International

မော်လ်တာနဲ့ပွဲမှာ ပင်နယ်တီငြင်းခံရတဲ့အပြင် အဝါကတ်ပါ ပြခံခဲ့ရတာကို တုံ့ပြန်လိုက်တဲ့ ကိန်း

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ဟာရီ ကိန်းက မော်လ်တာကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ဒိုင်ဗင်ထိုးတဲ့အတွက် အဝါကတ်ပြား ပြသခြင်းခံခဲ့ရတာကို အံ့အားသင့်မိခဲ့တယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း အဲဒီကိစ္စကို ငြင်းပယ်ခဲ့ပါတယ်။

အင်္ဂလန်ဟာ စိတ်အားတက်ကြွနေခဲ့တဲ့ မော်လ်တာနဲ့ ရင်ဆိုင်ကစားခဲ့တဲပွဲမှာ ကစားပုံမကောင်းခဲ့ပေမယ့်လည်း ယူရိုဝင်ခွင့်ကို မျှော်လင့်လို့မရနိုင်တော့တဲ့ အုပ်စုအောက်ဆုံးက အသင်းကိုတော့ အနိုင်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲစဉ်တလျှောက်လုံး ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်အချို့ ရှိခဲ့ပြီး ဒီကလန် ရိုက်ရဲ့ ထူးခြားဆန်းကြယ်တဲ့ သွင်းဂိုးဟာ လူကျွံအနေအထားမှာရှိနေတဲ့ ဟာရီ ကိန်းက ကြားဝင်နှောင့်ယှက်ခဲ့တယ်ဆိုပြီး ငြင်းပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပထမပိုင်းမှာ ဖြစ်ခဲ့တဲ့ အသိသာဆုံးဖြစ်စဉ်ကတော့ ဟာရီ ကိန်း ပင်နယ်တီဧရိယာထဲမှာ မော်လ်တာ ဂိုးသမား ဟင်နရီ ဘိုနယ်လိုရဲ့ ပြစ်ဒဏ်ကျူးလွန်ခြင်းခံခဲ့ရပေမယ့် ဒိုင်လူကြီးက ပင်နယ်တီပေးရမယ့်အစား ဟန်ဆောင်ဒိုင်ဗင်ထိုးတယ်ဆိုပြီး အဝါကတ်ပြခဲ့တာဖြစ်ပါတယ်။

ဝင်ဘလေကွင်းထဲက ကစားသမားတွေနဲ့ ပရိသတ်တွေဟာ ဟာရီ ကိန်းကို အဝါကတ်ပြသခဲ့တဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် ဒေါသပေါက်ကွဲခဲ့ကြပြီး ပင်နယ်တီပေးခဲ့သင့်လား၊ မပေးခဲ့သင့်ဘူးလားဆိုတဲ့ကိစ္စက အခုအထိ အငြင်းအခုံဖြစ်နေဆဲဖြစ်ပါတယ်။

ပွဲအပြီးမှာ ဟာရီ ကိန်းက အရမ်းစိတ်ထဲမရှိပုံပေါ်ပြီး “ကျွန်တော် အဲဒီဆုံးဖြတ်ချက်ကို ပြန်လည်မပြင်ဆင်ခဲ့တဲ့အတွက် အံ့အားသင့်ခဲ့မိပါတယ်။ ဒါပေမယ့် ဒိုင်လူကြီးက ဆုံးဖြတ်ချက်တွေ ချမှတ်ရမှာပါ။ တစ်ခါတလေ VAR က အရမ်းကြီး ကြားမဝင်ချင်ဘူး။ ဒါပေမယ့် အဲဒါက အဲဒီအတိုင်းပဲ ဖြစ်ခဲ့တာပါ။ ဒါက ဘောလုံးဖြစ်ပြီး အဲဒါက ပြိုင်ပွဲရဲ့ အစိတ်အပိုင်းပါ။ ကျွန်တော်တို့ အနိုင်ရခဲ့တဲ့ဆိုတဲ့ အကြောင်းအရာပေါ်မှာပဲ အာရုံစိုက်ခဲ့ပြီး ကျွန်တော်တို့ကို လာမယ့် နွေရာသီမှာ top seed ထဲမှာ ရှိနေစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉး ဟာရီ ကိန္းက ေမာ္လ္တာကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ဒိုင္ဗင္ထိုးတဲ့အတြက္ အဝါကတ္ျပား ျပသျခင္းခံခဲ့ရတာကို အံ့အားသင့္မိခဲ့တယ္လို႔ ေျပာဆိုခဲ့ေပမယ့္လည္း အဲဒီကိစၥကို ျငင္းပယ္ခဲ့ပါတယ္။

