Match Report Premier League

ဂ်ာမန္သားေတြရဲ႕ သြင္းဂိုးေတြကို ႏုိင္ပြဲျဖစ္ေစဖို႔ ခံစစ္က သေဘာမတူခဲ့လို႔ သေရသာရခဲ့တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းကေတာ့ ဒီေန႔မွာ ၄-၃-၃ ကစားကြက္ကိုပဲ ခင္းက်င္းခဲ့ေပမယ့္ သီယာဂို ေဆးလ္ဗား မပါဝင္ႏုိင္မွဳနဲ႔ ေတာင္ပံတုိက္စစ္မွဴး ပူလီရွစ္ခ်္ ျပန္လည္ပါဝင္ႏုိင္မွဳေတြကေတာ့ သိသာတဲ့ အခ်က္ေတြျဖစ္ခဲ့သလို ခံစစ္မွာ အဆင္မေျပမွဳေတြ မ်ားခဲ့ၿပီး တုိက္စစ္က ထိေရာက္ေနခဲ့လုိ႔သာ ႏုိင္ပြဲရရွိခဲ့တာလည္းျဖစ္ပါတယ္။

ပူလီရွစ္ခ်္နဲ႔ ဟာဗတ္ဇ္တုိ႔ရဲ႕ ေတာင္ပံေတြနဲ႔ ကြင္းလယ္တစ္ေၾကာကို ေမႊေႏွာက္ႏုိင္မွဳကေန ဘယ္ေနာက္ခံလူ ေခ်းလ္ဝဲလ္နဲ႔ တုိက္စစ္မွဴး တီမို ဗာနာတုိ႔ကုိ ကစားေပါက္ေခ်ာင္ေစခဲ့သလို ေဆာက္သမ္တန္ဂိုးသမား မကၠာသီကို အလုပ္မ်ားေစခဲ့ၿပီး တစ္ဖက္မွာလည္း ယုံစားလို႔ မရေသးတဲ့ ခ်ဲလ္ဆီးခံစစ္ေၾကာင့္ ဂိုးသမား ကီပါ ကာကြယ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတုိ႔ အဖြင့္ဂိုးရခဲ့ၿပီး ေခ်းလ္ဝဲလ္ရဲ႕ ေပးပို႔မွဳကို ဗာနာက သူ႕ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ဂိုးအျဖစ္ တစ္ဖက္ ေနာက္ခံလူေတြကို တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ျဖတ္ေက်ာ္ၿပီး ဧရိယာထဲကေန အနိမ့္ေဘာကန္သြင္းခဲ့ရာမွာ ဂိုးသမား မကၠာသီ မကာကြယ္ႏုိင္ခဲ့လို႔ အိမ္ရွင္ေတြ ဦးေဆာင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးခံစစ္က ခရစၥတင္ဆန္နဲ႔ ဇူးမားတုိ႔ကေတာ့ ရွင္းထုတ္ပုံေတြ ဆုိးရြားေနခဲ့ၿပီး ဒန္နီအင္းစ္နဲ႔ ေရွအက္ဒမ္စ္တုိ႔ကို ထိန္းခ်ဳပ္ရာမွာ ႐ုန္းကန္ေနခဲ့ရသလို ကြင္းလယ္ကလည္း လိုအပ္သလို ကာကြယ္ေပးႏုိင္မွဳမ်ဳိး မရွိတာေၾကာင့္ ပြဲကေတာ့ ေတာ္ေတာ္ေလး ရင္ခုန္ခဲ့ရတာပါ။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ဒုတိယဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏုိင္ခဲ့သလို ကြင္းလယ္လူ ေဂ်ာ္ဂ်င္ညဳိရဲ႕ လွပတဲ့ ေပးပို႔မွဳကို ဂ်ာမန္သား ဗာနာကပဲ စိန္႔ေနာက္တန္းကို ေက်ာ္ျဖတ္ၿပီး ေျပးထြက္လာခဲ့တဲ့ ဂိုးသမား မကၠာသီရဲ႕ အေပၚကေန ေက်ာ္ယူၿပီးမွ ေခါင္းတုိက္သြင္းႏုိင္ခဲ့လုိ႔ လွပတဲ့ ဂိုးတစ္ဂိုးကို ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ မလိုအပ္ဘဲ အလိမ္အေခါက္မ်ားေနခဲ့တဲ့ ဟာဗတ္ဇ္ရဲ႕ အမွားကို ေရွအက္ဒမ္စ္က ေဘာလုံးလုယူၿပီး ေမွ်ာထိုးေပးလုိက္တာကို ဒန္နီအင္းစ္က ေနာက္ခံလူႏွစ္ေယာက္ၾကားထဲက ေျပးထြက္ၿပီး ဂိုးသမား ကီပါကိုပါ လိမ္ၿပီး ေခ်ပဂိုးတစ္ဂိုး ရယူႏုိင္ခဲ့ၿပီး ပထမပုိင္းကိုေတာ့ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အိမ္ရွင္ေတြ ဦးေဆာင္ေနခဲ့ပါတယ္။

