Match Report Premier League

ဟားလန်း ဂိုး ၅၀ ပြည့်သွားခဲ့ပေမယ့် လီဗာပူးလ်နဲ့ သရေကျခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ ဒိုကူးနဲ့ အယ်လ်ဗာရက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းတစ်ယောက်ကိုပဲ အထောင်ထား ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လီဗာပူးလ်တို့ကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ မာတစ်ပ်၊ ဗန်ဒိုက်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဆီမီကတ်စ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ မက္ကယ်လစ္စတာ၊ ဆိုဘော့ဆ်လိုင်းနဲ့ ကားတစ် ဂျုံးစ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာလား၊ ဒါဝင် နူးညက်ဇ်နဲ့ ဂျိုတာတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ချဲလ်ဆီးကို အထင်သေးမိခြင်းဒဏ်ကို ကောင်းကောင်းခံလိုက်ရပြီး သင်ခန်းစာရသွားခဲ့တဲ့ ဂွါဒီယိုလာအနေနဲ့ လီဗာပူးလ်ကို သတိကြီးကြီးထား ကစားသွားခဲ့ပြီး ကွင်းလယ်က High Line နဲ့ ဘောလုံးကိုင်ပြီး ဖိထားခဲ့သလို ဘောလုံးပိုင်ဆိုင်မှု ၆၁ ရာခိုင်နှုန်းအထိ သိမ်းပိုက်ထားခဲ့ပြီး ကလော့ပ်ရဲ့ လူတွေကတော့ ခံစစ်နဲ့ ကောင်တာကိုပဲ အားပြုသွားခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်မှာ အဖျက်စစ်စစ် မပါခဲ့တဲ့ လီဗာပူးလ်တို့ရဲ့ ကစားကွက်က တစ်ချက်တစ်လေမှသာ မန်စီးတီးတို့ကို တုံ့ပြန်နိုင်ခဲ့သလို အစ်တီဟတ်မှာ Passive ဖြစ်နေခဲ့ပြီး ကောင်တာတွေနဲ့ ထိုးနှက်ဖို့ ကြိုးစားခဲ့ပေမယ့် ကလပ်အသင်းမှာဆို အလုပ်မဖြစ်တဲ့ ဒါဝင် နူးညက်ဇ်ကြောင့် ဂိုးရှေ့ရောက်တိုင်း သဲထဲရေသွန်ပဲဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၂၇ မိနစ်မှာတော့ ဖိကစားနေတဲ့ မန်စီးတီးတို့ကို လီဗာပူးလ်တို့ အလှူပေးခဲ့တာကြောင့် ဂိုးစရသွားခဲ့ပြီး အယ်လစ်ဆန်ရဲ့ အသုံးမကျတဲ့ စတန့်ထွင်ပုံစံနဲ့ Goal Kick ချော်သွားတာကနေ အာကေက ပြန်ရသွားခဲ့ပြီး ဆိုဘော့ဆ်လိုင်းနဲ့ အာနိုးလ်ဒ်တို့ကြားကနေ ဆွဲပေးပြီးမှ ဧရိယာထဲကို ခင်းပေးရာမှာ ဟားလန်းက အနိမ့်ဘော အပြင်းကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

နော်ဝေသားကတော့ ဒီဂိုးကြောင့် ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၅၀ ကို ၄၈ ပွဲတည်းနဲ့ အမြန်ဆုံးပြည့်မြောက်တဲ့ စံချိန်ကိုလည်း တင်ရှိနိုင်ခဲ့ပြီး ပထမပိုင်းမှာတော့ လီဗာပူးလ်တို့ရဲ့ အလုပ်မဖြစ်တဲ့ အူလည်ချာလည်ပုံစံကြောင့် အိမ်ရှင် မန်စီးတီးတို့ကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြတာပါ။

ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တို့ ချေပဂိုးရဖို့ ကြိုးစားလာခဲ့ကြပြီး ဂျိုတာနဲ့ ကားတစ် ဂျုံးစ်တို့အစား လူးဝစ် ဒီယက်ဇ်နဲ့ ဂရာဗင်ဘာ့ချ်တို့ကို ထည့်သွင်းခဲ့တာကြောင့် ကစားပုံက နည်းနည်းပိုမာလာခဲ့ချိန်မှာ မန်စီးတီးတို့ကတော့ ဖိတိုက်နေပေမယ့် ဘာနာဒို ဆေးလ်ဗားနဲ့ ဒိုကူးတို့ရဲ့ ဘယ်ခြမ်းက နားလည်မှုတွေ မကြာခဏ လွဲနေခဲ့တာကြောင့် ဂိုးထပ်ရဖို့ ခက်နေခဲ့ပါတယ်။

