Premier League

ချဲလ်ဆီးရဲ့စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ပြီး နားရက်ပါ ဖျက်သိမ်းခဲ့တဲ့ ပိုချက်တီနို

မူရီဆီယို ပိုချက်တီနိုဟာ နယူးကာဆယ်ကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ စနေနေ့ညနေပွဲစဉ်က အသင်းရဲ့ စွမ်းဆောင်ရည်ကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး ဒီရာသီရဲ့ အဆိုးရွားဆုံးပွဲစဉ်ဖြစ်တယ်လို့ ပြောဆိုခဲ့သလို တနင်္ဂနွေနေ့မှာ ကစားသမားတွေ လေ့ကျင့်ရေး ပြန်ဆင်းရတော့မှာ ဖြစ်ပါတယ်။

အနောက်လန်ဒန်ကလပ်ဟာ စိန့်ဂျိမ်းစ်ပါ့ခ်မှာ အလက်ဇန်းဒါး အီဆက်ခ်ရဲ့ အစောပိုင်းသွင်းဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရပေမယ့်လည်း သိပ်မကြာခင်မှာပဲ ရာဟင်း စတားလင်းက အလွန်ကောင်းမွန်တဲ့ အလွတ်တည်ကန်ဘောကနေ ပြန်လည်ချေပသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ချဲလ်ဆီးဟာ ဒုတိယပိုင်း ပြန်စပြီး ၁ မိနစ်အတွင်း ၂ ဂိုးအထိ ခွင့်ပြုခဲ့ရပြီးနောက် လုံးဝကို လဲပြိုသွားခဲ့တာဖြစ်ပြီး လက်စဲလက်စ်က ပွဲကစားချိန် မိနစ် ၆၀ မတိုင်မှာ နယူးကာဆယ်ကို ဦးဆောင်နိုင်အောင် ခေါင်းတိုက်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဂျိုလင်တန်က ဆေးလ်ဗားရဲ့ လူပေးမှားမှုကို အခွင့်ကောင်းယူသွားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းခေါင်းဆောင် ရီးစ် ဂျိမ်းစ်ဟာ အန်သိုနီ ဂေါ်ဒွန်က အိမ်ရှင်တွေအတွက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို မသွင်းယူမီ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး ဒီရလဒ်ကြောင့် ချဲလ်ဆီးဟာ အဆင့် ၄ နေရာက စပါးစ်နဲ့ ၁၀ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ဒီပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲကြည့်စင်ပေါ်ကနေသာ ကြည့်ရှုခဲ့ရပြီး အသင်းဆီကနေ မြင်တွေ့ခဲ့ရတဲ့အရာတွေကြောင့်​ ဒေါသထွက်ခဲ့ပြီး နယူးကာဆယ်အတွက် အရမ်းလွယ်ကူခဲ့တယ်လို့ ပြောဆိုခဲ့သလို ရလဒ်အနေနဲ့ ကစားသမားတွေရဲ့ နားရက်ကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