Ball Playing Center Back ေတြ မဟုတ္ခဲ့တဲ့ ခရစၥတင္ဆန္နဲ႔ ဇူးမားတို႔ေတာ့ ခံစစ္ကေန ေဘာလုံးေပးကစားဖို႔ ေကာင္းေကာင္း မလုပ္တတ္တာကို ေတြ႕ရၿပီး ေဆာက္သမ္တန္ရဲ႕ Pressing ေတြကို Break မလုပ္တတ္ဘဲ ညာျခမ္းကစားတဲ့ ပူလီရွစ္ခ်္ကေတာ့ ဘယ္မွာဆုိရင္ ပုိေကာင္းမယ့္ ပုံစံကိုလည္း ျမင္ခဲ့ရပါတယ္။

ဖိအားေပးလာခဲ့တဲ့ ေဆာက္သမ္တန္တုိက္စစ္ကို ခ်ဲလ္ဆီးခံစစ္က ေတာင့္မခံႏုိင္ေတာ့ဘဲ ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ လမ္းပတ္ရဲ႕ ခပ္ညံ့ညံ့ ေနာက္ခံလူ ဇူးမားရဲ႕ ေနာက္ျပန္ေပးမွဳကေန တုိက္စစ္မွဴး ႏွစ္ေယာက္နဲ႔ တစ္ဦးတည္း ေတြ႕ခဲ့ရတဲ့ ကီပါအတြက္ ဘာအခြင့္အေရးမွ မရွိေတာ့ဘဲ ျပစ္တင္မွဳေတြ အားလုံးကို ခံယူရမယ့္သူဟာ နည္းျပပဲဆုိတာကို ေရွအက္ဒမ္စ္က သြင္းဂိုးနဲ႔ ေထာက္ျပေပးခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ ဦးေဆာင္ဂိုး ထပ္ရခဲ့ၿပီး တစ္ဖက္ခံစစ္ကို သုံးေယာက္တည္းနဲ႔ အလုပ္လုပ္ၿပီး ထုိးေဖာက္ခဲ့သလို ပူလီရွစ္ခ်္ ေမွ်ာေပးတာကို ဗာနာက ထိ႐ုံနဲ႔ ဝင္သြားႏိုင္ေလာက္တဲ့ အေနအထားအထိ ခူးၿပီးခပ္ၿပီး ခ်ေပးတာကို ဟာဗတ္ဇ္က ပိတ္သြင္းယူႏုိင္ခဲ့ပါတယ္။

