Premier League

ဒီရာသီ ပရီးမီးယားလိဂ်ဖလား ဟောကိန်းထုတ်လိုက်တဲ့ ဂွါဒီယိုလာ

ပပ် ဂွါဒီယိုလာက လီဗာပူးလ်၊ အာဆင်နယ်၊ စပါးစ်တို့ဟာ ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားအတွက် မန်ချက်စတာစီးတီးကို စိန်ခေါ်နိုင်တဲ့ ၃ သင်းဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာစီးတီးဟာ ၄ နှစ်ဆက် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ ရည်မှန်းနေတာဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်မှာ ၁၂ ပွဲကစားပြီးချိန်မှာ ရမှတ် ၂၈ မှတ်နဲ့ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ယနေ့နေ့လယ်အစောပိုင်းပွဲစဉ်အဖြစ် အစ်တီဟတ်ကို လာရောက်ပြီး မန်ချက်စတာစီးတီးကို ရင်ဆိုင်သွားမှာဖြစ်ပြီး နှစ်သင်းကြား ရမှတ် ၁ မှတ်သာ ကွာဟနေတာကြောင့် ဇယားထိပ်ပိုင်း အပြောင်းအလဲဖြစ်လာနိုင်တဲ့ပွဲစဉ်လည်း ဖြစ်ပါတယ်။

အာဆင်နယ်ကတော့ လက်ရှိမှာ လီဗာပူးလ်နဲ့ ရမှတ် ၂၇ မှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး တော့တင်ဟမ်ဟော့စပါးကတော့ ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

လီဗာပူးလ်က မန်ချက်စတာစီးတီးရဲ့ ဒီရာသီ အနီးကပ်ဆုံး ဆုဖလားစိန်ခေါ်သူတွေလို့ ထင်လားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဂွါဒီယိုလာက “သိပ်ဟုတ်တာပေါ့။ အာဆင်နယ်လည်း ပါတယ်လို့ ထင်ပါတယ်။ သူတို့တွေက အရမ်းကျစ်လစ်တယ်။ စပါးစ်က မကြာသေးခင်က ၂ ပွဲရှုံးခဲ့တာတောင်မှပဲ သူတို့တွေက ဆုဖလားစိန်ခေါ်သူတွေအဖြစ် ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ ချဲလ်ဆီးက တစ်ပတ်ကို တစ်ပွဲပဲ ကစားရတယ်။ အဲဒီတော့ ဆုဖလားစိန်ခေါ်သူက ၄ ဦး ဒါမှမဟုတ် ၅ ဦးလောက်အထိ ရှိနေပါတယ်။ နယူးကာဆယ်လည်း ဝင်ပါလာနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကလည်း ပါဝင်လာနိုင်တယ်။ အရာအားလုံး ဖြစ်လာနိုင်ပါတယ်။”

“ကျွန်တော် ဒီကို ရောက်လာခဲ့တဲ့အချိန်မှာ သိခဲ့ရတာက ပရီးမီးယားလိဂ်က ဘယ်တော့မှ မပြီးဆုံးဘူး။ ခင်ဗျား ၁၀ ပွဲလောက်ကစားဖို့ ကျန်သေးတဲ့အချိန်မှာ ပြီးပြီထင်တယ်။ ဒါပေမယ့် ခင်ဗျား အေးဆေးနေလို့မရဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျား ရမှတ်တွေအများကြီး လျော့ကျနိုင်သေးလို့ပါ။ ရာသီက အရမ်းရှည်တယ်။ အရာတော်တော်များများက ဖြစ်လာနိုင်တယ်။ ကျွန်တော့်ကို မတ်လ၊ ဧပြီလလောက်ကျရင် မေးခွန်းမေးပါ။ အရာအားလုံးက ဖြစ်လာနိုင်တယ်။ ထူးခြားဆန်းကြယ်တဲ့အရာတွေပေါ့။ ပြီးခဲ့တဲ့ရာသီ လီဗာပူးလ်က ဒဏ်ရာနဲ့ပတ်သက်ပြီး ပြဿနာတွေ အများကြီးရှိခဲ့တယ်။ သူတို့တွေ ဒီရာသီမှာ ချန်ပီယံလိဂ် မကစားရဘူး။ လီဗာပူးလ်က အမြဲတမ်း ဆုဖလားပြိုင်ပွဲထဲမှာ ရှိနေခဲ့တာပါ။ သူတို့တွေက ဆုဖလားစိန်ခေါ်နိုင်တဲ့ အရည်အချင်းလည်း ရှိနေတာဖြစ်နိုင်ပါတယ်။လီဗာပူးလ်က ၁၀၀ ရာခိုင်နှုန်း စိန်ခေါ်သူဖြစ်ပါလိမ့်မယ်။ နှစ်သင်းစလုံးက နောက်ဆုံး ၇ နှစ်၊ ၈ နှစ်အတွင်းမှာ ဆုဖလားအတွက် စိန်ခေါ်ခဲ့ကြတယ်။ ကျွန်တော်တို့ ပရိသတ်တွေနဲ့အတူ ကွင်းထဲမှာ လီဗာပူးလ်ကို အနိုင်ယူရမယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပပ္ ဂြါဒီယိုလာက လီဗာပူးလ္၊ အာဆင္နယ္၊ စပါးစ္တို႔ဟာ ယခုရာသီ ပရီးမီးယားလိဂ္ဆုဖလားအတြက္ မန္ခ်က္စတာစီးတီးကို စိန္ေခၚႏိုင္တဲ့ ၃ သင္းျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာစီးတီးဟာ ၄ ႏွစ္ဆက္ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ရည္မွန္းေနတာျဖစ္ၿပီး လက္ရွိ ပရီးမီးယားလိဂ္မွာ ၁၂ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၂၈ မွတ္နဲ႔ ဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတာျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ယေန႔ေန႔လယ္အေစာပိုင္းပြဲစဥ္အျဖစ္ အစ္တီဟတ္ကို လာေရာက္ၿပီး မန္ခ်က္စတာစီးတီးကို ရင္ဆိုင္သြားမွာျဖစ္ၿပီး ႏွစ္သင္းၾကား ရမွတ္ ၁ မွတ္သာ ကြာဟေနတာေၾကာင့္ ဇယားထိပ္ပိုင္း အေျပာင္းအလဲျဖစ္လာႏိုင္တဲ့ပြဲစဥ္လည္း ျဖစ္ပါတယ္။

