International Match Report

ဂျီဘရော်လ်တာကို အကြီးမားဆုံးနိုင်ပွဲစံချိန်သစ်နဲ့ ချေမှုန်းလိုက်တဲ့ ပြင်သစ်

ပြင်သစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂျီဘရော်လ်တာအသင်းကို ယူရို ခြေစစ်ပွဲသမိုင်းတစ်လျှောက် အကြီးမားဆုံး နိုင်ပွဲစံချိန်သစ်နဲ့ တစ်စစီ ချေမှုန်းလိုက်ပြီး ဂျာမနီအသင်းက ဆန်မာရီနိုအသင်းကို ဆယ့်သုံးဂိုး-ဂိုးမရှိနဲ့ ၂၀၀၈ ခုနှစ်က အနိုင်ယူထားခဲ့တဲ့ စံချိန်ဟောင်းကို ၁၅ နှစ်အကြာမှာ တစ်ဂိုးအသာနဲ့ ချိုးဖျက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အိမ်ရှင် ကြက်ဖတွေအနေနဲ့ ဒီနေ့မှာ ဂိုးသမား မေညွန်၊ ခံစစ်မှာ တိုဒီဘို၊ အူပါမီကာနို၊ ကလော့စ်နဲ့ သီယို ဟာနန်ဒက်ဇ်တို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဇိုင်ယာ-အမ်မရီ၊ ဟာဗျိုနဲ့ ဂရစ်ဇ်မန်းတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ကိုမွန်၊ အမ်ဘာပေနဲ့ သူရမ်တို့ကို ပွဲထုတ်ခဲ့ပြီး သာမန်ထက် အနည်းငယ် အားနည်းတဲ့ လူစာရင်းကို ထုတ်သုံးလာခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက ဂျီဘရော်လ်တာနောက်ခံလူ ဆန်တို့စ်ရဲ့ အုန်းဂိုးနဲ့ ပြင်သစ်တို့ အဖွင့်လှခဲ့ပြီး တစ်မိနစ်အကြာမှာပဲ မားကပ်စ် သူရမ်က ဒုတိယဂိုး သွင်းခဲ့သလို ပွဲချိန် ၁၆ မိနစ်မှာတော့ လူငယ်ကစားသမား ဇိုင်ယာ-အမ်မရီက တတိယဂိုး သွင်းယူခဲ့ပြီးတဲ့နောက် စကတည်းကမှ အိုးနင်းခွက်နင်းဖြစ်နေတဲ့ အသင်းငယ်လေးအတွက် အုန်းဂိုးရှင် ဆန်တို့စ်က တိုက်ရိုက်အနီကတ်နဲ့ အထုတ်ပယ်ခံခဲ့ရပြန်ပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာ အမ်ဘာပေက ပင်နယ်တီကနေ ပြင်သစ်တို့အတွက် စတုတ္ထဂိုးကို သွင်းယူခဲ့ပြီး ၃၄ မိနစ်မှာတော့ ကလော့စ်က ပဉ္စမဂိုး၊ ပွဲချိန် ၃၆ မိနစ်နဲ့ ၃၇ မိနစ်တွေမှာ ကိုမွန်နဲ့ ဖိုဖာနာတို့က နောက်ထပ်နှစ်ဂိုးဆက်တိုက် သွင်းယူသွားခဲ့ကြလို့ ပထမပိုင်းမှာ အိမ်ရှင်တွေက ခုနစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြတာပါ။

