International Match Report World Cup

ကမ္ဘာ့ချန်ပီယံဆိုတာ ဘာလဲသိအောင် ဘရာဇီးလ်အိမ်ကွင်းမှာ အနိုင်ယူပြသခဲ့တဲ့ အာဂျင်

ဒီနေ့မနက် ၇ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ရဲ့ ကမ္ဘာ့ဖလားဝင်ခွင့် တောင်အမေရိကဇုန်ပွဲစဉ်မှာ လက်ရှိ ကမ္ဘာ့ချန်ပီယံတွေက အိုတာမန်ဒီရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

တောင်အမေရိကရဲ့ သမိုင်းကြောင်းတလျှောက် ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး စူပါပါဝါအသင်းကြီး ၂ သင်းကြားပွဲစဉ်ဖြစ်တာနဲ့အညီ ပွဲမစခင်ကတည်းက အရှိန်အဟုန်ပြင်းထန်နေခဲ့ပြီး နှစ်ဖက်အသင်း ပရိသတ်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ပွဲကစားချိန်ကို နာရီဝက်လောက်အထိ ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ဘရာဇီးလ်ဟာ ကိုလံဘီယာနဲ့ပွဲမှာ ဗင်နီးရှပ်စ် ဂျူနီယာကို ဆုံးရှုံးခဲ့ရပြီးနောက် ဒီပွဲမှာ ဂါဘရီယဲလ် ဂျေဆူးစ်ကို တိုက်စစ်မှာ ပွဲထွက်စေခဲ့ပြီး မာတီနယ်လီက ဘယ်တောင်ပံထွက်ခဲ့ချိန်မှာ ကားလို့စ် ဩဂတ်စတိုက ရီနန် လိုဒီအစား ဘယ်နောက်ခံနေရာမှာ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားကလည်း ဘယ်နောက်ခံနေရာမှာ တက်ဂလီယာဖီကိုအစား အကူနာကို အသုံးပြုခဲ့ပြီး နီကိုလတ်စ် ဂွန်ဇာလက်ဇ်နေရာမှာ လိုဆယ်ဆို၊ မက်ဆီနဲ့ အယ်လ်ဗာရက်ဇ်တို့က တိုက်စစ်ကို ဦးဆောင်လာခဲ့တာဖြစ်ပါတယ်။

ပွဲစစချင်းပဲ နှစ်ဖက်အသင်းကစားသမားတွေကြား ဖျက်ထုတ်ပုံတွေ ကြမ်းတမ်းခဲ့တာကြောင့် ကွင်းလယ်ဒိုင်က အဝါကတ်ပြားပြသပြီး ပွဲအရှိန်ကို ထိန်းသိမ်းခဲ့ရပြီး ပထမပိုင်းရဲ့ အကောင်းဆုံးအခွင့်အရေးအဖြစ် မာတီနယ်လီရဲ့ တဝက်မြေမကျဘော ကန်ချက်က ရှုပ်ထွေးနေတဲ့ ပင်နယ်တီဧရိယာလူအုပ်နဲ့ ထိပြီး လမ်းကြောင်းပြောင်းပြီး ဂိုးတိုင်ဘေးကနေ ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး စိတ်ကို အတော်အသင့်လျှော့ချပြီး ဘောလုံးအပေါ်မှာ အာရုံစိုက်လာနိုင်ခဲ့ပုံပေါ်ပြီး ပထမပိုင်းအတွင်း ပြစ်ဒဏ်ကျူးလွန်မှု ၂၂ ကြိမ်အထိ ရှိခဲ့တာဟာ လက်ရှိ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ အများဆုံးဖြစ်ခဲ့ပါတယ်။

