International Match Report World Cup

အစွမ်းကုန်တောက်ပနေတဲ့ ဒီယက်ဇ်ကြောင့် ကိုလံဘီယာကို ရှုံးနိမ့်ခဲ့တဲ့ ဘရာဇီးလ်

ဒီနေ့မနက် ၆ နာရီခွဲမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကိုလံဘီယာနဲ့ ဘရာဇီးလ်တို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲစဉ်မှာ ကိုလံဘီယာက လူးဝစ္စ ဒီယက်ဇ်ရဲ့ ကမ္ဘာ့အဆင့် ခြေစွမ်းကြောင့် အဖိုးတန်နိုင်ပွဲ ရရှိခဲ့ပါတယ်။

ဘရာဇီးလ်က ကိုလံဘီယာနဲ့ပွဲစဉ်မှာ အားကောင်းတဲ့ လူစာရင်းကို ပွဲထုတ်လာခဲ့ပြီး ဂိုးမှာ အယ်လစ်ဆန်၊ ခံစစ်မှာ ရိုင်ရယ်၊ မာကင်ညို့စ်၊ ဂါဘရီယဲလ်၊ လိုဒီ ကွင်းလယ်မှာ ရာဖင်ညာ၊ အန်ဒရီ၊ ဂီမာရေးစ်၊ မာတီနယ်လီ တိုက်စစ်မှာ ဗင်နီးရှပ်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

ပထမပိုင်း ၄ မိနစ်မှာပဲ အာဆင်နယ်ကြယ်ပွင့် ဂါဘရီယဲလ် မာတီနယ်လီက ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် သူ့ရဲ့ ပထမဆုံးသော နိုင်ငံတကာသွင်းဂိုးကို ဗင်နီးရှပ်စ် ဂျူနီယာရဲ့ဖန်တီးပေးပို့မှုကနေတဆင့် ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ကိုလံဘီယာဟာ ဘရာဇီးလ်ကို တန်ပြန်တိုက်စစ်နဲ့ အငိုက်ဖမ်း ကစားခဲ့ပြီး တောင်ပံတကြောကနေ လူးဝစ္စ ဒီယက်ဇ်က တောက်လျှောက် ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၁ မိနစ်အကြာမှာပဲ ရာဖင်ညာက ဘရာဇီးလ်အတွက် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဂိုးတိုင်ထိထွက်သွားခဲ့တာကြောင့် နစ်နာခဲ့ရတာဖြစ်ပါတယ်။

ကိုလံဘီယာအတွက် ဘယ်တောင်ပံတလျှောက် အဓိက ခြိမ်းခြောက်မှုဖြစ်ခဲ့တဲ့ လူးဝစ္စ ဒီယက်ဇ်ဟာ ပွဲကစားချိန် ၇၅ မိနစ်မှာပဲ အရေးကြီးတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဒီသွင်းဂိုးကို အက်စ်ပရီလာရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ချေပဂိုး ရသွားတဲ့ ကိုလံဘီယာဟာ ဘရာဇီးလ်ကို နောက်ထပ် ဦးဆောင်ဂိုး သွင်းယူနိုင်ဖို့ တရစပ် ခြိမ်းခြောက်လာခဲ့ပြီး နောက်ထပ် ၄ မိနစ်အကြာမှာပဲ ဟားမက်စ် ရိုဒရီဂက်ဇ်ရဲ့ ညာတောင်ပံကနေ ခုတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို လူးဝစ္စ ