Premier League

လီဗာပူးလ်နဲ့ပွဲမတိုင်ခင် ဒဏ်ရာနောက်ဆုံးသတင်းပေးလိုက်တဲ့ ဟာလန်း

မန်ချက်စတာစီးတီးကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းက ယနေ့နေ့လယ်မှာ လီဗာပူးလ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာစီးတီးအတွက် ကစားပေးဖို့ ကြံ့ခိုင်မှုပြည့်ဝနေလိမ့်မယ်လို့ အရိပ်အမြွက်ပြခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အတွင်း နော်ဝေအတွက် ကစားပေးရင်း ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် ပြီးခဲ့တဲ့ စနေနေ့မှာ လက်ရွေးစင်လူစာရင်းကနေ နုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။

ပပ် ဂွါဒီယိုလာက သောကြာနေ့မှာ ဟာလန်းက ကြာသပတေးနေ့ လေ့ကျင့်ရေးအစီအစဉ်မှာ သက်တောင့်သက်သာမရှိမှုအချို့နဲ့ လေ့ကျင့်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး နောက်ဆုံးဆုံးဖြတ်ချက်မချခင် ကြယ်ပွင့်တိုက်စစ်မှူးရဲ့ အခြေအနေကို အကဲဖြတ်သွားမယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာလန်းဟာ မန်ချက်စတာစီးတီးရဲ့ နောက်ဆုံးလေ့ကျင့်ရေးအချိန်ကနေ ဒဏ်ရာပြဿနာကင်းကင်းနဲ့ ဖြတ်ကျော်နိုင်ခဲ့ပုံပေါ်ပြီး လူမှုကွန်ရက်ပေါ်မှာ ဘောလုံးကစားနေတဲ့ပုံနဲ့အတူ မနက်ဖြန် တွေ့ကြမယ်ဆိုတဲ့စာကို ရေးသားပြီး တင်ထားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ အစ်တီဟတ်မှာ လီဗာပူးလ်ကို ဗြိတိန်စံတော်ချိန် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်(မြန်မာစံတော်ချိန် ည ၇ နာရီ)မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လက်ရှိမှာ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ဘက် ၂ သင်းဟာ ၁ မှတ်သာ ကွာဟနေတာကြောင့် ဒီပွဲရလဒ်ဟာ ဇယားထိပ်ပိုင်းမှာ အပြောင်းအလဲတွေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။

ဒီနှစ်သင်းစလုံးဟာ နောက်ဆုံးကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲစလုံးမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ကျခဲ့ကြပြီး ဂွါဒီယိုလာက လီဗာပူးလ်ဟာ ထူးခြားဆန်းကြယ်တဲ့ ထိပ်တန်းအသင်းဆိုတာ သံသယဖြစ်စရာမရှိဘူးလို့ ချီးကျူး ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ နောက်မှာ နေရာလွတ်တွေ အများကြီးရှိပြီး သူတို့တွေမှာ မယုံနိုင်စရာ ပြေးလွှားမှုတွေ ပြုလုပ်နိုင်တဲ့ ဒီယက်ဇ်၊ နူးညက်ဇ်၊ ဆာလားတို့ ရှိတာ အမှန်ပါပဲ။ အခုဆိုရင် ဆဘော့ဇ်ဆလိုင်းနဲ့ ဂရာဗင်ဘာ့ချ်ပါ ရှိနေပြီ။ သူတို့အတွက် အဲဒါက ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ အကူးအပြောင်းတွေကြောင့်ပါ။ သူတို့တွေက ထူးခြားတဲ့အသင်းပါ။ ထူးခြားတဲ့ ခြေထောက်တွေပိုင်ဆိုင်ထားတယ်။ ထိပ်တန်းအသင်းတစ်သင်းပါ။ သံသယဖြစ်စရာမရှိပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟာလန္းက ယေန႔ေန႔လယ္မွာ လီဗာပူးလ္နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မွာ မန္ခ်က္စတာစီးတီးအတြက္ ကစားေပးဖို႔ ႀကံ့ခိုင္မႈျပည့္ဝေနလိမ့္မယ္လို႔ အရိပ္အႁမြက္ျပခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္အတြင္း ေနာ္ေဝအတြက္ ကစားေပးရင္း ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့တာေၾကာင့္ ၿပီးခဲ့တဲ့ စေနေန႔မွာ လက္ေ႐ြးစင္လူစာရင္းကေန ႏုတ္ထြက္ခဲ့ရတာျဖစ္ပါတယ္။

