La Liga

ရီးရဲလ်မက်ဒရစ်ပရိသတ်တွေ ရင်နာစေခဲ့တဲ့ ဗီဒီယိုဖိုင်ကို တုံ့ပြန်လိုက်တဲ့ ရာမို့စ်

ဆာဂျီယို ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်ရှပ်မှာ လက်မှတ်ထိုးပေးဖို့ ငြင်းဆန်ခဲ့တဲ့အတွက် ပရိသတ်တွေဆီကနေ ပြစ်တင်ကြိမ်းမောင်းမှုတွေ ခံခဲ့ရပြီးနောက် ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

ရာမို့စ်ဟာ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့တဲ့ ဗီဒီယိုဖိုင်ထဲမှာ ကစားသမားဘဝအချိန်အများစုကို အဓိက ကုန်ဆုံးခဲ့ပြီး အောင်မြင်မှုများစွာရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်း ဂျာစီပေါ်မှာ လက်မှတ်ရေးထိုးပေးဖို့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီးနောက် ဘာနေဗျူးပရိသတ်တွေရဲ့ ဒေါသပေါက်ကွဲခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ၁၆ ရာသီအထိ ကစားပေးခဲ့ပြီး ဆုဖလားပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် ကစားသမားဟာ ဆီဗီလာနဲ့ ပီအက်စ်ဂျီအသင်း ဂျာစီတွေကို လက်မှတ်ထိုးပေးနေချိန်မှာ ဗီဒီယိုရိုက်ကူးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စပိန်ဝါရင့်နောက်ခံလူက ရီးရဲလ်မက်ဒရစ်ရှပ်ပေါ်မှာ လက်မှတ်ထိုးပေးဖို့ကို ငြင်းဆန်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်က ရီးရဲလ်မက်ဒရစ်ပရိသတ်တွေကို ဒေါသထွက်စေခဲ့တာ ဖြစ်ပါတယ်။

X ပေါ်မှာ “ရီးရဲလ်မက်ဒရစ်ရှပ်ကို လက်မှတ်ထိုးပေးဖို့ ဆာဂျီယို ရာမို့စ် ဘာလို့ ငြင်းတာလဲဆိုတာ တစ်ယောက်လောက် ရှင်းပြပေးနိုင်မလား”ဆိုတဲ့ စာသားနဲ့အတူ ဆီဗီလာနောက်ခံလူက ရီးရဲလ်ရှပ်ကို လက်မှတ်ထိုးပေးဖို့ ငြင်းဆန်နေတဲ့ဗီဒီယိုဖိုင်ကို တင်ထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင်ဟောင်းက ၎င်းရဲ့ အပြုအမူကို ကာကွယ်ပြောဆိုခဲ့ပြီး အဲဒီမတိုင်ခင် ရီးရဲလ်မက်ဒရစ်ရှပ် ၆ ခုအထိ လက်မှတ်ရေးထိုးပေးခဲ့ပြီးဖြစ်တာကြောင့် ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ခဲ့တဲ့အတိုင်း ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

X ပေါ်မှာ ရာမို့စ်က “အဲဒီအခိုက်အတန့်မတိုင်ခင် ကျွန်တော် ရီးရဲလ်မက်ဒရစ်ရှပ် ၆ ခုလောက် လက်မှတ်ထိုးပေးခဲ့ပြီးပါပြီ။ ပြီးတော့ အဲဒီရှပ်တွေကို အင်တာနက်ပေါ်မှာ လေလံတင် ရောင်းချတဲ့သူတွေကလည်း ရှိနေပါတယ်။“လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

စပိန်နောက်ခံကစားသမားဟာ ၂၀၀၅ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘာနေဗျူးမှာ ၆၇၁ ပွဲအထိ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၀၁ ဂိုးအထိ အထင်ကြီးဖွယ် သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဆာဂ်ီယို ရာမို႔စ္ဟာ ရီးရဲလ္မက္ဒရစ္ရွပ္မွာ လက္မွတ္ထိုးေပးဖို႔ ျငင္းဆန္ခဲ့တဲ့အတြက္ ပရိသတ္ေတြဆီကေန ျပစ္တင္ႀကိမ္းေမာင္းမႈေတြ ခံခဲ့ရၿပီးေနာက္ ျပန္လည္တုံ႔ျပန္လိုက္ပါတယ္။

