Premier League

သားဖြစ်သူ ပြောင်းရွှေ့ဖို့ အိပ်မက်မက်နေတဲ့အသင်းကို ပြောပြခဲ့တဲ့ လူးဝစ္စ ဒီယက်ဇ်ရဲ့ဖခင်

လူးဝစ္စ ဒီယက်ဇ်ရဲ့ဖခင်က ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့ သားဖြစ်သူနဲ့ပတ်သက်ပြီး ကောလာဟလတွေကို ဖြေရှင်းခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးဟာ မကြာသေးမီကမှ မိဘနှစ်ပါးကို ELN လို့ အမည်ရတဲ့ ပျောက်ကြားသူပုန်အဖွဲ့က ပြန်ပေးဆွဲခြင်းခံခဲ့ရပြီးနောက် ပုဂ္ဂိုလ်ရေး ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ရသူ ဖြစ်ပါတယ်။

ဒီယက်ဇ်ရဲ့ မိခင်ဟာ နာရီပိုင်းအတွင်းမှာ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့်လည်း ဖခင်ဖြစ်သူ လူးဝစ္စ မန်နူရယ် ဒီယက်ဇ်ကတော့ ၁၂ ရက်အကြာမှာ ပြန်လွှတ်ပေးခြင်းမခံရမီ ပြန်ပေးသမားတွေရဲ့ ဆက်လက်ထိန်းသိမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒီလို မိသားစုပြဿနာတွေဖြစ်နေတာကြောင့် ဒီယက်ဇ်ဟာ ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းဖလားပြိုင်ပွဲတွေမှာ နော်တင်ဟမ် ဖောရက်စ်၊ ဘုန်းမောက်တို့နဲ့ ကစားခဲ့တဲ့ လီဗာပူးလ်ရဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖခင်ဖြစ်သူ ပြန်လည်လွတ်မြောက်လာတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း လူတန်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားပေးခဲ့ပြီး အရန်ခုံကနေ ဝင်ကစားပြီး ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

တူးလူးစ်၊ ဘရန့်တ်ဖို့ဒ်တို့နဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးခဲ့ပြီးနောက် လူးဝစ္စ ဒီယက်ဇ်ဟာ ဘရာဇီးလ်၊ ပါရာဂွေးတို့နဲ့ ကစားရမယ့် ကိုလံဘီယာလက်ရွေးစင်လူစာရင်းနဲ့ သွားရောက် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

ဒီယက်ဇ်ဟာ ကြာသပတေးနေ့ညက ဘရာဇီးလ်ကို သမိုင်းဝင်နိုင်ပွဲရရှိခဲ့တဲ့ပွဲစဉ်မှာ ကိုလံဘီယာကို ၂-၁ နဲ့ အနိုင်ရရှိစေမယ့် ချေပဂိုးနဲ့ ဦးဆောင်ဂိုးကို ၄ မိနစ်အတွင်းမှာသွင်းယူပေးခဲ့ပြီး ဖခင်ဖြစ်သူကလည်း ကွင်းထဲမှာ လာရောက်အားပေးခဲ့တာဖြစ်ပါတယ်။

ဒီယက်ဇ်ရဲ့ ကလပ်နဲ့ နိုင်ငံအတွက် စွမ်းဆောင်ရည်ဟာ လာလီဂါချန်ပီယံတွေဖြစ်တဲ့ ဘာစီလိုနာရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပုံပေါ်ပြီး ကိုလံဘီယာကြယ်ပွင့်ဟာ နူးကမ့်ကို ပြောင်းရွှေ့နိုင်ခြေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ကောလာဟလတွေနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရချိန်မှာ လူးဝစ္စ ဒီယက်ဇ်ရဲ့ ဖခင်က သားဖြစ်သူဟာ ကတ်တလန် ထိပ်သီးအသင်းကြီးရဲ့ ပရိသတ် အမြဲတမ်း ဖြစ်ခဲ့သူဖြစ်တယ်လို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

