La Liga

မက်ဆီနဲ့ ရင်ဆိုင်ရတာ ဘယ်လောက်ခက်လဲဆိုတာ ရှင်းပြခဲ့တဲ့ ဇာဘီ အလွန်ဆို

ဇာဘီ အလွန်ဆိုဟာ တစ်ခါတုန်းက လီယွန်နယ် မက်ဆီ အကောင်းဆုံးခြေစွမ်းရှိနေတဲ့အချိန်မှာ False 9 အဖြစ် ကစားတဲ့အခါကျရင် ခုခံဖို့ အရမ်းခက်ခဲခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့်ဟောင်းဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ဘာစီလိုနာဂန္တဝင် လီယွန်နယ် မက်ဆီနဲ့ ၁၀ ကြိမ်အထိ ရင်ဆိုင်ခဲ့ဖူးတာဖြစ်ပြီး အချိန်အများစုမှာ အာဂျင်တီးနားမှော်ဆရာကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

တကယ်လည်း ဘာစီလိုနာက ၁၀ ကြိမ်မှာ ၆ ကြိမ်အထိ အနိုင်ရခဲ့ချိန်မှာ ဂျိုဆေး မော်ရင်ဟိုရဲ့အသင်းက နိုင်ပွဲ ၂ ပွဲသာ ရယူနိုင်ခဲ့တာဖြစ်ပြီး အလွန်ဆိုက ဘာဆာရဲ့အဓိကကစားသမားကို လူကပ်ဖို့တစ်ခုတည်းကိုပဲ အာရုံစိုက်ခဲ့တဲ့အချိန်မှသာ စတင်ထိန်းချုပ်နိုင်ခဲ့တာဖြစ်တယ်လို့ အရင်တုန်းက ပြောပြခဲ့ဖူးတာဖြစ်ပါတယ်။

“ကျွန်တော်ရယ်၊ မော်ရင်ဟိုရယ်၊ ဆာဂျီယို ရာမို့စ်ရယ် သူ့အကြောင်း အများကြီး ပြောခဲ့ကြတယ်။ ကျွန်တော် သူ့ကို လူကပ်ကစားခဲ့တဲ့အချိန်မှာ မက်ဆီကို စတင်ထိန်းချုပ်နိုင်ခဲ့တယ်။ ကျွန်တော် သူ့ကို လူကပ်ကစားနိုင်ဖို့ နေရာတော်တော်များများကို ကျွန်တော်တို့ စတေးခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ မက်ဆီကို ထိန်းချုပ်လိုက်နိုင်ပြီဆိုတာနဲ့ ပွဲက မျှသွားတယ်။”လို့ ၂၀၁၇ ခုနှစ်တုန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

အလွန်ဆိုဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ လေဗာကူဆင်ကို နည်းပြအဖြစ်နဲ့ တာဝန်ယူကိုင်တွယ်ခဲ့ပြီးကတည်းက ဘွန်ဒက်စ်လီဂါအသင်းကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီး The Coaches’ Voice မှာ မက်ဆီနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့အကြောင်းကို ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

အလွန်ဆိုက နည်းဗျူဟာဘုတ်ပြားကို အသုံးပြုပြီး False 9 အဖြစ် မက်ဆီ ဘယ်လို ကစားလဲဆိုတာကို ရှင်းပြခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်ကို ထိန်းချုပ်ဖို့က ဘယ်လောက်တောင်မှ ခက်ခဲလဲဆိုတာကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

“သူက ဒီအခန်းကဏ္ဍမှာ ကစားနေကျပါတယ်။ false nine ပေါ့။ ခင်ဗျား သိလား။ false nine နဲ့ပတ်သက်ပြီး ပြောကြတာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ဇာဗီက ဒီနေရာကိုလာပြီး ဘောလုံးကို ရယူနေကျပါ။ ကျွန်တော် သူ့ကို သွားပြီး ဖိအားပေးတဲ့အချိန်ကျရင် ဒီ နေရာလွတ်ကို မက်ဆီက ကျောနံပါတ် ၉ နေရာကနေ ကျွန်တော့်အနောက် ဒီနေရာကို ရောက်လာတယ်။ သူတို့တွေ ကျွန်တော့်ကို ၂ ယောက် ၁ ယောက် ဒီလိုမျိုး လုပ်နေကျပဲ။ ရာမို့စ်က မက်ဆီကို လာပြီး ဖိအားပေးတဲ့အခါကျရင် ကြီးမားတဲ့နေရာလွတ်ကြီး ဖန်တီးနိုင်ခဲ့တယ်။ မက်ဆီက ဘောလုံးရရင် ဗီယာ ဒါမှမဟုတ် ပက်ဒရိုတို့အတွက် အဲဒီနေရာကနေ ကစားနေကျပါ။ ”