ဘရာဇီးလ်က အာဂျင်တီးနားခံစစ်ကို နည်းမျိုးစုံနဲ့ စမ်းသပ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အီမီလီယာနို မာတီနက်ဇ်က နောက်ထပ် အထင်ကြီးဖွယ် လက်စွမ်းနဲ့ ကာကွယ်နိုင်ခဲ့ပြီး အာဂျင်တီးနားတို့က တန်ပြန်တိုက်စစ်နဲ့သာ အငိုက်ဖမ်းဖို့ ကြိုးပမ်းခဲ့တာတွေ့ရပါတယ်။

၆၃ မိနစ်မှာ အာဂျင်တီးနားအတွက် တစ်လုံးတည်းသော အနိုင်ဂိုးဖြစ်လာမယ့် သွင်းဂိုးကို အိုတာမန်ဒီက သွင်းယူပေးခဲ့ပြီး လိုဆယ်လိုရဲ့ ဖြတ်တင်ပေးပို့မှုကို အာဂျင်တီးနားနောက်ခံလူက ဘရာဇီးလ်ကစားသမားတွေထက် အမြင့်ခုန်ပြီး ခေါင်းတိုက်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနားက ဦးဆောင်ဂိုးရရှိခဲ့ပြီးနောက် လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး ကစားအားကျမသွားအောင် ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့သလို ဘရာဇီးလ်ကလည်း မိနစ် ၇၀ ကျော်မှာ တိုက်စစ်ကို အရှိန်မြှင့်ဖို့ လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်ဟာ အာဂျင်တီးနားရဲ့ ခံစစ်ကို ထိုးဖောက်နိုင်ခြင်းမရှိခဲ့ဘဲ ၈၁ မိနစ်မှာ ဂျိုလင်တန် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရချိန်မှာ အခြေအနေတွေက ပိုလို့တောင် ဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။

ဂျိုလင်တန်ဟာ ၇၂ မိနစ်မှာမှ ဘရာဇီးလ်နောက်ခံလူ ဂါဘရီယဲလ်အစား လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး အာဂျင်တီးနားကွင်းလယ်လူ ဒီပေါလ်ကို ဘောလုံးမရှိတဲ့အချိန်မှာ တွန်းထိုးခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒီပေါလ်ဟာ ဂျိုလင်တန်ရဲ့ လက်ကို ချိတ်ပြီး နောက်ကနေ ဆွဲခဲ့တာကြောင့် ဘရာဇီးလ်တောင်ပံကစားသမားက ပြန်လှည့်ပြီး ဆောင့်တွန်းခဲ့တာဖြစ်ပြီး အာဂျင်တီးနားကွင်းလယ်လူ အဝါကတ်မထိခဲ့တာကတော့ အံ့အားသင့်စရာဖြစ်ခဲ့ပါတယ်။

အာဂျင်တီးနားဟာ ဘရာဇီးလ်ကို အနိုင်ရခဲ့တာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပထမနေရာကို အစောပိုင်း နိုင်ပွဲကြောင့် တက်လှမ်းနိုင်ခဲ့တဲ့ ဥရုဂွေးကို ပြန်လည်ဖြတ်ကျော်ပြီး ရမှတ် ၁၅ မှတ်နဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပေမယ့် ဘရာဇီးလ်တို့ကတော့ ကမ္ဘာ့ဖလားသမိုင်းတလျှောက် ပထမဆုံးအကြိမ် ၃ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔မနက္ ၇ နာရီမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဘရာဇီးလ္နဲ႔ အာဂ်င္တီးနားတို႔ရဲ႕ ကမာၻ႔ဖလားဝင္ခြင့္ ေတာင္အေမရိကဇုန္ပြဲစဥ္မွာ လက္ရွိ ကမာၻ႔ခ်န္ပီယံေတြက အိုတာမန္ဒီရဲ႕ တစ္လုံးတည္းေသာ ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ေတာင္အေမရိကရဲ႕ သမိုင္းေၾကာင္းတေလွ်ာက္ ၿပိဳင္ဆိုင္မႈ အျပင္းထန္ဆုံး စူပါပါဝါအသင္းႀကီး ၂ သင္းၾကားပြဲစဥ္ျဖစ္တာနဲ႔အညီ ပြဲမစခင္ကတည္းက အရွိန္အဟုန္ျပင္းထန္ေနခဲ့ၿပီး ႏွစ္ဖက္အသင္း ပရိသတ္ေတြၾကား ခိုက္ရန္ျဖစ္ပြားမႈေတြေၾကာင့္ ပြဲကစားခ်ိန္ကို နာရီဝက္ေလာက္အထိ ေ႐ႊ႕ဆိုင္းခဲ့ရတာျဖစ္ပါတယ္။

