Premier League

သရဲနီကြယ်ပွင့်က ယူရိုကစားဖို့ အဆင့်မရှိဘူးလို့ ဒဲ့ပြောလိုက်တဲ့ တင်ရှားဝုဒ်

တင် ရှားဝုဒ်က မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်အတွက် အဲရစ် တန်ဟက်ကို ပြစ်တင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟာ လာမယ့် နွေရာသီ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်အတွက် ပွဲထွက်ပါဝင်ကစားခွင့်မရသင့်ဘူးလို့ ယုံကြည်နေပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁ ဂိုးသာ သွင်းယူထားနိုင်သေးသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ရာသီကို ဆိုးဆိုးရွားရွား စတင်ခဲ့မှုအတွင်းမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ သောကြာနေ့ညနေက မော်လ်တာကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ပေမယ့်လည်း အလက်ဇန်းဒါး-အာနိုးနဲ့ ထိခိုက်မိပြီးနောက် ပွဲကစားချိန် တစ်နာရီလောက်မှာ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။

တင်ရှားဝုဒ်က ဂျက်ခ် ဂရီးလစ်ရော ဖိုဒန်ပါ လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်ရဲ့ တိုက်စစ်နေရာအတွက် ရက်ရှ်ဖို့ဒ်ထက် ပွဲထွက်ကစားခွင့် ရရှိသင့်တယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။

လာမယ့် နွေရာသီ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်ရဲ့ ပွဲထွက်လူစာရင်းမှာ ရက်ရှ်ဖို့ဒ်ကို ရွေးချယ်မှာလားလို့ မေးမြန်းခဲ့ရာမှာ တင် ရှားဝုဒ်က “ဟင့်အင်း။ ရွေးချယ်စရာအကြောင်းမရှိပါဘူး။ သူက အင်္ဂလန်အသင်းမှာ ကစားခွင့်ပေးခဲ့တဲ့အတွက် နည်းပြကို ကျေးဇူးတင်နိုင်ပါတယ်။ သူသာ မန်စီးတီးမှာဆိုရင် အခုအချိန် ကမ္ဘာ့အဆင့် ကစားသမားဖြစ်လာဖို့ အရည်အချင်းအားလုံး ပိုင်ဆိုင်နေလောက်ပြီလို့ ကျွန်တော် ထင်တယ်။ ကံဆိုးစွာနဲ့ပဲ အခုကနေ ရာသီကုန်အထိ ဘာမှ အလှည့်အပြောင်းဖြစ်လာဖို့ မရှိဘူးလို့ ကျွန်တော် ထင်တယ်။ အဲဒီအတွက် တန်ဟက်ကို သူ ကျေးဇူးတင်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ဘာလို့လဲဆိုတော့ သူ့ခြေစွမ်းက ကောင်းသင့်သလောက် မကောင်းမွန်ခဲ့လို့ပါ။ ကျွန်တော့်အတွက်တော့ ဂရီးလစ်ရှ်က တိုက်စစ်မှာ ရှိနေရမှာပါ။ ကျွန်တော် သူနဲ့ အလုပ်လုပ်ခဲ့တယ်။ သူက ဘယ်လိုကစားသမားမျိုးလဲဆိုတာ ကျွန်တော် သိတယ်။ ဒါပေမယ့် ဖိုဒန်ကို ဒီပွဲထွက်လူစာရင်းထဲမှာ မထည့်သွင်းရင်တော့ ပြစ်မှုကျူးလွန်တာပဲ။ ဒီကစားသမား ၂ ဦးစလုံးက အသင်းထဲမှာ ရှိနေရမယ်။ ကျွန်တော်တို့ ဒီလိုမျိုး အရည်အချင်းမျိုးရှိတဲ့ကစားသမားတွေကို တည်ပြီး အသင်းကို တည်ဆောက်ရမယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တင္ ရွားဝုဒ္က မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္အတြက္ အဲရစ္ တန္ဟက္ကို ျပစ္တင္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉးဟာ လာမယ့္ ေႏြရာသီ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမွာ အဂၤလန္အတြက္ ပြဲထြက္ပါဝင္ကစားခြင့္မရသင့္ဘူးလို႔ ယုံၾကည္ေနပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁ ဂိုးသာ သြင္းယူထားႏိုင္ေသးသူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရာသီကို ဆိုးဆိုး႐ြား႐ြား စတင္ခဲ့မႈအတြင္းမွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနခဲ့ရတာျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ေသာၾကာေန႔ညေနက ေမာ္လ္တာကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့ေပမယ့္လည္း အလက္ဇန္းဒါး-အာႏိုးနဲ႔ ထိခိုက္မိၿပီးေနာက္ ပြဲကစားခ်ိန္ တစ္နာရီေလာက္မွာ လူစားလဲခံခဲ့ရတာျဖစ္ပါတယ္။

