International Match Report World Cup

ရပ်တန့်မရတဲ့ နူးညက်ဇ်ကြောင့် အာဂျင်ကို ထပ်ချပ််မကွာဖိအားပေးနိုင်ခဲ့တဲ့ ဥရုဂွေး

ဒီနေ့မနက် ၆ နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရုဂွေးနဲ့ ဘိုလစ်ဗီးယားတို့ပွဲစဉ်မှာ ဥရုဂွေးက ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့ဖလားဝင်ခွင့် အုပ်စုပထမနေရာက အာဂျင်တီးနားကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

ဥရုဂွေးဟာ အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့လို တောင်အမေရိက စူပါပါဝါအသင်းကြီးတွေကို ဆက်တိုက်အနိုင်ရရှိခဲ့ပြီးနောက် အုပ်စုဗိုလ်နေရာအတွက် ခြိမ်းခြောက်မှုတွေ ပြုလုပ်လာတဲ့အသင်းဖြစ်ပါတယ်။

ဘိုလစ်ဗီးယားကတော့ ၆ ပွဲကစားပြီးတဲ့အချိန်အထိ ရမှတ် ၃ မှတ်နဲ့ အုပ်စု နောက်ဆုံးနားမှာ ရပ်တည်နေရပြီး ကမ္ဘာ့ဖလားဝင်ခွင့်အတွက် မျှော်လင့်ချက်မရှိတော့တာဖြစ်ပါတယ်။ ဥရုဂွေးဟာ ပထမပိုင်း စတင်ချိန်ကတည်းက ဘိုလစ်ဗီးယားကို ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး အဖွင့်ဂိုးရရှိဖို့ အချိန်အကြာကြီး မစောင့်ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်း ၁၅ မိနစ်မှာ ဖာကွန်ဒို ပယ်လီစထရီ ပေးပို့ခဲ့တဲ့ ဘောလုံးကို ဒါဝင် နူးညက်ဇ်က လက်ခံရယူပြီး ပင်နယ်တီဧရိယာအလယ်ကနေ ဂိုးဘယ်ဖက်အပေါ်ထောင့်ထဲကို ညာခြေနဲ့ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒါဝင် နူးညက်ဇ်ဟာ ဥရုဂွေးအတွက် နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံးမှာ ဂိုးသွင်းယူပေးနိုင်ခဲ့ပြီဖြစ်ပြီး ဥရုဂွေးတို့အတွက် နောက်ထပ် ဦးဆောင်ဂိုးက ပထမပိုင်း မပြီးဆုံးခင် ၆ မိနစ်အလိုလောက်မှာ ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဒီသွင်းဂိုးကိုတော့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဂါဘရီယဲလ် ဗီလာမေလ်က ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့တာကြောင့် ရရှိခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာပဲ ဥရုဂွေးတို့ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဘိုလစ်ဗီးယားတို့ ချေပဂိုးတွေ ပြန်သွင်းယူဖို့ ကြိုးပမ်းလာခဲ့ပေမယ့်လည်း ထိရောက်တဲ့ ခြိမ်းခြောက်မှု တစ်ကြိမ်မှ မပြုလုပ်နိုင်ခဲ့ဘဲ ၇၁ မိနစ်မှာ ဒါဝင် နူးညက်ဇ်ကပဲ နီကိုးလတ်စ် ဒီလာခရုဇ် ခေါင်းတိုက်ပေးပို့လိုက်တဲ့ဘောလုံးကို အနီးကပ် ခေါင်းတိုက်ပိတ်သွင်းယူသွားခဲ့ပြီး နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

သွင်းဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ နူးညက်ဇ်ကို ၇၃ မိနစ်မှာ မာဆယ်လို ဘီရယ်ဆာက အနားပေးပြီး ဝါရင့်တိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ်ကို လူစားဝင်ကစားခွင့်ပေးခဲ့ပြီး ပွဲပြီးဆုံးတဲ့အချိန်အထိ ဥရုဂွေးကသာ ဆက်လက် ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ အနိုင်ရရှိခဲ့တဲ့အတွက် ဥရုဂွေးဟာ အုပ်စု ထိပ်ဆုံး နေရာကို ယာယီ တက်လှမ်းသွားနိုင်ခဲ့ပေမယ့် ပွဲမတိုင်ခင် ပြဿနာတွေကြောင့် ပွဲကစားချိန် နောက်ဆုတ်ခဲ့ရတဲ့ အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့ပွဲစဉ်မှာ လက်ရှိ ကမ္ဘာ့ချန်ပီယံတွေက ၁-၀ နဲ့ အနိုင်ရသွားခဲ့တာကြောင့် အုပ်စုထိပ်ဆုံးနေရာမှာ ၂ မှတ်အသာနဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔မနက္ ၆ နာရီမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဥ႐ုေဂြးနဲ႔ ဘိုလစ္ဗီးယားတို႔ပြဲစဥ္မွာ ဥ႐ုေဂြးက ၃-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ကမာၻ႔ဖလားဝင္ခြင့္ အုပ္စုပထမေနရာက အာဂ်င္တီးနားကို ဆက္လက္ ဖိအားေပးႏိုင္ခဲ့ပါတယ္။

