ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဖက်ဒရီကို ဗယ်လ်ဗာဒီဟာ လီယွန်နယ် မက်ဆီကို ဘယ်လို တားဆီးဖို့ ကြိုးပမ်းရမလဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အလွန်ကောင်းမွန်တဲ့အဖြေပေးခဲ့ပါတယ်။
ဥရုဂွေးကွင်းလယ်ကစားသမားဟာ ဘာစီလိုနာမှာ မက်ဆီရဲ့ နောက်ဆုံးနှစ်တွေမှသာ ရီးရဲလ်မက်ဒရစ်မှာ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်လာခဲ့သူဖြစ်ပေမယ့်လည်း အယ်လ်ကလက်စီကိုတိုက်ပွဲမှာ တွေ့ဆုံခဲ့ဖူးသလို အာဂျင်တီးနားကြယ်ပွင့်က ပီအက်စ်ဂျီမှာ ကစားခဲ့တဲ့အချိန်တုန်းကလည်း ရင်ဆိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။
ဗယ်လ်ဗာဒီနဲ့ မက်ဆီတို့ဟာ နိုင်ငံတကာအဆင့်မှာလည်း တွေ့ဆုံခဲ့ဖူးပြီး ဗယ်လ်ဗာဒီရဲ့ ဥရုဂွေးဟာ မက်ဆီရဲ့ အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ ကိုပါအမေရိကပြိုင်ပွဲတွေမှာ တွေ့ဆုံယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
မက်ဆီနဲ့ ဗယ်လ်ဗာဒီတို့ဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားမှုအများအပြား ရှိကြပြီး ဥရုဂွေးကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နှစ်က ဆော်ဒီ အာရေဗျက ပွဲစဉ်မှာ မက်ဆီရဲ့ ကျော်ကြားတဲ့ အောင်ပွဲခံဟန်ဖြစ်တဲ့ ရှပ်ကို ပရိသတ်တွေရှိရာဘက်ကို ကိုင်ပြပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
ဗယ်လ်ဗာဒီဟာ ၂၀၁၇ ခုနှစ်တုန်းက မက်ဆီရဲ့ ကျော်ကြားတဲ့ အောင်ပွဲခံဟန် ပြုလုပ်ခဲ့ချိန်တုန်းက ရီးရဲလ်မက်ဒရစ်လူစာရင်းထဲမှာ မရှိသေးပေမယ့်လည်း နောက်နှစ်မှာ ပထမအသင်းထဲ တစ်နေရာအခိုင်အမာ ရရှိခဲ့ပြီး အယ်လ်ကလက်စီကိုပွဲစဥ်တိုင်းမှာ အာဂျင်တီးနားကြယ်ပွင့်ကို တားဆီးဖို့က အမြဲတမ်း ပထမဦးစားပေးအကြောင်းအရာဖြစ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အာဂျင်တီးနားဂန္တဝင်ကို ဘယ်လို တားဆီးရမလဲဆိုတာက ခေါင်းစားရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး အမှန်တကယ် ပွဲကစားနေတဲ့အချိန်မှာ ဒီကိစ္စကို လုပ်ဆောင်ရတာက အခြားကိစ္စတစ်ခုသက်သက် ဖြစ်လာတာ ဖြစ်ပါတယ်။ အာဂျင်တီးနားနဲ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာ အာဂျင်တီးနားနဲ့ ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် ဗယ်လ်ဗာဒီဟာ မက်ဆီကို ဘယ်လို ရပ်တန့်ဖို့ ကြိုးစားမလဲလို့ မေးမြန်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။
“ဘယ်လို တားဆီးရမလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော် သူ့ကို ဘယ်တုန်းကမှ မတားဆီးနိုင်ပါဘူး။ ကျွန်တော်တို့ အယ်လ်ကလက်စီကို ပွဲတွေ အများကြီး တွေ့ခဲ့တယ်။ ကာစီမီရိုက မက်ဆီနဲ့ ရင်ဆိုင်ရာမှာ အမြဲတမ်း လက်နက်ကောင်းဖြစ်ခဲ့ပါတယ်။ အမြဲတမ်းမဟုတ်ပေမယ့်လည်းပေါ့။ ခင်ဗျားတို့ သူ့ကို လေးစားရမှာပါ။ ဘာလို့လဲဆိုတော့ သူက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးမို့လို့ပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့လက ပဲရစ်မှာ ဘလွန်ဒေါဆုကို ၈ ကြိမ်မြောက် စံချိန်တင် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အာဂျင်တီးနားအတွက် ကစားပေးသွားမှာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ဖက္ဒရီကို ဗယ္လ္ဗာဒီဟာ လီယြန္နယ္ မက္ဆီကို ဘယ္လို တားဆီးဖို႔ ႀကိဳးပမ္းရမလဲလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အလြန္ေကာင္းမြန္တဲ့အေျဖေပးခဲ့ပါတယ္။
