International

ယူရို ၂၀၂၄ အုပ်စုအဆင့်မှာ အင်္ဂလန်အတွက် အဆိုးဆုံးနဲ့ အကောင်းဆုံး အခင်းအကျင်းက ဘာလဲ

ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အုပ်စုအဆင့်ဟာ လက်ရှိမှာတော့ တရားဝင်ပြီးဆုံးခဲ့ပြီဖြစ်တာကြောင့် အင်္ဂလန်ဟာ ဂျာမနီမှာ ကစားရမယ့် လာမယ့်နွေရာသီပြိုင်ပွဲအတွက် ၎င်းတို့ရဲ့ ကံကြမ္မာကို စောင့်မျှော်နေပြီဖြစ်ပါတယ်။

အင်္ဂလန်ဟာ အောက်တိုဘာလက အီတလီကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီးကတည်းက ယူရို ဝင်ခွင့် ရရှိခဲ့တာဖြစ်ပြီး ဆောက်ဂိတ်ရဲ့အသင်းအတွက် အုပ်စုလက်ကျန်ပွဲတွေက အရေးမပါတော့ပေမယ့်လည်း ဒီလထဲမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့တဲ့ ခြေစစ်ပွဲတွေမှာ ကြိုးကြိုးစားစား ကစားခဲ့တာဖြစ်ပါတယ်။

အုပ်စုနောက်ဆုံးပွဲစဉ်တွေဟာ အင်္ဂါနေ့ညမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ယူရို ၂၀၂၄ မှာ ပါဝင်ယှဉ်ပြိုင်မယ့် ၂၄ သင်းထဲက ၂၁ သင်းကို သိခဲ့ရပြီဖြစ်ပေမယ့်လည်း နောက်ထပ် ၃ သင်းကတော့ မတ်လမှာ ကျင်းပမယ့် ပလေးအော့ဖ်ပွဲတွေကနေ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။

လာမယ့်လ မဲခွဲပွဲမှာ အိုး ၄ လုံးရှိနေမှာဖြစ်ပြီး အင်္ဂလန်က အိမ်ရှင်နဲ့အတူ ခြေစစ်ပွဲအဆင့်မှာ အကောင်းဆုံးမှတ်တမ်းတွေနဲ့ အုပ်စု ၅ ခုက အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ ဥရောထိပ်တန်းအသင်းတွေစုနေတဲ့ အိုး ၁ ထဲမှာ ပါဝင်ခဲ့ပါတယ်။

အိုး ၂ ထဲမှာတော့ ကျန်အုပ်စုဗိုလ်တွေနဲ့ အုပ်စု ဒုတိယအသင်းတွေ ပါဝင်ပြီး အိုး ၃ နဲ့ အိုး ၄ တို့မှာလည်း ကျန်အုပ်စုဒုတိယအသင်းတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ အိုး ၄ ထဲကို မတ်လမှာ ပလေးအော့ဖ်ပွဲတွေကနေ ဝင်ခွင့်ရလာမယ့် အသင်း ၃ သင်းက ရောက်လာမှာဖြစ်ပြီး အင်္ဂလန်ဟာ မြောက်မက်ဆီဒိုးနီးယားနဲ့ ၁-၁ သရေကျခဲ့တာကြောင့် အိုး ၁ မှာ တစ်နေရာရခဲ့ပေမယ့် မျှော်လင့်ထားသလို အုပ်စုချောင်မယ့်ပုံမပေါ်ပါဘူး။

အင်္ဂလန်အတွက် အကောင်းဆုံးအုပ်စု အခင်းအကျင်းက အိုး ၂ က အယ်လ်ဘေးနီးယား၊ အိုး ၃ က ဆလိုဗေးနီးယားနဲ့ ပလေးအော့ဖ်ကနေ ဝင်ခွင့်ရမယ့် ၃ သင်းထဲက ၁ သင်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အင်္ဂလန်အနေနဲ့ ယူရိုချန်ပီယံဟောင်း ၃ သင်းနဲ့ တစ်အုပ်စုတည်း ကျရောက်နိုင်တဲ့ အန္တရာယ်ရှိနေပြီး ဒိန်းမတ်(အိုး ၂ )၊ နယ်သာလန်(အိုး ၃)၊ အီတလီ(အိုး ၄)တို့ဟာ အိုး ၁ ထဲက ဘယ်အသင်းအတွက်မဆို ခက်ခဲတဲ့အသင်းတွေ ဖြစ်လာမှာဖြစ်ပါတယ်။

