Match Report Premier League

အချိန်တန်တော့ စပါးစ်က စပါးစ်ပဲဖြစ်သွားခဲ့လို့ သုံးမှတ်ယူပြီး အဆင့် ၄ ရောက်တဲ့ ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ ဒီယေဂို ကားလို့စ်၊ ပေါ်တောရက်စ်၊ ကွန်ဆာနဲ့ ဒီညာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာရာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ မက်တီ ကတ်ရှ်နဲ့ မက်ဂင်းတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဒီယာဘီနဲ့ ဝပ်ကင်းစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် တော့တင်ဟမ် ဟော့စပါးတို့ကတော့ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ အီမာဆန် ရိုယဲလ်၊ ဘန်ဒေးဗီးစ်၊ ပက်ဒရို ပေါ်ရိုနဲ့ အူဒိုဂီတို့ကို ပုံမကျ ပန်းမကျ အထိုင်ချခဲ့သလို ကွင်းလယ်မှာလည်း ဘင်တန်ကာ၊ လိုဆဲလ်ဆို၊ ကူလူရှက်ဗ်စကီး၊ ဘရိုင်ယန် ဟေးလ်နဲ့ ဂျွန်ဆန်တို့ကို ငါးယောက်တန်းလိုလို ၄-၂-၃-၁ လိုလို နေရာချခဲ့တာက နည်းနည်းတော့ လွဲနေခဲ့ပြီး တိုက်စစ်မှာတော့ ဆွန်ဟောင်မင်ကိုပဲ ထားလာခဲ့တာပါ။

စပါးစ်တို့ရဲ့ တောင်ပံသမားတွေ လိုတာထက် ပိုနေတဲ့ အသင်းနဲ့ ဗီလာတို့ရဲ့ ကွင်းလယ်မှာ စုထားပြီး တိုက်စစ်မှူးစစ်စစ် မသုံးတဲ့ ပုံစံက တကယ့် မီးနဲ့ရေလိုဖြစ်နေခဲ့ပြီး ပိုစတီကိုဂလူးရဲ့ ဘောလုံးကိုင်ကစားတဲ့ ပုံစံကိုတော့ အမ်မရီက ယှဉ်နိုင်ခြင်း မရှိတာကြောင့် ဘောလုံးအလျင်အမြန် ပြန်လည်ရယူမှု Recovery ကောင်းကောင်းနဲ့ ကောင်တာသွားဖို့ပဲ ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၂၂ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပေါ်ရို ကန်တင်ပေးရာမှာ စပါးစ်တိုက်စစ်ရော ဗီလာခံစစ်ပါ ဘယ်သူနဲ့မှ မထိလိုက်ဘဲ အပြင်ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဧရိယာထိပ်မှာ စောင့်နေခဲ့တဲ့ လိုဆဲလ်ဆိုက ဘယ်ခြေနဲ့ Volley အပိုင်ကန်သွင်းခဲ့ရာမှာ ဒီယေဂို ကားလို့စ်နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ မာတီနက်ဇ် ငုတ်တုတ်မေ့ခဲ့ရတာပါ။

ဒီဂိုးရပြီးပြီးချင်းပဲ စပေးဘောကနေ ဗီလာတို့ တိုက်စစ်ဆင်ခဲ့ရာမှာ ဝပ်ကင်းစ်က ဒီညာရဲ့ ဖြတ်တင်ဘောကနေ ခေါင်းတိုက်ဂိုးသွင်းခဲ့ပေမယ့် အနည်းငယ် လူကျွံနေခဲ့တာကြောင့် VAR နဲ့ ပယ်ဖျက်ခံခဲ့ရလို့ စပါးစ်တို့ ချက်ချင်း ချေပဂိုး မပေးလိုက်ရဘဲ သက်သာသွားခဲ့ပြီး ပွဲကတော့ နည်းနည်း ကြမ်းခဲ့သလို ကတ်ရှ်ကြောင့် ဘင်တန်ကာ ဒဏ်ရာရသွားခဲ့လို့ ဟွိုင်ဘယာ့ဂ်နဲ့ လူစားလဲခဲ့ရပါတယ်။

စပါးစ်တို့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့သလို ဗီလာတို့ဘက်က ခပ်ကြမ်းကြမ်း ကစားမှုတွေကတော့ သုံးဝါဆက်တိုက် ချီးမြှင့်ခံခဲ့ရပြီး ပွဲချိန် ၄၄ မိနစ်မှာ ကောင်တာကနေ ဆွန်ဟောင်မင် ဂိုးထပ်သွင်းခဲ့ပေမယ့် လူအနည်းငယ် ကျွံနေခဲ့တာကြောင့် VAR နဲ့ ပယ်ဖျက်ခံခဲ့ရသလို ဗီဒီယို ပြန်ကြည့်နေတဲ့ အချိန်တွေအတွက် နာကျင်အချိန်ပိုလည်း ပိုပေးခဲ့တာပါ။

