Premier League

ရမ်းစ်ဒေးလ် နောက်ပွဲ မကစားရတော့ဘူးဆိုတာ အရိပ်အမြွက်ပြခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ စနေနေ့ညက ဘရန့်တ်ဖို့ဒ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အတွက် ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အာရွန် ရမ်းစ်ဒေးလ်ကို ချီးကျူးဖို့ အံ့အားသင့်ဖွယ် ငြင်းဆန်သွားခဲ့ပါတယ်။

ရမ်းစ်ဒေးလ်ဟာ ဒေးဗစ် ရာယာက မိခင်ကလပ်နဲ့ ပြန်လည်ရင်ဆိုင်လို့မရတာကြောင့် ပွဲထွက်ဂိုးသမားနေရာမှာ ပြန်လည် ပါဝင်ကစားခွင့် ရရှိခဲ့သူဖြစ်ပြီး ပွဲစဉ်တလျှောက် အကောင်းအဆိုးတွေ ရောထွေးနေခဲ့သူ ဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ဟာ ပထမပိုင်းမှာ ဘရန့်တ်ဖို့ဒ်ကို ဂိုးပေးရလုနီးပါးဖြစ်စေခဲ့တဲ့ အမှားကို ကျူးလွန်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ပေးဂိုးမရှိ ပွဲစဉ် ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ဥမင်လျှောက်လမ်းထဲမဝင်ခင် အာဆင်နယ်နည်းပြအဖွဲ့ဝင်အချို့နဲ့ လက်ဝါးချင်းရိုက်ပြီး ပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲအပြီးမှာ နည်းပြ အာတီတာက TNT Sports နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကစားသမားကို တစ်ဦးချင်း ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ဖို့ ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ အာတီတာက “ကျွန်တော် အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပျော်ရွှင်မိပါတယ်။ သူတို့တွေ စွမ်းဆောင်ခဲ့တဲ့ပုံစံကြောင့်ပေါ့။ ကျွန်တော်တို့ ကလင်းရှစ်တ်ရခဲ့ပြီး အားလုံးကစားခဲ့တဲ့ပုံစံကြောင့် ပျော်ရွှင်မိပါတယ်”

ဘရန့်တ်ဖို့ဒ် ပရိသတ်တွေရဲ့ ကြိုဆိုပုံကြောင့် ရမ်းစ်ဒေးလ် စိတ်လှုပ်ရှားနေခဲ့တာကို နားလည်ပေးလို့ ရလားလို့ မေးမြန်းခဲ့ရာမှာလည်း အာတီတာက “အသင်းက ဒီနေ့ ထူးခြားကောင်းမွန်နေခဲ့ပါတယ်”လို့ ရှောင်ထွက်သွားခဲ့ပြန်တာဖြစ်ပါတယ်။

အာတီတာက ရမ်းစ်ဒေးလ်အစား အနိုင်ဂိုးသွင်းရှင် ခိုင် ဟာဗတ်ဇ်ကို ချီးကျူးသွားခဲ့ပြီး “ကျွန်တော် ဝမ်းမြောက်ပျော်ရွှင်မိခဲ့တယ်။ ခင်ဗျား အားလုံးရဲ့ တုံ့ပြန်မှုကိုလည်း မြင်မှာပါ။ သူတို့တွေ သူ့ကို ဘယ်လောက်အထိ ချစ်ကြလဲဆိုတာ။ သူက အသင်းကို ဘယ်လောက်များများ ယူဆောင်ပေးလာနိုင်လဲဆိုတာကိုပေါ့။ ဒါက သူ လုပ်ဖို့လိုတဲ့အရာပါ။ ဒီနေ့မှာ ကျွန်တော်တို့ ဒီလို အခိုက်အတန့်မှာ ပွဲကို သူ ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ သူတို့တွေ ခံစစ်ကစားနေတဲ့ပုံစံ၊ အဲဒါက ပြီးပြည့်စုံတဲ့ ချိန်သားကိုက်မှုဖြစ်ခဲ့ပြီး ပြီးပြည့်စုံတဲ့ အဆုံးသတ်မှုပဲ။ သူက ကျွန်တော်တို့အတွက် နိုင်ပွဲရယူပေးခဲ့တယ်။ ဒါက ကြီးမားတဲ့ ကစားသမားတွေ လုပ်တတ်တဲ့အရာပဲ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ စေနေန႔ညက ဘရန႔္တ္ဖို႔ဒ္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ အာဆင္နယ္အတြက္ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္ကို ခ်ီးက်ဴးဖို႔ အံ့အားသင့္ဖြယ္ ျငင္းဆန္သြားခဲ့ပါတယ္။