ဝင်ခွင့်အောင်မြင်ပြီးအသင်းများ-ဘယ်လ်ဂျီယမ်၊ ပြင်သစ်၊ ပေါ်တူဂီ၊ စပိန်၊ စကော့တလန်၊ တူရကီ၊ ဩစတြီးယား၊ အင်္ဂလန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ အယ်လ်ဘေးနီးယား၊ ဒိန်းမတ်၊ နယ်သာလန်၊ ရိုမေးနီးယား၊ ဆွစ်ဇာလန်၊ ဆားဘီးယား၊ ချက်၊ ဆလိုဗေးနီးယား၊ အီတလီ၊ ခရိုအေးရှား။

အိုး ၁- ဂျာမနီ၊ ပေါ်တူဂီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယမ်၊ စပိန်၊ အင်္ဂလန်။
အိုး ၂- ဟန်ဂေရီ၊ တူရကီ၊ ဒိန်းမတ်၊ အယ်လ်ဘေးနီးယား၊ ရိုမေးနီးယား၊ ဩစတြီးယား။
အိုး ၃- နယ်သာလန်၊ စကော့တလန်၊ ခရိုအေးရှား၊ ဆလိုဗေးနီးယား၊ ဆလိုဗက်ကီးယား၊ ချက်။
အိုး ၄- အီတလီ၊ ဆားဘီးယား၊ ဆွစ်ဇာလန်၊ ပလေးအော့ဖ်ကနေ ဝင်ခွင့်ရတဲ့ အသင်း ၃ သင်း။

ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အုပ်စုအဆင့် မဲခွဲပွဲကို လာမယ့် ဒီဇင်ဘာလ ၂ ရက်နေ့ ဂျာမနီနိုင်ငံက ဟန်းဘတ်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဝင်ခွင့်ရရှိခဲ့ပြီးဖြစ်တဲ့အသင်းတွေအတွက် စိတ်လှုပ်ရှားစရာအခိုက်အတန့် ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအတြက္ အုပ္စုအဆင့္ဟာ လက္ရွိမွာေတာ့ တရားဝင္ၿပီးဆုံးခဲ့ၿပီျဖစ္တာေၾကာင့္ အဂၤလန္ဟာ ဂ်ာမနီမွာ ကစားရမယ့္ လာမယ့္ေႏြရာသီၿပိဳင္ပြဲအတြက္ ၎တို႔ရဲ႕ ကံၾကမၼာကို ေစာင့္ေမွ်ာ္ေနၿပီျဖစ္ပါတယ္။

အဂၤလန္ဟာ ေအာက္တိုဘာလက အီတလီကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီးကတည္းက ယူ႐ို ဝင္ခြင့္ ရရွိခဲ့တာျဖစ္ၿပီး ေဆာက္ဂိတ္ရဲ႕အသင္းအတြက္ အုပ္စုလက္က်န္ပြဲေတြက အေရးမပါေတာ့ေပမယ့္လည္း ဒီလထဲမွာ တစ္ပြဲႏိုင္၊ တစ္ပြဲသေရက်ခဲ့တဲ့ ေျခစစ္ပြဲေတြမွာ ႀကိဳးႀကိဳးစားစား ကစားခဲ့တာျဖစ္ပါတယ္။

အုပ္စုေနာက္ဆုံးပြဲစဥ္ေတြဟာ အဂၤါေန႔ညမွာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ယူ႐ို ၂၀၂၄ မွာ ပါဝင္ယွဥ္ၿပိဳင္မယ့္ ၂၄ သင္းထဲက ၂၁ သင္းကို သိခဲ့ရၿပီျဖစ္ေပမယ့္လည္း ေနာက္ထပ္ ၃ သင္းကေတာ့ မတ္လမွာ က်င္းပမယ့္ ပေလးေအာ့ဖ္ပြဲေတြကေန အဆုံးအျဖတ္ေပးသြားမွာျဖစ္ပါတယ္။

လာမယ့္လ မဲခြဲပြဲမွာ အိုး ၄ လုံးရွိေနမွာျဖစ္ၿပီး အဂၤလန္က အိမ္ရွင္နဲ႔အတူ ေျခစစ္ပြဲအဆင့္မွာ အေကာင္းဆုံးမွတ္တမ္းေတြနဲ႔ အုပ္စု ၅ ခုက အုပ္စုဗိုလ္ျဖစ္ခဲ့တဲ့ ဥေရာထိပ္တန္းအသင္းေတြစုေနတဲ့ အိုး ၁ ထဲမွာ ပါဝင္ခဲ့ပါတယ္။

အိုး ၂ ထဲမွာေတာ့ က်န္အုပ္စုဗိုလ္ေတြနဲ႔ အုပ္စု ဒုတိယအသင္းေတြ ပါဝင္ၿပီး အိုး ၃ နဲ႔ အိုး ၄ တို႔မွာလည္း က်န္အုပ္စုဒုတိယအသင္းေတြ ပါဝင္ခဲ့တာျဖစ္ပါတယ္။ အိုး ၄ ထဲကို မတ္လမွာ ပေလးေအာ့ဖ္ပြဲေတြကေန ဝင္ခြင့္ရလာမယ့္ အသင္း ၃ သင္းက ေရာက္လာမွာျဖစ္ၿပီး အဂၤလန္ဟာ ေျမာက္မက္ဆီဒိုးနီးယားနဲ႔ ၁-၁ သေရက်ခဲ့တာေၾကာင့္ အိုး ၁ မွာ တစ္ေနရာရခဲ့ေပမယ့္ ေမွ်ာ္လင့္ထားသလို အုပ္စုေခ်ာင္မယ့္ပုံမေပၚပါဘူး။

အဂၤလန္အတြက္ အေကာင္းဆုံးအုပ္စု အခင္းအက်င္းက အိုး ၂ က အယ္လ္ေဘးနီးယား၊ အိုး ၃ က ဆလိုေဗးနီးယားနဲ႔ ပေလးေအာ့ဖ္ကေန ဝင္ခြင့္ရမယ့္ ၃ သင္းထဲက ၁ သင္းျဖစ္ပါတယ္။ တစ္ဖက္မွာလည္း အဂၤလန္အေနနဲ႔ ယူ႐ိုခ်န္ပီယံေဟာင္း ၃ သင္းနဲ႔ တစ္အုပ္စုတည္း က်ေရာက္ႏိုင္တဲ့ အႏၲရာယ္ရွိေနၿပီး ဒိန္းမတ္(အိုး ၂ )၊ နယ္သာလန္(အိုး ၃)၊ အီတလီ(အိုး ၄)တို႔ဟာ အိုး ၁ ထဲက ဘယ္အသင္းအတြက္မဆို ခက္ခဲတဲ့အသင္းေတြ ျဖစ္လာမွာျဖစ္ပါတယ္။

ဝင္ခြင့္ေအာင္ျမင္ၿပီးအသင္းမ်ား-ဘယ္လ္ဂ်ီယမ္၊ ျပင္သစ္၊ ေပၚတူဂီ၊ စပိန္၊ စေကာ့တလန္၊ တူရကီ၊ ဩစႀတီးယား၊ အဂၤလန္၊ ဟန္ေဂရီ၊ ဆလိုဗက္ကီးယား၊ အယ္လ္ေဘးနီးယား၊ ဒိန္းမတ္၊ နယ္သာလန္၊ ႐ိုေမးနီးယား၊ ဆြစ္ဇာလန္၊ ဆားဘီးယား၊ ခ်က္၊ ဆလိုေဗးနီးယား၊ အီတလီ၊ ခ႐ိုေအးရွား။

အိုး ၁- ဂ်ာမနီ၊ ေပၚတူဂီ၊ ျပင္သစ္၊ ဘယ္လ္ဂ်ီယမ္၊ စပိန္၊ အဂၤလန္။
အိုး ၂- ဟန္ေဂရီ၊ တူရကီ၊ ဒိန္းမတ္၊ အယ္လ္ေဘးနီးယား၊ ႐ိုေမးနီးယား၊ ဩစႀတီးယား။
အိုး ၃- နယ္သာလန္၊ စေကာ့တလန္၊ ခ႐ိုေအးရွား၊ ဆလိုေဗးနီးယား၊ ဆလိုဗက္ကီးယား၊ ခ်က္။
အိုး ၄- အီတလီ၊ ဆားဘီးယား၊ ဆြစ္ဇာလန္၊ ပေလးေအာ့ဖ္ကေန ဝင္ခြင့္ရတဲ့ အသင္း ၃ သင္း။

ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအတြက္ အုပ္စုအဆင့္ မဲခြဲပြဲကို လာမယ့္ ဒီဇင္ဘာလ ၂ ရက္ေန႔ ဂ်ာမနီႏိုင္ငံက ဟန္းဘတ္ၿမိဳ႕မွာ က်င္းပျပဳလုပ္သြားမွာျဖစ္ၿပီး ဝင္ခြင့္ရရွိခဲ့ၿပီးျဖစ္တဲ့အသင္းေတြအတြက္ စိတ္လႈပ္ရွားစရာအခိုက္အတန႔္ ျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.