နာကျင်အချိန်ပို ၇ မိနစ်မှာတော့ ပြန်ဖိနေတဲ့ ဗီလာတို့ ချေပဂိုး ပြန်ရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းမှာ ရတဲ့ ဖရီးကစ်ကို အတော်ဝေးဝေး အနေအထားကနေ ဒေါက်ဂလပ်စ် လူးဝစ်ဇ်က ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ရာမှာ စပါးစ်ခံစစ်ကြားထဲကနေ ချိန်သားကိုက် ပြေးထွက်နိုင်ခဲ့တဲ့ ပေါ်တောရက်စ်က ခေါင်းတိုက်သွင်းပြီး ရယူသွားခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဗီလာတို့ဘက်က ဒီယာဘီနဲ့ ကတ်ရှ်တို့အစား ဘေလီနဲ့ တီးလီးမန်းစ်တို့ကို ထည့်ပြီး ၄-၅-၁ ပြန်ပြောင်းကစားခဲ့သလို အသာမရတဲ့ ကွင်းလယ်ကို ပြန်လည်ပြင်ဆင်လာခဲ့ပြီး စုစည်းမှု ပြန်ကောင်းလာခဲ့သလို စပါးစ်တို့ကတော့ တောင်ပံတွေကနေပဲ ထိုးဖောက်နေခဲ့ချိန်မှာ ဆွန်ဟောင်မင်ရဲ့ လိုအပ်ချက် အနည်းငယ်နဲ့ လူကျွံဘောတွေကြောင့် ဂိုးမရဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာတော့ မထင်မှတ်တဲ့ အနေအထားကနေ ဗီလာတို့ ဒုတိယဂိုးသွင်းပြီး Come Back သွားခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ် တွဲလုံးကနေ ဝပ်ကင်းစ်က လူစားဝင်လာတဲ့ တီးလီးမန်းစ်နဲ့ ဝမ်းတူးရိုက်ပြီး ဗဟိုခံစစ်သမားစစ်စစ်တွေ မဟုတ်ကြတဲ့ စပါးစ်နောက်တန်းကြားကနေ Quick Feet နဲ့ ကန်သွင်းယူခဲ့ရာမှာ လက်စွမ်းပြနေတဲ့ ဗီကာရီယို ခံလိုက်ရတာဖြစ်ပါတယ်။

ပိုစတီကိုဂလူးအနေနဲ့ အရန်ခုံမှာ အဲရစ် ဒိုင်ယာ ရှိနေလျက်သားနဲ့ မယုံရဲ မသုံးရဲခဲ့တာက ဒီနေ့ပွဲက အဆုံးအဖြတ်ပဲဖြစ်ခဲ့ပြီး ဗီကာရီယိုသာ မကယ်ရင် ဒီထက် သုံးဆလောက် ဂိုးပိုပေးရနိုင်ခဲ့သလို ဒဏ်ရာနဲ့ ပွဲပယ်တွေကို မစီမံ မခန့်ခွဲနိုင်ဘဲ အချိန်တော့ စပါးစ်က စပါးစ်ပဲ ဖြစ်သွားခဲ့တယ်လို့ သူ့ရဲ့ သုံးလဆက် အကောင်းဆုံး နည်းပြဆုအပြီးမှာ ပြောစရာဖြစ်လာခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ အမ်မရီရဲ့ လူတွေ ပွဲကို ထိန်းကစားသွားခဲ့ပြီး Once A Gunner, Always A Gunner လို့ အာဆင်နယ်ဖန်တွေ ပြောစရာ ဖြစ်သွားခဲ့သလို ပွဲချိန်အပြည့်မှာတော့ အက်စ်တန်ဗီလာတို့က စပါးစ်တို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး တတိယနေရာက လီဗာပူးလ်တို့နဲ့ အမှတ်တူ ဂိုးကွာခြားချက်အနည်းနဲ့ အဆင့် ၄ နေရာကို သိမ်းပိုက်လိုက်နိုင်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္စ္တန္ဗီလာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီမီ မာတီနက္ဇ္၊ ခံစစ္မွာ ဒီေယဂို ကားလို႔စ္၊ ေပၚေတာရက္စ္၊ ကြန္ဆာနဲ႔ ဒီညာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာရာ၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္၊ မက္တီ ကတ္ရွ္နဲ႔ မက္ဂင္းတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဒီယာဘီနဲ႔ ဝပ္ကင္းစ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ေတာ့တင္ဟမ္ ေဟာ့စပါးတို႔ကေတာ့ ဂိုးသမား ဗီကာရီယို၊ ခံစစ္မွာ အီမာဆန္ ႐ိုယဲလ္၊ ဘန္ေဒးဗီးစ္၊ ပက္ဒ႐ို ေပၚ႐ိုနဲ႔ အူဒိုဂီတို႔ကို ပုံမက် ပန္းမက် အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာလည္း ဘင္တန္ကာ၊ လိုဆဲလ္ဆို၊ ကူလူရွက္ဗ္စကီး၊ ဘ႐ိုင္ယန္ ေဟးလ္နဲ႔ ဂြၽန္ဆန္တို႔ကို ငါးေယာက္တန္းလိုလို ၄-၂-၃-၁ လိုလို ေနရာခ်ခဲ့တာက နည္းနည္းေတာ့ လြဲေနခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆြန္ေဟာင္မင္ကိုပဲ ထားလာခဲ့တာပါ။

