Match Report Premier League

ပြဲၿပီးခါနီး သြင္းဂိုးေတြနဲ႔ လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာခဲ့တဲ့ မန္ခ်က္စတာယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ဒီေန႔မွာေတာ့ နယူးကာဆယ္လ္ယူႏုိက္တက္အသင္းကို အေဝးကြင္း စိန္႔ဂ်ိမ္းစ္ပါ့ခ္မွာ တစ္ဖက္သတ္ ဖိကစားႏုိင္ခဲ့သလို ပြဲရဲ႕ Closing Stages ေတြမွာ သုံးဂိုးဆက္တိုက္သြင္းယူႏုိင္ခဲ့ၿပီး ေအာင္ပြဲခံႏုိင္ခဲ့တာျဖစ္သလို အသင္းရဲ႕ က်ဆင္းေနတဲ့ ရလဒ္ေတြအတြက္ ပူပင္ေနခဲ့ရတဲ့ ပရိသတ္ေတြအတြက္လည္း စိတ္ခ်မ္းသာစရာျဖစ္ခဲ့ပါတယ္။

မာစီယယ္လ္ပြဲပယ္ခံထားရတဲ့ ယူႏုိက္တက္တို႔အေနနဲ႔ ဂရင္းဝုဒ္ကိုပါ အနားေပးသြားခဲ့ၿပီး အရန္စာရင္းက ဂ်ိမ္းစ္နဲ႔ မာတာတုိ႔ကို ထုတ္သုံးခဲ့သလို ကြင္းလယ္မွာလည္း ဖလားပြဲကစားသမားေတြျဖစ္တဲ့ မက္ေတာ္မီေနးနဲ႔ ဖရက္ဒ္တို႔ကို သုံးစြဲသြားခဲ့ေပမယ့္ အဆုံးသတ္မွာ ေအာင္ပြဲခံႏုိင္ခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ အဖြင့္ဂိုးရခဲ့သူကေတာ့ အိမ္ရွင္ နယူးကာဆယ္လ္တုိ႔ျဖစ္ၿပီ ပြဲခ်ိန္ ၂ မိနစ္မွာကတည္းက ေတာင္ပံကေန ညာေနာက္ခံလူ အီမီလ္ ခရတ္ဖ္ ခ်ဳိးေပးတာကို လုခ္ေရွာ တားဆီးရာမွာ သူ႕ေျခေထာက္နဲ႔ ထိခဲ့တဲ့ ေဘာလုံးက ဒေဟးယားကို ေက်ာ္ၿပီး ဝင္သြားခဲ့လို႔ ေစာေစာစီးစီးပဲ ယူႏုိက္တက္တုိ႔ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ မန္ခ်က္စတာယူႏုိက္တက္တုိ႔ ေခ်ပဂိုး ျပန္ရခဲ့ၿပီး မာတာက သူ႕ေၾကာင့္ရတဲ့ ေထာင့္ကန္ေဘာကို ကိုယ္တုိင္ ကန္တင္ေပးတာကေန အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားက ေခါင္းခုန္တုိက္ၿပီး သြင္းယူေပးႏုိင္ခဲ့တာလည္းျဖစ္ပါတယ္။

ေတာင္ပံတုိက္စစ္မွဴး စန္မက္ဇီမန္ရဲ႕ ကန္ခ်က္တစ္ႀကိမ္ကို ဒေဟးယား ကာကြယ္ခဲ့ရတာကလြဲလို႔ ေခ်ပဂိုးေနာက္ပုိင္းမွာ ယူႏုိက္တက္တုိ႔ ပုိဖိကစားႏုိင္ခဲ့ၿပီး နယူးကာဆယ္လ္ဂိုးသမား ကားလ္ ဒါလိုး လက္စြမ္းျပေနခဲ့လုိ႔ ပထမပိုင္းမွာ တစ္ဂိုးစီ သေရရလဒ္ ထြက္ေပၚႏုိင္ခဲ့တာပါ။