ရာမို႔စ္ဟာ လူမႈကြန္ရက္ေပၚမွာ ထြက္ေပၚလာခဲ့တဲ့ ဗီဒီယိုဖိုင္ထဲမွာ ကစားသမားဘဝအခ်ိန္အမ်ားစုကို အဓိက ကုန္ဆုံးခဲ့ၿပီး ေအာင္ျမင္မႈမ်ားစြာရရွိခဲ့တဲ့ ရီးရဲလ္မက္ဒရစ္အသင္း ဂ်ာစီေပၚမွာ လက္မွတ္ေရးထိုးေပးဖို႔ ေတာင္းဆိုမႈကို ျငင္းပယ္ခဲ့ၿပီးေနာက္ ဘာေနဗ်ဴးပရိသတ္ေတြရဲ႕ ေဒါသေပါက္ကြဲျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္မွာ ၁၆ ရာသီအထိ ကစားေပးခဲ့ၿပီး ဆုဖလားေပါင္းမ်ားစြာကို ဆြတ္ခူးႏိုင္ခဲ့တဲ့ အသက္ ၃၇ ႏွစ္အ႐ြယ္ ကစားသမားဟာ ဆီဗီလာနဲ႔ ပီအက္စ္ဂ်ီအသင္း ဂ်ာစီေတြကို လက္မွတ္ထိုးေပးေနခ်ိန္မွာ ဗီဒီယို႐ိုက္ကူးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း စပိန္ဝါရင့္ေနာက္ခံလူက ရီးရဲလ္မက္ဒရစ္ရွပ္ေပၚမွာ လက္မွတ္ထိုးေပးဖို႔ကို ျငင္းဆန္ဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ လူမႈကြန္ရက္ေပၚက ရီးရဲလ္မက္ဒရစ္ပရိသတ္ေတြကို ေဒါသထြက္ေစခဲ့တာ ျဖစ္ပါတယ္။

X ေပၚမွာ “ရီးရဲလ္မက္ဒရစ္ရွပ္ကို လက္မွတ္ထိုးေပးဖို႔ ဆာဂ်ီယို ရာမို႔စ္ ဘာလို႔ ျငင္းတာလဲဆိုတာ တစ္ေယာက္ေလာက္ ရွင္းျပေပးႏိုင္မလား”ဆိုတဲ့ စာသားနဲ႔အတူ ဆီဗီလာေနာက္ခံလူက ရီးရဲလ္ရွပ္ကို လက္မွတ္ထိုးေပးဖို႔ ျငင္းဆန္ေနတဲ့ဗီဒီယိုဖိုင္ကို တင္ထားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အသင္းေခါင္းေဆာင္ေဟာင္းက ၎ရဲ႕ အျပဳအမူကို ကာကြယ္ေျပာဆိုခဲ့ၿပီး အဲဒီမတိုင္ခင္ ရီးရဲလ္မက္ဒရစ္ရွပ္ ၆ ခုအထိ လက္မွတ္ေရးထိုးေပးခဲ့ၿပီးျဖစ္တာေၾကာင့္ ဗီဒီယိုဖိုင္ထဲမွာ ျမင္ေတြ႕ခဲ့တဲ့အတိုင္း ျငင္းပယ္ခဲ့တာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

X ေပၚမွာ ရာမို႔စ္က “အဲဒီအခိုက္အတန႔္မတိုင္ခင္ ကြၽန္ေတာ္ ရီးရဲလ္မက္ဒရစ္ရွပ္ ၆ ခုေလာက္ လက္မွတ္ထိုးေပးခဲ့ၿပီးပါၿပီ။ ၿပီးေတာ့ အဲဒီရွပ္ေတြကို အင္တာနက္ေပၚမွာ ေလလံတင္ ေရာင္းခ်တဲ့သူေတြကလည္း ရွိေနပါတယ္။“လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

စပိန္ေနာက္ခံကစားသမားဟာ ၂၀၀၅ ခုႏွစ္မွာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ဘာေနဗ်ဴးမွာ ၆၇၁ ပြဲအထိ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၀၁ ဂိုးအထိ အထင္ႀကီးဖြယ္ သြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.