Premier League

အမ်းမရိတ်စ်မှာ ဆက်နေစရာအကြောင်းမရှိတော့တဲ့ ရမ်းစ်ဒေးလ်

ချဲလ်ဆီး ဘယ်နောက်ခံကစားသမားဟောင်း စကော့တ် မင်တိုက အာဆင်နယ် ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်အနေနဲ့ မကြာမီအချိန်အတွင်း အမ်းမရိတ်စ်ကို စွန့်ခွာနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ဘောလုံးဝေဖန်သူက ဒီရာသီ ဂန်းနားတွေရဲ့ နံပါတ် ၁ ပွဲထွက်ဂိုးသမားနေရာအတွက် တိုက်ပွဲအပေါ်မှာ သုံးသပ်ခဲ့တာဖြစ်ပြီး ရမ်းစ်ဒေးလ်ဟာ ပြီးခဲ့တဲ့ရာသီ ဆုဖလားစိန်ခေါ်ခဲ့တဲ့ မြောက်လန်ဒန်ကလပ်အသင်းအတွက် အဓိကအစိတ်အပိုင်းဖြစ်ခဲ့သူဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ ဂန်းနားတွေအတွက် အမြဲတမ်း ပွဲထွက်ကစားပေးခဲ့သူဖြစ်ပေမယ့်လည်း ဒီနွေရာသီမှာမှာ ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ရာယာကြောင့် မမျှော်လင့်ထားတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

နည်းပြ အာတီတာက နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ဒေးဗစ် ရာယာကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုနေတာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ၄ ပွဲသာ ပါဝင်ကစားပေးခွင့်ရရှိသေးတာဖြစ်ပါတယ်။

အင်္ဂလန်ဂိုးသမားရဲ့ အမ်းမရိတ်စ်က အနာဂတ်နဲ့ပတ်သက်ပြီး အများက စိတ်ဝင်စားနေကြချိန်မှာ ချဲလ်ဆီးနောက်ခံလူဟောင်း မင်တိုက ရမ်းစ်ဒေးလ်အနေနဲ့ ဒီလိုအခြေအနေကို ကြာကြာတော့ သည်းခံနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“သူ ဆက်နေပြီး ပွဲထွက်ခွင့်နေရာအတွက် တိုက်ပွဲဝင်စရာအကြောင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဆုံးဖြတ်ချက်က ချမှတ်ထားပြီးသားဖြစ်နေလို့ပါ။ ပွဲထွက်ဂိုးသမားက ဒေးဗစ် ရာယာပဲ။ သူ အာဆင်နယ်မှာ ကျောနံပါတ် ၂ ဖြစ်ချင်တယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူက အဲဒီထက်ကို ပိုပြီးကောင်းမွန်တဲ့သူပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ဟာ ဒီရာသီမှာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ပေးဂိုးမရှိပွဲစဉ် ၂ ပွဲ ရရှိအောင် ကူညီပေးထားတဲ့ ကစားသမား ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီး ဘယ္ေနာက္ခံကစားသမားေဟာင္း စေကာ့တ္ မင္တိုက အာဆင္နယ္ ဂိုးသမား အာ႐ြန္ ရမ္းစ္ေဒးလ္အေနနဲ႔ မၾကာမီအခ်ိန္အတြင္း အမ္းမရိတ္စ္ကို စြန႔္ခြာႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

ေဘာလုံးေဝဖန္သူက ဒီရာသီ ဂန္းနားေတြရဲ႕ နံပါတ္ ၁ ပြဲထြက္ဂိုးသမားေနရာအတြက္ တိုက္ပြဲအေပၚမွာ သုံးသပ္ခဲ့တာျဖစ္ၿပီး ရမ္းစ္ေဒးလ္ဟာ ၿပီးခဲ့တဲ့ရာသီ ဆုဖလားစိန္ေခၚခဲ့တဲ့ ေျမာက္လန္ဒန္ကလပ္အသင္းအတြက္ အဓိကအစိတ္အပိုင္းျဖစ္ခဲ့သူျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ဂိုးသမားဟာ ဂန္းနားေတြအတြက္ အၿမဲတမ္း ပြဲထြက္ကစားေပးခဲ့သူျဖစ္ေပမယ့္လည္း ဒီေႏြရာသီမွာမွာ ဘရန႔္တ္ဖို႔ဒ္ကေန အငွားနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ရာယာေၾကာင့္ မေမွ်ာ္လင့္ထားတဲ့အေျခအေနနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

နည္းျပ အာတီတာက ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ေဒးဗစ္ ရာယာကို ပြဲထြက္ဂိုးသမားအျဖစ္ အသုံးျပဳေနတာေၾကာင့္ ဒီရာသီ ပရီးမီးယားလိဂ္မွာ ၄ ပြဲသာ ပါဝင္ကစားေပးခြင့္ရရွိေသးတာျဖစ္ပါတယ္။

အဂၤလန္ဂိုးသမားရဲ႕ အမ္းမရိတ္စ္က အနာဂတ္နဲ႔ပတ္သက္ၿပီး အမ်ားက စိတ္ဝင္စားေနၾကခ်ိန္မွာ ခ်ဲလ္ဆီးေနာက္ခံလူေဟာင္း မင္တိုက ရမ္းစ္ေဒးလ္အေနနဲ႔ ဒီလိုအေျခအေနကို ၾကာၾကာေတာ့ သည္းခံႏိုင္မွာမဟုတ္ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“သူ ဆက္ေနၿပီး ပြဲထြက္ခြင့္ေနရာအတြက္ တိုက္ပြဲဝင္စရာအေၾကာင္းမရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ ဆုံးျဖတ္ခ်က္က ခ်မွတ္ထားၿပီးသားျဖစ္ေနလို႔ပါ။ ပြဲထြက္ဂိုးသမားက ေဒးဗစ္ ရာယာပဲ။ သူ အာဆင္နယ္မွာ ေက်ာနံပါတ္ ၂ ျဖစ္ခ်င္တယ္ဆိုရင္ေတာ့ အဆင္ေျပပါတယ္။ ဒါေပမယ့္ သူက အဲဒီထက္ကို ပိုၿပီးေကာင္းမြန္တဲ့သူပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္ဟာ ဒီရာသီမွာ အာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံ စုစုေပါင္း ၇ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ေပးဂိုးမရွိပြဲစဥ္ ၂ ပြဲ ရရွိေအာင္ ကူညီေပးထားတဲ့ ကစားသမား ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.