ဒုတိယပုိင္းမွာေတာ့ အိမ္ရွင္ငွက္က်ားေတြရဲ႕ တုိက္စစ္မွဴး ဝီလ္ဆန္ အနီးကပ္ကပ္သြင္းတာကို ဂိုးစည္းေပၚကေန ဒေဟးယား ကာကြယ္ခဲ့ရၿပီး ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္ေၾကာင့္ VAR ျပန္ၾကည့္ၿပီး ရရွိသြားခဲ့တဲ့ ပင္နယ္တီကို ဘ႐ူႏို ဖာနန္ဒက္စ္ကန္ရာမွာ မလွဳပ္ဘဲ ေစာင့္ဆုိင္းေနခဲ့တဲ့ ဂိုးသမား ဒါလိုး ကာကြယ္သြားခဲ့ၿပီး သူ႕ရဲ႕ ပင္နယ္တီ ရာႏွဳန္းျပည့္မွတ္တမ္းက ရပ္တန္႔ခဲ့ရပါတယ္။

အသင္းခ်င္းက ေျခစြမ္းခ်င္းလည္း ကြာဟေနတာျဖစ္လို႔ အႏုိင္လိုခ်င္တဲ့ ယူႏုိက္တက္တို႔ ေပါ့ဘာနဲ႔ ဗန္ဒဘိခ္တုိ႔ကို လူစားသြင္းၿပီး ဖိကစားခဲ့သလို ဂိုးသြင္းခြင့္ေတြလည္း ေတာ္ေတာ္မ်ားမ်ားရခဲ့ၿပီး ၂၈ ႀကိမ္မွာ ၁၄ ႀကိမ္ ဂိုးေပါက္တည့္ခဲ့သလို ဂိုးသမား ဒါလုိးကေတာ့ ၈ ႀကိမ္ကို မွတ္မွတ္ထင္ထင္ ကာကြယ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၆ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ရက္ရွ္ဖို႔ဒ္ ေတာက္ေလွ်ာက္ဆြဲေျပးလာၿပီး ဂိုးဧရိယာထဲကို ကန္မလို ပုံစံနဲ႔ ထိုးေဖာက္ခ်ိန္မွာ ေဘးက လုိက္လာခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ဆီ ခ်ေပးခဲ့ၿပီး ေပၚတူဂီသားက သူ႕ရဲ႕ ပင္နယ္တီ မဝင္ခဲ့တဲ့ အမွားကို ေထာင့္က်ဥ္းထဲကေန သပ္သပ္ရပ္ရပ္ ကန္သြင္းၿပီး အႏုိင္ဂိုးအျဖစ္ အဆုံးသတ္ႏုိင္ခဲ့တာျဖစ္ပါတယ္။ ဒီဂိုးမွာေတာ့ ဝါရင့္ကစားသမား မာတာရဲ႕ Key Pass က အသက္ျဖစ္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၉၀ မွာေတာ့ ညာျခမ္းကေန ေဘာလုံးနဲ႔အတူ တုိက္စစ္လုိက္ပါလာတဲ့ ေနာက္ခံလူ ဝန္ဘစ္ဆာကာက ရက္ရွ္ဖို႔ဒ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ဂိုးဧရိယာထဲအေရာက္မွာ အေပၚေထာင့္ကို အျပင္းကန္သြင္းခဲ့ရမွာ တစ္ခ်ိန္လုံးကာကြယ္ေနခဲ့တဲ့ ဒါလိုး ဘာမွ မတတ္ႏုိင္ဘဲ ဂိုးဝင္သြားခဲ့လို႔ ဧည့္သည္ေတြကို အႏုိင္ေသခ်ာေစခဲ့ပါတယ္။

တုိက္စစ္ကစားေနခဲ့တဲ့ ယူႏုိက္တက္တုိ႔ရဲ႕ သြင္းဂိုးေတြကေတာ့ ဒီေလာက္နဲ႔ ရပ္တန္႔မသြားေသးဘဲ နာက်င္အခ်ိန္ပို ၆ မိနစ္မွာ ေနာက္ထပ္ တစ္ဂိုး ရရွိခဲ့ၿပီး ေနာက္ဆုံးဂိုးေၾကာင့္ အားေလ်ာ့သြားခဲ့တဲ့ ငွက္က်ားေတြရဲ႕ ေလ်ာ့တိေလ်ာ့ရဲ ေနရာယူပုံမွာ ေတာင္ပံက လြတ္ေနခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဆီ ဖာနန္ဒက္စ္က အေဝးေဘာကန္တင္ေပးခဲ့ရာမွာ Mr.MBE က အတြင္းကို ခ်ဳိးဝင္ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ အႏိုင္ယူသြားႏုိင္ခဲ့လို႔ ေလးဂိုး-တစ္ဂိုးနဲ႔ စိန္႔ဂ်ိမ္းစ္ပါ့ခ္မွာ ေအာင္ပြဲခံႏုိင္ခဲ့ပါတယ္။

