Match Report Premier League

ဒီဘ႐ိုင္းနား မပါေပမယ့္ အိမ္ကြင္းမွာ ဂြါဒီယိုလာရဲ႕ ပုံစံအတုိင္းပဲ မန္စီးတီးတုိ႔ အႏုိင္ယူ

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ အဓိကကစားသမား ကီဗင္ ဒီဘ႐ိုင္းနားကို ဆုံးရွဳံးထားခဲ့ရေပမယ့္ က်န္တဲ့ ကစားသမားေတြရဲ႕ ျဖည့္ဆည္းကစား၊ တြဲလုံးေတြနဲ႔အတူ အာဆင္နယ္အသင္းကို တစ္လုံးတည္းေသာဂိုးနဲ႔ အႏုိင္ယူၿပီး အဆင့္ ၁၀ ေနရာကို တစ္ပြဲေလ်ာ့နဲ႔ ျပန္လည္တက္ေရာက္လာႏုိင္ခဲ့ပါတယ္။

အေထာင္တုိက္စစ္မွဴး မပါဘဲ ကစားခဲ့တဲ့ အာဆင္နယ္အသင္းကေတာ့ Break ေတြမွာ ထိေရာက္ေပမယ့္ Build-up Play ေတြမွာ Focal Point အျဖစ္ ေဘာလုံးကိုင္ေပးမယ့္သူ မရွိလို႔ ကစားကြက္က မေအာင္ျမင္ခဲ့သလို ညာေတာင္ပံက ေပေပဟာလည္း ေျခမွန္မရွိတာေၾကာင့္ တုိက္စစ္က ႐ုန္းကန္ေနခဲ့ရပါတယ္။

ညာေတာင္ပံက မာရက္ဇ္နဲ႔ ဒဏ္ရာကေန ျပန္လည္ပါဝင္လာခဲ့တဲ့ အေဂြ႐ိုတုိ႔ရဲ႕ တုိက္စစ္က အာဆင္နယ္ကို အတုိင္းအတာတစ္ခုအထိ ဖိအားေပးႏိုင္ေပမယ့္ ကီရန္ တီယာနီနဲ႔ ဂါဘရီယယ္လ္တုိ႔ဘက္က မာေက်ာမွဳေၾကာင့္ မ်ားမ်ားစားစားေတာ့ အခြင့္အေရးမရခဲ့ပါဘူး။

ဒီအခ်ိန္မွာ အင္အားနည္းတာကေတာ့ အာဆင္နယ္ ညာျခမ္းပဲျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၂၃ မိနစ္မွာ ဘယ္ျခမ္းကေန ဖိုဒန္ကန္သြင္းတာကို လီႏိုရဲ႕ ကာကြယ္ပုံ မေသသပ္တာကတစ္ဆင့္ လြတ္ေနတဲ့ စတာလင္က ပိတ္သြင္းယူသြားခဲ့ပါတယ္။ လီႏိုဟာ အနီးကပ္ေတြမွာ လက္ထားပုံေတြ ညံ့တာကို ေတြ႕ရၿပီး လီဗာပူးလ္နဲ႔ပြဲမွာလည္း ဒီလိုပဲ အႏၲရာယ္ႀကီးတဲ့ ေနရာကို ျပန္ထြက္လာတဲ့ ေဘာလုံးက ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ေတာင္ပံကစားသမားေတြက ႏွစ္ဖက္ဂိုးသမားေတြကို အကဲစမ္းခဲ့ၾကေပမယ့္ ပုတ္ထုတ္ခံရတာထက္ မပိုလို႔ ပထမပုိင္းကို အိမ္ရွင္ မန္ခ်က္စတာစီးတီးတုိ႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္သြားႏိုင္ခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ အာဆင္နယ္တုိ႔ ကစားအားတင္လာေပမယ့္ အေထာင္တုိက္စစ္မွဴး မပါဝင္သလို Central Role နဲ႔ အသားမက်တဲ့ အူဘာမီယန္းနဲ႔ ပြဲႀကီးေတြမွာ လိုအပ္ခ်က္ေတြ ရွိေနဆဲျဖစ္တဲ့ ဝီလီယန္နဲ႔ ေပေပတုိ႔ေၾကာင့္ တိုက္စစ္ဆင္လာတဲ့ ေဘာလုံးေတြက ဂိုးဧရိယာနားမွာပဲ ပ်က္ျပယ္သြားခဲ့ၾကပါတယ္။

