Match Report Premier League

ကေတီဗီပြန် နွမ်းလျပုံစံနဲ့ ညီမလေးတို့ကို တမုန်းဆိတ်လွှတ်လိုက်တဲ့ ငှက်ကျားများ

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ လူအနည်းငယ် ပြန်စုံလာခဲ့ပြီး ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ လာဆဲလ်စ်၊ ရှား၊ ထရစ်ပီယာနဲ့ လီဗရာမင်တိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဂျိုလင်တန်နဲ့ ၁၇ နှစ်သား မိုင်လီတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ချဲလ်ဆီးတို့ကတော့ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ဘာဒီယာရှီးလ်၊ ရီးစ် ဂျိမ်းစ်နဲ့ ကူကူရဲလားတို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ အူဂိုချူးဝူး၊ အန်ဇို ဖာနန်ဒက်ဇ်နဲ့ ဂါလာဂါတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ ပါးလ်မား၊ စတာလင်နဲ့ ဂျက်ဆန်တို့ကို ခင်းကျင်းလာခဲ့တာပါ။

ပွဲစကတည်းက ကိုင်စီဒိုကို အနားပေးထားတဲ့ ချဲလ်ဆီးကွင်းလယ်က အလုပ်မဖြစ်သလို ကလန်ကလားနဲ့ အရုပ်ကြီး ထောင်ထားသလိုဖြစ်နေပြီး ကစားကွက်ထဲ မဝင်တဲ့ အူဂိုချူးဝူးကြောင့် တောင်ပံက ပါးလ်မားက ကွင်းလယ်ကွက်ထဲ ဆင်းကူနေခဲ့ရသလို ညာခြမ်းတိုက်စစ်ကပါ ရုန်းကန်ခဲ့ရချိန်မှာ နယူးကာဆယ်လ်တို့အတွက် အလိုလို အသာစီးရသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံက တင်ပေးလိုက်တဲ့ ဘောလုံးကို ဂျိုလင်တန်က ဖြတ်တားပေးလိုက်ရာမှာ လူငယ်ကစားသမား မိုင်လီက အကွက်မြင်မြင်နဲ့ ဧရိယာထဲကို ခင်းပေးတတ်ခဲ့တာကြောင့် လူကျွံထောင်ချောက်ကနေ ကူကူရဲလား ကောင်းမှုနဲ့ လွတ်ထွက်သွားခဲ့တဲ့ အီဆက်ခ်က ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာပါ။

နိုင်ငံပွဲတွေက ပြန်လာတဲ့ ကစားသမားတွေကို နည်းပြ ပိုချက်တီနိုရဲ့ လူစုံမထုတ်ရဲမှုက ဒီနေ့ပွဲကို နိုင်ဖို့ ရည်ရွယ်မထားဘူးလားလို့ မေးစရာဖြစ်ခဲ့ပြီး အသင်းက ကစားသမားတွေကလည်း ပါးနပ်မှု မရှိသလို မလိုအပ်ဘဲ ပြစ်ဒဏ်ဘောကျူးလွန်ချင်နေတဲ့ စိတ်မနိုင်ပုံတွေက စိန့်ဂျိမ်းစ်ပါ့ခ်မှာဆို ဒိုင်နဲ့ပေါင်းပြီး ၁၂ ယောက် ကစားတတ်တဲ့ နယူးကာဆယ်လ်တို့ကို မယှဉ်နိုင်ဘဲဖြစ်စေခဲ့ရပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ ချဲလ်ဆီးတို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကောင်တာကနေ ဘယ်ခြမ်းတစ်လျှောက် စတာလင် ဆွဲပြေးတာကို နောက်ကနေ ဆွဲလှဲခဲ့တဲ့ နယူးကာဆယ်လ်နောက်ခံလူ ထရစ်ပီယာကြောင့် ပေးခဲ့ရတဲ့ ဖရီးကစ်ကို စတာလင်ကပဲ လှလှပပ ကန်သွင်းယူနိုင်ခဲ့လို့ ဂိုးသမား နစ်ခ် ပုပ် ငုတ်တုတ်မေ့ခဲ့ရတာပါ။