ဒီေန႔ပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာယူႏုိက္တက္တုိ႔အေနနဲ႔ အသင္းရဲ႕ စိတ္ဓာတ္ပုိင္းကို ျပန္လည္ျမႇင့္တင္ႏုိင္ခဲ့သလို ေလးပြဲကစား ႏွစ္ပြဲႏုိင္ ႏွစ္ပြဲရွဳံး၊ ရမွတ္ ၆ မွတ္နဲ႔ အဆင့္ ၁၄ ကို ေရာက္ရွိလာခဲ့ၿပီး အသင္းႀကီးတစ္သင္းရဲ႕ ပုံစံေကာင္းနဲ႔ လမ္းေၾကာင္းမွန္ေပၚကို ျပန္လည္တက္လွမ္းဖုိ႔ ပထမဆုံး ေျခလွမ္းကို လွမ္းႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း ေရးသားလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့မှာတော့ နယူးကာဆယ်လ်ယူနိုက်တက်အသင်းကို အဝေးကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ တစ်ဖက်သတ် ဖိကစားနိုင်ခဲ့သလို ပွဲရဲ့ Closing Stages တွေမှာ သုံးဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့တာဖြစ်သလို အသင်းရဲ့ ကျဆင်းနေတဲ့ ရလဒ်တွေအတွက် ပူပင်နေခဲ့ရတဲ့ ပရိသတ်တွေအတွက်လည်း စိတ်ချမ်းသာစရာဖြစ်ခဲ့ပါတယ်။

မာစီယယ်လ်ပွဲပယ်ခံထားရတဲ့ ယူနိုက်တက်တို့အနေနဲ့ ဂရင်းဝုဒ်ကိုပါ အနားပေးသွားခဲ့ပြီး အရန်စာရင်းက ဂျိမ်းစ်နဲ့ မာတာတို့ကို ထုတ်သုံးခဲ့သလို ကွင်းလယ်မှာလည်း ဖလားပွဲကစားသမားတွေဖြစ်တဲ့ မက်တော်မီနေးနဲ့ ဖရက်ဒ်တို့ကို သုံးစွဲသွားခဲ့ပေမယ့် အဆုံးသတ်မှာ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အဖွင့်ဂိုးရခဲ့သူကတော့ အိမ်ရှင် နယူးကာဆယ်လ်တို့ဖြစ်ပြီ ပွဲချိန် ၂ မိနစ်မှာကတည်းက တောင်ပံကနေ ညာနောက်ခံလူ အီမီလ် ခရတ်ဖ် ချိုးပေးတာကို လုခ်ရှော တားဆီးရာမှာ သူ့ခြေထောက်နဲ့ ထိခဲ့တဲ့ ဘောလုံးက ဒဟေးယားကို ကျော်ပြီး ဝင်သွားခဲ့လို့ စောစောစီးစီးပဲ ယူနိုက်တက်တို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ ချေပဂိုး ပြန်ရခဲ့ပြီး မာတာက သူ့ကြောင့်ရတဲ့ ထောင့်ကန်ဘောကို ကိုယ်တိုင် ကန်တင်ပေးတာကနေ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားက ခေါင်းခုန်တိုက်ပြီး သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

တောင်ပံတိုက်စစ်မှူး စန်မက်ဇီမန်ရဲ့ ကန်ချက်တစ်ကြိမ်ကို ဒဟေးယား ကာကွယ်ခဲ့ရတာကလွဲလို့ ချေပဂိုးနောက်ပိုင်းမှာ ယူနိုက်တက်တို့ ပိုဖိကစားနိုင်ခဲ့ပြီး နယူးကာဆယ်လ်ဂိုးသမား ကားလ် ဒါလိုး လက်စွမ်းပြနေခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အိမ်ရှင်ငှက်ကျားတွေရဲ့ တိုက်စစ်မှူး ဝီလ်ဆန် အနီးကပ်ကပ်သွင်းတာကို ဂိုးစည်းပေါ်ကနေ ဒဟေးယား ကာကွယ်ခဲ့ရပြီး ပွဲချိန် ၅၆ မိနစ်မှာတော့ ရက်ရှ်ဖို့ဒ်ကြောင့် VAR ပြန်ကြည့်ပြီး ရရှိသွားခဲ့တဲ့ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်စ်ကန်ရာမှာ မလှုပ်ဘဲ စောင့်ဆိုင်းနေခဲ့တဲ့ ဂိုးသမား ဒါလိုး ကာကွယ်သွားခဲ့ပြီး သူ့ရဲ့ ပင်နယ်တီ ရာနှုန်းပြည့်မှတ်တမ်းက ရပ်တန့်ခဲ့ရပါတယ်။