တင္ရွားဝုဒ္က ဂ်က္ခ္ ဂရီးလစ္ေရာ ဖိုဒန္ပါ လာမယ့္ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမွာ အဂၤလန္ရဲ႕ တိုက္စစ္ေနရာအတြက္ ရက္ရွ္ဖို႔ဒ္ထက္ ပြဲထြက္ကစားခြင့္ ရရွိသင့္တယ္လို႔ ခံစားေနရတာ ျဖစ္ပါတယ္။

လာမယ့္ ေႏြရာသီ ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအတြက္ အဂၤလန္ရဲ႕ ပြဲထြက္လူစာရင္းမွာ ရက္ရွ္ဖို႔ဒ္ကို ေ႐ြးခ်ယ္မွာလားလို႔ ေမးျမန္းခဲ့ရာမွာ တင္ ရွားဝုဒ္က “ဟင့္အင္း။ ေ႐ြးခ်ယ္စရာအေၾကာင္းမရွိပါဘူး။ သူက အဂၤလန္အသင္းမွာ ကစားခြင့္ေပးခဲ့တဲ့အတြက္ နည္းျပကို ေက်းဇူးတင္ႏိုင္ပါတယ္။ သူသာ မန္စီးတီးမွာဆိုရင္ အခုအခ်ိန္ ကမာၻ႔အဆင့္ ကစားသမားျဖစ္လာဖို႔ အရည္အခ်င္းအားလုံး ပိုင္ဆိုင္ေနေလာက္ၿပီလို႔ ကြၽန္ေတာ္ ထင္တယ္။ ကံဆိုးစြာနဲ႔ပဲ အခုကေန ရာသီကုန္အထိ ဘာမွ အလွည့္အေျပာင္းျဖစ္လာဖို႔ မရွိဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ အဲဒီအတြက္ တန္ဟက္ကို သူ ေက်းဇူးတင္ႏိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ေျခစြမ္းက ေကာင္းသင့္သေလာက္ မေကာင္းမြန္ခဲ့လို႔ပါ။ ကြၽန္ေတာ့္အတြက္ေတာ့ ဂရီးလစ္ရွ္က တိုက္စစ္မွာ ရွိေနရမွာပါ။ ကြၽန္ေတာ္ သူနဲ႔ အလုပ္လုပ္ခဲ့တယ္။ သူက ဘယ္လိုကစားသမားမ်ိဳးလဲဆိုတာ ကြၽန္ေတာ္ သိတယ္။ ဒါေပမယ့္ ဖိုဒန္ကို ဒီပြဲထြက္လူစာရင္းထဲမွာ မထည့္သြင္းရင္ေတာ့ ျပစ္မႈက်ဴးလြန္တာပဲ။ ဒီကစားသမား ၂ ဦးစလုံးက အသင္းထဲမွာ ရွိေနရမယ္။ ကြၽန္ေတာ္တို႔ ဒီလိုမ်ိဳး အရည္အခ်င္းမ်ိဳးရွိတဲ့ကစားသမားေတြကို တည္ၿပီး အသင္းကို တည္ေဆာက္ရမယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.