Premier League

အဲဗာတန်နဲ့ ယူနိုက်တက်တို့ပွဲအပေါ် အီယန် ရိုက်ရဲ့ဟောကိန်းကြောင့် အံ့အားသင့်ခဲ့ရတဲ့ ရွိုင်ကီးန်

ရွိုင် ကီးန်ဟာ ယခုအပတ် မန်ချက်စတာယူနိုက်တက်ကို အဲဗာတန်က အနိုင်ယူသွားလိမ့်မယ်ဆိုတဲ့ အီယန် ရိုက်ရဲ့ဟောကိန်းကြောင့် အံ့အားသင့်ခဲ့ရပြီး ဂွတ်ဒီဆင်ပါ့ခ်က ပြဿနာတွေက သူတို့ကို ဘာစီလိုနာအဖြစ် ပြောင်းလဲစေမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာပွဲနားရက်အပြီးမှာ မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ ဂွတ်ဒီဆင်ပါ့ခ်ကို သွားရောက်ပြီး အဲဗာတန်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ရှောင် ဒိုက်ချ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်က ချမှတ်ထားတဲ့ စည်းမျဉ်း ချိုးဖောက်မှုကြောင့် ၁၀ မှတ်အလျှော့ခံခဲ့ရတာဖြစ်ပါတယ်။

