International World Cup

စစ်တပ်အရာရှိတွေနဲ့ အသင်းဖော်တွေ အကာအကွယ်ပေး ခေါ်ထုတ်ခဲ့ရတဲ့ ဆာလား

အီဂျစ်ကြယ်ပွင့် တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ တနင်္ဂနွေနေ့က ဆီယာရာ လီယွန်းကို အီဂျစ်က အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ကွင်းအတွင်း ကျူးကျော်ဝင်ရောက်သူ အများအပြားရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။

ဆာလားဟာ လိုက်ဘေးရီးယားမှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အက်စတွန် ဗီလာကြယ်ပွင့်ဟောင်း ထရာဇီဂေးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပြီး အီဂျစ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်ကို ပြီးပြည့်စုံတဲ့စတင်မှု ဆက်လက် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင်အသင်းဟာ နှစ်ယောက်လျော့နဲ့ ပွဲကို အဆုံးသတ်ခဲ့ရတာကြောင့် ပွဲက ရုပ်ပျက်ဆင်းပျက် အဆုံးသတ်ခဲ့ရပြီး ဂျာဂျူ ကဘီယာနဲ့ တိုင်ရိစ် ဖော်နာတို့ ၂ ဦးစလုံး အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဖော်နာက ပထမပိုင်းမှာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ကဘီယာက ဒုတိယပိုင်း ပွဲကစားချိန်ပြည့်လို့ နာကျင်အချိန်ပိုမှသာ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပေမယ့်လည်း ကွင်းအတွင်းမှာရော ပွဲကြည့်စင်ပေါ်မှာပါ မကျေနပ်မှုတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ မြင်တွေ့ရတဲ့ ဗီဒီယိုဖိုင်တွေထဲမှာ ကျူးကျော်ဝင်ရောက်သူတွေဟာ အရံအတားတွေကို ဖြတ်ကျော်ပြီး မိုဟာမက် ဆာလာဆီကို ဦးတည်လာခဲ့ကြတာကြောင့် လီဗာပူးလ်ကြယ်ပွင့်ရဲ့အသင်းဖော်တွေက ဘေးနားမှာ ဝိုင်းရံပေးခဲ့ရတာဖြစ်ပါတယ်။

ဗီဒီယိုဖိုင်တစ်ခုထဲမှာ ကျူးကျော်ဝင်ရောက်သူတွေထဲက တစ်ဦးချင်းစီတိုင်းက ဆာလားဆီကို ဦးတည်ပြေးလွှားခဲ့တာကို မြင်တွေ့ခဲ့ရပြီး ကျူးကျော်ဝင်ရောက်သူတစ်ဦးဟာ အီဂျစ်တိုက်စစ်မှူးကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း လုံခြုံရေးတွေက အမီလိုက်ဖမ်းနိုင်ခဲ့သလို အသင်းဖော် မိုဟာမက် အက်ဘ်ဒယ်မိုနမ်ကလည်း အကာအကွယ် ပေးခဲ့တာဖြစ်ပါတယ်။

နောက်ထပ်ဗီဒီယိုဖိုင်ထဲမှာတော့ အပေါ်ဝတ်ဗလာဖြစ်နေတဲ့ မိုဟာမက် ဆာလားကို စစ်တပ်လုံခြုံရေးတွေခြံရံပြီး ကွင်းအတွင်းကနေ ခေါ်ထုတ်သွားတာကို မြင်တွေ့ခဲ့ရပြီး ပရိသတ်တွေထဲက တစ်ဦးကတော့ အီဂျစ်တိုက်စစ်မှူးနဲ့ ဓာတ်ပုံအတူရိုက်ခွင့်ရဖို့ အကောင်းဆုံးကြိုးစားနေသေးတာဖြစ်ပါတယ်။

အီဂျစ်တိုက်စစ်မှူးဟာ အာဖရိကဘောလုံးလောကမှာ အကြီးမားဆုံး ကြယ်ပွင့်ဖြစ်တာကြောင့် အရင်ကတည်းက မကြာခဏ ကွင်းအတွင်း ကျူးကျော်ဝင်ရောက်သူတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ တိုက်ခိုက်ချင်တဲ့ ပြိုင်ဘက်ပရိသတ်တွေရဲ့ ပစ်မှတ်ထားခြင်းပါ ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အီဂ်စ္ၾကယ္ပြင့္ တိုက္စစ္မႉး မိုဟာမက္ ဆာလားဟာ တနဂၤေႏြေန႔က ဆီယာရာ လီယြန္းကို အီဂ်စ္က အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ကြင္းအတြင္း က်ဴးေက်ာ္ဝင္ေရာက္သူ အမ်ားအျပားရဲ႕ ပစ္မွတ္ထားျခင္းခံခဲ့ရပါတယ္။

