Match Report Premier League

အဲဗာတန်ကွင်းမှာ ဂိုးပြတ်နိုင်ပြီး အဆင့် ၆ အထိ အခြေအနေကောင်းလာတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဒါလော့နဲ့ လုခ် ရှောတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ မက်တော်မီနေး၊ မိုင်နူးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဂါနာချို၊ မာစီယယ်လ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ဘရန့်သ်ဝိတ်၊ အက်ရှ်လီယန်းနဲ့ မစ်ကိုလန်ကိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဂေးယီ၊ ဒူကူရေးနဲ့ ဂါနာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟာရီဆန်၊ မက်နီးလ်နဲ့ ကဲလ်ဗတ်-လူဝင်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက မန်ယူတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ရက်ရှ်ဖို့ဒ် ပေးတာကို ဒါလော့က ညာတောင်ပံကနေ ဂိုးရှေ့ကို အမြင့်ဘော ဖြတ်တင်ပေးခဲ့ရာမှာ အသင့်နေရာယူထားခဲ့တဲ့ ဂါနာချိုက ဝိန်းရွန်နီနဲ့ ရော်နယ်လ်ဒိုတို့ထက်တောင် ပိုကောင်းနေဦးမယ့် လေထဲက နောက်ပြန်ကန်ချက်နဲ့ သွင်းယူသွားခဲ့တာကြောင့် ပစ်ခ်ဖို့ဒ် ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

မန်ယူတို့ ဒီဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကစားကွက်ပိုင်းမှာတော့ လောက်လောက်လားလား လုပ်မပြနိုင်ခဲ့သလို တစ်ဦးချင်း စွမ်းရည်တွေနဲ့ပဲ ကစားနေခဲ့ရပြီး အဲဗာတန်တို့ကလည်း ပထမပိုင်းမှာ ပိုဖိကစားနိုင်ခဲ့ပေမယ့် ဂိုးရှေ့ရောက်တာနဲ့ ပိုလီယို လေဖြတ်သလိုဖြစ်သွားကြပြီး ချိုမိုင်မိုင်ဖြစ်နေခဲ့ကြလို့ ဂွတ်ဒီဆန်ပါ့ခ်မှာ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဧည့်သည်တွေ ဦးဆောင်နေခဲ့ကြတာပါ။

ဒုတိယပိုင်း ပွဲချိန် ၅၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဧရိယာထဲ ဆွဲဝင်လာတဲ့ မာစီယယ်လ်ကို အက်ရှ်လီယန်း ခြေထိုးခံမိခဲ့ရာမှာ ဒိုင်လူကြီးက ကနဦးမှာ ဒိုက်ဗင်ထိုးတယ်ဆိုပြီး အဝါပြခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ အမှန်တကယ် ငြိခဲ့တာကြောင့် ပင်နယ်တီ ပေးခဲ့ပြီး ပွဲချိန် ၅၆ မိနစ်မှာ ရက်ရှ်ဖို့ဒ်က ညာဘက်အပေါ်ထောင့်ကို ကန်သွင်းရယူသွားနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

အဲဗာတန်နည်းပြ ရှောင်ဒိုက်ချ်အနေနဲ့ ပရီးမီးယားလိဂ်အသင်းတွေကို ကိုင်သင့်တဲ့ အတွေးအခေါ်၊ ကစားကွက် ပုံဖော်မှုနဲ့ မော်ဒန်ဆန်မှုမျိုး တစ်ခုမှ ရှိမနေတာကြောင့် သူတို့ရဲ့ ပုံစံတွေက စိတ်ပျက်စရာပဲဖြစ်နေခဲ့ပြီး တိုက်စစ်မှာ ဟင်ဟာတောက်ကျွတ်အဆင့်နဲ့ပဲ ပြီးသွားခဲ့ရသလို ဘယ်သူ့ကိုပဲ ပြောင်းပြောင်း အိုင်ဒီယာ မပြောင်းတာကြောင့် အိုနာနာတို့အဖွဲ့ကို ကျော်ဖြတ်ပြီး ဂိုးပြန်ရဖို့လည်း မဖြစ်နိုင်ခဲ့တာပါ။

ပွဲချိန် ၇၅ မိနစ်မှာတော့ မန်ယူတို့ပဲ တတိယ အနိုင်ဂိုးကို ရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ တရားလွန်တက်ဖိပြီး အလုပ်မဖြစ်တဲ့ အဲဗာတန်တို့ကို ညာခြမ်းကနေ ကောင်တာပြန်ဝင်ခဲ့ရာမှာ ဘရူနို ဖာနန်ဒက်စ်က ဧရိယာထဲကို ခင်းပေးလိုက်တဲ့ ဘောလုံးကို မာစီယယ်လ်က ဂိုးသမား ပစ်ခ်ဖို့ဒ်နဲ့ တစ်ဦးချင်း အတွေ့မှာ အသာလေး ကျော်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က အဲဗာတန်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ အနိုင်ရယူသွားခဲ့ကြပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့ကြချိန်မှာ အမှတ်လျှော့ပြစ်ဒဏ်နဲ့ တော်ဖီတွေကတော့ ဒီပုံစံနဲ့ဆိုရင် တန်းဆင်းဖို့ပဲ ဖြစ်လာနိုင်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္၊ ဒါေလာ့နဲ႔ လုခ္ ေရွာတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ မက္ေတာ္မီေနး၊ မိုင္ႏူးနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂါနာခ်ိဳ၊ မာစီယယ္လ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ အဲဗာတန္တို႔ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ တာေကာ့ဗ္စကီး၊ ဘရန႔္သ္ဝိတ္၊ အက္ရွ္လီယန္းနဲ႔ မစ္ကိုလန္ကိုတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂးယီ၊ ဒူကူေရးနဲ႔ ဂါနာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဟာရီဆန္၊ မက္နီးလ္နဲ႔ ကဲလ္ဗတ္-လူဝင္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက မန္ယူတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ရက္ရွ္ဖို႔ဒ္ ေပးတာကို ဒါေလာ့က ညာေတာင္ပံကေန ဂိုးေရွ႕ကို အျမင့္ေဘာ ျဖတ္တင္ေပးခဲ့ရာမွာ အသင့္ေနရာယူထားခဲ့တဲ့ ဂါနာခ်ိဳက ဝိန္း႐ြန္နီနဲ႔ ေရာ္နယ္လ္ဒိုတို႔ထက္ေတာင္ ပိုေကာင္းေနဦးမယ့္ ေလထဲက ေနာက္ျပန္ကန္ခ်က္နဲ႔ သြင္းယူသြားခဲ့တာေၾကာင့္ ပစ္ခ္ဖို႔ဒ္ ဘာမွ မတတ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