အာဆင္နယ္ကေတာ့ လက္ရွိမွာ လီဗာပူးလ္နဲ႔ ရမွတ္ ၂၇ မွတ္တူ ဂိုးကြာျခားခ်က္နဲ႔ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနၿပီး ေတာ့တင္ဟမ္ေဟာ့စပါးကေတာ့ ရမွတ္ ၂၆ မွတ္နဲ႔ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။

လီဗာပူးလ္က မန္ခ်က္စတာစီးတီးရဲ႕ ဒီရာသီ အနီးကပ္ဆုံး ဆုဖလားစိန္ေခၚသူေတြလို႔ ထင္လားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ဂြါဒီယိုလာက “သိပ္ဟုတ္တာေပါ့။ အာဆင္နယ္လည္း ပါတယ္လို႔ ထင္ပါတယ္။ သူတို႔ေတြက အရမ္းက်စ္လစ္တယ္။ စပါးစ္က မၾကာေသးခင္က ၂ ပြဲရႈံးခဲ့တာေတာင္မွပဲ သူတို႔ေတြက ဆုဖလားစိန္ေခၚသူေတြအျဖစ္ ရွိေနလိမ့္မယ္လို႔ ထင္ပါတယ္။ ခ်ဲလ္ဆီးက တစ္ပတ္ကို တစ္ပြဲပဲ ကစားရတယ္။ အဲဒီေတာ့ ဆုဖလားစိန္ေခၚသူက ၄ ဦး ဒါမွမဟုတ္ ၅ ဦးေလာက္အထိ ရွိေနပါတယ္။ နယူးကာဆယ္လည္း ဝင္ပါလာႏိုင္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ကလည္း ပါဝင္လာႏိုင္တယ္။ အရာအားလုံး ျဖစ္လာႏိုင္ပါတယ္။”

“ကြၽန္ေတာ္ ဒီကို ေရာက္လာခဲ့တဲ့အခ်ိန္မွာ သိခဲ့ရတာက ပရီးမီးယားလိဂ္က ဘယ္ေတာ့မွ မၿပီးဆုံးဘူး။ ခင္ဗ်ား ၁၀ ပြဲေလာက္ကစားဖို႔ က်န္ေသးတဲ့အခ်ိန္မွာ ၿပီးၿပီထင္တယ္။ ဒါေပမယ့္ ခင္ဗ်ား ေအးေဆးေနလို႔မရဘူး။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ား ရမွတ္ေတြအမ်ားႀကီး ေလ်ာ့က်ႏိုင္ေသးလို႔ပါ။ ရာသီက အရမ္းရွည္တယ္။ အရာေတာ္ေတာ္မ်ားမ်ားက ျဖစ္လာႏိုင္တယ္။ ကြၽန္ေတာ့္ကို မတ္လ၊ ဧၿပီလေလာက္က်ရင္ ေမးခြန္းေမးပါ။ အရာအားလုံးက ျဖစ္လာႏိုင္တယ္။ ထူးျခားဆန္းၾကယ္တဲ့အရာေတြေပါ့။ ၿပီးခဲ့တဲ့ရာသီ လီဗာပူးလ္က ဒဏ္ရာနဲ႔ပတ္သက္ၿပီး ျပႆနာေတြ အမ်ားႀကီးရွိခဲ့တယ္။ သူတို႔ေတြ ဒီရာသီမွာ ခ်န္ပီယံလိဂ္ မကစားရဘူး။ လီဗာပူးလ္က အၿမဲတမ္း ဆုဖလားၿပိဳင္ပြဲထဲမွာ ရွိေနခဲ့တာပါ။ သူတို႔ေတြက ဆုဖလားစိန္ေခၚႏိုင္တဲ့ အရည္အခ်င္းလည္း ရွိေနတာျဖစ္ႏိုင္ပါတယ္။လီဗာပူးလ္က ၁၀၀ ရာခိုင္ႏႈန္း စိန္ေခၚသူျဖစ္ပါလိမ့္မယ္။ ႏွစ္သင္းစလုံးက ေနာက္ဆုံး ၇ ႏွစ္၊ ၈ ႏွစ္အတြင္းမွာ ဆုဖလားအတြက္ စိန္ေခၚခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔ ပရိသတ္ေတြနဲ႔အတူ ကြင္းထဲမွာ လီဗာပူးလ္ကို အႏိုင္ယူရမယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.