ဒါေပမယ့္ လမ္းပတ္ရဲ႕ ခံစစ္မကစားတတ္မွဳ၊ ကြင္းလယ္ကစားကြက္မွာ ေဂ်ာ္ဂ်င္ညဳိ၊ ကြန္ေတနဲ႔ ေမာင့္တုိ႔ အလုပ္မျဖစ္မွဳေတြေၾကာင့္ ေဆာက္သမ္တန္တုိ႔ကပဲ စီးထားႏုိင္ခဲ့ၿပီး လုပ္အားႏွဳန္းခ်င္းလည္း ယွဥ္မရခဲ့လို႔ အိမ္ကြင္းမွာ ကစားရေပမယ့္ ဖိအားဝင္ေနခဲ့သလို ေမာင့္ကို ဇီးယက္ရွ္နဲ႔ လူစားလဲခဲ့ရာမွာလည္း ထူးထူးျခားျခား တုိးတက္လာျခင္းေတာ့ မရွိခဲ့တာပါ။

လမ္းပတ္ရဲ႕ လူစားလဲမွဳေတြ အလုပ္မျဖစ္ခဲ့ခ်ိန္မွာ ေဟဆန္ဟြတ္တယ္လ္ရဲ႕ အေျပာင္းအလဲက အလုပ္ျဖစ္ခဲ့ၿပီး ပြဲခ်ိန္ ၉၂ မိနစ္မွာေတာ့ ျပစ္ဒဏ္ေဘာကို ခုခံကာကြယ္ပုံ မေကာင္းတာကေန ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဝဲလ္ေကာ့က ကန္သြင္းတာကို ဗက္စတာဂါ့ဒ္က အနီးကပ္ ေခါင္းတုိက္ၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို ကီပါ ငုတ္တုတ္ေမ့ခဲ့ရၿပီး သုံးဂိုးစီသေရနဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။

ဒီပြဲကို သေရက်ခဲ့ရတာကေတာ့ သီယာဂို ေဆးလ္ဗားလို Commanding Center Back တစ္ဦး မပါႏုိင္ရင္ ခ်ဲလ္ဆီးအသင္းရဲ႕ ခံစစ္အဖြဲ႕ဟာ ဘာမွ မလုပ္တတ္ဘူးလို႔ အကဲျဖတ္ခံလုိက္ရတာလည္းျဖစ္သလို ဒီလိုပုံစံနဲ႔ေတာ့ အိပ္မက္ႀကီးႀကီးေတြ မက္လုိ႔ မရေသးဘူးလို႔ပဲ သုံးသပ္ရင္း လာမယ့္ ဆီဗီလာ၊ မန္ခ်က္စတာယူႏုိက္တက္တုိ႔နဲ႔ ပြဲေတြမွာ အေျပာင္းအလဲလုပ္ႏုိင္ဖို႔ လိုအပ္ေနၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ချဲလ်ဆီးအသင်းကတော့ ဒီနေ့မှာ ၄-၃-၃ ကစားကွက်ကိုပဲ ခင်းကျင်းခဲ့ပေမယ့် သီယာဂို ဆေးလ်ဗား မပါဝင်နိုင်မှုနဲ့ တောင်ပံတိုက်စစ်မှူး ပူလီရှစ်ချ် ပြန်လည်ပါဝင်နိုင်မှုတွေကတော့ သိသာတဲ့ အချက်တွေဖြစ်ခဲ့သလို ခံစစ်မှာ အဆင်မပြေမှုတွေ များခဲ့ပြီး တိုက်စစ်က ထိရောက်နေခဲ့လို့သာ နိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။