အသင်းချင်းက ခြေစွမ်းချင်းလည်း ကွာဟနေတာဖြစ်လို့ အနိုင်လိုချင်တဲ့ ယူနိုက်တက်တို့ ပေါ့ဘာနဲ့ ဗန်ဒဘိခ်တို့ကို လူစားသွင်းပြီး ဖိကစားခဲ့သလို ဂိုးသွင်းခွင့်တွေလည်း တော်တော်များများရခဲ့ပြီး ၂၈ ကြိမ်မှာ ၁၄ ကြိမ် ဂိုးပေါက်တည့်ခဲ့သလို ဂိုးသမား ဒါလိုးကတော့ ၈ ကြိမ်ကို မှတ်မှတ်ထင်ထင် ကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် ၈၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ရက်ရှ်ဖို့ဒ် တောက်လျှောက်ဆွဲပြေးလာပြီး ဂိုးဧရိယာထဲကို ကန်မလို ပုံစံနဲ့ ထိုးဖောက်ချိန်မှာ ဘေးက လိုက်လာခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ဆီ ချပေးခဲ့ပြီး ပေါ်တူဂီသားက သူ့ရဲ့ ပင်နယ်တီ မဝင်ခဲ့တဲ့ အမှားကို ထောင့်ကျဉ်းထဲကနေ သပ်သပ်ရပ်ရပ် ကန်သွင်းပြီး အနိုင်ဂိုးအဖြစ် အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဂိုးမှာတော့ ဝါရင့်ကစားသမား မာတာရဲ့ Key Pass က အသက်ဖြစ်ခဲ့တာပါ။

ပွဲချိန် မိနစ် ၉၀ မှာတော့ ညာခြမ်းကနေ ဘောလုံးနဲ့အတူ တိုက်စစ်လိုက်ပါလာတဲ့ နောက်ခံလူ ဝန်ဘစ်ဆာကာက ရက်ရှ်ဖို့ဒ်နဲ့ ဝမ်းတူးရိုက်ပြီး ဂိုးဧရိယာထဲအရောက်မှာ အပေါ်ထောင့်ကို အပြင်းကန်သွင်းခဲ့ရမှာ တစ်ချိန်လုံးကာကွယ်နေခဲ့တဲ့ ဒါလိုး ဘာမှ မတတ်နိုင်ဘဲ ဂိုးဝင်သွားခဲ့လို့ ဧည့်သည်တွေကို အနိုင်သေချာစေခဲ့ပါတယ်။

တိုက်စစ်ကစားနေခဲ့တဲ့ ယူနိုက်တက်တို့ရဲ့ သွင်းဂိုးတွေကတော့ ဒီလောက်နဲ့ ရပ်တန့်မသွားသေးဘဲ နာကျင်အချိန်ပို ၆ မိနစ်မှာ နောက်ထပ် တစ်ဂိုး ရရှိခဲ့ပြီး နောက်ဆုံးဂိုးကြောင့် အားလျော့သွားခဲ့တဲ့ ငှက်ကျားတွေရဲ့ လျော့တိလျော့ရဲ နေရာယူပုံမှာ တောင်ပံက လွတ်နေခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဆီ ဖာနန်ဒက်စ်က အဝေးဘောကန်တင်ပေးခဲ့ရာမှာ Mr.MBE က အတွင်းကို ချိုးဝင်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အနိုင်ယူသွားနိုင်ခဲ့လို့ လေးဂိုး-တစ်ဂိုးနဲ့ စိန့်ဂျိမ်းစ်ပါ့ခ်မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို ပြန်လည်မြှင့်တင်နိုင်ခဲ့သလို လေးပွဲကစား နှစ်ပွဲနိုင် နှစ်ပွဲရှုံး၊ ရမှတ် ၆ မှတ်နဲ့ အဆင့် ၁၄ ကို ရောက်ရှိလာခဲ့ပြီး အသင်းကြီးတစ်သင်းရဲ့ ပုံစံကောင်းနဲ့ လမ်းကြောင်းမှန်ပေါ်ကို ပြန်လည်တက်လှမ်းဖို့ ပထမဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.