မန်စီးတီးတို့အတွက် ရူဘင် ဒီယက်စ်က ထောင့်ကန်ဘောကနေ ဂိုးသွင်းခဲ့ပေမယ့် ဂိုးသမား အယ်လစ်ဆန်ကို ဝင်တိုက်ပြီး မလည်ရှုပ်ဝင်လုပ်တဲ့ အာကန်ဂျီကြောင့် ပြစ်ဒဏ်ဘော သတ်မှတ်ခံခဲ့ရသလို ဒါဝင် နူးညက်ဇ်ကတော့ ဂိုးပေါက်တွေ လွဲနေခဲ့တာကြောင့် လီဗာပူးလ်တို့ဘက်က ဆိုဘော့ဆ်လိုင်းအစား ဂက်ခ်ပိုကို ထည့်သွင်းပြီး တိုက်စစ်ကို ထပ်အားဖြည့်လာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆာလားက ညာခြမ်းကနေ ရယူပြီး ဧရိယာအစပ်မှာ ခင်းပေးခဲ့တဲ့ ဘောလုံးကို အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဆွဲယူကန်သွင်းခဲ့ရာမှာ အာရုံစိုက်မှု နည်းနေတဲ့ မန်စီးတီးခံစစ်ကြောင့် အီဒါဆန်တစ်ယောက် တိုက်ရိုက်ထိုးနှက်ခံခဲ့ရပြီး ဘယ်ဘက်တိုင်ခြေကို လာခဲ့တဲ့ ဘောလုံးကို မကာကွယ်နိုင်ဘဲ လက်မြှောက်ခဲ့ရတာပါ။

ဒီနောက်မှာတော့ ပွဲက အနည်းငယ် ကြမ်းလာခဲ့သလို နာကျင်အချိန်ပို ၈ မိနစ်အထိ ပေးခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ဇာတ်ညွှန်းအကြိုက် တစ်ဂိုးစီ သရေကျသွားခဲ့ပြီး ဒီပွဲရလဒ်ကြောင့် မန်စီးတီးနဲ့ လီဗာပူးလ်တို့ နှစ်သင်းစလုံးအနေနဲ့ တတိယနေရာက အာဆင်နယ်တို့ရဲ့ ဇယားထိပ်ကို ကျော်တက်ခံရနိုင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ေဝၚလ္ကာ၊ အာကန္ဂ်ီ၊ ႐ူဘင္ ဒီယက္စ္နဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္၊ ဒိုကူးနဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းတစ္ေယာက္ကိုပဲ အေထာင္ထား ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ လီဗာပူးလ္တို႔ကေတာ့ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ မာတစ္ပ္၊ ဗန္ဒိုက္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဆီမီကတ္စ္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ မကၠယ္လစၥတာ၊ ဆိုေဘာ့ဆ္လိုင္းနဲ႔ ကားတစ္ ဂ်ဳံးစ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာလား၊ ဒါဝင္ ႏူးညက္ဇ္နဲ႔ ဂ်ိဳတာတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ခ်ဲလ္ဆီးကို အထင္ေသးမိျခင္းဒဏ္ကို ေကာင္းေကာင္းခံလိုက္ရၿပီး သင္ခန္းစာရသြားခဲ့တဲ့ ဂြါဒီယိုလာအေနနဲ႔ လီဗာပူးလ္ကို သတိႀကီးႀကီးထား ကစားသြားခဲ့ၿပီး ကြင္းလယ္က High Line နဲ႔ ေဘာလုံးကိုင္ၿပီး ဖိထားခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈ ၆၁ ရာခိုင္ႏႈန္းအထိ သိမ္းပိုက္ထားခဲ့ၿပီး ကေလာ့ပ္ရဲ႕ လူေတြကေတာ့ ခံစစ္နဲ႔ ေကာင္တာကိုပဲ အားျပဳသြားခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္မွာ အဖ်က္စစ္စစ္ မပါခဲ့တဲ့ လီဗာပူးလ္တို႔ရဲ႕ ကစားကြက္က တစ္ခ်က္တစ္ေလမွသာ မန္စီးတီးတို႔ကို တုံ႔ျပန္ႏိုင္ခဲ့သလို အစ္တီဟတ္မွာ Passive ျဖစ္ေနခဲ့ၿပီး ေကာင္တာေတြနဲ႔ ထိုးႏွက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကလပ္အသင္းမွာဆို အလုပ္မျဖစ္တဲ့ ဒါဝင္ ႏူးညက္ဇ္ေၾကာင့္ ဂိုးေရွ႕ေရာက္တိုင္း သဲထဲေရသြန္ပဲျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ဖိကစားေနတဲ့ မန္စီးတီးတို႔ကို လီဗာပူးလ္တို႔ အလႉေပးခဲ့တာေၾကာင့္ ဂိုးစရသြားခဲ့ၿပီး အယ္လစ္ဆန္ရဲ႕ အသုံးမက်တဲ့ စတန႔္ထြင္ပုံစံနဲ႔ Goal Kick ေခ်ာ္သြားတာကေန အာေကက ျပန္ရသြားခဲ့ၿပီး ဆိုေဘာ့ဆ္လိုင္းနဲ႔ အာႏိုးလ္ဒ္တို႔ၾကားကေန ဆြဲေပးၿပီးမွ ဧရိယာထဲကို ခင္းေပးရာမွာ ဟားလန္းက အနိမ့္ေဘာ အျပင္းကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ေနာ္ေဝသားကေတာ့ ဒီဂိုးေၾကာင့္ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၅၀ ကို ၄၈ ပြဲတည္းနဲ႔ အျမန္ဆုံးျပည့္ေျမာက္တဲ့ စံခ်ိန္ကိုလည္း တင္ရွိႏိုင္ခဲ့ၿပီး ပထမပိုင္းမွာေတာ့ လီဗာပူးလ္တို႔ရဲ႕ အလုပ္မျဖစ္တဲ့ အူလည္ခ်ာလည္ပုံစံေၾကာင့္ အိမ္ရွင္ မန္စီးတီးတို႔ကပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၾကတာပါ။

