International

တိုက်စစ်ကနေ ကွင်းလယ်၊ ကွင်းလယ်ကနေ နောက်တန်းပါ ရောက်လာတဲ့ ဟာဗတ်ဇ်

အာဆင်နယ်ကြယ်ပွင့် ခိုင် ဟာဗတ်ဇ်ဟာ ဂျာမနီအတွက် ဘယ်နောက်ခံကစားသမားအဖြစ် အံ့အားသင့်ဖွယ် ပါဝင်ကစားပေးခဲ့ချိန်အတွင်း ဂိုးသွင်းယူနိုင်ခဲ့သလို ပင်နယ်တီလည်း ပေးခဲ့ပါတယ်။

ဂျာမနီဟာ စနေနေ့ညက တူရကီနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ယူရို ၂၀၂၄ ကို အိမ်ရှင်အဖြစ် ကျင်းပဖို့အတွက် ကြိုတင်ပြင်ဆင်မှုဟာ ဆက်လက် ဆိုးရွားခဲ့ပြီး နည်းပြသစ် ဂျူလီယန် နာဂယ်စ်မန်းအတွက် ပထမဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီပွဲစဉ်မှာ အကြီးမားဆုံး ပြောစရာဖြစ်ခဲ့တာက ခိုင် ဟာဗတ်ဇ်ကို ဘယ်နောက်ခံကစားသမားအဖြစ် အသုံးပြုခဲ့မှုဖြစ်ပြီး ကွင်းလယ်တိုက်စစ်ကစားသမားဟာ ကစားသမားဘဝတလျှောက်လုံး နေရာအများအပြားမှာ အသုံးပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ခိုင် ဟာဗတ်ဇ်ဟာ ကျောနံပါတ် ၁၀၊ False 9 ၊ တိုက်စစ်မှူး၊ ညာတောင်ပံကစားသမားအဖြစ် ကစားခဲ့ဖူးပြီး လက်ရှိ အာဆင်နယ်မှာ အာတီတာလက်အောက် ကျောနံပါတ် ၈ ကွင်းလယ်ခံစစ် ကစားသမားအဖြစ်နဲ့ ကစားနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ၎င်းရဲ့ ကိုယ်ရေးအကျဉ်းထဲမှာ နောက်ထပ် ကစားနိုင်တဲ့ နေရာအဖြစ် ဘယ်နောက်ခံနေရာကို ထည့်သွင်းနိုင်သေးပြီး ချဲလ်ဆီးအသင်းဖော်ဟောင်း အန်တိုနီယို ရူဒီဂါနဲ့အတူ ဂျာမနီခံစစ် ၄ ဦးထဲမှာ ကစားပေးခဲ့တာဖြစ်ပါတယ်။

အဲဒါက တော်တော်လေးကို ထူးဆန်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး နာဂယ်စ်မန်းရဲ့ ပြောကြားချက်အရ အနာဂတ်မှာ ပိုပြီး မြင်တွေ့လာနိုင်တဲ့အရာတော့မဟုတ်တာဖြစ်ပါတယ်။