“အမှန်တရားက အခုအချိန်မှာဘာစီလိုနာနဲ့ပတ်သက်ပြီး ကျွန်တော် သိတာ နည်းနည်းလေးပဲရှိပါတယ်။ လူးဝစ္စက ဘာစီလိုနာသစ္စာတော်ခံ ပရိသတ်တစ်ယောက်ဆိုတာ အမှန်ပဲဖြစ်ပြီး အဲဒီကိုသွားဖို့က သူ့ရဲ့ အိပ်မက်ဖြစ်ပါလိမ့်မယ်။ အခုအချိန်အထိ သူ့ကို ကြိုဆိုပြီး လက်ခံခဲ့တဲ့ပုံစံကြောင့် ပေါ်တိုနဲ့ လီဗာပူးလ်တို့ကို ကျွန်တော် ကျေးဇူးတင်တယ်လို့ ပြောရပါလိမ့်မယ်။ လူးဝစ္စက နိုင်ပွဲရယူပေးဖို့ အလွယ်တကူလုပ်ပေးနိုင်တဲ့ကစားသမားပါ။ ဘာလို့လဲဆိုတော့ သူ ကစားနေတဲ့ပုံစံ၊ သူ့ရဲ့ အလုပ်လုပ်ပုံ၊ သူ့ရဲ့ နှစ်မြှုပ်ထားမှုကြောင့်ပါ။ သူက အရမ်းကို စည်းကမ်းသေဝပ်တဲ့ကစားသမားပါ။ ဘုရားကျေးဇူးတော်ပါပဲ။ တကယ်လို့ လူးဝစ္စက ဘာစီလိုနာကို ပြောင်းခဲ့မယ်ဆိုရင်လည်း ပြဿနာဖြစ်လာမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ထိပ်တန်းအသင်းဖြစ်နေပြီး ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်နေတာကြောင့်ပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လူးဝစ္စ ဒီယက်ဇ်ဟာ လီဗာပူးလ်နဲ့ ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူဖြစ်ပြီး မာဆေးဆိုဒ်ကလပ်က ကိုလံဘီယာကြယ်ပွင့်ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် သိသိသာသာများပြားတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုသွားမှာဖြစ်တာကြောင့် ဘာစီလိုနာအတွက်တော့ လွယ်လွယ်နဲ့ လုပ်ဆောင်နိုင်မယ့် အပြောင်းအရွှေ့ဖြစ်လာမှာမဟုတ်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လူးဝစၥ ဒီယက္ဇ္ရဲ႕ဖခင္က ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနတဲ့ သားျဖစ္သူနဲ႔ပတ္သက္ၿပီး ေကာလာဟလေတြကို ေျဖရွင္းခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ မၾကာေသးမီကမွ မိဘႏွစ္ပါးကို ELN လို႔ အမည္ရတဲ့ ေပ်ာက္ၾကားသူပုန္အဖြဲ႕က ျပန္ေပးဆြဲျခင္းခံခဲ့ရၿပီးေနာက္ ပုဂၢိဳလ္ေရး ျပႆနာေတြကို ရင္ဆိုင္ေျဖရွင္းခဲ့ရသူ ျဖစ္ပါတယ္။

ဒီယက္ဇ္ရဲ႕ မိခင္ဟာ နာရီပိုင္းအတြင္းမွာ ျပန္လည္လြတ္ေျမာက္လာခဲ့ေပမယ့္လည္း ဖခင္ျဖစ္သူ လူးဝစၥ မန္ႏူရယ္ ဒီယက္ဇ္ကေတာ့ ၁၂ ရက္အၾကာမွာ ျပန္လႊတ္ေပးျခင္းမခံရမီ ျပန္ေပးသမားေတြရဲ႕ ဆက္လက္ထိန္းသိမ္းျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒီလို မိသားစုျပႆနာေတြျဖစ္ေနတာေၾကာင့္ ဒီယက္ဇ္ဟာ ပရီးမီးယားလိဂ္နဲ႔ ကာရာေဘာင္းဖလားၿပိဳင္ပြဲေတြမွာ ေနာ္တင္ဟမ္ ေဖာရက္စ္၊ ဘုန္းေမာက္တို႔နဲ႔ ကစားခဲ့တဲ့ လီဗာပူးလ္ရဲ႕ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဖခင္ျဖစ္သူ ျပန္လည္လြတ္ေျမာက္လာတဲ့သတင္းေတြ ထြက္ေပၚခဲ့ၿပီးေနာက္ပိုင္း လူတန္အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အေဝးကြင္းပြဲစဥ္မွာ ျပန္လည္ပါဝင္ကစားေပးခဲ့ၿပီး အရန္ခုံကေန ဝင္ကစားၿပီး ေခ်ပဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

တူးလူးစ္၊ ဘရန႔္တ္ဖို႔ဒ္တို႔နဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ လူးဝစၥ ဒီယက္ဇ္ဟာ ဘရာဇီးလ္၊ ပါရာေဂြးတို႔နဲ႔ ကစားရမယ့္ ကိုလံဘီယာလက္ေ႐ြးစင္လူစာရင္းနဲ႔ သြားေရာက္ ပူးေပါင္းခဲ့တာ ျဖစ္ပါတယ္။