ဒုတိယပိုင္းမွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုးရဖို႔ ႀကိဳးစားလာခဲ့ၾကၿပီး ဂ်ိဳတာနဲ႔ ကားတစ္ ဂ်ဳံးစ္တို႔အစား လူးဝစ္ ဒီယက္ဇ္နဲ႔ ဂရာဗင္ဘာ့ခ်္တို႔ကို ထည့္သြင္းခဲ့တာေၾကာင့္ ကစားပုံက နည္းနည္းပိုမာလာခဲ့ခ်ိန္မွာ မန္စီးတီးတို႔ကေတာ့ ဖိတိုက္ေနေပမယ့္ ဘာနာဒို ေဆးလ္ဗားနဲ႔ ဒိုကူးတို႔ရဲ႕ ဘယ္ျခမ္းက နားလည္မႈေတြ မၾကာခဏ လြဲေနခဲ့တာေၾကာင့္ ဂိုးထပ္ရဖို႔ ခက္ေနခဲ့ပါတယ္။

မန္စီးတီးတို႔အတြက္ ႐ူဘင္ ဒီယက္စ္က ေထာင့္ကန္ေဘာကေန ဂိုးသြင္းခဲ့ေပမယ့္ ဂိုးသမား အယ္လစ္ဆန္ကို ဝင္တိုက္ၿပီး မလည္ရႈပ္ဝင္လုပ္တဲ့ အာကန္ဂ်ီေၾကာင့္ ျပစ္ဒဏ္ေဘာ သတ္မွတ္ခံခဲ့ရသလို ဒါဝင္ ႏူးညက္ဇ္ကေတာ့ ဂိုးေပါက္ေတြ လြဲေနခဲ့တာေၾကာင့္ လီဗာပူးလ္တို႔ဘက္က ဆိုေဘာ့ဆ္လိုင္းအစား ဂက္ခ္ပိုကို ထည့္သြင္းၿပီး တိုက္စစ္ကို ထပ္အားျဖည့္လာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ လီဗာပူးလ္တို႔ ေခ်ပဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆာလားက ညာျခမ္းကေန ရယူၿပီး ဧရိယာအစပ္မွာ ခင္းေပးခဲ့တဲ့ ေဘာလုံးကို အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ဆြဲယူကန္သြင္းခဲ့ရာမွာ အာ႐ုံစိုက္မႈ နည္းေနတဲ့ မန္စီးတီးခံစစ္ေၾကာင့္ အီဒါဆန္တစ္ေယာက္ တိုက္႐ိုက္ထိုးႏွက္ခံခဲ့ရၿပီး ဘယ္ဘက္တိုင္ေျခကို လာခဲ့တဲ့ ေဘာလုံးကို မကာကြယ္ႏိုင္ဘဲ လက္ေျမႇာက္ခဲ့ရတာပါ။

ဒီေနာက္မွာေတာ့ ပြဲက အနည္းငယ္ ၾကမ္းလာခဲ့သလို နာက်င္အခ်ိန္ပို ၈ မိနစ္အထိ ေပးခဲ့ေပမယ့္ ပရီးမီးယားလိဂ္ရဲ႕ ဇာတ္ၫႊန္းအႀကိဳက္ တစ္ဂိုးစီ သေရက်သြားခဲ့ၿပီး ဒီပြဲရလဒ္ေၾကာင့္ မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ ႏွစ္သင္းစလုံးအေနနဲ႔ တတိယေနရာက အာဆင္နယ္တို႔ရဲ႕ ဇယားထိပ္ကို ေက်ာ္တက္ခံရႏိုင္မႈနဲ႔ ရင္ဆိုင္ခဲ့ရၿပီျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.