Premier League

အန်တိုနီက ပေါင် ၂.၇ သန်းတန်ကစားသမားလောက်တောင် မကောင်းဘူးလို့ ဝန်ခံခဲ့တဲ့ သရဲနီဂန္တဝင်

မန်ချက်စတာယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး အန်ဒီ ကိုးက အန်တိုနီဟာ နည်းပြ အဲရစ် တန်ဟက်ရဲ့ လူစာရင်းကနေ ထုတ်ပယ်ခြင်းခံရနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ယုံကြည်နေပြီး မန်ချက်စတာယူနိုက်တက်ကို ဒီလို တောင်ပံကစားသမားအတွက် မတန်တဆစျေးပေးဝယ်ခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့နှစ်မှာ အိုင်းယက်စ်ကနေ ယူရိုသန်း ၁၀၀ နဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ ကစားနေခဲ့တဲ့ ကာလအတွင်း ပေးရတဲ့စျေးနဲ့ တန်တဲ့ ခြေစွမ်းမျိုး ပြသနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်တောင်ပံကစားသမားဟာ ဒီရာသီ မန်ချက်စတာယူနိုက်တက်အတွက် ၁၂ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ တစ်ကြိမ်မှ ပြုလုပ်ထားနိုင်ခြင်းမရှိသေးတာဖြစ်ပြီး အန်ဒီ ကိုးက ဘာကြောင့် ယူနိုက်တက်ဟာ ၂၀၂၁ ခုနှစ်တုန်းက ကာဝါဆာကီ ဖရွန်တေးကနေ ဘရိုက်တန်ကို ပေါင် ၂.၇ သန်းလောက်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ခအိုရု မိတိုမာလိုမျိုး တောင်ပံကစားသမားတွေကျတော့ မမြင်တာလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

“ကျွန်တော်သာ အန်တိုနီနဲ့ ကစားရမယ်ဆိုရင် ကျွန်တော့်ကို ဒေါသထွက်စေပါလိမ့်မယ်။ အထောင်တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ခင်ဗျား အန်တိုနီလို ကစားသမားမျိုးနဲ့ ကစားရပြီး ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ပေးပို့မှုတွေ မပြုလုပ်နိုင်တဲ့အခါမှာ ခင်ဗျား ခေါင်းက ဆံပင်တွေကို ဆွဲမိမှာပါ။ တိုက်စစ်မှူးတွေက ဖြတ်တင်ပေးပို့မှုတွေ လိုအပ်တယ်။ အထူးသဖြင့် ရာ့စ်မွတ် ဟွိုင်လွန်းက ပရီးမီးယားလိဂ်မှာ ခုထိ ဂိုးမသွင်းရသေးဘူး။ အန်တိုနီက သူ့ရဲ့ ဘယ်ခြေနဲ့ အတွင်းကို ချိုးဝင်တဲ့အခါမှာ ၁၀ ကြိမ်မှာ ၉ ကြိမ်လောက်ကို သူ့ဘာသာ ကန်သွင်းခဲ့တာပါ။ အန်တိုနီဆီကနေ ဟွိုင်လွန်း ရခဲ့တဲ့ တစ်ခုတည်းသော အခွင့်အရေးက ဂိုးသမားက သူ့အဝေးကန်ချက်ကို ပုတ်ထုတ်တဲ့အချိန်ကျမှပါ။ ကျွန်တော် တခါတလေ ကိုယ့်ဘာသာ ပြန်မေးမိတယ်။ အန်တိုနီရဲ့ အားသာချက်တွေက ဘာလဲ။ သူက ကစားသမားတွေကို မကျော်ဖြတ်နိုင်ဘူး။ အခွင့်အရေးတွေ မဖန်တီးနိုင်ဘူး။ ဂိုးလည်း မသွင်းနိုင်ဘူး။ အဲဒါဆို သူ့ရဲ့ အားသာချက်တွေက ဘာလဲ။ ကျွန်တော်တို့ သူ့အတွက် ကြီးမားတဲ့ ငွေပမာဏပေးခဲ့ရတယ်”