“ဒါက ကျွန်တော်တို့ရဲ့ ဒီရာသီအဆိုးရွားဆုံးပွဲစဉ်ပါ။ ပွဲကြည့်စင်ပေါ်မှာ ရှိနေရတာက ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ ရလဒ်နဲ့ပတ်သက်ပြီး စောဒကတက်လို့ မရနိုင်ဘူး။ ကျွန်တော်တို့ အစကတည်းက ပွဲကို မဖတ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ ကစားသင့်တဲ့ပုံစံနဲ့ မကစားနိုင်ခဲ့ဘူး။ ကျွန်တော်တို့ အရှိန်အဟုန်နဲ့ အင်အားကင်းမဲ့တဲ့ပုံစံ ပြသခဲ့တယ်။ ကျွန်တော်တို့ ဂိုးသွင်းယူပြီးတဲ့နောက်မှာတောင်မှ သူတို့ကို နောက်တန်းဆင်းကစားအောင် ဖိအားပေးဖို့ အခွင့်အရေးဖြစ်ခဲ့ပေမယ့် နယူးကာဆယ်အတွက် အရမ်းလွယ်ကူခဲ့ပါတယ်။ အဲဒါကြောင့် စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ကျွန်တော် အရမ်း စိတ်ဆိုးမိခဲ့တာပါ။ တစ်ခါတလေ ခင်ဗျား အမှန်အတိုင်းသိဖို့(လိုအပ်တဲ့ အဆင့်အတန်း) ဒီလိုအခြေအနေမျိုး ဖြစ်လာဖို့ လိုပါတယ်။ ကျွန်တော်တို့ ပွဲအပြီးမှာ အဝတ်လဲခန်းထဲ စကားပြောခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ပုံမှန်ဆိုရင် ကျွန်တော်တို့ ဟိုတယ်ကို တန်းသွားပြီး အိပ်ပါတယ်။ မနက်ဖြန်မနက်ကျရင် လေ့ကျင့်ရေး စောစောပြန်စမယ်။ နားရက် မရှိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကစားသမားတွေပဲ အပြစ်တင်လို့မရနိုင်ဘူးလို့ ထင်တယ်။ အကုန်လုံးကို အပြစ်တင်ရမှာပါ။ ဒါက လေ့လာသင်ယူနေတဲ့ လုပ်ငန်းစဉ်လို့ ထင်ပြီး ကျွန်တော်တို့ ယှဉ်ပြိုင်ဖို့လိုအပ်တယ်လို့ လူတွေ ထင်တဲ့အဆင့်အတန်းမှာ ယှဉ်ပြိုင်နိုင်ချင်တယ်ဆိုရင် ကျွန်တော်တို့ တာဝန်ယူမှု၊ တာဝန်ခံမှုအပိုင်းမှာ ပိုပြီး အားကောင်းဖို့လိုတယ်ဆိုတာကို နားလည်ရမှာပါ။ ဒီလို အခြေအနေမျိုးကနေလည်း လေ့လာသင်ယူရမယ်ဆိုတာ အမှန်ပါပဲ။ ကျွန်တော်တို့မှာ အရမ်းအရည်အချင်းရှိတဲ့ လူစာရင်းရှိပေမယ့် ယှဉ်ပြိုင်မှုဆိုတာက ကစားတာနဲ့ ကွဲပြားခြားနားတဲ့အရာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မူရီဆီယို ပိုခ်က္တီႏိုဟာ နယူးကာဆယ္ကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ စေနေန႔ညေနပြဲစဥ္က အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီး ဒီရာသီရဲ႕ အဆိုး႐ြားဆုံးပြဲစဥ္ျဖစ္တယ္လို႔ ေျပာဆိုခဲ့သလို တနဂၤေႏြေန႔မွာ ကစားသမားေတြ ေလ့က်င့္ေရး ျပန္ဆင္းရေတာ့မွာ ျဖစ္ပါတယ္။

အေနာက္လန္ဒန္ကလပ္ဟာ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ အလက္ဇန္းဒါး အီဆက္ခ္ရဲ႕ အေစာပိုင္းသြင္းဂိုးေၾကာင့္ ေနာက္ကေန လိုက္ကစားခဲ့ရေပမယ့္လည္း သိပ္မၾကာခင္မွာပဲ ရာဟင္း စတားလင္းက အလြန္ေကာင္းမြန္တဲ့ အလြတ္တည္ကန္ေဘာကေန ျပန္လည္ေခ်ပသြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခ်ဲလ္ဆီးဟာ ဒုတိယပိုင္း ျပန္စၿပီး ၁ မိနစ္အတြင္း ၂ ဂိုးအထိ ခြင့္ျပဳခဲ့ရၿပီးေနာက္ လုံးဝကို လဲၿပိဳသြားခဲ့တာျဖစ္ၿပီး လက္စဲလက္စ္က ပြဲကစားခ်ိန္ မိနစ္ ၆၀ မတိုင္မွာ နယူးကာဆယ္ကို ဦးေဆာင္ႏိုင္ေအာင္ ေခါင္းတိုက္ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဂ်ိဳလင္တန္က ေဆးလ္ဗားရဲ႕ လူေပးမွားမႈကို အခြင့္ေကာင္းယူသြားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ ရီးစ္ ဂ်ိမ္းစ္ဟာ အန္သိုနီ ေဂၚဒြန္က အိမ္ရွင္ေတြအတြက္ စတုတၳေျမာက္ဦးေဆာင္ဂိုးကို မသြင္းယူမီ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး ဒီရလဒ္ေၾကာင့္ ခ်ဲလ္ဆီးဟာ အဆင့္ ၄ ေနရာက စပါးစ္နဲ႔ ၁၀ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ပါတယ္။

