La Liga

မန်ယူနိုက်တက် နောင်တရအောင် ဂိုးတွေသွင်းပြပြီး ရပ်တန့်မရဖြစ်နေတဲ့ ဂရင်းဝုဒ်

မေဆန် ဂရင်းဝုဒ်ဟာ စနေနေ့ညက အယ်လ်မီးရီးယားနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဂီတာဖေးအတွက် ရင်သပ်ရှုမောဖွယ် သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

စနေနေ့ညနေမှာ ဂီတာဖေးဟာ လာလီဂါပွဲစဉ်အဖြစ် အယ်လ်မီးရီးယားကို ကိုလီဆီယမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ပထမပိုင်း ၇ မိနစ်မှာပဲ ရာမာဇာနီက ဧည့်သည်တွေအတွက် အဖွင့်ဂိုးသွင်းယူသွားတာကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲကစားချိန် ၃၄ မိနစ်မှာပဲ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကနေ ဂီတာဖေးကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ မေဆန် ဂရင်းဝုဒ်က ပရိသတ်တွေ ပါးစပ်အဟောင်းသား ဖြစ်စေမယ့် ချေပသွင်းဂိုးကို သွင်းယူပြခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ ညာတောင်ပံကနေ အတွင်းကို ချိုးဝင်ခဲ့ပြီးနောက် ထုံးစံအတိုင်း ဘယ်ခြေတစ်ပေါက်နဲ့ ဂိုးဘယ်ဖက် အပေါ်ထောင့်ထဲကို အဝေးကန်ချက်နဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး အယ်လ်မီးရီးယားဂိုးသမား လူးဝစ္စ မက်စီမီယာနို ဘယ်လိုမှ မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂီတာဖေးအတွက် ဦးဆောင်ဂိုးကို ၄၅ မိနစ်မှာ ဘော်ဂျာ မာယော်ရယ်က သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းမှာ နောက်ထပ်သွင်းဂိုးတွေ မရှိခဲ့တာကြောင့် ၂-၁ နဲ့ အိမ်ရှင်တွေက အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ကစားသမားဘဝကို အိုးထရက်ဖို့ဒ်ရဲ့အဝေးမှာ ရှေ့ဆက်ဖို့ အသင်းတာဝန်ရှိသူတွေနဲ့ နှစ်ဦးသဘောတူညီမှု ရရှိခဲ့ပြီးနောက် ဂီတာဖေးကို အငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လာလီဂါကို ရောက်ရှိခဲ့တဲ့အချိန်ကတည်းက အကောင်းဆုံးပုံစံ ပြန်လည်ပြသနေခဲ့တာကြောင့် မန်ယူနိုက်တက်အတွက် လွတ်တဲ့ငါးက ကြီးနေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း မန်ချက်စတာယူနိုက်တက်က ဂရင်းဝုဒ်ကို ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေရှိနေပြီး အဲဒီသတင်းဟာ ဆာဂျင်မ် ရက်ကလစ်ဖ်လက်အောက်မှာ အားကစားဒါရိုက်တာသစ်ဖြစ်လာနိုင်တယ်လို့ တစ်ကြိုပေးခံထားရတဲ့ ပေါလ် မစ်ချယ်က ဂီတာဖေးပွဲကို သွားကြည့်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ဂရင်းဝုဒ်ကတော့ ဂီတာဖေးမှာပဲ ဆက်လက်ကစားချင်နေတယ်လို့ The Sun က ဖော်ပြခဲ့ပြီး အင်္ဂလန်တိုက်စစ်မှူး အိပ်မက်လို့ပဲ ရနိုင်မယ့် ကြိုဆိုမှုမျိုး ဂီတာဖေးပရိသတ်တွေနဲ့ ကစားသမားတွေက ပေးခဲ့တာကြောင့် အလွန်ပျော်ရွှင်ခဲ့တယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေမဆန္ ဂရင္းဝုဒ္ဟာ စေနေန႔ညက အယ္လ္မီးရီးယားနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ဂီတာေဖးအတြက္ ရင္သပ္ရႈေမာဖြယ္ သြင္းဂိုးကို သြင္းယူေပးခဲ့ၿပီး အႏိုင္ရရွိေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

