Match Report Premier League

ဘရန့်ဖို့ဒ်ကွင်းမှာ ဟာဗတ်ဇ် ယူပေးတဲ့ နိုင်ပွဲနဲ့ ဇယားထိပ်တက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ တိုမီယာစု၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ထရော့ဆတ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ ဂျေဆူးစ်တို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘရန့်ဖို့ဒ်တို့ကတော့ ဂိုးသမား ဖလက်ကင်၊ ခံစစ်မှာ အာယေး၊ ပင်းနော့ခ်၊ ဘန်မီးတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဂေါ့ဒို့စ်၊ ယန်နဲ့လ်၊ အွန်ယီကာ၊ နော်ဂါ့ဒ်နဲ့ ယာမိုလျုခ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အမ်ဘူးမိုနဲ့ ဝစ်ဆာတို့ကို တွဲဖက်ပေးလာခဲ့ကြတာပါ။

မိခင်အသင်းကို အငှားကစားသမားဘဝနဲ့ ပြန်လည်ရင်ဆိုင်ခွင့် မရှိတဲ့ ရာယာကြောင့် ပွဲထွက်ခဲ့ရတဲ့ ရမ်းစ်ဒေးလ်အနေနဲ့ ယုံကြည်မှု အားနည်းပြီး အမှားတွေ ဆက်တိုက် ကျူးလွန်နေခဲ့သလို ခံစစ်သမားတွေ ဖျက်ထုတ်နိုင်ခဲ့လို့သာ သက်သာခဲ့ရပြီး ဒက်ကလန် ရိုက်စ်ကတော့ သေချာပေါက် ဂိုးဝင်မယ့် အခွင့်အရေးကို တားဆီးသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကစားသမားတွေအနေနဲ့ ဘောလုံးကို လက်ခံဖို့ တတ်နိုင်သလောက် ရှောင်လွှဲနေကြတာကို လက်ပစ်ဘောတွေမှာ တွေ့ရသလို Dead Ball ဖြစ်ပြီဆိုတာနဲ့ တတ်နိုင်သလောက် အချိန်ဆွဲခဲ့ကြတာကြောင့် ဒိုင်လူကြီးနဲ့ စတုတ္ထဒိုင်တွေက ကစားသမားတွေနဲ့ နည်းပြတွေကို သတိပေးတာ ခံခဲ့ရသလို ထောင့်ကန်ဘောတွေကလည်း အဖြစ်မရှိတာကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ကြရတာပါ။

ဆာကာနဲ့ အော်ဒီဂွါဒ်တို့အနေနဲ့ တစ်ပွဲလုံး ကစားနိုင်တဲ့ ကြံ့ခိုင်မှုမျိုး မရှိချိန်မှာ ပထမပိုင်းကို ဖိဖိစီးစီး ကစားရမယ့်အစား ခွန်အားတွေကို ဖြုန်းတီးနေခဲ့တာပဲ တွေ့ခဲ့ရပြီး ပထမပိုင်း ပြီးခါနီးမှာတော့ ထရော့ဆတ်က ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေခဲ့လို့ ရင်ခံခဲ့ရသလို ဒီအခွင့်အရေးမှာ ပထမအကြိမ် ခေါင်းတိုက်ခွင့်ရတဲ့ ဂျေဆူးစ်အနေနဲ့ ဝင်ကို ဝင်ရမယ့် အလုံးကို ဖြုန်းတီးခဲ့တာကြောင့် အာဆင်နယ်တို့ ဟဟနဲ့ပဲ ထိုက်တန်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့အပြီးမှာတော့ ဒုတိယပိုင်းမှာ ကြံ့ခိုင်မှု ပိုကောင်းတဲ့ ဘရန့်ဖို့ဒ်တို့က ပြန်လည်ခြိမ်းခြောက်လာခဲ့ကြပြီး ဆာကာကတော့ လုံးဝထိုးဆင်းသွားခဲ့သလို ဘရာဇီးလ်သားတွေဖြစ်ကြတဲ့ ဂျေဆူးစ်နဲ့ မာတီနယ်လီတို့ကလည်း ပွဲပန်းနေခဲ့ကြတာကြောင့် အာဆင်နယ်တို့ တိုက်စစ်ပိုင်းက ရုန်းကန်လာခဲ့ရတာပါ။