ဥ႐ုေဂြးကြင္းလယ္ကစားသမားဟာ ဘာစီလိုနာမွာ မက္ဆီရဲ႕ ေနာက္ဆုံးႏွစ္ေတြမွသာ ရီးရဲလ္မက္ဒရစ္မွာ ပုံမွန္ပြဲထြက္ခြင့္ရကစားသမားျဖစ္လာခဲ့သူျဖစ္ေပမယ့္လည္း အယ္လ္ကလက္စီကိုတိုက္ပြဲမွာ ေတြ႕ဆုံခဲ့ဖူးသလို အာဂ်င္တီးနားၾကယ္ပြင့္က ပီအက္စ္ဂ်ီမွာ ကစားခဲ့တဲ့အခ်ိန္တုန္းကလည္း ရင္ဆိုင္ခဲ့ဖူးတာ ျဖစ္ပါတယ္။
ဗယ္လ္ဗာဒီနဲ႔ မက္ဆီတို႔ဟာ ႏိုင္ငံတကာအဆင့္မွာလည္း ေတြ႕ဆုံခဲ့ဖူးၿပီး ဗယ္လ္ဗာဒီရဲ႕ ဥ႐ုေဂြးဟာ မက္ဆီရဲ႕ အာဂ်င္တီးနားနဲ႔ ကမာၻ႔ဖလားေျခစစ္ပြဲနဲ႔ ကိုပါအေမရိကၿပိဳင္ပြဲေတြမွာ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့တာ ျဖစ္ပါတယ္။
မက္ဆီနဲ႔ ဗယ္လ္ဗာဒီတို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ ေလးစားမႈအမ်ားအျပား ရွိၾကၿပီး ဥ႐ုေဂြးၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ႏွစ္က ေဆာ္ဒီ အာေရဗ်က ပြဲစဥ္မွာ မက္ဆီရဲ႕ ေက်ာ္ၾကားတဲ့ ေအာင္ပြဲခံဟန္ျဖစ္တဲ့ ရွပ္ကို ပရိသတ္ေတြရွိရာဘက္ကို ကိုင္ျပၿပီး ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။
ဗယ္လ္ဗာဒီဟာ ၂၀၁၇ ခုႏွစ္တုန္းက မက္ဆီရဲ႕ ေက်ာ္ၾကားတဲ့ ေအာင္ပြဲခံဟန္ ျပဳလုပ္ခဲ့ခ်ိန္တုန္းက ရီးရဲလ္မက္ဒရစ္လူစာရင္းထဲမွာ မရွိေသးေပမယ့္လည္း ေနာက္ႏွစ္မွာ ပထမအသင္းထဲ တစ္ေနရာအခိုင္အမာ ရရွိခဲ့ၿပီး အယ္လ္ကလက္စီကိုပြဲစဥ္တိုင္းမွာ အာဂ်င္တီးနားၾကယ္ပြင့္ကို တားဆီးဖို႔က အၿမဲတမ္း ပထမဦးစားေပးအေၾကာင္းအရာျဖစ္ခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။
အာဂ်င္တီးနားဂႏၲဝင္ကို ဘယ္လို တားဆီးရမလဲဆိုတာက ေခါင္းစားရတဲ့ ကိစၥတစ္ခုျဖစ္ၿပီး အမွန္တကယ္ ပြဲကစားေနတဲ့အခ်ိန္မွာ ဒီကိစၥကို လုပ္ေဆာင္ရတာက အျခားကိစၥတစ္ခုသက္သက္ ျဖစ္လာတာ ျဖစ္ပါတယ္။ အာဂ်င္တီးနားနဲ႔ ႏိုဝင္ဘာ ၁၇ ရက္ေန႔မွာ အာဂ်င္တီးနားနဲ႔ ကစားရမယ့္ ကမာၻ႔ဖလားေျခစစ္ပြဲမတိုင္ခင္ ဗယ္လ္ဗာဒီဟာ မက္ဆီကို ဘယ္လို ရပ္တန႔္ဖို႔ ႀကိဳးစားမလဲလို႔ ေမးျမန္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။
“ဘယ္လို တားဆီးရမလဲဆိုတာ ကြၽန္ေတာ္ မသိပါဘူး။ ကြၽန္ေတာ္ သူ႔ကို ဘယ္တုန္းကမွ မတားဆီးႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ အယ္လ္ကလက္စီကို ပြဲေတြ အမ်ားႀကီး ေတြ႕ခဲ့တယ္။ ကာစီမီ႐ိုက မက္ဆီနဲ႔ ရင္ဆိုင္ရာမွာ အၿမဲတမ္း လက္နက္ေကာင္းျဖစ္ခဲ့ပါတယ္။ အၿမဲတမ္းမဟုတ္ေပမယ့္လည္းေပါ့။ ခင္ဗ်ားတို႔ သူ႔ကို ေလးစားရမွာပါ။ ဘာလို႔လဲဆိုေတာ့ သူက ကမာၻေပၚက အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးမို႔လို႔ပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
လီယြန္နယ္ မက္ဆီဟာ ၿပီးခဲ့တဲ့လက ပဲရစ္မွာ ဘလြန္ေဒါဆုကို ၈ ႀကိမ္ေျမာက္ စံခ်ိန္တင္ ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ အာဂ်င္တီးနားအတြက္ ကစားေပးသြားမွာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.