ပူလီရှစ်ချ်နဲ့ ဟာဗတ်ဇ်တို့ရဲ့ တောင်ပံတွေနဲ့ ကွင်းလယ်တစ်ကြောကို မွှေနှောက်နိုင်မှုကနေ ဘယ်နောက်ခံလူ ချေးလ်ဝဲလ်နဲ့ တိုက်စစ်မှူး တီမို ဗာနာတို့ကို ကစားပေါက်ချောင်စေခဲ့သလို ဆောက်သမ်တန်ဂိုးသမား မက္ကာသီကို အလုပ်များစေခဲ့ပြီး တစ်ဖက်မှာလည်း ယုံစားလို့ မရသေးတဲ့ ချဲလ်ဆီးခံစစ်ကြောင့် ဂိုးသမား ကီပါ ကာကွယ်နေခဲ့ရပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ချဲလ်ဆီးတို့ အဖွင့်ဂိုးရခဲ့ပြီး ချေးလ်ဝဲလ်ရဲ့ ပေးပို့မှုကို ဗာနာက သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဂိုးအဖြစ် တစ်ဖက် နောက်ခံလူတွေကို တစ်ကိုယ်တော်အစွမ်းနဲ့ ဖြတ်ကျော်ပြီး ဧရိယာထဲကနေ အနိမ့်ဘောကန်သွင်းခဲ့ရာမှာ ဂိုးသမား မက္ကာသီ မကာကွယ်နိုင်ခဲ့လို့ အိမ်ရှင်တွေ ဦးဆောင်ခဲ့ပါတယ်။

ချဲလ်ဆီးခံစစ်က ခရစ္စတင်ဆန်နဲ့ ဇူးမားတို့ကတော့ ရှင်းထုတ်ပုံတွေ ဆိုးရွားနေခဲ့ပြီး ဒန်နီအင်းစ်နဲ့ ရှေအက်ဒမ်စ်တို့ကို ထိန်းချုပ်ရာမှာ ရုန်းကန်နေခဲ့ရသလို ကွင်းလယ်ကလည်း လိုအပ်သလို ကာကွယ်ပေးနိုင်မှုမျိုး မရှိတာကြောင့် ပွဲကတော့ တော်တော်လေး ရင်ခုန်ခဲ့ရတာပါ။

ပွဲချိန် ၂၈ မိနစ်မှာတော့ အိမ်ရှင်တွေ ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့သလို ကွင်းလယ်လူ ဂျော်ဂျင်ညိုရဲ့ လှပတဲ့ ပေးပို့မှုကို ဂျာမန်သား ဗာနာကပဲ စိန့်နောက်တန်းကို ကျော်ဖြတ်ပြီး ပြေးထွက်လာခဲ့တဲ့ ဂိုးသမား မက္ကာသီရဲ့ အပေါ်ကနေ ကျော်ယူပြီးမှ ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ လှပတဲ့ ဂိုးတစ်ဂိုးကို ရရှိခဲ့ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာတော့ မလိုအပ်ဘဲ အလိမ်အခေါက်များနေခဲ့တဲ့ ဟာဗတ်ဇ်ရဲ့ အမှားကို ရှေအက်ဒမ်စ်က ဘောလုံးလုယူပြီး မျှောထိုးပေးလိုက်တာကို ဒန်နီအင်းစ်က နောက်ခံလူနှစ်ယောက်ကြားထဲက ပြေးထွက်ပြီး ဂိုးသမား ကီပါကိုပါ လိမ်ပြီး ချေပဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပြီး ပထမပိုင်းကိုတော့ နှစ်ဂိုး-တစ်ဂိုးနဲ့ အိမ်ရှင်တွေ ဦးဆောင်နေခဲ့ပါတယ်။

Ball Playing Center Back တွေ မဟုတ်ခဲ့တဲ့ ခရစ္စတင်ဆန်နဲ့ ဇူးမားတို့တော့ ခံစစ်ကနေ ဘောလုံးပေးကစားဖို့ ကောင်းကောင်း မလုပ်တတ်တာကို တွေ့ရပြီး ဆောက်သမ်တန်ရဲ့ Pressing တွေကို Break မလုပ်တတ်ဘဲ ညာခြမ်းကစားတဲ့ ပူလီရှစ်ချ်ကတော့ ဘယ်မှာဆိုရင် ပိုကောင်းမယ့် ပုံစံကိုလည်း မြင်ခဲ့ရပါတယ်။