ပထမပိုင်းမှာတော့ နယူးကာဆယ်လ်တို့ သိပ်မလုပ်ပြနိုင်ခဲ့သလို ချဲလ်ဆီးတိုက်စစ်ကလည်း အသင်းဖော်တွေနဲ့ စကားတောင် ပြောရဲ့လားလို့ သံသယဖြစ်ခဲ့ရတဲ့ ဂျက်ဆန်နဲ့ နားလည်မှု လုံးဝမရှိတဲ့ ပုံစံတွေကြောင့် ဘာမှ မဖြစ်ခဲ့ဘဲ တစ်ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့တဲ့နောက် ဒုတိယပိုင်း ပြန်အစမှာတော့ ကွင်းလယ်အဖျက် အူဂိုချူးဝူးကပါ စုတ်ပြတ်နေတာကြောင့် ခံစစ်ကစားပုံကပါ ပိုဆိုးလာခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၆၀ မှာတော့ ဖိကစားနေတဲ့ နယူးကာဆယ်လ်တို့ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ အပေးအယူလုပ်ပြီး ဂေါ်ဒန်က ဂိုးရှေ့ကို ဖြတ်ပို့ခဲ့ရာမှာ ဘောလုံးလမ်းကြောင်းတွက်ပုံ‌ရော လူကပ်ပုံပါ ညံ့နေတဲ့ ဘာဒီယာရှီးလ်နဲ့ ကူကူရဲလားတို့ရဲ့ ကြားကနေ အသင်းခေါင်းဆောင် လာဆဲလ်စ်က လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၆၁ မိနစ်မှာ ဆက်တိုက်ဆိုသလိုပဲ ချဲလ်ဆီးတို့ တတိယဂိုး ထပ်ပေးခဲ့ရပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ပါးလ်မားက နောက်ပြန် ပေးတဲ့ ဘောလုံးကို ပိုလီယို လေဖြတ်တဲ့ ပုံစံနဲ့ ဂိုးသမားဆီ ပြန်လှိမ့်ပေးခဲ့တဲ့ သီယာဂို ဆေးလ်ဗားရဲ့ လွဲချော်မှုကနေ ဂျိုလင်တန်က ဆွဲပြေးပြီး ဂိုးသမား ဆန်ချက်ဇ်နဲ့ အတွေ့မှာ ဘယ်ဘက်တိုင်ခြေကို အပြင်းကန်သွင်းယူသွားခဲ့တာကြောင့် သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒီနောက်မှာတော့ ပိုချက်တီနိုအနေနဲ့ ရလဒ်ပိုင်းကို ကုစားဖို့ ဂါလာဂါ၊ အူဂိုချူးဝူးနဲ့ ဂျက်ဆန်တို့အစား ကိုင်စီဒို၊ မူဒရစ်ခ်နဲ့ ဘရိုယာတို့ကို ထည့်သွင်းလာခဲ့ပေမယ့် အသင်းကို ဦးဆောင်နိုင်တဲ့ သီယာဂို ဆေးလ်ဗားလို ကစားသမားမျိုးကတောင် စုတ်ပြတ်နေချိန်မှာ ရှင်နည်းရာ အဂ္ဂလူထွက်တဲ့ လုပ်ရပ်အဖြစ် ကပ္ပတိန် ရီးစ် ဂျိမ်းစ်က မလိုအပ်တဲ့ ပြစ်ဒဏ်ဘောကျူးလွန်ခဲ့ပြီး နှစ်ဝါတစ်နီနဲ့ ချဲလ်ဆီးတို့ ဆယ်ယောက်ဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ပဲ စတုတ္ထဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အယ်လ်မီရွန်က ချဲလ်ဆီး ခံစစ်ပေါ်က ကျော်တင်ပေးခဲ့ရာမှာ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားခဲ့တဲ့‌ ဂေါ်ဒန်က ဧရိယာဘယ်ခြမ်းကနေ ဘာဒီယာရှီးလ်ကို တစ်ချက်ခေါက်ပြီး အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ နယူးကာဆယ်လ်တို့က နှစ်ပွဲဆက်တိုက် အရှုံးမှတ်တမ်းကို ရပ်တန့်နိုင်ခဲ့ကြပြီး အိမ်ကွင်းမှာ ချဲလ်ဆီးတို့ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူရင်း ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၆ နေရာကို တက်ရောက်နိုင်ခဲ့ကြချိန်မှာ စစ်မရောက်ခင် မြားကုန်နေခဲ့ပြီး စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ဘာမှမရှိတဲ့ ညီမလေးတို့ကတော့ အခြေခံပညာကျောင်းမှာ ပြန်ထားရဦးမယ့် ပုံစံပေါက်သွားခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္အသင္းအေနနဲ႔ ဒီေန႔မွာ လူအနည္းငယ္ ျပန္စုံလာခဲ့ၿပီး ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ လာဆဲလ္စ္၊ ရွား၊ ထရစ္ပီယာနဲ႔ လီဗရာမင္တိုတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ဂ်ိဳလင္တန္နဲ႔ ၁၇ ႏွစ္သား မိုင္လီတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ အီဆက္ခ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ခ်ဲလ္ဆီးတို႔ကေတာ့ ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ဘာဒီယာရွီးလ္၊ ရီးစ္ ဂ်ိမ္းစ္နဲ႔ ကူကူရဲလားတို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ အူဂိုခ်ဴးဝူး၊ အန္ဇို ဖာနန္ဒက္ဇ္နဲ႔ ဂါလာဂါတို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ ပါးလ္မား၊ စတာလင္နဲ႔ ဂ်က္ဆန္တို႔ကို ခင္းက်င္းလာခဲ့တာပါ။