မန္စီးတီးကေတာ့ ဂိုးထပ္ရဖို႔ထက္ ဂိုးျပန္မေပးဘဲ ကြင္းလယ္မွာ ထိန္းကစားၿပီး အမွားေစာင့္ကစားဖို႔ အေဂြ႐ိုအစား ကိုဗစ္ကေန သက္သာလာခဲ့တဲ့ ဂြန္ဒိုးဝမ္ကို ထည့္ကစားခဲ့သလို အာဆင္နယ္ကေတာ့ လာကာဇက္နဲ႔ နကီးတီးယားတုိ႔ကို ထပ္ထည့္ခဲ့ေပမယ့္ စုဖြဲ႕မွဳေကာင္းနဲ႔ ဒီယက္စ္ ဦးေဆာင္တဲ့ ခံစစ္ေၾကာင့္ သိပ္ေတာ့ မထူးျခားခဲ့တာကို ေတြ႕ရပါတယ္။

ဒီေနာက္ပုိင္းမွာေတာ့ ကြင္းလယ္မွာ ထိန္းကစားသြားခဲ့တဲ့ မန္စီးတီးေၾကာင့္ အာဆင္နယ္တုိ႔ အခြင့္အေရး သိပ္မရေတာ့သလို ေကာင္းမြန္တဲ့ ဖန္တီးမွဳေတြလည္း မရွိတာေၾကာင့္ ေခ်ပဂိုး မရယူႏုိင္ေတာ့ဘဲ ပထမပုိင္းက ရလဒ္အတုိင္း ပြဲၿပီးဆုံးခဲ့ၿပီး အစ္တီဟတ္မွာ အိမ္ရွင္ေတြ ေအာင္ပြဲခံႏုိင္ခဲ့ၾကပါတယ္။

ဒီေန႔ပြဲမွာ ႏွစ္သင္းၾကား အဓိက ကြာဟခ်က္ကေတာ့ ေနာက္တန္းနဲ႔ ဂိုးသမားေတြရဲ႕ ကြာလတီေတြပဲျဖစ္ၿပီး အာဆင္နယ္ဘက္က လုပ္မိတဲ့ အမွားတစ္ခ်က္နဲ႔ တစ္ဂိုးက သူတုိ႔ရဲ႕ ဒီရာသီ Big Six နဲ႔ ေတြ႕ဆုံမွဳ ဒုတိယအႀကိမ္မွာ ဒုတိယေျမာက္ရွဳံးပြဲ ႀကဳံသြားခဲ့ၿပီး မန္ခ်က္စတာစီးတီးကေတာ့ တစ္ပြဲေလွ်ာ့ကစားထားၿပီး အဆင့္ ၁၀ ေနရာကို ျပန္လည္တက္ေရာက္လာႏုိင္ခဲ့ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ အဓိကကစားသမား ကီဗင် ဒီဘရိုင်းနားကို ဆုံးရှုံးထားခဲ့ရပေမယ့် ကျန်တဲ့ ကစားသမားတွေရဲ့ ဖြည့်ဆည်းကစား၊ တွဲလုံးတွေနဲ့အတူ အာဆင်နယ်အသင်းကို တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ယူပြီး အဆင့် ၁၀ နေရာကို တစ်ပွဲလျော့နဲ့ ပြန်လည်တက်ရောက်လာနိုင်ခဲ့ပါတယ်။

အထောင်တိုက်စစ်မှူးမပါဘဲ ကစားခဲ့တဲ့ အာဆင်နယ်အသင်းကတော့ Break တွေမှာ ထိရောက်ပေမယ့် Build-up Play တွေမှာ Focal Point အဖြစ် ဘောလုံးကိုင်ပေးမယ့်သူ မရှိလို့ ကစားကွက်က မအောင်မြင်ခဲ့သလို ညာတောင်ပံက ပေပေဟာလည်း ခြေမှန်မရှိတာကြောင့် တိုက်စစ်က ရုန်းကန်နေခဲ့ရပါတယ်။

ညာတောင်ပံက မာရက်ဇ်နဲ့ ဒဏ်ရာကနေ ပြန်လည်ပါဝင်လာခဲ့တဲ့ အဂွေရိုတို့ရဲ့ တိုက်စစ်က အာဆင်နယ်ကို အတိုင်းအတာတစ်ခုအထိ ဖိအားပေးနိုင်ပေမယ့် ကီရန် တီယာနီနဲ့ ဂါဘရီယယ်လ်တို့ဘက်က မာကျောမှုကြောင့် များများစားစားတော့ အခွင့်အရေးမရခဲ့ပါဘူး။