“ခိုင်က အမြဲတမ်း ဒီနေရာမှာပဲ ကစားနေမှာမဟုတ်ပါဘူး။ ကျွန်တော့်မှာ အရမ်းကောင်းတဲ့ အကြံရှိပါတယ်။ သူက သူမတူအောင် ကောင်းမွန်တဲ့ ဘောလုံးသမားပါ။ ဒါက အရမ်းကောင်းတဲ့ ရွေးချယ်စရာပါ။ သူ အမြဲတမ်းတော့ ဘယ်နောက်ခံကစားသမားအဖြစ်နဲ့ ကစားမှာမဟုတ်ပါဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အနည်းဆုံးတော့ အစပိုင်းမှာ နာဂယ်စ်မန်းရဲ့ နည်းဗျူဟာက မဟာဗျူဟာမြောက်ခဲ့ပြီး ဟာဗတ်ဇ်ဟာ ပွဲကစားချိန် ၅ မိနစ်အတွင်းမှာပဲ ဂိုးပေါက်ရှာတွေ့ခဲ့ပြီး ဆာနေးရဲ့ ဂိုးဖန်တီးပေးပို့မှုကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလိုခြေစွမ်းပြသနေမှုကြောင့် အာတီတာ အရမ်းစိတ်လှုပ်ရှားမရှားခင် တူရကီက ပထမပိုင်းအပြီးမှာ ၂-၁ နဲ့ နောက်ကနေ လိုက်ကစားပြီး ပြန်ဦးဆောင်သွားတယ်ဆိုတာ သတိပြုရမှာဖြစ်ပြီး ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက်မှာတော့ ဂျာမနီတို့ ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပွဲကို သူရဲကောင်းအဖြစ် စတင်ခဲ့တဲ့ ခိုင် ဟာဗတ်ဇ်ဟာ ဗီလိန်အဖြစ်နဲ့ အဆုံးသတ်ခဲ့ရပြီး ပင်နယ်တီဧရိယာထဲမှာ ဘောလုံးကို လက်နဲ့ထိမိခဲ့ပြီးနောက် ပင်နယ်တီ ပေးခဲ့ရတာ ဖြစ်ပါတယ်။

ဧည့်သည်တွေက ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာကြောင့် ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး ဂျာမနီဟာ အင်္ဂါနေ့ညမှာ ဩစတြီးယားနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရဖို့ ရှိနေတာကြောင့် နာဂယ်စ်မန်းအနေနဲ့ ဟာဗတ်ဇ်ကို အဲဒီပွဲကျရင်ရော ဘယ်နေရာမှာ သုံးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလာပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ၾကယ္ပြင့္ ခိုင္ ဟာဗတ္ဇ္ဟာ ဂ်ာမနီအတြက္ ဘယ္ေနာက္ခံကစားသမားအျဖစ္ အံ့အားသင့္ဖြယ္ ပါဝင္ကစားေပးခဲ့ခ်ိန္အတြင္း ဂိုးသြင္းယူႏိုင္ခဲ့သလို ပင္နယ္တီလည္း ေပးခဲ့ပါတယ္။

ဂ်ာမနီဟာ စေနေန႔ညက တူရကီနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ယူ႐ို ၂၀၂၄ ကို အိမ္ရွင္အျဖစ္ က်င္းပဖို႔အတြက္ ႀကိဳတင္ျပင္ဆင္မႈဟာ ဆက္လက္ ဆိုး႐ြားခဲ့ၿပီး နည္းျပသစ္ ဂ်ဴလီယန္ နာဂယ္စ္မန္းအတြက္ ပထမဆုံးအိမ္ကြင္းပြဲစဥ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီပြဲစဥ္မွာ အႀကီးမားဆုံး ေျပာစရာျဖစ္ခဲ့တာက ခိုင္ ဟာဗတ္ဇ္ကို ဘယ္ေနာက္ခံကစားသမားအျဖစ္ အသုံးျပဳခဲ့မႈျဖစ္ၿပီး ကြင္းလယ္တိုက္စစ္ကစားသမားဟာ ကစားသမားဘဝတေလွ်ာက္လုံး ေနရာအမ်ားအျပားမွာ အသုံးျပဳျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ခိုင္ ဟာဗတ္ဇ္ဟာ ေက်ာနံပါတ္ ၁၀၊ False 9 ၊ တိုက္စစ္မႉး၊ ညာေတာင္ပံကစားသမားအျဖစ္ ကစားခဲ့ဖူးၿပီး လက္ရွိ အာဆင္နယ္မွာ အာတီတာလက္ေအာက္ ေက်ာနံပါတ္ ၈ ကြင္းလယ္ခံစစ္ ကစားသမားအျဖစ္နဲ႔ ကစားေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၂၄ ႏွစ္အ႐ြယ္ ကစားသမားဟာ ၎ရဲ႕ ကိုယ္ေရးအက်ဥ္းထဲမွာ ေနာက္ထပ္ ကစားႏိုင္တဲ့ ေနရာအျဖစ္ ဘယ္ေနာက္ခံေနရာကို ထည့္သြင္းႏိုင္ေသးၿပီး ခ်ဲလ္ဆီးအသင္းေဖာ္ေဟာင္း အန္တိုနီယို ႐ူဒီဂါနဲ႔အတူ ဂ်ာမနီခံစစ္ ၄ ဦးထဲမွာ ကစားေပးခဲ့တာျဖစ္ပါတယ္။

