International Match Report World Cup

ရပ်တန့်လို့မရတဲ့ခြေစွမ်းနဲ့ ကမ္ဘာ့ချန်ပီယံကို အလဲထိုးလိုက်တဲ့ ဥရုဂွေး

ဥရုဂွေးအသင်းဟာ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲစဉ်မှာ လက်ရှိ ကမ္ဘာ့ချန်ပီယံတွေဖြစ်တဲ့ အာဂျင်တီးနားကို နောက်ထပ် သမိုင်းဝင်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။

အာဂျင်တီးနားကို အနိုင်ယူနိုင်ဖို့က ခက်ခဲတဲ့ အလုပ်တစ်ခုဖြစ်ပေမယ့်လည်း ဥရုဂွေးဟာ နောက်ထပ်တစ်ကြိမ် လုပ်နိုင်ခဲ့ပြီး တူညီတဲ့ ခြေစစ်ပွဲအဆင့်မှာ ဘရာဇီးလ်ရော အာဂျင်တီးနားကိုပါ သမိုင်းဝင်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးဟာ ၁၉၅၉ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်နောက်ပိုင်း တောင်အမေရိက စူပါပါဝါအင်အားကြီး အသင်း ၂ သင်းစလုံးကို ဆက်တိုက် အနိုင်ယူနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပြီး အထင်ကြီးဖွယ်စံချိန်ကောင်းကို ကြာသပတေးနေ့ညမှာ ရော်နယ် အာရာအူဟိုနဲ့ ဒါဝင် နူးညက်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် မာဆယ်လို ဘီရယ်ဆာရဲ့အသင်းက ရရှိခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၄၁ မိနစ်မှာ ရော်နယ် အာရာအူဟိုက မားတီးယပ်စ် ဗီနာရဲ့ အလွန်ကောင်းမွန်တဲ့ ထိုးဖောက်မှုကနေတဆင့် ပေးပို့လိုက်တဲ့ဘောလုံးကို ပိတ်သွင်းယူပြီး ဥရုဂွေးအတွက် အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ၅၇ မိနစ်မှာ လီယွန်နယ် မက်ဆီက အာဂျင်တီးနားအတွက် ချေပဂိုး သွင်းယူပေးနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီး အင်တာ မိုင်ယာမီကြယ်ပွင့်ရဲ့ အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှုဟာ ဂိုးဘားတန်းနဲ့ ထိပြီး ဂိုးလွန်ဘောဖြစ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ပြည့်ဖို့ ၈ မိနစ်အလိုမှာ ဒီမာရီယာရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုကို လော်တာရို မာတီနက်ဇ်က အားပါတဲ့ ခေါင်းတိုက်ချက်နဲ့ အဆုံးသတ်ခဲ့ပေမယ့်လည်း ဥရုဂွေးဂိုးသမား ရိုချက်က သတိရှိရှိနဲ့ ပုတ်ထုတ်ကာကွယ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ၈၇ မိနစ်မှာ လီယွန်နယ် မက်ဆီ ဆီက ဘောလုံးကို ဘန်တန်ကာက ရယူပြီးနောက် ကွင်းလယ်မှာ ရှိနေတဲ့ ဒီလာ ခရုဇ်ဆီ ပေးပို့ခဲ့ရာမှာ ရေးဗား ပလိတ်ကစားသမားက အိုတာမန်ဒီနဲ့ ရိုမဲရိုးတို့ကြားကနေ ပြေးထွက်ဖို့ ချောင်းနေတဲ့ နူးညက်ဇ်ဆီ တိကျတဲ့ ကန်ချက်နဲ့ ပေးပို့ခဲ့ပြီး လီဗာပူးလ်တိုက်စစ်မှူးက ဘောလုံးကို ရယူပြီးနောက် အီမီလီယာနို မာတီနက်ဇ်ရဲ့ ပေါင်ကြားထဲကနေ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဥရုဂွေးဟာ အာဂျင်တီးနားကို ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းတလျှောက် ဧည့်သည်အဖြစ်နဲ့ ပထမဆုံးအကြိမ် နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပြီး ဒီနိုင်ပွဲကြောင့် အုပ်စု ပထမနေရာက ကမ္ဘာ့ဖလားချန်ပီယံတွေနဲ့ ၂ မှတ်အကွာ ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဥရုဂွေးအသင်းဟာ ယနေ့နံနက် ၆ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲစဉ်မှာ လက်ရှိ ကမ္ဘာ့ချန်ပီယံတွေဖြစ်တဲ့ အာဂျင်တီးနားကို နောက်ထပ် သမိုင်းဝင်နိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။








REF: INTERNET SOURCES
SPORTS A2Z.