Premier League

နော်ဝေအတွက် ကြောက်မက်ဖွယ်ကန်ချက်နဲ့ ပထမဆုံးဂိုးသွင်းယူခဲ့တဲ့ စီးတီးရွက်ပုန်းသီးလေး

မန်ချက်စတာစီးတီး လူငယ်ကြယ်ပွင့် အော်စကာဘော့ဘ်ဟာ ကြာသပတေးနေ့ညနေက ဖာရိုး ကျွန်းစုများနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ နော်ဝေအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဘော့ဘ်ဟာ ပင်နယ်တီဧရိယာစွန်ကနေ ဘောလုံးကို လက်ခံရယူခဲ့ပြီးနောက် ပြိုင်ဘက် နောက်ခံလူတွေ ပိတ်ဆို့ထားတဲ့ကြားကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ဖာရိုး ကျွန်းစုများဂိုးသမား လှုပ်ချိန်တောင် မရခဲ့တာဖြစ်ပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဘော့ဘ်အတွက် အလွန်ကောင်းမွန်တဲ့ရာသီဖြစ်လာနိုင်ပြီး မန်စီးတီးလူငယ်ကြယ်ပွင့်ဟာ စက်တင်ဘာလက ဖူလ်ဟမ်ကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲဦးထွက်ခွင့်ရခဲ့ပြီးနောက် အဲဒီပွဲစဉ်ရဲ့ ၅ ဂိုးမြောက် ဂိုးကို သွင်းယူရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ယခုနွေရာသီမှာ ရီယက်ဒ် မာရက်ဇ်နဲ့ ကိုး ပါလ်မာတို့ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တာကလည်း တောင်ပံနေရာမှာ ဘော့ဘ်အတွက် ပါဝင်ကစားပေးဖို့ အခွင့်အရေး ရလာစေခဲ့တာ ဖြစ်ပါတယ်။ ဂျယ်ရမီး ဒိုကုတစ်ဦးတည်းကိုသာ တိုက်စစ်အတွက် မန်ချက်စတာစီးတီးက ခေါ်ယူခဲ့တာဖြစ်ပြီး ယူလီယန် အယ်လ်ဗာရက်ဇ်က ကီဗင် ဒီဘရိုင်းနား ဒဏ်ရာရရှိနေတာကြောင့် ကွင်းလယ်မှာ ကစားပေးနေတာ ဖြစ်ပါတယ်။

ဘော့ဘ်ဟာ ယခုလအစောပိုင်းတုန်းက ဘုန်းမောက်ကို ၆-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ဖြတ်တင်ပေးပို့မှုနဲ့ နေသန် အာကီ ဂိုးသွင်းယူနိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီး လူငယ္ၾကယ္ပြင့္ ေအာ္စကာေဘာ့ဘ္ဟာ ၾကာသပေတးေန႔ညေနက ဖာ႐ိုး ကြၽန္းစုမ်ားနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ ေနာ္ေဝအတြက္ ပထမဆုံးသြင္းဂိုးကို သြင္းယူေပးခဲ့ပါတယ္။

ေဘာ့ဘ္ဟာ ပင္နယ္တီဧရိယာစြန္ကေန ေဘာလုံးကို လက္ခံရယူခဲ့ၿပီးေနာက္ ၿပိဳင္ဘက္ ေနာက္ခံလူေတြ ပိတ္ဆို႔ထားတဲ့ၾကားကေန ဘယ္ေျခနဲ႔ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ဖာ႐ိုး ကြၽန္းစုမ်ားဂိုးသမား လႈပ္ခ်ိန္ေတာင္ မရခဲ့တာျဖစ္ပါတယ္။

အသက္ ၂၀ အ႐ြယ္ရွိၿပီျဖစ္တဲ့ ေဘာ့ဘ္အတြက္ အလြန္ေကာင္းမြန္တဲ့ရာသီျဖစ္လာႏိုင္ၿပီး မန္စီးတီးလူငယ္ၾကယ္ပြင့္ဟာ စက္တင္ဘာလက ဖူလ္ဟမ္ကို ၅-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပရီးမီးယားလိဂ္ပြဲဦးထြက္ခြင့္ရခဲ့ၿပီးေနာက္ အဲဒီပြဲစဥ္ရဲ႕ ၅ ဂိုးေျမာက္ ဂိုးကို သြင္းယူရာမွာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ ယခုေႏြရာသီမွာ ရီယက္ဒ္ မာရက္ဇ္နဲ႔ ကိုး ပါလ္မာတို႔ကို ေရာင္းထုတ္ဖို႔ ဆုံးျဖတ္ခဲ့တာကလည္း ေတာင္ပံေနရာမွာ ေဘာ့ဘ္အတြက္ ပါဝင္ကစားေပးဖို႔ အခြင့္အေရး ရလာေစခဲ့တာ ျဖစ္ပါတယ္။ ဂ်ယ္ရမီး ဒိုကုတစ္ဦးတည္းကိုသာ တိုက္စစ္အတြက္ မန္ခ်က္စတာစီးတီးက ေခၚယူခဲ့တာျဖစ္ၿပီး ယူလီယန္ အယ္လ္ဗာရက္ဇ္က ကီဗင္ ဒီဘ႐ိုင္းနား ဒဏ္ရာရရွိေနတာေၾကာင့္ ကြင္းလယ္မွာ ကစားေပးေနတာ ျဖစ္ပါတယ္။

ေဘာ့ဘ္ဟာ ယခုလအေစာပိုင္းတုန္းက ဘုန္းေမာက္ကို ၆-၁ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ပထမဆုံး ပရီးမီးယားလိဂ္မွာ ဂိုးဖန္တီးမႈ ျပဳလုပ္ႏိုင္ခဲ့ၿပီး အလြန္ေကာင္းမြန္တဲ့ ျဖတ္တင္ေပးပို႔မႈနဲ႔ ေနသန္ အာကီ ဂိုးသြင္းယူႏိုင္ေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.