ဆာလားဟာ လိုက္ေဘးရီးယားမွာ ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ အက္စတြန္ ဗီလာၾကယ္ပြင့္ေဟာင္း ထရာဇီေဂးအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ခဲ့ၿပီး အီဂ်စ္ဟာ ကမာၻ႔ဖလားေျခစစ္ပြဲအဆင့္ကို ၿပီးျပည့္စုံတဲ့စတင္မႈ ဆက္လက္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္အသင္းဟာ ႏွစ္ေယာက္ေလ်ာ့နဲ႔ ပြဲကို အဆုံးသတ္ခဲ့ရတာေၾကာင့္ ပြဲက ႐ုပ္ပ်က္ဆင္းပ်က္ အဆုံးသတ္ခဲ့ရၿပီး ဂ်ာဂ်ဴ ကဘီယာနဲ႔ တိုင္ရိစ္ ေဖာ္နာတို႔ ၂ ဦးစလုံး အနီကတ္နဲ႔ ထုတ္ပယ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

ေဖာ္နာက ပထမပိုင္းမွာ ထုတ္ပယ္ခံခဲ့ရတာျဖစ္ၿပီး ကဘီယာက ဒုတိယပိုင္း ပြဲကစားခ်ိန္ျပည့္လို႔ နာက်င္အခ်ိန္ပိုမွသာ ထုတ္ပယ္ခံခဲ့ရတာျဖစ္ေပမယ့္လည္း ကြင္းအတြင္းမွာေရာ ပြဲၾကည့္စင္ေပၚမွာပါ မေက်နပ္မႈေတြကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

လူမႈကြန္ရက္ေပၚမွာ ျမင္ေတြ႕ရတဲ့ ဗီဒီယိုဖိုင္ေတြထဲမွာ က်ဴးေက်ာ္ဝင္ေရာက္သူေတြဟာ အရံအတားေတြကို ျဖတ္ေက်ာ္ၿပီး မိုဟာမက္ ဆာလာဆီကို ဦးတည္လာခဲ့ၾကတာေၾကာင့္ လီဗာပူးလ္ၾကယ္ပြင့္ရဲ႕အသင္းေဖာ္ေတြက ေဘးနားမွာ ဝိုင္းရံေပးခဲ့ရတာျဖစ္ပါတယ္။

ဗီဒီယိုဖိုင္တစ္ခုထဲမွာ က်ဴးေက်ာ္ဝင္ေရာက္သူေတြထဲက တစ္ဦးခ်င္းစီတိုင္းက ဆာလားဆီကို ဦးတည္ေျပးလႊားခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး က်ဴးေက်ာ္ဝင္ေရာက္သူတစ္ဦးဟာ အီဂ်စ္တိုက္စစ္မႉးကို တိုက္ခိုက္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း လုံၿခဳံေရးေတြက အမီလိုက္ဖမ္းႏိုင္ခဲ့သလို အသင္းေဖာ္ မိုဟာမက္ အက္ဘ္ဒယ္မိုနမ္ကလည္း အကာအကြယ္ ေပးခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ဗီဒီယိုဖိုင္ထဲမွာေတာ့ အေပၚဝတ္ဗလာျဖစ္ေနတဲ့ မိုဟာမက္ ဆာလားကို စစ္တပ္လုံၿခဳံေရးေတြၿခံရံၿပီး ကြင္းအတြင္းကေန ေခၚထုတ္သြားတာကို ျမင္ေတြ႕ခဲ့ရၿပီး ပရိသတ္ေတြထဲက တစ္ဦးကေတာ့ အီဂ်စ္တိုက္စစ္မႉးနဲ႔ ဓာတ္ပုံအတူ႐ိုက္ခြင့္ရဖို႔ အေကာင္းဆုံးႀကိဳးစားေနေသးတာျဖစ္ပါတယ္။

အီဂ်စ္တိုက္စစ္မႉးဟာ အာဖရိကေဘာလုံးေလာကမွာ အႀကီးမားဆုံး ၾကယ္ပြင့္ျဖစ္တာေၾကာင့္ အရင္ကတည္းက မၾကာခဏ ကြင္းအတြင္း က်ဴးေက်ာ္ဝင္ေရာက္သူေတြနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ တိုက္ခိုက္ခ်င္တဲ့ ၿပိဳင္ဘက္ပရိသတ္ေတြရဲ႕ ပစ္မွတ္ထားျခင္းပါ ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.