ရီးရဲလ်မက်ဒရစ်ဟာ နောက်ဆုံးမှာတော့ ဂွါဒီယိုလာလက်အောက်က ဘာစီလိုနာရဲ့ နည်းဗျူဟာနဲ့ အသားကျအောင် လုပ်နိုင်ခဲ့ပြီး ရလဒ်အနေနဲ့ သိပ်မကြာခင်မှာ မက်ဆီကို ထိန်းသိမ်းထားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကို ရှာတွေ့ခဲ့တယ်လို့ အလွန်ဆိုက ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီဟာကို ပိုပြီးကောင်းကောင်း ထိန်းချုပ်လာနိုင်တဲ့အခါမှာ ရာမို့စ်က ဇာဘီရေ မက်ဆီ လာနေပြီလို့ ပြောနေကျလို့ ကျွန်တော် ထင်တယ်။ ကျွန်တော် ဇာဗီကို သွားပြီး မကပ်ဘဲ မက်ဆီနဲ့ပဲ ဆက်နေခဲ့တယ်။ သူတို့တွေက ထိန်းချုပ်မှုပိုလုပ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီလောက်ကြီး အန္တရာယ်မပေးနိုင်တော့ဘူး။ ကျွန်တော်တို့ ဒီအခြေအနေကို နည်းနည်းပိုကောင်းအောင် ထိန်းချုပ်နိုင်တဲ့အချိန်မှာ သူတို့နဲ့ ရင်ဆိုင်ဖို့ ပိုပြီးတော့ နီးစပ်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဇာဘီ အလြန္ဆိုဟာ တစ္ခါတုန္းက လီယြန္နယ္ မက္ဆီ အေကာင္းဆုံးေျခစြမ္းရွိေနတဲ့အခ်ိန္မွာ False 9 အျဖစ္ ကစားတဲ့အခါက်ရင္ ခုခံဖို႔ အရမ္းခက္ခဲခဲ့တယ္လို႔ ရွင္းျပခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္းဟာ ၂၀၀၉ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အတြင္း ဘာစီလိုနာဂႏၲဝင္ လီယြန္နယ္ မက္ဆီနဲ႔ ၁၀ ႀကိမ္အထိ ရင္ဆိုင္ခဲ့ဖူးတာျဖစ္ၿပီး အခ်ိန္အမ်ားစုမွာ အာဂ်င္တီးနားေမွာ္ဆရာကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

တကယ္လည္း ဘာစီလိုနာက ၁၀ ႀကိမ္မွာ ၆ ႀကိမ္အထိ အႏိုင္ရခဲ့ခ်ိန္မွာ ဂ်ိဳေဆး ေမာ္ရင္ဟိုရဲ႕အသင္းက ႏိုင္ပြဲ ၂ ပြဲသာ ရယူႏိုင္ခဲ့တာျဖစ္ၿပီး အလြန္ဆိုက ဘာဆာရဲ႕အဓိကကစားသမားကို လူကပ္ဖို႔တစ္ခုတည္းကိုပဲ အာ႐ုံစိုက္ခဲ့တဲ့အခ်ိန္မွသာ စတင္ထိန္းခ်ဳပ္ႏိုင္ခဲ့တာျဖစ္တယ္လို႔ အရင္တုန္းက ေျပာျပခဲ့ဖူးတာျဖစ္ပါတယ္။

“ကြၽန္ေတာ္ရယ္၊ ေမာ္ရင္ဟိုရယ္၊ ဆာဂ်ီယို ရာမို႔စ္ရယ္ သူ႔အေၾကာင္း အမ်ားႀကီး ေျပာခဲ့ၾကတယ္။ ကြၽန္ေတာ္ သူ႔ကို လူကပ္ကစားခဲ့တဲ့အခ်ိန္မွာ မက္ဆီကို စတင္ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။ ကြၽန္ေတာ္ သူ႔ကို လူကပ္ကစားႏိုင္ဖို႔ ေနရာေတာ္ေတာ္မ်ားမ်ားကို ကြၽန္ေတာ္တို႔ စေတးခဲ့ရတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ မက္ဆီကို ထိန္းခ်ဳပ္လိုက္ႏိုင္ၿပီဆိုတာနဲ႔ ပြဲက မွ်သြားတယ္။”လို႔ ၂၀၁၇ ခုႏွစ္တုန္းက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အလြန္ဆိုဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလမွာ ေလဗာကူဆင္ကို နည္းျပအျဖစ္နဲ႔ တာဝန္ယူကိုင္တြယ္ခဲ့ၿပီးကတည္းက ဘြန္ဒက္စ္လီဂါအသင္းကို ျပဳျပင္ေျပာင္းလဲႏိုင္ခဲ့ၿပီး The Coaches’ Voice မွာ မက္ဆီနဲ႔ ရင္ဆိုင္ကစားခဲ့ရတဲ့အေၾကာင္းကို ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