အဲဒါက ေတာ္ေတာ္ေလးကို ထူးဆန္းတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ၿပီး နာဂယ္စ္မန္းရဲ႕ ေျပာၾကားခ်က္အရ အနာဂတ္မွာ ပိုၿပီး ျမင္ေတြ႕လာႏိုင္တဲ့အရာေတာ့မဟုတ္တာျဖစ္ပါတယ္။

“ခိုင္က အၿမဲတမ္း ဒီေနရာမွာပဲ ကစားေနမွာမဟုတ္ပါဘူး။ ကြၽန္ေတာ့္မွာ အရမ္းေကာင္းတဲ့ အႀကံရွိပါတယ္။ သူက သူမတူေအာင္ ေကာင္းမြန္တဲ့ ေဘာလုံးသမားပါ။ ဒါက အရမ္းေကာင္းတဲ့ ေ႐ြးခ်ယ္စရာပါ။ သူ အၿမဲတမ္းေတာ့ ဘယ္ေနာက္ခံကစားသမားအျဖစ္နဲ႔ ကစားမွာမဟုတ္ပါဘူး။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အနည္းဆုံးေတာ့ အစပိုင္းမွာ နာဂယ္စ္မန္းရဲ႕ နည္းဗ်ဴဟာက မဟာဗ်ဴဟာေျမာက္ခဲ့ၿပီး ဟာဗတ္ဇ္ဟာ ပြဲကစားခ်ိန္ ၅ မိနစ္အတြင္းမွာပဲ ဂိုးေပါက္ရွာေတြ႕ခဲ့ၿပီး ဆာေနးရဲ႕ ဂိုးဖန္တီးေပးပို႔မႈကေန သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီလိုေျခစြမ္းျပသေနမႈေၾကာင့္ အာတီတာ အရမ္းစိတ္လႈပ္ရွားမရွားခင္ တူရကီက ပထမပိုင္းအၿပီးမွာ ၂-၁ နဲ႔ ေနာက္ကေန လိုက္ကစားၿပီး ျပန္ဦးေဆာင္သြားတယ္ဆိုတာ သတိျပဳရမွာျဖစ္ၿပီး ဒုတိယပိုင္း ျပန္လည္စတင္ၿပီးေနာက္မွာေတာ့ ဂ်ာမနီတို႔ ေခ်ပဂိုး ျပန္သြင္းယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ပြဲကို သူရဲေကာင္းအျဖစ္ စတင္ခဲ့တဲ့ ခိုင္ ဟာဗတ္ဇ္ဟာ ဗီလိန္အျဖစ္နဲ႔ အဆုံးသတ္ခဲ့ရၿပီး ပင္နယ္တီဧရိယာထဲမွာ ေဘာလုံးကို လက္နဲ႔ထိမိခဲ့ၿပီးေနာက္ ပင္နယ္တီ ေပးခဲ့ရတာ ျဖစ္ပါတယ္။

ဧည့္သည္ေတြက ပင္နယ္တီကို အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့တာေၾကာင့္ ၃-၂ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ၿပီး ဂ်ာမနီဟာ အဂၤါေန႔ညမွာ ဩစႀတီးယားနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရဖို႔ ရွိေနတာေၾကာင့္ နာဂယ္စ္မန္းအေနနဲ႔ ဟာဗတ္ဇ္ကို အဲဒီပြဲက်ရင္ေရာ ဘယ္ေနရာမွာ သုံးမလဲဆိုတာ စိတ္ဝင္စားစရာေကာင္းလာၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.