ပြဲစကတည္းက ကိုင္စီဒိုကို အနားေပးထားတဲ့ ခ်ဲလ္ဆီးကြင္းလယ္က အလုပ္မျဖစ္သလို ကလန္ကလားနဲ႔ အ႐ုပ္ႀကီး ေထာင္ထားသလိုျဖစ္ေနၿပီး ကစားကြက္ထဲ မဝင္တဲ့ အူဂိုခ်ဴးဝူးေၾကာင့္ ေတာင္ပံက ပါးလ္မားက ကြင္းလယ္ကြက္ထဲ ဆင္းကူေနခဲ့ရသလို ညာျခမ္းတိုက္စစ္ကပါ ႐ုန္းကန္ခဲ့ရခ်ိန္မွာ နယူးကာဆယ္လ္တို႔အတြက္ အလိုလို အသာစီးရသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာ နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံက တင္ေပးလိုက္တဲ့ ေဘာလုံးကို ဂ်ိဳလင္တန္က ျဖတ္တားေပးလိုက္ရာမွာ လူငယ္ကစားသမား မိုင္လီက အကြက္ျမင္ျမင္နဲ႔ ဧရိယာထဲကို ခင္းေပးတတ္ခဲ့တာေၾကာင့္ လူကြၽံေထာင္ေခ်ာက္ကေန ကူကူရဲလား ေကာင္းမႈနဲ႔ လြတ္ထြက္သြားခဲ့တဲ့ အီဆက္ခ္က ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာပါ။

ႏိုင္ငံပြဲေတြက ျပန္လာတဲ့ ကစားသမားေတြကို နည္းျပ ပိုခ်က္တီႏိုရဲ႕ လူစုံမထုတ္ရဲမႈက ဒီေန႔ပြဲကို ႏိုင္ဖို႔ ရည္႐ြယ္မထားဘူးလားလို႔ ေမးစရာျဖစ္ခဲ့ၿပီး အသင္းက ကစားသမားေတြကလည္း ပါးနပ္မႈ မရွိသလို မလိုအပ္ဘဲ ျပစ္ဒဏ္ေဘာက်ဴးလြန္ခ်င္ေနတဲ့ စိတ္မႏိုင္ပုံေတြက စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာဆို ဒိုင္နဲ႔ေပါင္းၿပီး ၁၂ ေယာက္ ကစားတတ္တဲ့ နယူးကာဆယ္လ္တို႔ကို မယွဥ္ႏိုင္ဘဲျဖစ္ေစခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေကာင္တာကေန ဘယ္ျခမ္းတစ္ေလွ်ာက္ စတာလင္ ဆြဲေျပးတာကို ေနာက္ကေန ဆြဲလွဲခဲ့တဲ့ နယူးကာဆယ္လ္ေနာက္ခံလူ ထရစ္ပီယာေၾကာင့္ ေပးခဲ့ရတဲ့ ဖရီးကစ္ကို စတာလင္ကပဲ လွလွပပ ကန္သြင္းယူႏိုင္ခဲ့လို႔ ဂိုးသမား နစ္ခ္ ပုပ္ ငုတ္တုတ္ေမ့ခဲ့ရတာပါ။

