International World Cup

အနာဂတ်နဲ့ပတ်သက်ပြီး သတင်းထောက်ရဲ့ မေးခွန်းကို အဖြေပေးခဲ့တဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ နိုင်ငံတကာပွဲကစားဖို့ ပြင်သစ်နဲ့အတူရှိနေချိန်အတွင်း ပီအက်စ်ဂျီက အနာဂတ်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရချိန်မှာ အဖြေပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

အမ်ဘာပေဟာ စနေနေ့ညက ဂျီဘရော်လ်တာကို ၁၄-၀ နဲ့ အပြတ်အသတ် ချေမှုန်းခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အင်္ဂါနေ့ ဂရိနဲ့ ကစားရမယ့်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမ်ဘာပေရဲ့ ပီအက်စ်ဂျီက အနာဂတ်ဟာ ပြင်သစ် လက်ရွေးစင်အသင်းနဲ့ အတူရှိနေချိန်မှာတောင်မှ အရေးတကြီး ပြောချင်စရာ အကြောင်းအရာတစ်ခုဖြစ်နေခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးကတော့ အဲဒီအကြောင်း မပြောချင်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

“အဲဒါက ကျွန်တော် မပြောချင်တဲ့ ကိစ္စပါ။ အထူးသဖြင့် ကျွန်တော် အဲဒါကို ဇွန်လတုန်းက လုပ်ခဲ့ပြီးသားဖြစ်နေလို့ဖြစ်ပြီး လူရွေးချယ်မှုရဲ့ ကြီးမားတဲ့အစိတ်အပိုင်းဖြစ်ခဲ့တယ်။ ကျွန်တော်ကတော့ တစ်နေ့ကျမှ ဖြေရှင်းရမယ့်ကိစ္စထက် လက်ရွေးစင်အသင်းနဲ့ပတ်သက်ပြီး ပိုပြောချင်တယ်။ အဲဒီတော့ အဲဒီအကြောင်းပြောဖို့ အချိန်က ရှိလာဦးမှာပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ယခုရာသီကုန်ထိ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်ပြီး လာမယ့်ရာသီမှာ နှစ်ပေါင်းများစွာ သတင်းထွက်ပေါ်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို အပြီးသတ် ပြောင်းရွှေ့နိုင်ခြေရှိပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၁ ခုနှစ် နွေရာသီမှာ အမ်ဘာပေကို ယူရိုသန်း ၁၆၀၊ ယူရိုသန်း ၁၇၀ တို့နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ ပြင်သစ်တိုက်စစ်မှူးဟာ နောက်နှစ်မှာ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ဒီနွေရာသီမှာလည်း ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မှာမဟုတ်တဲ့အကြောင်း အသိပေးခဲ့ပြီးနောက် ပထမအသင်း လူစာရင်းထဲကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ ပီအက်စ်ဂျီအသင်းဥက္ကဌ နက်ဆာ အယ်လ်ခါလီဖီနဲ့ ငြိမ်းချမ်းရေး ရယူခဲ့ပြီးနောက် ပထမအသင်းထဲ ပြန်လည်ပါဝင်ကစားခွင့် ရခဲ့ပေမယ့်လည်း အနာဂတ်နဲ့ပတ်သက်ပြီး အခုထိ အဖြေမထွက်သေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခီလီယန္ အမ္ဘာေပဟာ ႏိုင္ငံတကာပြဲကစားဖို႔ ျပင္သစ္နဲ႔အတူရွိေနခ်ိန္အတြင္း ပီအက္စ္ဂ်ီက အနာဂတ္နဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္ခံခဲ့ရခ်ိန္မွာ အေျဖေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။

အမ္ဘာေပဟာ စေနေန႔ညက ဂ်ီဘေရာ္လ္တာကို ၁၄-၀ နဲ႔ အျပတ္အသတ္ ေခ်မႈန္းခဲ့တဲ့ပြဲစဥ္မွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အဂၤါေန႔ ဂရိနဲ႔ ကစားရမယ့္ပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမ္ဘာေပရဲ႕ ပီအက္စ္ဂ်ီက အနာဂတ္ဟာ ျပင္သစ္ လက္ေ႐ြးစင္အသင္းနဲ႔ အတူရွိေနခ်ိန္မွာေတာင္မွ အေရးတႀကီး ေျပာခ်င္စရာ အေၾကာင္းအရာတစ္ခုျဖစ္ေနခဲ့တာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးကေတာ့ အဲဒီအေၾကာင္း မေျပာခ်င္ဘူးလို႔ တုံ႔ျပန္ခဲ့ပါတယ္။

“အဲဒါက ကြၽန္ေတာ္ မေျပာခ်င္တဲ့ ကိစၥပါ။ အထူးသျဖင့္ ကြၽန္ေတာ္ အဲဒါကို ဇြန္လတုန္းက လုပ္ခဲ့ၿပီးသားျဖစ္ေနလို႔ျဖစ္ၿပီး လူေ႐ြးခ်ယ္မႈရဲ႕ ႀကီးမားတဲ့အစိတ္အပိုင္းျဖစ္ခဲ့တယ္။ ကြၽန္ေတာ္ကေတာ့ တစ္ေန႔က်မွ ေျဖရွင္းရမယ့္ကိစၥထက္ လက္ေ႐ြးစင္အသင္းနဲ႔ပတ္သက္ၿပီး ပိုေျပာခ်င္တယ္။ အဲဒီေတာ့ အဲဒီအေၾကာင္းေျပာဖို႔ အခ်ိန္က ရွိလာဦးမွာပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ယခုရာသီကုန္ထိ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးသူျဖစ္ၿပီး လာမယ့္ရာသီမွာ ႏွစ္ေပါင္းမ်ားစြာ သတင္းထြက္ေပၚေနခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ကို အၿပီးသတ္ ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ အမ္ဘာေပကို ယူ႐ိုသန္း ၁၆၀၊ ယူ႐ိုသန္း ၁၇၀ တို႔နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘဲ ျပင္သစ္တိုက္စစ္မႉးဟာ ေနာက္ႏွစ္မွာ အလြတ္နဲ႔ ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ဒီေႏြရာသီမွာလည္း ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚခဲ့ၿပီး ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုေတာ့မွာမဟုတ္တဲ့အေၾကာင္း အသိေပးခဲ့ၿပီးေနာက္ ပထမအသင္း လူစာရင္းထဲကေန ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ေနာက္ဆုံးမွာေတာ့ ပီအက္စ္ဂ်ီအသင္းဥကၠဌ နက္ဆာ အယ္လ္ခါလီဖီနဲ႔ ၿငိမ္းခ်မ္းေရး ရယူခဲ့ၿပီးေနာက္ ပထမအသင္းထဲ ျပန္လည္ပါဝင္ကစားခြင့္ ရခဲ့ေပမယ့္လည္း အနာဂတ္နဲ႔ပတ္သက္ၿပီး အခုထိ အေျဖမထြက္ေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.