Bundesliga Premier League

ကိန်းအတွက် စပါးစ်တောင်းဆိုတဲ့ စာချုပ်ပါအထူးအချက်ကို သဘောတူပေးခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ ဟာရီ ကိန်းရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ အောက်မှာပဲ ရှိနေစေဖို့အတွက် စာချုပ်ချုပ်ဆိုရာမှာ အထူးအချက်တစ်ချက်ထည့်သွင်းချုပ်ဆိုဖို့ သဘောတူညီခဲ့ရပါတယ်။

တော့တင်ဟမ်ဟော့စပါးကနေ ဟာရီ ကိန်းကို ဘိုင်ယန်မြူးနစ်က ကနဦးပြောင်းရွှေ့ကြေး ယူရို ၉၈ သန်းကနေ ထပ်ဆောင်းပေးချေမှုတွေ ပါဝင်မယ်ဆိုရင် ယူရို ၁၁၄ သန်းအထိ မြင့်တက်သွားနိုင်တဲ့ သဘောတူညီမှုနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ ဂျာမနီကို ရောက်ရောက်ချင်းပဲ သွင်းဂိုးတွေ တရစပ်သွင်းယူနေပြီး ပြိုင်ပွဲစုံမှာ ၂၁ ဂိုးအထိ သွင်းယူထားခဲ့ရာမှာ ဘွန်ဒက်စ်လီဂါသွင်းဂိုး ၁၇ ဂိုးအထိ ရှိနေပြီဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ ၎င်းရဲ့ စာချုပ်ထဲက အထူးအချက်တစ်ချက်ကို အသက်သွင်းဖို့အတွက် သွင်းဂိုး သို့မဟုတ် ဂိုးဖန်တီးမှု ၁၃ ဂိုးသာ လိုတော့တာဖြစ်ပြီး ဟိုင်ဒန်ဟိမ်းကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ နောက်ဆုံးပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်အပြီးကတည်းက ယခုနွေရာသီမှာ တော့တင်ဟမ်ဟော့စပါးကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ဟာရီ ကိန်းရဲ့ စာချုပ်သတင်းအချက်အလက်အချို့က ပေါက်ကြားလာခဲ့တာဖြစ်ပြီး သဘောတူညီမှုရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ဂျာမန်ထိပ်သီးအသင်းကြီးဟာ စပါးစ်နဲ့ ခြေစမ်းပွဲ ၂ ပွဲကစားပေးရမယ်လို့ သိရပါတယ်။

အဲဒီပွဲစဥ် ၂ ပွဲကစားရာကနေ ရရှိလာမယ့် ကွင်းဝင်ကြေး၊ ရုပ်သံထုတ်လွှင့်ခ စတဲ့ ဝင်ငွေအားလုံးဟာ တော့တင်ဟမ်ဟော့စပါးအသင်းက ရရှိမှာဖြစ်တယ်လို့ ဂျာမန်သတင်းထောက် မက်ဆီမီလီယန် ကော့ချ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဂျာမန်သတင်းထောက်က ဘိုင်ယန်မြူးနစ်ဟာ ဟာရီ ကိန်းရဲ့ ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၁၀၀ မကျော်စေဖို့အတွက် ဒီအချက်ကို သဘောတူညီခဲ့ရတာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အဲဒီခြေစမ်းပွဲ ၂ ပွဲက ဘယ်အချိန်၊ ဘယ်နေရာမှာ ကစားမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘိုင္ယန္ျမဴးနစ္ဟာ ဟာရီ ကိန္းရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ယူ႐ိုသန္း ၁၀၀ ေအာက္မွာပဲ ရွိေနေစဖို႔အတြက္ စာခ်ဳပ္ခ်ဳပ္ဆိုရာမွာ အထူးအခ်က္တစ္ခ်က္ထည့္သြင္းခ်ဳပ္ဆိုဖို႔ သေဘာတူညီခဲ့ရပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးကေန ဟာရီ ကိန္းကို ဘိုင္ယန္ျမဴးနစ္က ကနဦးေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၉၈ သန္းကေန ထပ္ေဆာင္းေပးေခ်မႈေတြ ပါဝင္မယ္ဆိုရင္ ယူ႐ို ၁၁၄ သန္းအထိ ျမင့္တက္သြားႏိုင္တဲ့ သေဘာတူညီမႈနဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ဟာ ဂ်ာမနီကို ေရာက္ေရာက္ခ်င္းပဲ သြင္းဂိုးေတြ တရစပ္သြင္းယူေနၿပီး ၿပိဳင္ပြဲစုံမွာ ၂၁ ဂိုးအထိ သြင္းယူထားခဲ့ရာမွာ ဘြန္ဒက္စ္လီဂါသြင္းဂိုး ၁၇ ဂိုးအထိ ရွိေနၿပီျဖစ္ပါတယ္။

ဟာရီ ကိန္းဟာ ၎ရဲ႕ စာခ်ဳပ္ထဲက အထူးအခ်က္တစ္ခ်က္ကို အသက္သြင္းဖို႔အတြက္ သြင္းဂိုး သို႔မဟုတ္ ဂိုးဖန္တီးမႈ ၁၃ ဂိုးသာ လိုေတာ့တာျဖစ္ၿပီး ဟိုင္ဒန္ဟိမ္းကို ၄-၂ နဲ႔ အႏိုင္ရခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ရဲ႕ ေနာက္ဆုံးပြဲစဥ္မွာ ၂ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲစဥ္အၿပီးကတည္းက ယခုေႏြရာသီမွာ ေတာ့တင္ဟမ္ေဟာ့စပါးကေန ဘိုင္ယန္ျမဴးနစ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဟာရီ ကိန္းရဲ႕ စာခ်ဳပ္သတင္းအခ်က္အလက္အခ်ိဳ႕က ေပါက္ၾကားလာခဲ့တာျဖစ္ၿပီး သေဘာတူညီမႈရဲ႕အစိတ္အပိုင္းတစ္ခုအေနနဲ႔ ဂ်ာမန္ထိပ္သီးအသင္းႀကီးဟာ စပါးစ္နဲ႔ ေျခစမ္းပြဲ ၂ ပြဲကစားေပးရမယ္လို႔ သိရပါတယ္။

အဲဒီပြဲစဥ္ ၂ ပြဲကစားရာကေန ရရွိလာမယ့္ ကြင္းဝင္ေၾကး၊ ႐ုပ္သံထုတ္လႊင့္ခ စတဲ့ ဝင္ေငြအားလုံးဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ရရွိမွာျဖစ္တယ္လို႔ ဂ်ာမန္သတင္းေထာက္ မက္ဆီမီလီယန္ ေကာ့ခ်္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ဂ်ာမန္သတင္းေထာက္က ဘိုင္ယန္ျမဴးနစ္ဟာ ဟာရီ ကိန္းရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ယူ႐ိုသန္း ၁၀၀ မေက်ာ္ေစဖို႔အတြက္ ဒီအခ်က္ကို သေဘာတူညီခဲ့ရတာျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီး အဲဒီေျခစမ္းပြဲ ၂ ပြဲက ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ ကစားမယ္ဆိုတာေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.