ဘရာဇီးလ္ဟာ ကိုလံဘီယာနဲ႔ပြဲမွာ ဗင္နီးရွပ္စ္ ဂ်ဴနီယာကို ဆုံးရႈံးခဲ့ရၿပီးေနာက္ ဒီပြဲမွာ ဂါဘရီယဲလ္ ေဂ်ဆူးစ္ကို တိုက္စစ္မွာ ပြဲထြက္ေစခဲ့ၿပီး မာတီနယ္လီက ဘယ္ေတာင္ပံထြက္ခဲ့ခ်ိန္မွာ ကားလို႔စ္ ဩဂတ္စတိုက ရီနန္ လိုဒီအစား ဘယ္ေနာက္ခံေနရာမွာ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။

အာဂ်င္တီးနားကလည္း ဘယ္ေနာက္ခံေနရာမွာ တက္ဂလီယာဖီကိုအစား အကူနာကို အသုံးျပဳခဲ့ၿပီး နီကိုလတ္စ္ ဂြန္ဇာလက္ဇ္ေနရာမွာ လိုဆယ္ဆို၊ မက္ဆီနဲ႔ အယ္လ္ဗာရက္ဇ္တို႔က တိုက္စစ္ကို ဦးေဆာင္လာခဲ့တာျဖစ္ပါတယ္။

ပြဲစစခ်င္းပဲ ႏွစ္ဖက္အသင္းကစားသမားေတြၾကား ဖ်က္ထုတ္ပုံေတြ ၾကမ္းတမ္းခဲ့တာေၾကာင့္ ကြင္းလယ္ဒိုင္က အဝါကတ္ျပားျပသၿပီး ပြဲအရွိန္ကို ထိန္းသိမ္းခဲ့ရၿပီး ပထမပိုင္းရဲ႕ အေကာင္းဆုံးအခြင့္အေရးအျဖစ္ မာတီနယ္လီရဲ႕ တဝက္ေျမမက်ေဘာ ကန္ခ်က္က ရႈပ္ေထြးေနတဲ့ ပင္နယ္တီဧရိယာလူအုပ္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းၿပီး ဂိုးတိုင္ေဘးကေန ထြက္သြားခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာေတာ့ ႏွစ္သင္းစလုံး စိတ္ကို အေတာ္အသင့္ေလွ်ာ့ခ်ၿပီး ေဘာလုံးအေပၚမွာ အာ႐ုံစိုက္လာႏိုင္ခဲ့ပုံေပၚၿပီး ပထမပိုင္းအတြင္း ျပစ္ဒဏ္က်ဴးလြန္မႈ ၂၂ ႀကိမ္အထိ ရွိခဲ့တာဟာ လက္ရွိ ကမာၻ႔ဖလားေျခစစ္ပြဲအဆင့္မွာ အမ်ားဆုံးျဖစ္ခဲ့ပါတယ္။

ဘရာဇီးလ္က အာဂ်င္တီးနားခံစစ္ကို နည္းမ်ိဳးစုံနဲ႔ စမ္းသပ္ဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း အီမီလီယာႏို မာတီနက္ဇ္က ေနာက္ထပ္ အထင္ႀကီးဖြယ္ လက္စြမ္းနဲ႔ ကာကြယ္ႏိုင္ခဲ့ၿပီး အာဂ်င္တီးနားတို႔က တန္ျပန္တိုက္စစ္နဲ႔သာ အငိုက္ဖမ္းဖို႔ ႀကိဳးပမ္းခဲ့တာေတြ႕ရပါတယ္။