“ခင်ဗျား ဘရိုက်တန်လိုအသင်းမျိုးက မိတိုမာကို ပေါင် ၂.၇ သန်းတည်းနဲ့ ခေါ်ယူခဲ့တာကို ကြည့်လိုက်တဲ့အခါမှာ ဘရိုက်တန်က မိတိုမာလို ကစားသမားမျိုးအတွက် ငွေနည်းနည်းပဲ ပေးနေရတဲ့အချိန်မှာ ကျွန်တော်တို့ကျတော့ အန်တိုနီကို ပေါင် ၈၆ သန်းပေးပြီး ဝယ်နေရတာက ဘာစျေးကွက်လဲလို့ ခင်ဗျား မေးရမှာပါ။ ကျွန်တော်တို့က တူညီတဲ့ စျေးကွက်ထဲမှာပဲ ဝယ်နေကြတာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်နေလဲဆိုတော့ Primark နဲ့ Zara မှာ စျေးဝယ်နေရသလိုပဲ။ ခင်ဗျား Zara မှာ စျေးကြီးပေးဝယ်ရင် အရည်အသွေးက ပိုကောင်းမယ်လို့ ထင်ပေမယ့် ရလာတဲ့ ပစ္စည်းက Primark နဲ့အတူတူပဲ။ အဲဒီတော့ ခင်ဗျားက တူညီတဲ့အရာအတွက် စျေးကြီးပေးလိုက်ရတာပဲ ရှိတယ်။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း လုပ်ခဲ့တဲ့ အပြောင်းအရွှေ့တွေကို ပြန်ကြည့်ခဲ့တယ်။ ကျွန်တော်တို့ တခြားအသင်းတွေက စျေးနည်းနည်းပဲ ပေးတဲ့ကစားသမားတွေအတွက် စျေးတွေ အများကြီး ပေးခဲ့တယ်။ အဲဒါက မန်ချက်စတာယူနိုက်တက် အခွန်ကိစ္စလား။ ကျွန်တော်တို့ ဒီလို ဆက်လုပ်နေလို့မရတော့ပါဘူး”

“အန်တိုနီက တကယ်စိတ်ပျက်စရာကောင်းတဲ့ရာသီကို ပိုင်ဆိုင်ခဲ့တယ်။ သူ့မှာလည်း နောက်ကွယ်မှာ ကိစ္စတွေ ရှိမယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် အဲဒါကို ခဏဖယ်ထားလိုက်။ ဘောလုံးကစားတာက နောက်ဆုံး သူလုပ်နေတဲ့အရာဖြစ်ပြီး အခုအချိန်အထိ အသင်းကို သူပေးခဲ့တာ ဘာလဲဆိုတာကို ကျွန်တော် မမြင်နိုင်ဘူး။ သူ့ခြေစွမ်းသာ ဒီရာသီအတွင်း မတိုးတက်လာဘူးဆိုရင် ဘာတွေဖြစ်လာမလဲဆိုတာ ခင်ဗျား ဘယ်တော့မှ မသိနိုင်ဘူး။ အဲဒါက နည်းပြက သူ့ကို ဘယ်လောက်ကြာကြာ အားပေးထောက်ခံချင်မလဲဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္တိုက္စစ္မႉး အန္ဒီ ကိုးက အန္တိုနီဟာ နည္းျပ အဲရစ္ တန္ဟက္ရဲ႕ လူစာရင္းကေန ထုတ္ပယ္ျခင္းခံရႏိုင္တဲ့ အႏၲရာယ္ရွိေနတယ္လို႔ ယုံၾကည္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္ကို ဒီလို ေတာင္ပံကစားသမားအတြက္ မတန္တဆေစ်းေပးဝယ္ခဲ့တဲ့အတြက္ ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