ပပ္ ဂြါဒီယိုလာက ေသာၾကာေန႔မွာ ဟာလန္းက ၾကာသပေတးေန႔ ေလ့က်င့္ေရးအစီအစဥ္မွာ သက္ေတာင့္သက္သာမရွိမႈအခ်ိဳ႕နဲ႔ ေလ့က်င့္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ေနာက္ဆုံးဆုံးျဖတ္ခ်က္မခ်ခင္ ၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ အေျခအေနကို အကဲျဖတ္သြားမယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟာလန္းဟာ မန္ခ်က္စတာစီးတီးရဲ႕ ေနာက္ဆုံးေလ့က်င့္ေရးအခ်ိန္ကေန ဒဏ္ရာျပႆနာကင္းကင္းနဲ႔ ျဖတ္ေက်ာ္ႏိုင္ခဲ့ပုံေပၚၿပီး လူမႈကြန္ရက္ေပၚမွာ ေဘာလုံးကစားေနတဲ့ပုံနဲ႔အတူ မနက္ျဖန္ ေတြ႕ၾကမယ္ဆိုတဲ့စာကို ေရးသားၿပီး တင္ထားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ အစ္တီဟတ္မွာ လီဗာပူးလ္ကို ၿဗိတိန္စံေတာ္ခ်ိန္ ေန႔လယ္ ၁၂ နာရီ ၃၀ မိနစ္(ျမန္မာစံေတာ္ခ်ိန္ ည ၇ နာရီ)မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး လက္ရွိမွာ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ဘက္ ၂ သင္းဟာ ၁ မွတ္သာ ကြာဟေနတာေၾကာင့္ ဒီပြဲရလဒ္ဟာ ဇယားထိပ္ပိုင္းမွာ အေျပာင္းအလဲေတြ ျဖစ္လာေစမွာ ျဖစ္ပါတယ္။

ဒီႏွစ္သင္းစလုံးဟာ ေနာက္ဆုံးကစားခဲ့ၾကတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ ၄ ပြဲစလုံးမွာ ၃ ပြဲႏိုင္ ၁ ပြဲသေရ က်ခဲ့ၾကၿပီး ဂြါဒီယိုလာက လီဗာပူးလ္ဟာ ထူးျခားဆန္းၾကယ္တဲ့ ထိပ္တန္းအသင္းဆိုတာ သံသယျဖစ္စရာမရွိဘူးလို႔ ခ်ီးက်ဴး ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ေနာက္မွာ ေနရာလြတ္ေတြ အမ်ားႀကီးရွိၿပီး သူတို႔ေတြမွာ မယုံႏိုင္စရာ ေျပးလႊားမႈေတြ ျပဳလုပ္ႏိုင္တဲ့ ဒီယက္ဇ္၊ ႏူးညက္ဇ္၊ ဆာလားတို႔ ရွိတာ အမွန္ပါပဲ။ အခုဆိုရင္ ဆေဘာ့ဇ္ဆလိုင္းနဲ႔ ဂရာဗင္ဘာ့ခ်္ပါ ရွိေနၿပီ။ သူတို႔အတြက္ အဲဒါက ေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ အကူးအေျပာင္းေတြေၾကာင့္ပါ။ သူတို႔ေတြက ထူးျခားတဲ့အသင္းပါ။ ထူးျခားတဲ့ ေျခေထာက္ေတြပိုင္ဆိုင္ထားတယ္။ ထိပ္တန္းအသင္းတစ္သင္းပါ။ သံသယျဖစ္စရာမရွိပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.