အဂၤလန္ဟာ စိတ္အားတက္ႂကြေနခဲ့တဲ့ ေမာ္လ္တာနဲ႔ ရင္ဆိုင္ကစားခဲ့တဲပြဲမွာ ကစားပုံမေကာင္းခဲ့ေပမယ့္လည္း ယူ႐ိုဝင္ခြင့္ကို ေမွ်ာ္လင့္လို႔မရႏိုင္ေတာ့တဲ့ အုပ္စုေအာက္ဆုံးက အသင္းကိုေတာ့ အႏိုင္ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲစဥ္တေလွ်ာက္လုံး ကြင္းလယ္ဒိုင္ရဲ႕ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္အခ်ိဳ႕ ရွိခဲ့ၿပီး ဒီကလန္ ႐ိုက္ရဲ႕ ထူးျခားဆန္းၾကယ္တဲ့ သြင္းဂိုးဟာ လူကြၽံအေနအထားမွာရွိေနတဲ့ ဟာရီ ကိန္းက ၾကားဝင္ေႏွာင့္ယွက္ခဲ့တယ္ဆိုၿပီး ျငင္းပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပထမပိုင္းမွာ ျဖစ္ခဲ့တဲ့ အသိသာဆုံးျဖစ္စဥ္ကေတာ့ ဟာရီ ကိန္း ပင္နယ္တီဧရိယာထဲမွာ ေမာ္လ္တာ ဂိုးသမား ဟင္နရီ ဘိုနယ္လိုရဲ႕ ျပစ္ဒဏ္က်ဴးလြန္ျခင္းခံခဲ့ရေပမယ့္ ဒိုင္လူႀကီးက ပင္နယ္တီေပးရမယ့္အစား ဟန္ေဆာင္ဒိုင္ဗင္ထိုးတယ္ဆိုၿပီး အဝါကတ္ျပခဲ့တာျဖစ္ပါတယ္။

ဝင္ဘေလကြင္းထဲက ကစားသမားေတြနဲ႔ ပရိသတ္ေတြဟာ ဟာရီ ကိန္းကို အဝါကတ္ျပသခဲ့တဲ့ ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ ေဒါသေပါက္ကြဲခဲ့ၾကၿပီး ပင္နယ္တီေပးခဲ့သင့္လား၊ မေပးခဲ့သင့္ဘူးလားဆိုတဲ့ကိစၥက အခုအထိ အျငင္းအခုံျဖစ္ေနဆဲျဖစ္ပါတယ္။

ပြဲအၿပီးမွာ ဟာရီ ကိန္းက အရမ္းစိတ္ထဲမရွိပုံေပၚၿပီး “ကြၽန္ေတာ္ အဲဒီဆုံးျဖတ္ခ်က္ကို ျပန္လည္မျပင္ဆင္ခဲ့တဲ့အတြက္ အံ့အားသင့္ခဲ့မိပါတယ္။ ဒါေပမယ့္ ဒိုင္လူႀကီးက ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ရမွာပါ။ တစ္ခါတေလ VAR က အရမ္းႀကီး ၾကားမဝင္ခ်င္ဘူး။ ဒါေပမယ့္ အဲဒါက အဲဒီအတိုင္းပဲ ျဖစ္ခဲ့တာပါ။ ဒါက ေဘာလုံးျဖစ္ၿပီး အဲဒါက ၿပိဳင္ပြဲရဲ႕ အစိတ္အပိုင္းပါ။ ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့တဲ့ဆိုတဲ့ အေၾကာင္းအရာေပၚမွာပဲ အာ႐ုံစိုက္ခဲ့ၿပီး ကြၽန္ေတာ္တို႔ကို လာမယ့္ ေႏြရာသီမွာ top seed ထဲမွာ ရွိေနေစလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.