အလြန္ဆိုက နည္းဗ်ဴဟာဘုတ္ျပားကို အသုံးျပဳၿပီး False 9 အျဖစ္ မက္ဆီ ဘယ္လို ကစားလဲဆိုတာကို ရွင္းျပခဲ့ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ကို ထိန္းခ်ဳပ္ဖို႔က ဘယ္ေလာက္ေတာင္မွ ခက္ခဲလဲဆိုတာကို ရွင္းျပခဲ့တာျဖစ္ပါတယ္။

“သူက ဒီအခန္းက႑မွာ ကစားေနက်ပါတယ္။ false nine ေပါ့။ ခင္ဗ်ား သိလား။ false nine နဲ႔ပတ္သက္ၿပီး ေျပာၾကတာေတြ အမ်ားႀကီး ရွိခဲ့ပါတယ္။ ဒါေပမယ့္ ဇာဗီက ဒီေနရာကိုလာၿပီး ေဘာလုံးကို ရယူေနက်ပါ။ ကြၽန္ေတာ္ သူ႔ကို သြားၿပီး ဖိအားေပးတဲ့အခ်ိန္က်ရင္ ဒီ ေနရာလြတ္ကို မက္ဆီက ေက်ာနံပါတ္ ၉ ေနရာကေန ကြၽန္ေတာ့္အေနာက္ ဒီေနရာကို ေရာက္လာတယ္။ သူတို႔ေတြ ကြၽန္ေတာ့္ကို ၂ ေယာက္ ၁ ေယာက္ ဒီလိုမ်ိဳး လုပ္ေနက်ပဲ။ ရာမို႔စ္က မက္ဆီကို လာၿပီး ဖိအားေပးတဲ့အခါက်ရင္ ႀကီးမားတဲ့ေနရာလြတ္ႀကီး ဖန္တီးႏိုင္ခဲ့တယ္။ မက္ဆီက ေဘာလုံးရရင္ ဗီယာ ဒါမွမဟုတ္ ပက္ဒ႐ိုတို႔အတြက္ အဲဒီေနရာကေန ကစားေနက်ပါ။ ”

ရီးရဲလ္မက္ဒရစ္ဟာ ေနာက္ဆုံးမွာေတာ့ ဂြါဒီယိုလာလက္ေအာက္က ဘာစီလိုနာရဲ႕ နည္းဗ်ဴဟာနဲ႔ အသားက်ေအာင္ လုပ္ႏိုင္ခဲ့ၿပီး ရလဒ္အေနနဲ႔ သိပ္မၾကာခင္မွာ မက္ဆီကို ထိန္းသိမ္းထားႏိုင္ဖို႔ အေကာင္းဆုံးနည္းလမ္းကို ရွာေတြ႕ခဲ့တယ္လို႔ အလြန္ဆိုက ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ဒီဟာကို ပိုၿပီးေကာင္းေကာင္း ထိန္းခ်ဳပ္လာႏိုင္တဲ့အခါမွာ ရာမို႔စ္က ဇာဘီေရ မက္ဆီ လာေနၿပီလို႔ ေျပာေနက်လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္ ဇာဗီကို သြားၿပီး မကပ္ဘဲ မက္ဆီနဲ႔ပဲ ဆက္ေနခဲ့တယ္။ သူတို႔ေတြက ထိန္းခ်ဳပ္မႈပိုလုပ္ႏိုင္ပါတယ္။ ဒါေပမယ့္ အဲဒီေလာက္ႀကီး အႏၲရာယ္မေပးႏိုင္ေတာ့ဘူး။ ကြၽန္ေတာ္တို႔ ဒီအေျခအေနကို နည္းနည္းပိုေကာင္းေအာင္ ထိန္းခ်ဳပ္ႏိုင္တဲ့အခ်ိန္မွာ သူတို႔နဲ႔ ရင္ဆိုင္ဖို႔ ပိုၿပီးေတာ့ နီးစပ္ခဲ့တယ္လို႔ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.