International

ပင်နယ်တီပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဒေါသတကြီး ဝေဖန်လိုက်တဲ့ မက်ဂွိုင်းယား

ဟာရီ မက်ဂွိုင်းယားဟာ မြောက်မက်ဆီဒိုးနီးယားနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်က ဒိုင်လူကြီးရဲ့ စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့ပြီး အငြင်းပွားဖွယ် ပင်နယ်တီ ဆုံးဖြတ်ချက်နဲ့ အိမ်ရှင်တွေကို ဂိုးပေးခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။

လာမယ့်နွေရာသီ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဝင်ခွင့် ရရှိပြီးသားဖြစ်တဲ့ အင်္ဂလန်ဟာ ယူရို ခြေစစ်ပွဲအဆင့်ကို စိတ်ပျက်ဖွယ် သရေရလဒ်နဲ့ အဆုံးသတ်ခဲ့တာဖြစ်ပြီး မြောက်မက်ဆီဒိုးနီးယားက ပထမပိုင်း မပြီးခင်မှာ ဦးဆောင်ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်အတွက် ပွဲဦးထွက်ပါဝင်ကစားပေးခဲ့တဲ့ ရီကို လူးဝစ္စဟာ ပင်နယ်တီဧရိယာထဲမှာ ဘိုဂျန် မီယိုဗ်စကီးကို ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး မန်စီးတီးလူငယ်ကြယ်ပွင့်ဟာ ဘောလုံးကို ခေါင်းခုန်တိုက်ချိန်မှာ ဆန့်ထုတ်ထားတဲ့လက်က မြောက်မက်ဆီဒိုးနီးယားတိုက်စစ်မှူးနဲ့ အနည်းငယ်ထိတွေ့မှုရှိခဲ့တာဖြစ်ပါတယ်။

ဒိုင်လူကြီး ဖိလစ် ဂလိုဗာက အစပိုင်းတုန်းက ဆက်ကစားဖို့ လက်ကို ဝှေ့ရမ်းပြခဲ့ပေမယ့်လည်း VAR က ဖြစ်စဉ်ကို ပြန်စစ်ဆေးဖို့ ပြောခဲ့ပြီးနောက် ကွင်းဘေးမော်နီတာကို သွားရောက်ကြည့်ရှုခဲ့ပြီး ပင်နယ်တီပြစ်ဒဏ်ဘောပေးလိုက်တာဖြစ်ပါတယ်။

ဂျော်ဒန် ပစ်ဖို့ဒ်က ပင်နယ်တီကို ကာကွယ်ခဲ့ပေမယ့်လည်း အီနစ် ဘာဒီက ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ပိတ်သွင်းယူသွားခဲ့တာဖြစ်ပြီး ဟာရီ ကိန်းက မိနစ် ၆၀ မပြည့်ခင်မှာပဲ အင်္ဂလန်အတွက် ချေပဂိုးကို အရန်ခုံကနေ ဝင်ကစားပြီး မြောက်မက်ဆီဒိုးနီးယားကို ကိုယ့်ဂိုးကိုယ်သွင်းမိအောင် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယားကလည်း ပထမပိုင်းမှာ အီလစ်ဖ် အယ်လ်မတ်စ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် ပင်နယ်တီ ပေးရမယ့် အရေးကနေ ရှောင်လွှဲနိုင်ခဲ့တာဖြစ်ပြီး ရီကို လူးဝစ္စရဲ့ဖြစ်စဉ်မှာ ပင်နယ်တီ ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