ပထမပိုင်းမှာ ပြင်သစ်တို့ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ကြပြီး ဒုတိယပိုင်းပြန်အစမှာတော့ ပိတ်ကစားနေတဲ့ ဂျီဘရော်လ်တာတို့ကြောင့် ဂိုးထပ်သွင်းဖို့ ခက်နေခဲ့သလို ၈ ဂိုးမြောက်ကို ရရှိဖို့တော့ ပွဲချိန် ၆၃ မိနစ်အထိ စောင့်ဆိုင်းခဲ့ရပြီး ဟာဗျိုက သွင်းယူပေးအပြီးမှာတော့ ပိတ်နေတဲ့ ဂိုးပေါက်က ဆက်တိုက်ပဲ ပြန်ပွင့်သွားခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာ ကိုမွန်၊ ပွဲချိန် ၇၃ မိနစ်မှာတော့ ကိုမွန်နေရာ လူစားဝင်လာခဲ့တဲ့ ဒမ်ဘေလေတို့ကို ၉ ဂိုးနဲ့ ၁၀ ဂိုးမြောက်တွေကို သွင်းယူခဲ့ကြပြီး ပွဲချိန် ၇၄ မိနစ်နဲ့ ၈၂ မိနစ်တွေမှာတော့ အမ်ဘာပေက နှစ်ဂိုးဆက်တိုက်သွင်းယူပြီး သူ့အတွက် နောက်ထပ် နိုင်ငံတကာ ဟက်ထရစ်ကို ပြည့်မြောက်စေခဲ့တာပါ။

ပွဲချိန် ၈၉ မိနစ်နဲ့ နာကျင်အချိန်ပို ၁ မိနစ်တွေမှာတော့ လူစားဝင်တိုက်စစ်မှူး ဂျီရူးက ၁၃ နဲ့ ၁၄ ဂိုးမြောက်တွေကို သွင်းယူပြီး ပြင်သစ်အသင်းအတွက် ဂိုးအများဆုံး စံချိန်ကို ၅၆ ဂိုးနဲ့ တိုးမြှင့်နိုင်ခဲ့အပြီးမှာတော့ ဆယ့်လေးဂိုး-ဂိုးမရှိနဲ့ ဂျီဘရော်လ်တာတို့ကို ချေမှုန်းနိုင်ခဲ့သလို ၇ ပွဲကစား ၇ ပွဲအနိုင်၊ ရာနှုန်းပြည့်ရလဒ်နဲ့ ခြေစစ်ပွဲကို အုပ်စုပထမနေရာ သေချာစွာနဲ့ အောင်မြင်နိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ျပင္သစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂ်ီဘေရာ္လ္တာအသင္းကို ယူ႐ို ေျခစစ္ပြဲသမိုင္းတစ္ေလွ်ာက္ အႀကီးမားဆုံး ႏိုင္ပြဲစံခ်ိန္သစ္နဲ႔ တစ္စစီ ေခ်မႈန္းလိုက္ၿပီး ဂ်ာမနီအသင္းက ဆန္မာရီႏိုအသင္းကို ဆယ့္သုံးဂိုး-ဂိုးမရွိနဲ႔ ၂၀၀၈ ခုႏွစ္က အႏိုင္ယူထားခဲ့တဲ့ စံခ်ိန္ေဟာင္းကို ၁၅ ႏွစ္အၾကာမွာ တစ္ဂိုးအသာနဲ႔ ခ်ိဳးဖ်က္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အိမ္ရွင္ ၾကက္ဖေတြအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေမၫြန္၊ ခံစစ္မွာ တိုဒီဘို၊ အူပါမီကာႏို၊ ကေလာ့စ္နဲ႔ သီယို ဟာနန္ဒက္ဇ္တို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဇိုင္ယာ-အမ္မရီ၊ ဟာဗ်ိဳနဲ႔ ဂရစ္ဇ္မန္းတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ကိုမြန္၊ အမ္ဘာေပနဲ႔ သူရမ္တို႔ကို ပြဲထုတ္ခဲ့ၿပီး သာမန္ထက္ အနည္းငယ္ အားနည္းတဲ့ လူစာရင္းကို ထုတ္သုံးလာခဲ့တာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက ဂ်ီဘေရာ္လ္တာေနာက္ခံလူ ဆန္တို႔စ္ရဲ႕ အုန္းဂိုးနဲ႔ ျပင္သစ္တို႔ အဖြင့္လွခဲ့ၿပီး တစ္မိနစ္အၾကာမွာပဲ မားကပ္စ္ သူရမ္က ဒုတိယဂိုး သြင္းခဲ့သလို ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ လူငယ္ကစားသမား ဇိုင္ယာ-အမ္မရီက တတိယဂိုး သြင္းယူခဲ့ၿပီးတဲ့ေနာက္ စကတည္းကမွ အိုးနင္းခြက္နင္းျဖစ္ေနတဲ့ အသင္းငယ္ေလးအတြက္ အုန္းဂိုးရွင္ ဆန္တို႔စ္က တိုက္႐ိုက္အနီကတ္နဲ႔ အထုတ္ပယ္ခံခဲ့ရျပန္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာ အမ္ဘာေပက ပင္နယ္တီကေန ျပင္သစ္တို႔အတြက္ စတုတၳဂိုးကို သြင္းယူခဲ့ၿပီး ၃၄ မိနစ္မွာေတာ့ ကေလာ့စ္က ပၪၥမဂိုး၊ ပြဲခ်ိန္ ၃၆ မိနစ္နဲ႔ ၃၇ မိနစ္ေတြမွာ ကိုမြန္နဲ႔ ဖိုဖာနာတို႔က ေနာက္ထပ္ႏွစ္ဂိုးဆက္တိုက္ သြင္းယူသြားခဲ့ၾကလို႔ ပထမပိုင္းမွာ အိမ္ရွင္ေတြက ခုနစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကတာပါ။

ပထမပိုင္းမွာ ျပင္သစ္တို႔ ေဘာလုံးပိုင္ဆိုင္မႈ ၆၇ ရာခိုင္ႏႈန္းအထိ ရယူႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းျပန္အစမွာေတာ့ ပိတ္ကစားေနတဲ့ ဂ်ီဘေရာ္လ္တာတို႔ေၾကာင့္ ဂိုးထပ္သြင္းဖို႔ ခက္ေနခဲ့သလို ၈ ဂိုးေျမာက္ကို ရရွိဖို႔ေတာ့ ပြဲခ်ိန္ ၆၃ မိနစ္အထိ ေစာင့္ဆိုင္းခဲ့ရၿပီး ဟာဗ်ိဳက သြင္းယူေပးအၿပီးမွာေတာ့ ပိတ္ေနတဲ့ ဂိုးေပါက္က ဆက္တိုက္ပဲ ျပန္ပြင့္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာ ကိုမြန္၊ ပြဲခ်ိန္ ၇၃ မိနစ္မွာေတာ့ ကိုမြန္ေနရာ လူစားဝင္လာခဲ့တဲ့ ဒမ္ေဘေလတို႔ကို ၉ ဂိုးနဲ႔ ၁၀ ဂိုးေျမာက္ေတြကို သြင္းယူခဲ့ၾကၿပီး ပြဲခ်ိန္ ၇၄ မိနစ္နဲ႔ ၈၂ မိနစ္ေတြမွာေတာ့ အမ္ဘာေပက ႏွစ္ဂိုးဆက္တိုက္သြင္းယူၿပီး သူ႔အတြက္ ေနာက္ထပ္ ႏိုင္ငံတကာ ဟက္ထရစ္ကို ျပည့္ေျမာက္ေစခဲ့တာပါ။

ပြဲခ်ိန္ ၈၉ မိနစ္နဲ႔ နာက်င္အခ်ိန္ပို ၁ မိနစ္ေတြမွာေတာ့ လူစားဝင္တိုက္စစ္မႉး ဂ်ီ႐ူးက ၁၃ နဲ႔ ၁၄ ဂိုးေျမာက္ေတြကို သြင္းယူၿပီး ျပင္သစ္အသင္းအတြက္ ဂိုးအမ်ားဆုံး စံခ်ိန္ကို ၅၆ ဂိုးနဲ႔ တိုးျမႇင့္ႏိုင္ခဲ့အၿပီးမွာေတာ့ ဆယ့္ေလးဂိုး-ဂိုးမရွိနဲ႔ ဂ်ီဘေရာ္လ္တာတို႔ကို ေခ်မႈန္းႏိုင္ခဲ့သလို ၇ ပြဲကစား ၇ ပြဲအႏိုင္၊ ရာႏႈန္းျပည့္ရလဒ္နဲ႔ ေျခစစ္ပြဲကို အုပ္စုပထမေနရာ ေသခ်ာစြာနဲ႔ ေအာင္ျမင္ႏိုင္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.