စပါးစ္တို႔ရဲ႕ ေတာင္ပံသမားေတြ လိုတာထက္ ပိုေနတဲ့ အသင္းနဲ႔ ဗီလာတို႔ရဲ႕ ကြင္းလယ္မွာ စုထားၿပီး တိုက္စစ္မႉးစစ္စစ္ မသုံးတဲ့ ပုံစံက တကယ့္ မီးနဲ႔ေရလိုျဖစ္ေနခဲ့ၿပီး ပိုစတီကိုဂလူးရဲ႕ ေဘာလုံးကိုင္ကစားတဲ့ ပုံစံကိုေတာ့ အမ္မရီက ယွဥ္ႏိုင္ျခင္း မရွိတာေၾကာင့္ ေဘာလုံးအလ်င္အျမန္ ျပန္လည္ရယူမႈ Recovery ေကာင္းေကာင္းနဲ႔ ေကာင္တာသြားဖို႔ပဲ ေ႐ြးခ်ယ္ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၂ မိနစ္မွာေတာ့ စပါးစ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ေပၚ႐ို ကန္တင္ေပးရာမွာ စပါးစ္တိုက္စစ္ေရာ ဗီလာခံစစ္ပါ ဘယ္သူနဲ႔မွ မထိလိုက္ဘဲ အျပင္ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဧရိယာထိပ္မွာ ေစာင့္ေနခဲ့တဲ့ လိုဆဲလ္ဆိုက ဘယ္ေျခနဲ႔ Volley အပိုင္ကန္သြင္းခဲ့ရာမွာ ဒီေယဂို ကားလို႔စ္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ မာတီနက္ဇ္ ငုတ္တုတ္ေမ့ခဲ့ရတာပါ။

ဒီဂိုးရၿပီးၿပီးခ်င္းပဲ စေပးေဘာကေန ဗီလာတို႔ တိုက္စစ္ဆင္ခဲ့ရာမွာ ဝပ္ကင္းစ္က ဒီညာရဲ႕ ျဖတ္တင္ေဘာကေန ေခါင္းတိုက္ဂိုးသြင္းခဲ့ေပမယ့္ အနည္းငယ္ လူကြၽံေနခဲ့တာေၾကာင့္ VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရလို႔ စပါးစ္တို႔ ခ်က္ခ်င္း ေခ်ပဂိုး မေပးလိုက္ရဘဲ သက္သာသြားခဲ့ၿပီး ပြဲကေတာ့ နည္းနည္း ၾကမ္းခဲ့သလို ကတ္ရွ္ေၾကာင့္ ဘင္တန္ကာ ဒဏ္ရာရသြားခဲ့လို႔ ဟြိဳင္ဘယာ့ဂ္နဲ႔ လူစားလဲခဲ့ရပါတယ္။

စပါးစ္တို႔ အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့သလို ဗီလာတို႔ဘက္က ခပ္ၾကမ္းၾကမ္း ကစားမႈေတြကေတာ့ သုံးဝါဆက္တိုက္ ခ်ီးျမႇင့္ခံခဲ့ရၿပီး ပြဲခ်ိန္ ၄၄ မိနစ္မွာ ေကာင္တာကေန ဆြန္ေဟာင္မင္ ဂိုးထပ္သြင္းခဲ့ေပမယ့္ လူအနည္းငယ္ ကြၽံေနခဲ့တာေၾကာင့္ VAR နဲ႔ ပယ္ဖ်က္ခံခဲ့ရသလို ဗီဒီယို ျပန္ၾကည့္ေနတဲ့ အခ်ိန္ေတြအတြက္ နာက်င္အခ်ိန္ပိုလည္း ပိုေပးခဲ့တာပါ။