အန္တိုနီဟာ ၿပီးခဲ့တဲ့ႏွစ္မွာ အိုင္းယက္စ္ကေန ယူ႐ိုသန္း ၁၀၀ နဲ႔ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ေပမယ့္လည္း အိုးထရက္ဖို႔ဒ္မွာ ကစားေနခဲ့တဲ့ ကာလအတြင္း ေပးရတဲ့ေစ်းနဲ႔ တန္တဲ့ ေျခစြမ္းမ်ိဳး ျပသႏိုင္ျခင္း မရွိခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္ေတာင္ပံကစားသမားဟာ ဒီရာသီ မန္ခ်က္စတာယူႏိုက္တက္အတြက္ ၁၂ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ တစ္ႀကိမ္မွ ျပဳလုပ္ထားႏိုင္ျခင္းမရွိေသးတာျဖစ္ၿပီး အန္ဒီ ကိုးက ဘာေၾကာင့္ ယူႏိုက္တက္ဟာ ၂၀၂၁ ခုႏွစ္တုန္းက ကာဝါဆာကီ ဖ႐ြန္ေတးကေန ဘ႐ိုက္တန္ကို ေပါင္ ၂.၇ သန္းေလာက္နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ခအို႐ု မိတိုမာလိုမ်ိဳး ေတာင္ပံကစားသမားေတြက်ေတာ့ မျမင္တာလဲလို႔ ေမးခြန္းထုတ္ခဲ့ပါတယ္။

“ကြၽန္ေတာ္သာ အန္တိုနီနဲ႔ ကစားရမယ္ဆိုရင္ ကြၽန္ေတာ့္ကို ေဒါသထြက္ေစပါလိမ့္မယ္။ အေထာင္တိုက္စစ္မႉးတစ္ေယာက္အေနနဲ႔ ခင္ဗ်ား အန္တိုနီလို ကစားသမားမ်ိဳးနဲ႔ ကစားရၿပီး ပင္နယ္တီဧရိယာထဲကို ျဖတ္တင္ေပးပို႔မႈေတြ မျပဳလုပ္ႏိုင္တဲ့အခါမွာ ခင္ဗ်ား ေခါင္းက ဆံပင္ေတြကို ဆြဲမိမွာပါ။ တိုက္စစ္မႉးေတြက ျဖတ္တင္ေပးပို႔မႈေတြ လိုအပ္တယ္။ အထူးသျဖင့္ ရာ့စ္မြတ္ ဟြိဳင္လြန္းက ပရီးမီးယားလိဂ္မွာ ခုထိ ဂိုးမသြင္းရေသးဘူး။ အန္တိုနီက သူ႔ရဲ႕ ဘယ္ေျခနဲ႔ အတြင္းကို ခ်ိဳးဝင္တဲ့အခါမွာ ၁၀ ႀကိမ္မွာ ၉ ႀကိမ္ေလာက္ကို သူ႔ဘာသာ ကန္သြင္းခဲ့တာပါ။ အန္တိုနီဆီကေန ဟြိဳင္လြန္း ရခဲ့တဲ့ တစ္ခုတည္းေသာ အခြင့္အေရးက ဂိုးသမားက သူ႔အေဝးကန္ခ်က္ကို ပုတ္ထုတ္တဲ့အခ်ိန္က်မွပါ။ ကြၽန္ေတာ္ တခါတေလ ကိုယ့္ဘာသာ ျပန္ေမးမိတယ္။ အန္တိုနီရဲ႕ အားသာခ်က္ေတြက ဘာလဲ။ သူက ကစားသမားေတြကို မေက်ာ္ျဖတ္ႏိုင္ဘူး။ အခြင့္အေရးေတြ မဖန္တီးႏိုင္ဘူး။ ဂိုးလည္း မသြင္းႏိုင္ဘူး။ အဲဒါဆို သူ႔ရဲ႕ အားသာခ်က္ေတြက ဘာလဲ။ ကြၽန္ေတာ္တို႔ သူ႔အတြက္ ႀကီးမားတဲ့ ေငြပမာဏေပးခဲ့ရတယ္”