မန္ယူတို႔ ဒီဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ကစားကြက္ပိုင္းမွာေတာ့ ေလာက္ေလာက္လားလား လုပ္မျပႏိုင္ခဲ့သလို တစ္ဦးခ်င္း စြမ္းရည္ေတြနဲ႔ပဲ ကစားေနခဲ့ရၿပီး အဲဗာတန္တို႔ကလည္း ပထမပိုင္းမွာ ပိုဖိကစားႏိုင္ခဲ့ေပမယ့္ ဂိုးေရွ႕ေရာက္တာနဲ႔ ပိုလီယို ေလျဖတ္သလိုျဖစ္သြားၾကၿပီး ခ်ိဳမိုင္မိုင္ျဖစ္ေနခဲ့ၾကလို႔ ဂြတ္ဒီဆန္ပါ့ခ္မွာ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဧည့္သည္ေတြ ဦးေဆာင္ေနခဲ့ၾကတာပါ။

ဒုတိယပိုင္း ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန ဧရိယာထဲ ဆြဲဝင္လာတဲ့ မာစီယယ္လ္ကို အက္ရွ္လီယန္း ေျခထိုးခံမိခဲ့ရာမွာ ဒိုင္လူႀကီးက ကနဦးမွာ ဒိုက္ဗင္ထိုးတယ္ဆိုၿပီး အဝါျပခဲ့ေပမယ့္ VAR ျပန္ၾကည့္ရာမွာေတာ့ အမွန္တကယ္ ၿငိခဲ့တာေၾကာင့္ ပင္နယ္တီ ေပးခဲ့ၿပီး ပြဲခ်ိန္ ၅၆ မိနစ္မွာ ရက္ရွ္ဖို႔ဒ္က ညာဘက္အေပၚေထာင့္ကို ကန္သြင္းရယူသြားႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

အဲဗာတန္နည္းျပ ေရွာင္ဒိုက္ခ်္အေနနဲ႔ ပရီးမီးယားလိဂ္အသင္းေတြကို ကိုင္သင့္တဲ့ အေတြးအေခၚ၊ ကစားကြက္ ပုံေဖာ္မႈနဲ႔ ေမာ္ဒန္ဆန္မႈမ်ိဳး တစ္ခုမွ ရွိမေနတာေၾကာင့္ သူတို႔ရဲ႕ ပုံစံေတြက စိတ္ပ်က္စရာပဲျဖစ္ေနခဲ့ၿပီး တိုက္စစ္မွာ ဟင္ဟာေတာက္ကြၽတ္အဆင့္နဲ႔ပဲ ၿပီးသြားခဲ့ရသလို ဘယ္သူ႔ကိုပဲ ေျပာင္းေျပာင္း အိုင္ဒီယာ မေျပာင္းတာေၾကာင့္ အိုနာနာတို႔အဖြဲ႕ကို ေက်ာ္ျဖတ္ၿပီး ဂိုးျပန္ရဖို႔လည္း မျဖစ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ မန္ယူတို႔ပဲ တတိယ အႏိုင္ဂိုးကို ရယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ တရားလြန္တက္ဖိၿပီး အလုပ္မျဖစ္တဲ့ အဲဗာတန္တို႔ကို ညာျခမ္းကေန ေကာင္တာျပန္ဝင္ခဲ့ရာမွာ ဘ႐ူႏို ဖာနန္ဒက္စ္က ဧရိယာထဲကို ခင္းေပးလိုက္တဲ့ ေဘာလုံးကို မာစီယယ္လ္က ဂိုးသမား ပစ္ခ္ဖို႔ဒ္နဲ႔ တစ္ဦးခ်င္း အေတြ႕မွာ အသာေလး ေက်ာ္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔က အဲဗာတန္တို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ အေဝးကြင္းမွာ အႏိုင္ရယူသြားခဲ့ၾကၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ ေနရာကို ျပန္လည္တက္လွမ္းလာႏိုင္ခဲ့ၾကခ်ိန္မွာ အမွတ္ေလွ်ာ့ျပစ္ဒဏ္နဲ႔ ေတာ္ဖီေတြကေတာ့ ဒီပုံစံနဲ႔ဆိုရင္ တန္းဆင္းဖို႔ပဲ ျဖစ္လာႏိုင္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.