂႏၲဝင္ အယ္လ္ဖရက္ဒို ဒီစတီဖာႏိုနဲ႔ ၁၉၄၃ ခုႏွစ္က စပိန္တိုက္စစ္မႉး ပ႐ူဒန္တို႔ စိုက္ထူခဲ့တဲ့ သြင္းဂိုးစံခ်ိန္ကို လိုက္မီ႐ုံတင္ လိုက္မီခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.