“အဲဒါက ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးပေးခဲ့ရတယ်။ အင်း။ ဒိုင်လူကြီးက သူတို့ကို ဂိုးပေးခဲ့တာပါ။ ဒီလိုနေရာမှာ ခင်ဗျား နောက်ကနေ လိုက်ကစားရတာက ခက်ခဲပါတယ်။ ဒါပေမယ့် အသင်းသားတွေဆီကနေ အရမ်းကောင်းတဲ့စိတ်ဓာတ်ပိုင်း ပြသမှုဖြစ်ခဲ့ပါတယ်။ သူတို့တွေက ငယ်ရွယ်တဲ့အသင်းဖြစ်ပြီး ကျွန်တော်တို့ ကောင်းမွန်တဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ပြသခဲ့ပါတယ်။ တခြားနေ့မှာသာဆိုရင် ကျွန်တော်တို့ ဒီပွဲကို သက်တောင့်သက်သာအနိုင်ရမှာပါ။ ပွဲကို အစကနေ အဆုံးအထိ ကျွန်တော်တို့ ထိန်းချုပ်ထားနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဘောလုံးနဲ့ပတ်သက်ပြီး နည်းနည်း ခြေချော်ခဲ့တာတွေရှိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အပါအဝင်ပါ။ ဒါပေမယ့် ကျွန်တော်တို့ ရှေ့ကို ဆက်သွားခဲ့တယ်။ ပင်နယ်တီပေးခဲ့တာကတော့ ရူးသွပ်တဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော် အဲဒါကို ပြောနေခဲ့တာ အခုဆိုရင် လပေါင်းများစွာရှိနေပါပြီ။ အဲဒါက နောက်ခံလူတွေအတွက် ပိုပြီး ခက်ခဲစေပါတယ်။ ကျွန်တော်တို့က ထိပ်တန်းအရည်အသွေးရှိတဲ့ကစားသမားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ကျွန်တော်တို့ ခန္ဓာကိုယ်ကို မရွေ့လျားနိုင်ဘူး။ ထိတွေ့မှုမလုပ်နိုင်ဘူး။ ခင်ဗျားရဲ့ လက်ကို အပြင်ကို ဆန့်ထုတ်လို့မရပါဘူး။ အဲဒါက အရမ်းခက်ခဲစေပါတယ်။ အဲဒါက ဘယ်တုန်းကမှ ပင်နယ်တီမဟုတ်ခဲ့ပေမယ့် ရီကိုက အရမ်းကောင်းကောင်း တုံ့ပြန်ခဲ့တယ်လို့ ထင်ပြီး သူက အဲဒီကိစ္စအပြီးမှာ အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ပြသခဲ့ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဟာရီ မက္ဂြိဳင္းယားဟာ ေျမာက္မက္ဆီဒိုးနီးယားနဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္က ဒိုင္လူႀကီးရဲ႕ စြမ္းေဆာင္ရည္ကို ျပစ္တင္ေဝဖန္ခဲ့ၿပီး အျငင္းပြားဖြယ္ ပင္နယ္တီ ဆုံးျဖတ္ခ်က္နဲ႔ အိမ္ရွင္ေတြကို ဂိုးေပးခဲ့တာလို႔ ေျပာဆိုခဲ့ပါတယ္။

လာမယ့္ေႏြရာသီ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအတြက္ ဝင္ခြင့္ ရရွိၿပီးသားျဖစ္တဲ့ အဂၤလန္ဟာ ယူ႐ို ေျခစစ္ပြဲအဆင့္ကို စိတ္ပ်က္ဖြယ္ သေရရလဒ္နဲ႔ အဆုံးသတ္ခဲ့တာျဖစ္ၿပီး ေျမာက္မက္ဆီဒိုးနီးယားက ပထမပိုင္း မၿပီးခင္မွာ ဦးေဆာင္ဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

အဂၤလန္အတြက္ ပြဲဦးထြက္ပါဝင္ကစားေပးခဲ့တဲ့ ရီကို လူးဝစၥဟာ ပင္နယ္တီဧရိယာထဲမွာ ဘိုဂ်န္ မီယိုဗ္စကီးကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တယ္လို႔ သတ္မွတ္ခံခဲ့ရတာျဖစ္ၿပီး မန္စီးတီးလူငယ္ၾကယ္ပြင့္ဟာ ေဘာလုံးကို ေခါင္းခုန္တိုက္ခ်ိန္မွာ ဆန႔္ထုတ္ထားတဲ့လက္က ေျမာက္မက္ဆီဒိုးနီးယားတိုက္စစ္မႉးနဲ႔ အနည္းငယ္ထိေတြ႕မႈရွိခဲ့တာျဖစ္ပါတယ္။

ဒိုင္လူႀကီး ဖိလစ္ ဂလိုဗာက အစပိုင္းတုန္းက ဆက္ကစားဖို႔ လက္ကို ေဝွ႔ရမ္းျပခဲ့ေပမယ့္လည္း VAR က ျဖစ္စဥ္ကို ျပန္စစ္ေဆးဖို႔ ေျပာခဲ့ၿပီးေနာက္ ကြင္းေဘးေမာ္နီတာကို သြားေရာက္ၾကည့္ရႈခဲ့ၿပီး ပင္နယ္တီျပစ္ဒဏ္ေဘာေပးလိုက္တာျဖစ္ပါတယ္။

ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္က ပင္နယ္တီကို ကာကြယ္ခဲ့ေပမယ့္လည္း အီနစ္ ဘာဒီက ျပန္လွ်ံထြက္လာတဲ့ ေဘာလုံးကို ပိတ္သြင္းယူသြားခဲ့တာျဖစ္ၿပီး ဟာရီ ကိန္းက မိနစ္ ၆၀ မျပည့္ခင္မွာပဲ အဂၤလန္အတြက္ ေခ်ပဂိုးကို အရန္ခုံကေန ဝင္ကစားၿပီး ေျမာက္မက္ဆီဒိုးနီးယားကို ကိုယ့္ဂိုးကိုယ္သြင္းမိေအာင္ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ မက္ဂြိဳင္းယားကလည္း ပထမပိုင္းမွာ အီလစ္ဖ္ အယ္လ္မတ္စ္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီးေနာက္ ပင္နယ္တီ ေပးရမယ့္ အေရးကေန ေရွာင္လႊဲႏိုင္ခဲ့တာျဖစ္ၿပီး ရီကို လူးဝစၥရဲ႕ျဖစ္စဥ္မွာ ပင္နယ္တီ ေပးခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို ေဒါသထြက္ခဲ့တာျဖစ္ပါတယ္။

“အဲဒါက ခက္ခဲတဲ့ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဂိုးေပးခဲ့ရတယ္။ အင္း။ ဒိုင္လူႀကီးက သူတို႔ကို ဂိုးေပးခဲ့တာပါ။ ဒီလိုေနရာမွာ ခင္ဗ်ား ေနာက္ကေန လိုက္ကစားရတာက ခက္ခဲပါတယ္။ ဒါေပမယ့္ အသင္းသားေတြဆီကေန အရမ္းေကာင္းတဲ့စိတ္ဓာတ္ပိုင္း ျပသမႈျဖစ္ခဲ့ပါတယ္။ သူတို႔ေတြက ငယ္႐ြယ္တဲ့အသင္းျဖစ္ၿပီး ကြၽန္ေတာ္တို႔ ေကာင္းမြန္တဲ့ တိုက္ပြဲဝင္စိတ္ဓာတ္ျပသခဲ့ပါတယ္။ တျခားေန႔မွာသာဆိုရင္ ကြၽန္ေတာ္တို႔ ဒီပြဲကို သက္ေတာင့္သက္သာအႏိုင္ရမွာပါ။ ပြဲကို အစကေန အဆုံးအထိ ကြၽန္ေတာ္တို႔ ထိန္းခ်ဳပ္ထားႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ေဘာလုံးနဲ႔ပတ္သက္ၿပီး နည္းနည္း ေျခေခ်ာ္ခဲ့တာေတြရွိတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း အပါအဝင္ပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ေရွ႕ကို ဆက္သြားခဲ့တယ္။ ပင္နယ္တီေပးခဲ့တာကေတာ့ ႐ူးသြပ္တဲ့ ဆုံးျဖတ္ခ်က္ပါ။ ကြၽန္ေတာ္ အဲဒါကို ေျပာေနခဲ့တာ အခုဆိုရင္ လေပါင္းမ်ားစြာရွိေနပါၿပီ။ အဲဒါက ေနာက္ခံလူေတြအတြက္ ပိုၿပီး ခက္ခဲေစပါတယ္။ ကြၽန္ေတာ္တို႔က ထိပ္တန္းအရည္အေသြးရွိတဲ့ကစားသမားေတြနဲ႔ ရင္ဆိုင္ေနရတာျဖစ္ၿပီး ကြၽန္ေတာ္တို႔ ခႏၶာကိုယ္ကို မေ႐ြ႕လ်ားႏိုင္ဘူး။ ထိေတြ႕မႈမလုပ္ႏိုင္ဘူး။ ခင္ဗ်ားရဲ႕ လက္ကို အျပင္ကို ဆန႔္ထုတ္လို႔မရပါဘူး။ အဲဒါက အရမ္းခက္ခဲေစပါတယ္။ အဲဒါက ဘယ္တုန္းကမွ ပင္နယ္တီမဟုတ္ခဲ့ေပမယ့္ ရီကိုက အရမ္းေကာင္းေကာင္း တုံ႔ျပန္ခဲ့တယ္လို႔ ထင္ၿပီး သူက အဲဒီကိစၥအၿပီးမွာ အရမ္းေကာင္းတဲ့စြမ္းေဆာင္ရည္ျပသခဲ့ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.