Premier League

၂၀.၂.၂၀၂၀ အတြက္ မန္ခ်က္စတာစီးတီးအသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ မန္ခ်က္စတာစီးတီးအသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ပရီးမီးယားလိဂ္ဟာ မန္ခ်က္စတာစီးတီးကစားသမားေတြကို လီဗာပူးလ္ကစားသမားေတြလိုမ်ဳိး တူညီတဲ့ ေလးစားမွဳနဲ႔ မဆက္ဆံဘဲ မိမိတုိ႔အသင္းဟာ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုရတဲ့ ကစားသမားပါဘဲ ခ်န္ပီယံျဖစ္ေနခဲ့တာကို ၾကည့္ရင္ သိႏုိင္တယ္လို႔ ရာဟင္းမ္ စတာလင္က ေဝဖန္လိုက္ပါတယ္။

– မန္စီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကို အျပည့္အဝ ေလးစားမွဳထားတယ္လို႔ အဂၤလန္ေတာင္ပံကစားသမား စတာလင္က ေျပာၾကားလိုက္ၿပီး အေျပာင္းအေရႊ႕နဲ႔ ပတ္သက္တဲ့ ေမးျမန္းမွဳေတြကို ေျဖၾကားျခင္းမျပဳခဲ့ဘူးလို႔လည္း သိရပါတယ္။

– ပြဲကစားခ်ိန္ကို သူ႕အေနနဲ႔ စီမံခန္႔ခြဲေနတာမဟုတ္ဘဲ ငါးလၾကာ အနားယူခဲ့ရတဲ့ ဒဏ္ရာကေန တကယ္ပဲ ႀကံ့ခိုင္မွဳ မျပည့္ဝတာကို နားလည္တဲ့ နည္းျပနဲ႔ ေဆးအဖြဲ႕က သူ႕ကို အနားေပးထားခဲ့ၿပီး မိနစ္ကိုးဆယ္ကစားႏုိင္ဖို႔ ေတာ္ေတာ္ေလးပင္ပန္းေနေၾကာင္း ေနာက္ခံလူ ေအးမရစ္ လာေပါ့တ္ ေျပာၾကား။

– မန္ခ်က္စတာစီးတီးနဲ႔ ဘာစီလိုနာအသင္းေတြက စိတ္ဝင္စားေနခဲ့တဲ့ သူတုိ႔ရဲ႕ ဆလိုဗက္ကီးယားေနာက္ခံလူ မီလန္ ရွကရီညာအတြက္ အင္တာမီလန္အသင္းက ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၅ သန္း သတ္မွတ္လုိက္ပါတယ္။

– မန္စီးတီးရဲ႕ ခ်န္ပီယံလိဂ္ကစားခြင့္ ႏွစ္ႏွစ္အပိတ္ခံရတယ္ဆုိတဲ့ ျပစ္ဒဏ္မ်ဳိးကို သူတင္မကဘဲ ဘယ္ကစားသမားမ်ဳိးမွ သည္းခံႏုိင္မွာ မဟုတ္ဘူးလို႔ ဘာစီလိုနာတုိက္စစ္မွဴး လီယြန္နယ္ မက္ဆီက မွတ္ခ်က္ေပးလုိက္ၿပီး အသင္းက ထြက္ခ်င္တဲ့ ကစားသမားေတြလည္း ရွိလာႏုိင္တယ္လို႔ ဆုိလိုက္ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ပရီးမီးယားလိဂ်ဟာ မန်ချက်စတာစီးတီးကစားသမားတွေကို လီဗာပူးလ်ကစားသမားတွေလိုမျိုး တူညီတဲ့ လေးစားမှုနဲ့ မဆက်ဆံဘဲ မိမိတို့အသင်းဟာ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရတဲ့ ကစားသမားပါဘဲ ချန်ပီယံဖြစ်နေခဲ့တာကို ကြည့်ရင် သိနိုင်တယ်လို့ ရာဟင်းမ် စတာလင်က ဝေဖန်လိုက်ပါတယ်။

– မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းကို အပြည့်အဝ လေးစားမှုထားတယ်လို့ အင်္ဂလန်တောင်ပံကစားသမား စတာလင်က ပြောကြားလိုက်ပြီး အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကို ဖြေကြားခြင်းမပြုခဲ့ဘူးလို့လည်း သိရပါတယ်။

– ပွဲကစားချိန်ကို သူ့အနေနဲ့ စီမံခန့်ခွဲနေတာမဟုတ်ဘဲ ငါးလကြာ အနားယူခဲ့ရတဲ့ ဒဏ်ရာကနေ တကယ်ပဲ ကြံ့ခိုင်မှု မပြည့်ဝတာကို နားလည်တဲ့ နည်းပြနဲ့ ဆေးအဖွဲ့က သူ့ကို အနားပေးထားခဲ့ပြီး မိနစ်ကိုးဆယ်ကစားနိုင်ဖို့ တော်တော်လေးပင်ပန်းနေကြောင်း နောက်ခံလူ အေးမရစ် လာပေါ့တ် ပြောကြား။

– မန်ချက်စတာစီးတီးနဲ့ ဘာစီလိုနာအသင်းတွေက စိတ်ဝင်စားနေခဲ့တဲ့ သူတို့ရဲ့ ဆလိုဗက်ကီးယားနောက်ခံလူ မီလန် ရှကရီညာအတွက် အင်တာမီလန်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်း သတ်မှတ်လိုက်ပါတယ်။

– မန်စီးတီးရဲ့ ချန်ပီယံလိဂ်ကစားခွင့် နှစ်နှစ်အပိတ်ခံရတယ်ဆိုတဲ့ ပြစ်ဒဏ်မျိုးကို သူတင်မကဘဲ ဘယ်ကစားသမားမျိုးမှ သည်းခံနိုင်မှာ မဟုတ်ဘူးလို့ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီက မှတ်ချက်ပေးလိုက်ပြီး အသင်းက ထွက်ချင်တဲ့ ကစားသမားတွေလည်း ရှိလာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.