Premier League

၂၁.၂.၂၀၂၀ အတွက် တစ်နေ့တာ လီဗာပူးလ်သတင်းများ စုစည်းမှု







REF: VARIOUS SOURCES
KIZARNO
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– မန်ချက်စတာစီးတီးအသင်းရဲ့ ၂၀၁၄ ခုနှစ်က ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရုပ်သိမ်းခံရရင်တောင် အဲ့ဒီတုန်းက ဒုတိယရခဲ့တဲ့ လီဗာပူးလ်အသင်းကို လွှဲပြောင်းပေးဖို့ မိမိတော့ မျှော်လင့်မထားဘူးလို့ အဲ့ဒီတုန်းက အသင်းကို ကိုင်တွယ်ခဲ့တဲ့ လက်ရှိလက်စတာနည်းပြ ဘရန်ဒန် ရော့ဂျားစ်ဆို။

– အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ဆွေးနွေးနေပြီး အောင်မြင်မှုမရသေးတဲ့ လူငယ်တောင်ပံကစားသမား ဘူကာယို ဆာကာကို အလွတ်ပြောင်းရွှေ့ကြေး ဒါမှမဟုတ် နည်းပါးတဲ့ ငွေကြေးပမာဏနဲ့ ရမယ်ဆိုရင်တော့ မခေါ်ယူနိုင်စရာမရှိဘူးလို့ စတိဗ် မက်မာနာမန်ပြောကြား။

– တကယ်လို့ ဒီနွေရာသီမှာ လီဗာပူးလ်အသင်းကို ဂျာမန်တိုက်စစ်မှူး တီမို ဗာနာသာ RB လိုက်ပ်ဇစ်ကနေ ပြောင်းရွှေ့လာဖြစ်ခဲ့ရင် အရန်ခုံထိုင်ပြီး ရောဘတ်တို ဖာမီနိုနောက်က စောင့်ဆိုင်းရမယ်ဆိုတာ ကြိုတင်သဘောပေါက်ထားရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေ သတိပေး။

– လီဗာပူးလ်က အလိုရှိနေတဲ့ ခိုင် ဟာဗတ်ဇ်ဟာ နွေရာသီကျရင် အသင်းကနေ ထိန်းသိမ်းထားဖို့ မလွယ်ဘဲ ထွက်ခွာသွားနိုင်တယ်ဆိုတာ မိမိတို့ သိထားပြီး ခေါ်ယူမယ့်အသင်းဆီက ပေါင်သန်း ၁၀၀ တန် ကမ်းလှမ်းမှုရရှိရင် ရောင်းချသွားမယ်လို့ လေဗာကူဆင်အားကစားဒါရိုက်တာ ရူဒီ ဗောင်လာဆို။

– အက်စတန်ဗီလာအသင်းခေါင်းဆောင် ဂျက်ခ် ဂရီလစ်ရှ်အနေနဲ့ နွေရာသီမှာ အသင်းပြောင်းမယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ထက် လီဗာပူးလ်ကိုပဲ ရွေးချယ်သင့်ပြီး သူ့အနေနဲ့ မန်ယူမှာထက် လီဗာပူးလ်မှာ ပိုပြီး လုပ်ကွက်နဲ့ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ အသင်းဖော်ဟောင်း ဂက်ဘီ အက်ဘွန်လဟော်တိုက်တွန်း။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.