ဒါကြောင့် အဲဗာတန်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအောက်ခြေမှာ ဘန်လေနဲ့အတူ ရမှတ် ၄ မှတ်နဲ့ ပူးတွဲရပ်တည်နေခဲ့ရတာဖြစ်ပြီး ရှောင်ဒိုက်ချ်ရဲ့အသင်းက ပြီးခဲ့တဲ့အပတ်မှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်သွားမှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံး ၄ ပွဲမှာ ရှုံးပွဲမရှိခဲ့တဲ့ အဲဗာတန်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ပဲလေ့စ်အိမ်ကွင်းမှာ အနိုင်ရခဲ့သလို ဘရိုက်တန်ကိုလည်း သရေကစားနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က အိမ်ကွင်းပရိသတ်တွေဟာ ၎င်းတို့ရဲ့ တရားစွပ်စွဲခံထားရတဲ့အသင်းကို အားပေးထောက်ခံသွားမှာဖြစ်တာကြောင့် ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရနိုင်ပြီး ရွိုင် ကီးန်နဲ့အတူ ပွဲကြိုသုံးသပ်ရာမှာ အဲဗာတန်က ၃-၁ သို့မဟုတ် ၃-၀ နဲ့ အနိုင်ရသွားမယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းက လက်မခံခဲ့ဘဲ “ပတ်ဝန်းကျင်အခြေအနေတွေက သူတို့ကို သောက် ဘာစီလိုနာအဖြစ်နဲ့ ပြောင်းလဲပေးနိုင်မှာမဟုတ်ဘူး။ ဒီလူတွေနဲ့ ဒီတိုင်းပဲ ဖြစ်နေဦးမှာပဲ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အီယန် ရိုက်က ဆက်လက်ပြီး “ဒီအဲဗာတန်အသင်းက ဒီယူနိုက်တက်နဲ့ ရင်ဆိုင်ကစားတဲ့အချိန်မှာ ခံစားနေရမယ့် ပုံစံကြောင့် ကျွန်တော်ကတော့ သူတို့ကို ပိုသဘောကျတယ်။ ကျွန်တော်ကတော့ အဲဗာတန် ၃-၁ အနိုင်ရမယ့်ဘက်က ရှိတယ်။ မဟုတ်ဘူး ၃-ဝ နဲ့ အနိုင်ရမှာ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မယုံနိုင်ဟန်နဲ့ ရွိုင် ကီးန်က “မန်ယူနိုက်တက်သာ ပထမဆုံးဂိုးကိုသာ သွင်းယူခဲ့ရင် သူတို့တွေ သူတို့ကို လှောင်ပြောင်ကြလိမ့်မယ်။ အဲဗာတန်က စိတ်ဓာတ်ကျသွားမယ်။ အားလုံးက ဒီသတင်းဆိုးကြောင့် သူတို့တွေ ဘာစီလိုနာမျိုး ဖြစ်လာလိမ့်မယ်လို့ ထင်ကြမယ်။ အိမ်ကွင်းမှာတောင်မှ သူတို့တွေက နည်းနည်း စိတ်မချရတဲ့အနေအထား ဖြစ်နေတုန်းပါပဲ”လို့ ပြန်လည်ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႐ြိဳင္ ကီးန္ဟာ ယခုအပတ္ မန္ခ်က္စတာယူႏိုက္တက္ကို အဲဗာတန္က အႏိုင္ယူသြားလိမ့္မယ္ဆိုတဲ့ အီယန္ ႐ိုက္ရဲ႕ေဟာကိန္းေၾကာင့္ အံ့အားသင့္ခဲ့ရၿပီး ဂြတ္ဒီဆင္ပါ့ခ္က ျပႆနာေတြက သူတို႔ကို ဘာစီလိုနာအျဖစ္ ေျပာင္းလဲေစမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ႏိုင္ငံတကာပြဲနားရက္အၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ဟာ တနဂၤေႏြေန႔မွာ ဂြတ္ဒီဆင္ပါ့ခ္ကို သြားေရာက္ၿပီး အဲဗာတန္နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး ေရွာင္ ဒိုက္ခ်္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္က ခ်မွတ္ထားတဲ့ စည္းမ်ဥ္း ခ်ိဳးေဖာက္မႈေၾကာင့္ ၁၀ မွတ္အေလွ်ာ့ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေၾကာင့္ အဲဗာတန္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားေအာက္ေျခမွာ ဘန္ေလနဲ႔အတူ ရမွတ္ ၄ မွတ္နဲ႔ ပူးတြဲရပ္တည္ေနခဲ့ရတာျဖစ္ၿပီး ေရွာင္ဒိုက္ခ်္ရဲ႕အသင္းက ၿပီးခဲ့တဲ့အပတ္မွာ ခ်မွတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို အယူခံဝင္သြားမွာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ ေနာက္ဆုံး ၄ ပြဲမွာ ရႈံးပြဲမရွိခဲ့တဲ့ အဲဗာတန္နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာ ပဲေလ့စ္အိမ္ကြင္းမွာ အႏိုင္ရခဲ့သလို ဘ႐ိုက္တန္ကိုလည္း သေရကစားႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က အိမ္ကြင္းပရိသတ္ေတြဟာ ၎တို႔ရဲ႕ တရားစြပ္စြဲခံထားရတဲ့အသင္းကို အားေပးေထာက္ခံသြားမွာျဖစ္တာေၾကာင့္ ျပင္းထန္တဲ့ တုံ႔ျပန္မႈနဲ႔ ရင္ဆိုင္ရႏိုင္ၿပီး ႐ြိဳင္ ကီးန္နဲ႔အတူ ပြဲႀကိဳသုံးသပ္ရာမွာ အဲဗာတန္က ၃-၁ သို႔မဟုတ္ ၃-၀ နဲ႔ အႏိုင္ရသြားမယ္လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ေဟာင္းက လက္မခံခဲ့ဘဲ “ပတ္ဝန္းက်င္အေျခအေနေတြက သူတို႔ကို ေသာက္ ဘာစီလိုနာအျဖစ္နဲ႔ ေျပာင္းလဲေပးႏိုင္မွာမဟုတ္ဘူး။ ဒီလူေတြနဲ႔ ဒီတိုင္းပဲ ျဖစ္ေနဦးမွာပဲ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အီယန္ ႐ိုက္က ဆက္လက္ၿပီး “ဒီအဲဗာတန္အသင္းက ဒီယူႏိုက္တက္နဲ႔ ရင္ဆိုင္ကစားတဲ့အခ်ိန္မွာ ခံစားေနရမယ့္ ပုံစံေၾကာင့္ ကြၽန္ေတာ္ကေတာ့ သူတို႔ကို ပိုသေဘာက်တယ္။ ကြၽန္ေတာ္ကေတာ့ အဲဗာတန္ ၃-၁ အႏိုင္ရမယ့္ဘက္က ရွိတယ္။ မဟုတ္ဘူး ၃-ဝ နဲ႔ အႏိုင္ရမွာ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မယုံႏိုင္ဟန္နဲ႔ ႐ြိဳင္ ကီးန္က “မန္ယူႏိုက္တက္သာ ပထမဆုံးဂိုးကိုသာ သြင္းယူခဲ့ရင္ သူတို႔ေတြ သူတို႔ကို ေလွာင္ေျပာင္ၾကလိမ့္မယ္။ အဲဗာတန္က စိတ္ဓာတ္က်သြားမယ္။ အားလုံးက ဒီသတင္းဆိုးေၾကာင့္ သူတို႔ေတြ ဘာစီလိုနာမ်ိဳး ျဖစ္လာလိမ့္မယ္လို႔ ထင္ၾကမယ္။ အိမ္ကြင္းမွာေတာင္မွ သူတို႔ေတြက နည္းနည္း စိတ္မခ်ရတဲ့အေနအထား ျဖစ္ေနတုန္းပါပဲ”လို႔ ျပန္လည္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.