ဥ႐ုေဂြးဟာ အာဂ်င္တီးနားနဲ႔ ဘရာဇီးလ္တို႔လို ေတာင္အေမရိက စူပါပါဝါအသင္းႀကီးေတြကို ဆက္တိုက္အႏိုင္ရရွိခဲ့ၿပီးေနာက္ အုပ္စုဗိုလ္ေနရာအတြက္ ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္လာတဲ့အသင္းျဖစ္ပါတယ္။

ဘိုလစ္ဗီးယားကေတာ့ ၆ ပြဲကစားၿပီးတဲ့အခ်ိန္အထိ ရမွတ္ ၃ မွတ္နဲ႔ အုပ္စု ေနာက္ဆုံးနားမွာ ရပ္တည္ေနရၿပီး ကမာၻ႔ဖလားဝင္ခြင့္အတြက္ ေမွ်ာ္လင့္ခ်က္မရွိေတာ့တာျဖစ္ပါတယ္။ ဥ႐ုေဂြးဟာ ပထမပိုင္း စတင္ခ်ိန္ကတည္းက ဘိုလစ္ဗီးယားကို ေျခအသာနဲ႔ ကစားႏိုင္ခဲ့ၿပီး အဖြင့္ဂိုးရရွိဖို႔ အခ်ိန္အၾကာႀကီး မေစာင့္ဆိုင္းခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္း ၁၅ မိနစ္မွာ ဖာကြန္ဒို ပယ္လီစထရီ ေပးပို႔ခဲ့တဲ့ ေဘာလုံးကို ဒါဝင္ ႏူးညက္ဇ္က လက္ခံရယူၿပီး ပင္နယ္တီဧရိယာအလယ္ကေန ဂိုးဘယ္ဖက္အေပၚေထာင့္ထဲကို ညာေျခနဲ႔ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဒါဝင္ ႏူးညက္ဇ္ဟာ ဥ႐ုေဂြးအတြက္ ေနာက္ဆုံးကစားခဲ့တဲ့ ၃ ပြဲစလုံးမွာ ဂိုးသြင္းယူေပးႏိုင္ခဲ့ၿပီျဖစ္ၿပီး ဥ႐ုေဂြးတို႔အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးက ပထမပိုင္း မၿပီးဆုံးခင္ ၆ မိနစ္အလိုေလာက္မွာ ရရွိသြားခဲ့တာျဖစ္ပါတယ္။

ဒီသြင္းဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ဂါဘရီယဲလ္ ဗီလာေမလ္က ကိုယ့္ဂိုးကိုယ္သြင္းယူမိခဲ့တာေၾကာင့္ ရရွိခဲ့တာျဖစ္ၿပီး ပထမပိုင္းအၿပီးမွာပဲ ဥ႐ုေဂြးတို႔ ၂-၀ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ဘိုလစ္ဗီးယားတို႔ ေခ်ပဂိုးေတြ ျပန္သြင္းယူဖို႔ ႀကိဳးပမ္းလာခဲ့ေပမယ့္လည္း ထိေရာက္တဲ့ ၿခိမ္းေျခာက္မႈ တစ္ႀကိမ္မွ မျပဳလုပ္ႏိုင္ခဲ့ဘဲ ၇၁ မိနစ္မွာ ဒါဝင္ ႏူးညက္ဇ္ကပဲ နီကိုးလတ္စ္ ဒီလာခ႐ုဇ္ ေခါင္းတိုက္ေပးပို႔လိုက္တဲ့ေဘာလုံးကို အနီးကပ္ ေခါင္းတိုက္ပိတ္သြင္းယူသြားခဲ့ၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

သြင္းဂိုး ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ ႏူးညက္ဇ္ကို ၇၃ မိနစ္မွာ မာဆယ္လို ဘီရယ္ဆာက အနားေပးၿပီး ဝါရင့္တိုက္စစ္မႉး လူးဝစၥ ဆြာရက္ဇ္ကို လူစားဝင္ကစားခြင့္ေပးခဲ့ၿပီး ပြဲၿပီးဆုံးတဲ့အခ်ိန္အထိ ဥ႐ုေဂြးကသာ ဆက္လက္ ဂိုးေပါက္ၿခိမ္းေျခာက္မႈေတြ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ အႏိုင္ရရွိခဲ့တဲ့အတြက္ ဥ႐ုေဂြးဟာ အုပ္စု ထိပ္ဆုံး ေနရာကို ယာယီ တက္လွမ္းသြားႏိုင္ခဲ့ေပမယ့္ ပြဲမတိုင္ခင္ ျပႆနာေတြေၾကာင့္ ပြဲကစားခ်ိန္ ေနာက္ဆုတ္ခဲ့ရတဲ့ အာဂ်င္တီးနားနဲ႔ ဘရာဇီးလ္တို႔ပြဲစဥ္မွာ လက္ရွိ ကမာၻ႔ခ်န္ပီယံေတြက ၁-၀ နဲ႔ အႏိုင္ရသြားခဲ့တာေၾကာင့္ အုပ္စုထိပ္ဆုံးေနရာမွာ ၂ မွတ္အသာနဲ႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.