ရမ္းစ္ေဒးလ္ဟာ ေဒးဗစ္ ရာယာက မိခင္ကလပ္နဲ႔ ျပန္လည္ရင္ဆိုင္လို႔မရတာေၾကာင့္ ပြဲထြက္ဂိုးသမားေနရာမွာ ျပန္လည္ ပါဝင္ကစားခြင့္ ရရွိခဲ့သူျဖစ္ၿပီး ပြဲစဥ္တေလွ်ာက္ အေကာင္းအဆိုးေတြ ေရာေထြးေနခဲ့သူ ျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္ဟာ ပထမပိုင္းမွာ ဘရန႔္တ္ဖို႔ဒ္ကို ဂိုးေပးရလုနီးပါးျဖစ္ေစခဲ့တဲ့ အမွားကို က်ဴးလြန္ခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ေပးဂိုးမရွိ ပြဲစဥ္ ပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ ဥမင္ေလွ်ာက္လမ္းထဲမဝင္ခင္ အာဆင္နယ္နည္းျပအဖြဲ႕ဝင္အခ်ိဳ႕နဲ႔ လက္ဝါးခ်င္း႐ိုက္ၿပီး ေပ်ာ္႐ႊင္ေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပြဲအၿပီးမွာ နည္းျပ အာတီတာက TNT Sports နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ကစားသမားကို တစ္ဦးခ်င္း ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ဖို႔ ျငင္းဆန္သြားခဲ့တာ ျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ အာတီတာက “ကြၽန္ေတာ္ အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ေပ်ာ္႐ႊင္မိပါတယ္။ သူတို႔ေတြ စြမ္းေဆာင္ခဲ့တဲ့ပုံစံေၾကာင့္ေပါ့။ ကြၽန္ေတာ္တို႔ ကလင္းရွစ္တ္ရခဲ့ၿပီး အားလုံးကစားခဲ့တဲ့ပုံစံေၾကာင့္ ေပ်ာ္႐ႊင္မိပါတယ္”

ဘရန႔္တ္ဖို႔ဒ္ ပရိသတ္ေတြရဲ႕ ႀကိဳဆိုပုံေၾကာင့္ ရမ္းစ္ေဒးလ္ စိတ္လႈပ္ရွားေနခဲ့တာကို နားလည္ေပးလို႔ ရလားလို႔ ေမးျမန္းခဲ့ရာမွာလည္း အာတီတာက “အသင္းက ဒီေန႔ ထူးျခားေကာင္းမြန္ေနခဲ့ပါတယ္”လို႔ ေရွာင္ထြက္သြားခဲ့ျပန္တာျဖစ္ပါတယ္။

အာတီတာက ရမ္းစ္ေဒးလ္အစား အႏိုင္ဂိုးသြင္းရွင္ ခိုင္ ဟာဗတ္ဇ္ကို ခ်ီးက်ဴးသြားခဲ့ၿပီး “ကြၽန္ေတာ္ ဝမ္းေျမာက္ေပ်ာ္႐ႊင္မိခဲ့တယ္။ ခင္ဗ်ား အားလုံးရဲ႕ တုံ႔ျပန္မႈကိုလည္း ျမင္မွာပါ။ သူတို႔ေတြ သူ႔ကို ဘယ္ေလာက္အထိ ခ်စ္ၾကလဲဆိုတာ။ သူက အသင္းကို ဘယ္ေလာက္မ်ားမ်ား ယူေဆာင္ေပးလာႏိုင္လဲဆိုတာကိုေပါ့။ ဒါက သူ လုပ္ဖို႔လိုတဲ့အရာပါ။ ဒီေန႔မွာ ကြၽန္ေတာ္တို႔ ဒီလို အခိုက္အတန႔္မွာ ပြဲကို သူ ေျပာင္းလဲေပးႏိုင္မယ္လို႔ ယုံၾကည္ခဲ့တယ္။ သူတို႔ေတြ ခံစစ္ကစားေနတဲ့ပုံစံ၊ အဲဒါက ၿပီးျပည့္စုံတဲ့ ခ်ိန္သားကိုက္မႈျဖစ္ခဲ့ၿပီး ၿပီးျပည့္စုံတဲ့ အဆုံးသတ္မႈပဲ။ သူက ကြၽန္ေတာ္တို႔အတြက္ ႏိုင္ပြဲရယူေပးခဲ့တယ္။ ဒါက ႀကီးမားတဲ့ ကစားသမားေတြ လုပ္တတ္တဲ့အရာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.