ဒီအချိန်မှာ အင်အားနည်းတာကတော့ အာဆင်နယ် ညာခြမ်းပဲဖြစ်ခဲ့ပြီး ပွဲချိန် ၂၃ မိနစ်မှာ ဘယ်ခြမ်းကနေ ဖိုဒန်ကန်သွင်းတာကို လီနိုရဲ့ ကာကွယ်ပုံ မသေသပ်တာကတစ်ဆင့် လွတ်နေတဲ့ စတာလင်က ပိတ်သွင်းယူသွားခဲ့ပါတယ်။ လီနိုဟာ အနီးကပ်တွေမှာ လက်ထားပုံတွေ ညံ့တာကို တွေ့ရပြီး လီဗာပူးလ်နဲ့ပွဲမှာလည်း ဒီလိုပဲ အန္တရာယ်ကြီးတဲ့ နေရာကို ပြန်ထွက်လာတဲ့ ဘောလုံးက ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ တောင်ပံကစားသမားတွေက နှစ်ဖက်ဂိုးသမားတွေကို အကဲစမ်းခဲ့ကြပေမယ့် ပုတ်ထုတ်ခံရတာထက် မပိုလို့ ပထမပိုင်းကို အိမ်ရှင် မန်ချက်စတာစီးတီးတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်တို့ ကစားအားတင်လာပေမယ့် အထောင်တိုက်စစ်မှူး မပါဝင်သလို Central Role နဲ့ အသားမကျတဲ့ အူဘာမီယန်းနဲ့ ပွဲကြီးတွေမှာ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တဲ့ ဝီလီယန်နဲ့ ပေပေတို့ကြောင့် တိုက်စစ်ဆင်လာတဲ့ ဘောလုံးတွေက ဂိုးဧရိယာနားမှာပဲ ပျက်ပြယ်သွားခဲ့ကြပါတယ်။

မန်စီးတီးကတော့ ဂိုးထပ်ရဖို့ထက် ဂိုးပြန်မပေးဘဲ ကွင်းလယ်မှာ ထိန်းကစားပြီး အမှားစောင့်ကစားဖို့ အဂွေရိုအစား ကိုဗစ်ကနေ သက်သာလာခဲ့တဲ့ ဂွန်ဒိုးဝမ်ကို ထည့်ကစားခဲ့သလို အာဆင်နယ်ကတော့ လာကာဇက်နဲ့ နကီးတီးယားတို့ကို ထပ်ထည့်ခဲ့ပေမယ့် စုဖွဲ့မှုကောင်းနဲ့ ဒီယက်စ်ဦးဆောင်တဲ့ ခံစစ်ကြောင့် သိပ်တော့ မထူးခြားခဲ့တာကို တွေ့ရပါတယ်။

ဒီနောက်ပိုင်းမှာတော့ ကွင်းလယ်မှာ ထိန်းကစားသွားခဲ့တဲ့ မန်စီးတီးကြောင့် အာဆင်နယ်တို့ အခွင့်အရေး သိပ်မရတော့သလို ကောင်းမွန်တဲ့ ဖန်တီးမှုတွေလည်း မရှိတာကြောင့် ချေပဂိုး မရယူနိုင်တော့ဘဲ ပထမပိုင်းက ရလဒ်အတိုင်း ပွဲပြီးဆုံးခဲ့ပြီး အစ်တီဟတ်မှာ အိမ်ရှင်တွေ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းကြား အဓိက ကွာဟချက်ကတော့ နောက်တန်းနဲ့ ဂိုးသမားတွေရဲ့ ကွာလတီတွေပဲဖြစ်ပြီး အာဆင်နယ်ဘက်က လုပ်မိတဲ့ အမှားတစ်ချက်နဲ့ တစ်ဂိုးက သူတို့ရဲ့ ဒီရာသီ Big Six နဲ့ တွေ့ဆုံမှု ဒုတိယအကြိမ်မှာ ဒုတိယမြောက်ရှုံးပွဲ ကြုံသွားခဲ့ပြီး မန်ချက်စတာစီးတီးကတော့ တစ်ပွဲလျှော့ကစားထားပြီး အဆင့် ၁၀ နေရာကို ပြန်လည်တက်ရောက်လာနိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: EVENING STANDARD
PHOTOS CREDIT TO OWNERS
SPORTS A2Z.