နာက်င္အခ်ိန္ပို ၇ မိနစ္မွာေတာ့ ျပန္ဖိေနတဲ့ ဗီလာတို႔ ေခ်ပဂိုး ျပန္ရသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းမွာ ရတဲ့ ဖရီးကစ္ကို အေတာ္ေဝးေဝး အေနအထားကေန ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့ရာမွာ စပါးစ္ခံစစ္ၾကားထဲကေန ခ်ိန္သားကိုက္ ေျပးထြက္ႏိုင္ခဲ့တဲ့ ေပၚေတာရက္စ္က ေခါင္းတိုက္သြင္းၿပီး ရယူသြားခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုးစီသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ဗီလာတို႔ဘက္က ဒီယာဘီနဲ႔ ကတ္ရွ္တို႔အစား ေဘလီနဲ႔ တီးလီးမန္းစ္တို႔ကို ထည့္ၿပီး ၄-၅-၁ ျပန္ေျပာင္းကစားခဲ့သလို အသာမရတဲ့ ကြင္းလယ္ကို ျပန္လည္ျပင္ဆင္လာခဲ့ၿပီး စုစည္းမႈ ျပန္ေကာင္းလာခဲ့သလို စပါးစ္တို႔ကေတာ့ ေတာင္ပံေတြကေနပဲ ထိုးေဖာက္ေနခဲ့ခ်ိန္မွာ ဆြန္ေဟာင္မင္ရဲ႕ လိုအပ္ခ်က္ အနည္းငယ္နဲ႔ လူကြၽံေဘာေတြေၾကာင့္ ဂိုးမရဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ မထင္မွတ္တဲ့ အေနအထားကေန ဗီလာတို႔ ဒုတိယဂိုးသြင္းၿပီး Come Back သြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ တြဲလုံးကေန ဝပ္ကင္းစ္က လူစားဝင္လာတဲ့ တီးလီးမန္းစ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ဗဟိုခံစစ္သမားစစ္စစ္ေတြ မဟုတ္ၾကတဲ့ စပါးစ္ေနာက္တန္းၾကားကေန Quick Feet နဲ႔ ကန္သြင္းယူခဲ့ရာမွာ လက္စြမ္းျပေနတဲ့ ဗီကာရီယို ခံလိုက္ရတာျဖစ္ပါတယ္။

ပိုစတီကိုဂလူးအေနနဲ႔ အရန္ခုံမွာ အဲရစ္ ဒိုင္ယာ ရွိေနလ်က္သားနဲ႔ မယုံရဲ မသုံးရဲခဲ့တာက ဒီေန႔ပြဲက အဆုံးအျဖတ္ပဲျဖစ္ခဲ့ၿပီး ဗီကာရီယိုသာ မကယ္ရင္ ဒီထက္ သုံးဆေလာက္ ဂိုးပိုေပးရႏိုင္ခဲ့သလို ဒဏ္ရာနဲ႔ ပြဲပယ္ေတြကို မစီမံ မခန႔္ခြဲႏိုင္ဘဲ အခ်ိန္ေတာ့ စပါးစ္က စပါးစ္ပဲ ျဖစ္သြားခဲ့တယ္လို႔ သူ႔ရဲ႕ သုံးလဆက္ အေကာင္းဆုံး နည္းျပဆုအၿပီးမွာ ေျပာစရာျဖစ္လာခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ အမ္မရီရဲ႕ လူေတြ ပြဲကို ထိန္းကစားသြားခဲ့ၿပီး Once A Gunner, Always A Gunner လို႔ အာဆင္နယ္ဖန္ေတြ ေျပာစရာ ျဖစ္သြားခဲ့သလို ပြဲခ်ိန္အျပည့္မွာေတာ့ အက္စ္တန္ဗီလာတို႔က စပါးစ္တို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး တတိယေနရာက လီဗာပူးလ္တို႔နဲ႔ အမွတ္တူ ဂိုးကြာျခားခ်က္အနည္းနဲ႔ အဆင့္ ၄ ေနရာကို သိမ္းပိုက္လိုက္ႏိုင္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.