ဖိအားပေးလာခဲ့တဲ့ ဆောက်သမ်တန်တိုက်စစ်ကို ချဲလ်ဆီးခံစစ်က တောင့်မခံနိုင်တော့ဘဲ ပွဲချိန် ၅၇ မိနစ်မှာတော့ လမ်းပတ်ရဲ့ ခပ်ညံ့ညံ့ နောက်ခံလူ ဇူးမားရဲ့ နောက်ပြန်ပေးမှုကနေ တိုက်စစ်မှူး နှစ်ယောက်နဲ့ တစ်ဦးတည်း တွေ့ခဲ့ရတဲ့ ကီပါအတွက် ဘာအခွင့်အရေးမှ မရှိတော့ဘဲ ပြစ်တင်မှုတွေ အားလုံးကို ခံယူရမယ့်သူဟာ နည်းပြပဲဆိုတာကို ရှေအက်ဒမ်စ်က သွင်းဂိုးနဲ့ ထောက်ပြပေးခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး တစ်ဖက်ခံစစ်ကို သုံးယောက်တည်းနဲ့ အလုပ်လုပ်ပြီး ထိုးဖောက်ခဲ့သလို ပူလီရှစ်ချ် မျှောပေးတာကို ဗာနာက ထိရုံနဲ့ ဝင်သွားနိုင်လောက်တဲ့ အနေအထားအထိ ခူးပြီးခပ်ပြီး ချပေးတာကို ဟာဗတ်ဇ်က ပိတ်သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လမ်းပတ်ရဲ့ ခံစစ်မကစားတတ်မှု၊ ကွင်းလယ်ကစားကွက်မှာ ဂျော်ဂျင်ညို၊ ကွန်တေနဲ့ မောင့်တို့ အလုပ်မဖြစ်မှုတွေကြောင့် ဆောက်သမ်တန်တို့ကပဲ စီးထားနိုင်ခဲ့ပြီး လုပ်အားနှုန်းချင်းလည်း ယှဉ်မရခဲ့လို့ အိမ်ကွင်းမှာ ကစားရပေမယ့် ဖိအားဝင်နေခဲ့သလို မောင့်ကို ဇီးယက်ရှ်နဲ့ လူစားလဲခဲ့ရာမှာလည်း ထူးထူးခြားခြား တိုးတက်လာခြင်းတော့ မရှိခဲ့တာပါ။

လမ်းပတ်ရဲ့ လူစားလဲမှုတွေ အလုပ်မဖြစ်ခဲ့ချိန်မှာ ဟေဆန်ဟွတ်တယ်လ်ရဲ့ အပြောင်းအလဲက အလုပ်ဖြစ်ခဲ့ပြီး ပွဲချိန် ၉၂ မိနစ်မှာတော့ ပြစ်ဒဏ်ဘောကို ခုခံကာကွယ်ပုံ မကောင်းတာကနေ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဝဲလ်ကော့က ကန်သွင်းတာကို ဗက်စတာဂါ့ဒ်က အနီးကပ် ခေါင်းတိုက်ပြီး လမ်းကြောင်းပြောင်းသွားခဲ့လို ကီပါ ငုတ်တုတ်မေ့ခဲ့ရပြီး သုံးဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲကို သရေကျခဲ့ရတာကတော့ သီယာဂို ဆေးလ်ဗားလို Commanding Center Back တစ်ဦး မပါနိုင်ရင် ချဲလ်ဆီးအသင်းရဲ့ ခံစစ်အဖွဲ့ဟာ ဘာမှ မလုပ်တတ်ဘူးလို့ အကဲဖြတ်ခံလိုက်ရတာလည်းဖြစ်သလို ဒီလိုပုံစံနဲ့တော့ အိပ်မက်ကြီးကြီးတွေ မက်လို့ မရသေးဘူးလို့ပဲ သုံးသပ်ရင်း လာမယ့် ဆီဗီလာ၊ မန်ချက်စတာယူနိုက်တက်တို့နဲ့ ပွဲတွေမှာ အပြောင်းအလဲလုပ်နိုင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.