ခံစစ်သုံးယောက်/ငါးယောက်တန်း ကစားတဲ့ အသင်းကို တိုက်စစ်မှာ Narrow ပုံစံကစားပြီး Channel တွေကြားက ထိုးဖောက်ရမယ့်အစား Wide Position ယူလွန်းနေခဲ့ချိန်မှာ ဘောလုံးတွေက မြင်းခွာပုံပဲ ပတ်ပေးနေခဲ့ရပြီး အလုပ်မဖြစ်ခဲ့လို့ အာဆင်နယ်တို့အနေနဲ့ ဂျေဆူးစ်အစား နကီးတီးယားကို ထည့်ခဲ့သလို အဆင်မပြေသေးတာကြောင့် မာတီနယ်လီအစား ဟာဗတ်ဇ်ကိုပါ ထပ်လဲခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ အာဆင်နယ်တို့ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လှေကြီးထိုးရိုးရိုးနဲ့ အဝေးတိုင်ဆီကို ဖြတ်တင်နေကျအကွက်မှာ အာရုံစူးစိုက်မှုလွတ်ပြီး ပေါ့ဆသွားခဲ့တဲ့ ဘရန့်ဖို့ဒ်ခံစစ်ကြောင့် ဆာကာရဲ့ ဖြတ်တင်မှုကို ဟာဗတ်ဇ်က ခေါင်းတိုက်သွင်းပြီး ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က ဘရန့်ဖို့ဒ်တို့ကို တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ သုံးမှတ်ယူနိုင်ခဲ့ကြသလို အစောပွဲက သရေကျသွားခဲ့တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်တို့ကို ကျော်တက်နိုင်ခဲ့ပြီး ရမှတ် ၃၀ နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ကို တက်ရောက်လာနိုင်ခဲ့ကြကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ တိုမီယာစု၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ေအာ္ဒီဂြါဒ္နဲ႔ ထေရာ့ဆတ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ ေဂ်ဆူးစ္တို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘရန႔္ဖို႔ဒ္တို႔ကေတာ့ ဂိုးသမား ဖလက္ကင္၊ ခံစစ္မွာ အာေယး၊ ပင္းေနာ့ခ္၊ ဘန္မီးတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂါ့ဒို႔စ္၊ ယန္နဲ႔လ္၊ အြန္ယီကာ၊ ေနာ္ဂါ့ဒ္နဲ႔ ယာမိုလ်ဳခ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အမ္ဘူးမိုနဲ႔ ဝစ္ဆာတို႔ကို တြဲဖက္ေပးလာခဲ့ၾကတာပါ။

မိခင္အသင္းကို အငွားကစားသမားဘဝနဲ႔ ျပန္လည္ရင္ဆိုင္ခြင့္ မရွိတဲ့ ရာယာေၾကာင့္ ပြဲထြက္ခဲ့ရတဲ့ ရမ္းစ္ေဒးလ္အေနနဲ႔ ယုံၾကည္မႈ အားနည္းၿပီး အမွားေတြ ဆက္တိုက္ က်ဴးလြန္ေနခဲ့သလို ခံစစ္သမားေတြ ဖ်က္ထုတ္ႏိုင္ခဲ့လို႔သာ သက္သာခဲ့ရၿပီး ဒက္ကလန္ ႐ိုက္စ္ကေတာ့ ေသခ်ာေပါက္ ဂိုးဝင္မယ့္ အခြင့္အေရးကို တားဆီးသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကစားသမားေတြအေနနဲ႔ ေဘာလုံးကို လက္ခံဖို႔ တတ္ႏိုင္သေလာက္ ေရွာင္လႊဲေနၾကတာကို လက္ပစ္ေဘာေတြမွာ ေတြ႕ရသလို Dead Ball ျဖစ္ၿပီဆိုတာနဲ႔ တတ္ႏိုင္သေလာက္ အခ်ိန္ဆြဲခဲ့ၾကတာေၾကာင့္ ဒိုင္လူႀကီးနဲ႔ စတုတၳဒိုင္ေတြက ကစားသမားေတြနဲ႔ နည္းျပေတြကို သတိေပးတာ ခံခဲ့ရသလို ေထာင့္ကန္ေဘာေတြကလည္း အျဖစ္မရွိတာေၾကာင့္ ဂိုးရဖို႔ ႐ုန္းကန္ခဲ့ၾကရတာပါ။

ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔အေနနဲ႔ တစ္ပြဲလုံး ကစားႏိုင္တဲ့ ႀကံ့ခိုင္မႈမ်ိဳး မရွိခ်ိန္မွာ ပထမပိုင္းကို ဖိဖိစီးစီး ကစားရမယ့္အစား ခြန္အားေတြကို ျဖဳန္းတီးေနခဲ့တာပဲ ေတြ႕ခဲ့ရၿပီး ပထမပိုင္း ၿပီးခါနီးမွာေတာ့ ထေရာ့ဆတ္က ဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေနခဲ့လို႔ ရင္ခံခဲ့ရသလို ဒီအခြင့္အေရးမွာ ပထမအႀကိမ္ ေခါင္းတိုက္ခြင့္ရတဲ့ ေဂ်ဆူးစ္အေနနဲ႔ ဝင္ကို ဝင္ရမယ့္ အလုံးကို ျဖဳန္းတီးခဲ့တာေၾကာင့္ အာဆင္နယ္တို႔ ဟဟနဲ႔ပဲ ထိုက္တန္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့အၿပီးမွာေတာ့ ဒုတိယပိုင္းမွာ ႀကံ့ခိုင္မႈ ပိုေကာင္းတဲ့ ဘရန႔္ဖို႔ဒ္တို႔က ျပန္လည္ၿခိမ္းေျခာက္လာခဲ့ၾကၿပီး ဆာကာကေတာ့ လုံးဝထိုးဆင္းသြားခဲ့သလို ဘရာဇီးလ္သားေတြျဖစ္ၾကတဲ့ ေဂ်ဆူးစ္နဲ႔ မာတီနယ္လီတို႔ကလည္း ပြဲပန္းေနခဲ့ၾကတာေၾကာင့္ အာဆင္နယ္တို႔ တိုက္စစ္ပိုင္းက ႐ုန္းကန္လာခဲ့ရတာပါ။

ခံစစ္သုံးေယာက္/ငါးေယာက္တန္း ကစားတဲ့ အသင္းကို တိုက္စစ္မွာ Narrow ပုံစံကစားၿပီး Channel ေတြၾကားက ထိုးေဖာက္ရမယ့္အစား Wide Position ယူလြန္းေနခဲ့ခ်ိန္မွာ ေဘာလုံးေတြက ျမင္းခြာပုံပဲ ပတ္ေပးေနခဲ့ရၿပီး အလုပ္မျဖစ္ခဲ့လို႔ အာဆင္နယ္တို႔အေနနဲ႔ ေဂ်ဆူးစ္အစား နကီးတီးယားကို ထည့္ခဲ့သလို အဆင္မေျပေသးတာေၾကာင့္ မာတီနယ္လီအစား ဟာဗတ္ဇ္ကိုပါ ထပ္လဲခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေလွႀကီးထိုး႐ိုး႐ိုးနဲ႔ အေဝးတိုင္ဆီကို ျဖတ္တင္ေနက်အကြက္မွာ အာ႐ုံစူးစိုက္မႈလြတ္ၿပီး ေပါ့ဆသြားခဲ့တဲ့ ဘရန႔္ဖို႔ဒ္ခံစစ္ေၾကာင့္ ဆာကာရဲ႕ ျဖတ္တင္မႈကို ဟာဗတ္ဇ္က ေခါင္းတိုက္သြင္းၿပီး ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔က ဘရန႔္ဖို႔ဒ္တို႔ကို တစ္လုံးတည္းေသာ အႏိုင္ဂိုးနဲ႔ သုံးမွတ္ယူႏိုင္ခဲ့ၾကသလို အေစာပြဲက သေရက်သြားခဲ့တဲ့ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ကို ေက်ာ္တက္ႏိုင္ခဲ့ၿပီး ရမွတ္ ၃၀ နဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားထိပ္ကို တက္ေရာက္လာႏိုင္ခဲ့ၾကေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.