“ခင္ဗ်ား ဘ႐ိုက္တန္လိုအသင္းမ်ိဳးက မိတိုမာကို ေပါင္ ၂.၇ သန္းတည္းနဲ႔ ေခၚယူခဲ့တာကို ၾကည့္လိုက္တဲ့အခါမွာ ဘ႐ိုက္တန္က မိတိုမာလို ကစားသမားမ်ိဳးအတြက္ ေငြနည္းနည္းပဲ ေပးေနရတဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က်ေတာ့ အန္တိုနီကို ေပါင္ ၈၆ သန္းေပးၿပီး ဝယ္ေနရတာက ဘာေစ်းကြက္လဲလို႔ ခင္ဗ်ား ေမးရမွာပါ။ ကြၽန္ေတာ္တို႔က တူညီတဲ့ ေစ်းကြက္ထဲမွာပဲ ဝယ္ေနၾကတာမဟုတ္ဘူးလား။ ဘယ္လိုျဖစ္ေနလဲဆိုေတာ့ Primark နဲ႔ Zara မွာ ေစ်းဝယ္ေနရသလိုပဲ။ ခင္ဗ်ား Zara မွာ ေစ်းႀကီးေပးဝယ္ရင္ အရည္အေသြးက ပိုေကာင္းမယ္လို႔ ထင္ေပမယ့္ ရလာတဲ့ ပစၥည္းက Primark နဲ႔အတူတူပဲ။ အဲဒီေတာ့ ခင္ဗ်ားက တူညီတဲ့အရာအတြက္ ေစ်းႀကီးေပးလိုက္ရတာပဲ ရွိတယ္။ ကြၽန္ေတာ္တို႔ လြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္း လုပ္ခဲ့တဲ့ အေျပာင္းအေ႐ႊ႕ေတြကို ျပန္ၾကည့္ခဲ့တယ္။ ကြၽန္ေတာ္တို႔ တျခားအသင္းေတြက ေစ်းနည္းနည္းပဲ ေပးတဲ့ကစားသမားေတြအတြက္ ေစ်းေတြ အမ်ားႀကီး ေပးခဲ့တယ္။ အဲဒါက မန္ခ်က္စတာယူႏိုက္တက္ အခြန္ကိစၥလား။ ကြၽန္ေတာ္တို႔ ဒီလို ဆက္လုပ္ေနလို႔မရေတာ့ပါဘူး”

“အန္တိုနီက တကယ္စိတ္ပ်က္စရာေကာင္းတဲ့ရာသီကို ပိုင္ဆိုင္ခဲ့တယ္။ သူ႔မွာလည္း ေနာက္ကြယ္မွာ ကိစၥေတြ ရွိမယ္ဆိုတာ ကြၽန္ေတာ္ သိတယ္။ ဒါေပမယ့္ အဲဒါကို ခဏဖယ္ထားလိုက္။ ေဘာလုံးကစားတာက ေနာက္ဆုံး သူလုပ္ေနတဲ့အရာျဖစ္ၿပီး အခုအခ်ိန္အထိ အသင္းကို သူေပးခဲ့တာ ဘာလဲဆိုတာကို ကြၽန္ေတာ္ မျမင္ႏိုင္ဘူး။ သူ႔ေျခစြမ္းသာ ဒီရာသီအတြင္း မတိုးတက္လာဘူးဆိုရင္ ဘာေတြျဖစ္လာမလဲဆိုတာ ခင္ဗ်ား ဘယ္ေတာ့မွ မသိႏိုင္ဘူး။ အဲဒါက နည္းျပက သူ႔ကို ဘယ္ေလာက္ၾကာၾကာ အားေပးေထာက္ခံခ်င္မလဲဆိုတဲ့အေပၚမွာပဲ မူတည္တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.