ဒီယက္ဇ္ဟာ ၾကာသပေတးေန႔ညက ဘရာဇီးလ္ကို သမိုင္းဝင္ႏိုင္ပြဲရရွိခဲ့တဲ့ပြဲစဥ္မွာ ကိုလံဘီယာကို ၂-၁ နဲ႔ အႏိုင္ရရွိေစမယ့္ ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးကို ၄ မိနစ္အတြင္းမွာသြင္းယူေပးခဲ့ၿပီး ဖခင္ျဖစ္သူကလည္း ကြင္းထဲမွာ လာေရာက္အားေပးခဲ့တာျဖစ္ပါတယ္။

ဒီယက္ဇ္ရဲ႕ ကလပ္နဲ႔ ႏိုင္ငံအတြက္ စြမ္းေဆာင္ရည္ဟာ လာလီဂါခ်န္ပီယံေတြျဖစ္တဲ့ ဘာစီလိုနာရဲ႕ အာ႐ုံစိုက္ျခင္းကို ခံခဲ့ရပုံေပၚၿပီး ကိုလံဘီယာၾကယ္ပြင့္ဟာ ႏူးကမ့္ကို ေျပာင္းေ႐ႊ႕ႏိုင္ေျခရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ အေျပာင္းအေ႐ႊ႕ေကာလာဟလေတြနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ လူးဝစၥ ဒီယက္ဇ္ရဲ႕ ဖခင္က သားျဖစ္သူဟာ ကတ္တလန္ ထိပ္သီးအသင္းႀကီးရဲ႕ ပရိသတ္ အၿမဲတမ္း ျဖစ္ခဲ့သူျဖစ္တယ္လို႔ ဝန္ခံခဲ့တာ ျဖစ္ပါတယ္။

“အမွန္တရားက အခုအခ်ိန္မွာဘာစီလိုနာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ သိတာ နည္းနည္းေလးပဲရွိပါတယ္။ လူးဝစၥက ဘာစီလိုနာသစၥာေတာ္ခံ ပရိသတ္တစ္ေယာက္ဆိုတာ အမွန္ပဲျဖစ္ၿပီး အဲဒီကိုသြားဖို႔က သူ႔ရဲ႕ အိပ္မက္ျဖစ္ပါလိမ့္မယ္။ အခုအခ်ိန္အထိ သူ႔ကို ႀကိဳဆိုၿပီး လက္ခံခဲ့တဲ့ပုံစံေၾကာင့္ ေပၚတိုနဲ႔ လီဗာပူးလ္တို႔ကို ကြၽန္ေတာ္ ေက်းဇူးတင္တယ္လို႔ ေျပာရပါလိမ့္မယ္။ လူးဝစၥက ႏိုင္ပြဲရယူေပးဖို႔ အလြယ္တကူလုပ္ေပးႏိုင္တဲ့ကစားသမားပါ။ ဘာလို႔လဲဆိုေတာ့ သူ ကစားေနတဲ့ပုံစံ၊ သူ႔ရဲ႕ အလုပ္လုပ္ပုံ၊ သူ႔ရဲ႕ ႏွစ္ျမႇဳပ္ထားမႈေၾကာင့္ပါ။ သူက အရမ္းကို စည္းကမ္းေသဝပ္တဲ့ကစားသမားပါ။ ဘုရားေက်းဇူးေတာ္ပါပဲ။ တကယ္လို႔ လူးဝစၥက ဘာစီလိုနာကို ေျပာင္းခဲ့မယ္ဆိုရင္လည္း ျပႆနာျဖစ္လာမွာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ အဲဒါက ထိပ္တန္းအသင္းျဖစ္ေနၿပီး ကမာၻေပၚက အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ေနတာေၾကာင့္ပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လူးဝစၥ ဒီယက္ဇ္ဟာ လီဗာပူးလ္နဲ႔ ၂၀၂၇ ခုႏွစ္ ေႏြရာသီအထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးသူျဖစ္ၿပီး မာေဆးဆိုဒ္ကလပ္က ကိုလံဘီယာၾကယ္ပြင့္ကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ သိသိသာသာမ်ားျပားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ေတာင္းဆိုသြားမွာျဖစ္တာေၾကာင့္ ဘာစီလိုနာအတြက္ေတာ့ လြယ္လြယ္နဲ႔ လုပ္ေဆာင္ႏိုင္မယ့္ အေျပာင္းအေ႐ႊ႕ျဖစ္လာမွာမဟုတ္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.