စေနေန႔ညေနမွာ ဂီတာေဖးဟာ လာလီဂါပြဲစဥ္အျဖစ္ အယ္လ္မီးရီးယားကို ကိုလီဆီယမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ပထမပိုင္း ၇ မိနစ္မွာပဲ ရာမာဇာနီက ဧည့္သည္ေတြအတြက္ အဖြင့္ဂိုးသြင္းယူသြားတာေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပြဲကစားခ်ိန္ ၃၄ မိနစ္မွာပဲ ယခုေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကေန ဂီတာေဖးကို အငွားနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ေမဆန္ ဂရင္းဝုဒ္က ပရိသတ္ေတြ ပါးစပ္အေဟာင္းသား ျဖစ္ေစမယ့္ ေခ်ပသြင္းဂိုးကို သြင္းယူျပခဲ့တာျဖစ္ပါတယ္။

အဂၤလန္တိုက္စစ္မႉးဟာ ညာေတာင္ပံကေန အတြင္းကို ခ်ိဳးဝင္ခဲ့ၿပီးေနာက္ ထုံးစံအတိုင္း ဘယ္ေျခတစ္ေပါက္နဲ႔ ဂိုးဘယ္ဖက္ အေပၚေထာင့္ထဲကို အေဝးကန္ခ်က္နဲ႔ ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး အယ္လ္မီးရီးယားဂိုးသမား လူးဝစၥ မက္စီမီယာႏို ဘယ္လိုမွ မကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂီတာေဖးအတြက္ ဦးေဆာင္ဂိုးကို ၄၅ မိနစ္မွာ ေဘာ္ဂ်ာ မာေယာ္ရယ္က သြင္းယူေပးခဲ့ၿပီး ဒုတိယပိုင္းမွာ ေနာက္ထပ္သြင္းဂိုးေတြ မရွိခဲ့တာေၾကာင့္ ၂-၁ နဲ႔ အိမ္ရွင္ေတြက အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ဂရင္းဝုဒ္ဟာ ကစားသမားဘဝကို အိုးထရက္ဖို႔ဒ္ရဲ႕အေဝးမွာ ေရွ႕ဆက္ဖို႔ အသင္းတာဝန္ရွိသူေတြနဲ႔ ႏွစ္ဦးသေဘာတူညီမႈ ရရွိခဲ့ၿပီးေနာက္ ဂီတာေဖးကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး လာလီဂါကို ေရာက္ရွိခဲ့တဲ့အခ်ိန္ကတည္းက အေကာင္းဆုံးပုံစံ ျပန္လည္ျပသေနခဲ့တာေၾကာင့္ မန္ယူႏိုက္တက္အတြက္ လြတ္တဲ့ငါးက ႀကီးေနခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္အတြင္း မန္ခ်က္စတာယူႏိုက္တက္က ဂရင္းဝုဒ္ကို ျပန္လည္ေခၚယူဖို႔ ႀကိဳးပမ္းႏိုင္တယ္ဆိုတဲ့ ေျပာဆိုမႈေတြရွိေနၿပီး အဲဒီသတင္းဟာ ဆာဂ်င္မ္ ရက္ကလစ္ဖ္လက္ေအာက္မွာ အားကစားဒါ႐ိုက္တာသစ္ျဖစ္လာႏိုင္တယ္လို႔ တစ္ႀကိဳေပးခံထားရတဲ့ ေပါလ္ မစ္ခ်ယ္က ဂီတာေဖးပြဲကို သြားၾကည့္ခဲ့တာေၾကာင့္ျဖစ္ပါတယ္။

ဂရင္းဝုဒ္ကေတာ့ ဂီတာေဖးမွာပဲ ဆက္လက္ကစားခ်င္ေနတယ္လို႔ The Sun က ေဖာ္ျပခဲ့ၿပီး အဂၤလန္တိုက္စစ္မႉး အိပ္မက္လို႔ပဲ ရႏိုင္မယ့္ ႀကိဳဆိုမႈမ်ိဳး ဂီတာေဖးပရိသတ္ေတြနဲ႔ ကစားသမားေတြက ေပးခဲ့တာေၾကာင့္ အလြန္ေပ်ာ္႐ႊင္ခဲ့တယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.