ပထမပိုင္းမွာေတာ့ နယူးကာဆယ္လ္တို႔ သိပ္မလုပ္ျပႏိုင္ခဲ့သလို ခ်ဲလ္ဆီးတိုက္စစ္ကလည္း အသင္းေဖာ္ေတြနဲ႔ စကားေတာင္ ေျပာရဲ႕လားလို႔ သံသယျဖစ္ခဲ့ရတဲ့ ဂ်က္ဆန္နဲ႔ နားလည္မႈ လုံးဝမရွိတဲ့ ပုံစံေတြေၾကာင့္ ဘာမွ မျဖစ္ခဲ့ဘဲ တစ္ဂိုးစီသေရနဲ႔ ၿပီးဆုံးခဲ့တဲ့ေနာက္ ဒုတိယပိုင္း ျပန္အစမွာေတာ့ ကြင္းလယ္အဖ်က္ အူဂိုခ်ဴးဝူးကပါ စုတ္ျပတ္ေနတာေၾကာင့္ ခံစစ္ကစားပုံကပါ ပိုဆိုးလာခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၆၀ မွာေတာ့ ဖိကစားေနတဲ့ နယူးကာဆယ္လ္တို႔ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန အေပးအယူလုပ္ၿပီး ေဂၚဒန္က ဂိုးေရွ႕ကို ျဖတ္ပို႔ခဲ့ရာမွာ ေဘာလုံးလမ္းေၾကာင္းတြက္ပုံ‌ေရာ လူကပ္ပုံပါ ညံ့ေနတဲ့ ဘာဒီယာရွီးလ္နဲ႔ ကူကူရဲလားတို႔ရဲ႕ ၾကားကေန အသင္းေခါင္းေဆာင္ လာဆဲလ္စ္က လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၆၁ မိနစ္မွာ ဆက္တိုက္ဆိုသလိုပဲ ခ်ဲလ္ဆီးတို႔ တတိယဂိုး ထပ္ေပးခဲ့ရၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ပါးလ္မားက ေနာက္ျပန္ ေပးတဲ့ ေဘာလုံးကို ပိုလီယို ေလျဖတ္တဲ့ ပုံစံနဲ႔ ဂိုးသမားဆီ ျပန္လွိမ့္ေပးခဲ့တဲ့ သီယာဂို ေဆးလ္ဗားရဲ႕ လြဲေခ်ာ္မႈကေန ဂ်ိဳလင္တန္က ဆြဲေျပးၿပီး ဂိုးသမား ဆန္ခ်က္ဇ္နဲ႔ အေတြ႕မွာ ဘယ္ဘက္တိုင္ေျခကို အျပင္းကန္သြင္းယူသြားခဲ့တာေၾကာင့္ သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ပိုခ်က္တီႏိုအေနနဲ႔ ရလဒ္ပိုင္းကို ကုစားဖို႔ ဂါလာဂါ၊ အူဂိုခ်ဴးဝူးနဲ႔ ဂ်က္ဆန္တို႔အစား ကိုင္စီဒို၊ မူဒရစ္ခ္နဲ႔ ဘ႐ိုယာတို႔ကို ထည့္သြင္းလာခဲ့ေပမယ့္ အသင္းကို ဦးေဆာင္ႏိုင္တဲ့ သီယာဂို ေဆးလ္ဗားလို ကစားသမားမ်ိဳးကေတာင္ စုတ္ျပတ္ေနခ်ိန္မွာ ရွင္နည္းရာ အဂၢလူထြက္တဲ့ လုပ္ရပ္အျဖစ္ ကပၸတိန္ ရီးစ္ ဂ်ိမ္းစ္က မလိုအပ္တဲ့ ျပစ္ဒဏ္ေဘာက်ဴးလြန္ခဲ့ၿပီး ႏွစ္ဝါတစ္နီနဲ႔ ခ်ဲလ္ဆီးတို႔ ဆယ္ေယာက္ျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ပဲ စတုတၳဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန အယ္လ္မီ႐ြန္က ခ်ဲလ္ဆီး ခံစစ္ေပၚက ေက်ာ္တင္ေပးခဲ့ရာမွာ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားခဲ့တဲ့‌ ေဂၚဒန္က ဧရိယာဘယ္ျခမ္းကေန ဘာဒီယာရွီးလ္ကို တစ္ခ်က္ေခါက္ၿပီး အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ နယူးကာဆယ္လ္တို႔က ႏွစ္ပြဲဆက္တိုက္ အရႈံးမွတ္တမ္းကို ရပ္တန႔္ႏိုင္ခဲ့ၾကၿပီး အိမ္ကြင္းမွာ ခ်ဲလ္ဆီးတို႔ကို ေလးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူရင္း ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ ေနရာကို တက္ေရာက္ႏိုင္ခဲ့ၾကခ်ိန္မွာ စစ္မေရာက္ခင္ ျမားကုန္ေနခဲ့ၿပီး စိတ္ဓာတ္၊ စည္းကမ္း၊ ပညာ ဘာမွမရွိတဲ့ ညီမေလးတို႔ကေတာ့ အေျခခံပညာေက်ာင္းမွာ ျပန္ထားရဦးမယ့္ ပုံစံေပါက္သြားခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.