ပိုခ်က္တီႏိုဟာ ဒီပြဲကို ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ပြဲၾကည့္စင္ေပၚကေနသာ ၾကည့္ရႈခဲ့ရၿပီး အသင္းဆီကေန ျမင္ေတြ႕ခဲ့ရတဲ့အရာေတြေၾကာင့္​ ေဒါသထြက္ခဲ့ၿပီး နယူးကာဆယ္အတြက္ အရမ္းလြယ္ကူခဲ့တယ္လို႔ ေျပာဆိုခဲ့သလို ရလဒ္အေနနဲ႔ ကစားသမားေတြရဲ႕ နားရက္ကို ဖ်က္သိမ္းခဲ့တာျဖစ္ပါတယ္။

“ဒါက ကြၽန္ေတာ္တို႔ရဲ႕ ဒီရာသီအဆိုး႐ြားဆုံးပြဲစဥ္ပါ။ ပြဲၾကည့္စင္ေပၚမွာ ရွိေနရတာက ခက္ခဲခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ရလဒ္နဲ႔ပတ္သက္ၿပီး ေစာဒကတက္လို႔ မရႏိုင္ဘူး။ ကြၽန္ေတာ္တို႔ အစကတည္းက ပြဲကို မဖတ္ႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္တို႔ ကစားသင့္တဲ့ပုံစံနဲ႔ မကစားႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္တို႔ အရွိန္အဟုန္နဲ႔ အင္အားကင္းမဲ့တဲ့ပုံစံ ျပသခဲ့တယ္။ ကြၽန္ေတာ္တို႔ ဂိုးသြင္းယူၿပီးတဲ့ေနာက္မွာေတာင္မွ သူတို႔ကို ေနာက္တန္းဆင္းကစားေအာင္ ဖိအားေပးဖို႔ အခြင့္အေရးျဖစ္ခဲ့ေပမယ့္ နယူးကာဆယ္အတြက္ အရမ္းလြယ္ကူခဲ့ပါတယ္။ အဲဒါေၾကာင့္ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ အရမ္း စိတ္ဆိုးမိခဲ့တာပါ။ တစ္ခါတေလ ခင္ဗ်ား အမွန္အတိုင္းသိဖို႔(လိုအပ္တဲ့ အဆင့္အတန္း) ဒီလိုအေျခအေနမ်ိဳး ျဖစ္လာဖို႔ လိုပါတယ္။ ကြၽန္ေတာ္တို႔ ပြဲအၿပီးမွာ အဝတ္လဲခန္းထဲ စကားေျပာခဲ့ၾကတယ္။ ဘာလို႔လဲဆိုေတာ့ ပုံမွန္ဆိုရင္ ကြၽန္ေတာ္တို႔ ဟိုတယ္ကို တန္းသြားၿပီး အိပ္ပါတယ္။ မနက္ျဖန္မနက္က်ရင္ ေလ့က်င့္ေရး ေစာေစာျပန္စမယ္။ နားရက္ မရွိေတာ့ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ကစားသမားေတြပဲ အျပစ္တင္လို႔မရႏိုင္ဘူးလို႔ ထင္တယ္။ အကုန္လုံးကို အျပစ္တင္ရမွာပါ။ ဒါက ေလ့လာသင္ယူေနတဲ့ လုပ္ငန္းစဥ္လို႔ ထင္ၿပီး ကြၽန္ေတာ္တို႔ ယွဥ္ၿပိဳင္ဖို႔လိုအပ္တယ္လို႔ လူေတြ ထင္တဲ့အဆင့္အတန္းမွာ ယွဥ္ၿပိဳင္ႏိုင္ခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ တာဝန္ယူမႈ၊ တာဝန္ခံမႈအပိုင္းမွာ ပိုၿပီး အားေကာင္းဖို႔လိုတယ္ဆိုတာကို နားလည္ရမွာပါ။ ဒီလို အေျခအေနမ်ိဳးကေနလည္း ေလ့လာသင္ယူရမယ္ဆိုတာ အမွန္ပါပဲ။ ကြၽန္ေတာ္တို႔မွာ အရမ္းအရည္အခ်င္းရွိတဲ့ လူစာရင္းရွိေပမယ့္ ယွဥ္ၿပိဳင္မႈဆိုတာက ကစားတာနဲ႔ ကြဲျပားျခားနားတဲ့အရာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.