International World Cup

ဘရာဇီးလ်နဲ့ပွဲမှာ မက်ဆီ ရိုက်ချိုးရမယ့် စံချိန်ဆိုး

လီယွန်နယ် မက်ဆီဟာ ဘောလုံးမှာ ရိုက်ချိုးရမယ့် အတားအဆီးအနည်းငယ်ကျန်ရှိနေသေးပြီး အဲဒီထဲက တစ်ခုကို အင်္ဂါနေ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဘရာဇီးလ်နဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ ရိုက်ချိုးခွင့်ရရှိမှာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် တိုက်စစ်မှူးဟာ အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ ၃၁ ဂိုးအထိ သွင်းယူပေးထားပေမယ့်လည်း အဲဒီသွင်းဂိုးတွေထဲမှာ ဘရာဇီးလ်ကို သွင်းယူခဲ့တဲ့သွင်းဂိုး တစ်ဂိုးမှ မပါဝင်ပါဘူး။

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဘရာဇီးလ်ဘက်ကို ၅ ဂိုး သွင်းယူခဲ့ဖူးပေမယ့်လည်း အဲဒီသွင်းဂိုးတွေအားလုံးက ခြေစမ်းပွဲမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ကတော့ အင်္ဂါနေ့ည မာရာကာနာကွင်းမှာ ကစားမယ့်ပွဲအတွက် လက်မှတ်ပေါင်း ၆၉၀၀၀ ရောင်းချပြီးပြီလို့ ကြေညာခဲ့ပါတယ်။

ဘရာဇီးလ်နဲ့ အာဂျင်တီးနားတို့ဟာ ပြီးခဲ့တဲ့ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့ကြတာဖြစ်ပြီး ဘရာဇီးလ်ပရိသတ်အများစုဟာ ရီယိုဒီဂျနေးရိုးမှာ အာဂျင်တီးနားအတွက် မက်ဆီ ပါဝင်ကစားပေးတာ မြင်တွေ့ရနိုင်တဲ့ နောက်ဆုံးပွဲစဉ်ကို စောင့်မျှော်နေကြပါတယ်။ မက်ဆီဟာ ဒီကွင်းထဲမှာပဲ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲတုန်းက ဂျာမနီကို ရှုံးနိမ့်ခဲ့ပြီး အိမ်ရှင်ဘရာဇီးလ်ကို အနိုင်ယူပြီး ၂၀၂၁ ကိုပါအမေရိကဖလားကိုလည်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ ေဘာလုံးမွာ ႐ိုက္ခ်ိဳးရမယ့္ အတားအဆီးအနည္းငယ္က်န္ရွိေနေသးၿပီး အဲဒီထဲက တစ္ခုကို အဂၤါေန႔ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ဘရာဇီးလ္နဲ႔ ယွဥ္ၿပိဳင္တဲ့ပြဲမွာ ႐ိုက္ခ်ိဳးခြင့္ရရွိမွာျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အာဂ်င္တီးနားအတြက္ ကမာၻ႔ဖလားေျခစစ္ပြဲအဆင့္မွာ ၃၁ ဂိုးအထိ သြင္းယူေပးထားေပမယ့္လည္း အဲဒီသြင္းဂိုးေတြထဲမွာ ဘရာဇီးလ္ကို သြင္းယူခဲ့တဲ့သြင္းဂိုး တစ္ဂိုးမွ မပါဝင္ပါဘူး။

လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားရဲ႕ အဓိကၿပိဳင္ဘက္ျဖစ္တဲ့ ဘရာဇီးလ္ဘက္ကို ၅ ဂိုး သြင္းယူခဲ့ဖူးေပမယ့္လည္း အဲဒီသြင္းဂိုးေတြအားလုံးက ေျခစမ္းပြဲမွာ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ဘရာဇီးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ကေတာ့ အဂၤါေန႔ည မာရာကာနာကြင္းမွာ ကစားမယ့္ပြဲအတြက္ လက္မွတ္ေပါင္း ၆၉၀၀၀ ေရာင္းခ်ၿပီးၿပီလို႔ ေၾကညာခဲ့ပါတယ္။

ဘရာဇီးလ္နဲ႔ အာဂ်င္တီးနားတို႔ဟာ ၿပီးခဲ့တဲ့ပြဲစဥ္မွာ ရႈံးပြဲေတြ႕ခဲ့ၾကတာျဖစ္ၿပီး ဘရာဇီးလ္ပရိသတ္အမ်ားစုဟာ ရီယိုဒီဂ်ေနး႐ိုးမွာ အာဂ်င္တီးနားအတြက္ မက္ဆီ ပါဝင္ကစားေပးတာ ျမင္ေတြ႕ရႏိုင္တဲ့ ေနာက္ဆုံးပြဲစဥ္ကို ေစာင့္ေမွ်ာ္ေနၾကပါတယ္။ မက္ဆီဟာ ဒီကြင္းထဲမွာပဲ ၂၀၁၄ ကမာၻ႔ဖလားဗိုလ္လုပြဲတုန္းက ဂ်ာမနီကို ရႈံးနိမ့္ခဲ့ၿပီး အိမ္ရွင္ဘရာဇီးလ္ကို အႏိုင္ယူၿပီး ၂၀၂၁ ကိုပါအေမရိကဖလားကိုလည္း ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.