၆၃ မိနစ္မွာ အာဂ်င္တီးနားအတြက္ တစ္လုံးတည္းေသာ အႏိုင္ဂိုးျဖစ္လာမယ့္ သြင္းဂိုးကို အိုတာမန္ဒီက သြင္းယူေပးခဲ့ၿပီး လိုဆယ္လိုရဲ႕ ျဖတ္တင္ေပးပို႔မႈကို အာဂ်င္တီးနားေနာက္ခံလူက ဘရာဇီးလ္ကစားသမားေတြထက္ အျမင့္ခုန္ၿပီး ေခါင္းတိုက္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

အာဂ်င္တီးနားက ဦးေဆာင္ဂိုးရရွိခဲ့ၿပီးေနာက္ လူစားလဲလွယ္မႈေတြ ျပဳလုပ္ခဲ့ၿပီး ကစားအားက်မသြားေအာင္ ထိန္းသိမ္းဖို႔ ႀကိဳးပမ္းခဲ့သလို ဘရာဇီးလ္ကလည္း မိနစ္ ၇၀ ေက်ာ္မွာ တိုက္စစ္ကို အရွိန္ျမႇင့္ဖို႔ လူစားလဲလွယ္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘရာဇီးလ္ဟာ အာဂ်င္တီးနားရဲ႕ ခံစစ္ကို ထိုးေဖာက္ႏိုင္ျခင္းမရွိခဲ့ဘဲ ၈၁ မိနစ္မွာ ဂ်ိဳလင္တန္ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရခ်ိန္မွာ အေျခအေနေတြက ပိုလို႔ေတာင္ ဆိုး႐ြားသြားခဲ့တာျဖစ္ပါတယ္။

ဂ်ိဳလင္တန္ဟာ ၇၂ မိနစ္မွာမွ ဘရာဇီးလ္ေနာက္ခံလူ ဂါဘရီယဲလ္အစား လူစားဝင္ကစားေပးခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားကြင္းလယ္လူ ဒီေပါလ္ကို ေဘာလုံးမရွိတဲ့အခ်ိန္မွာ တြန္းထိုးခဲ့တာေၾကာင့္ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ဒီေပါလ္ဟာ ဂ်ိဳလင္တန္ရဲ႕ လက္ကို ခ်ိတ္ၿပီး ေနာက္ကေန ဆြဲခဲ့တာေၾကာင့္ ဘရာဇီးလ္ေတာင္ပံကစားသမားက ျပန္လွည့္ၿပီး ေဆာင့္တြန္းခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားကြင္းလယ္လူ အဝါကတ္မထိခဲ့တာကေတာ့ အံ့အားသင့္စရာျဖစ္ခဲ့ပါတယ္။

အာဂ်င္တီးနားဟာ ဘရာဇီးလ္ကို အႏိုင္ရခဲ့တာေၾကာင့္ ကမာၻ႔ဖလားေျခစစ္ပြဲ အုပ္စုပထမေနရာကို အေစာပိုင္း ႏိုင္ပြဲေၾကာင့္ တက္လွမ္းႏိုင္ခဲ့တဲ့ ဥ႐ုေဂြးကို ျပန္လည္ျဖတ္ေက်ာ္ၿပီး ရမွတ္ ၁၅ မွတ္နဲ႔ ဆက္လက္ ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ေပမယ့္ ဘရာဇီးလ္တို႔ကေတာ့ ကမာၻ႔ဖလားသမိုင္းတေလွ်ာက္ ပထမဆုံးအႀကိမ္ ၃ ပြဲဆက္တိုက္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.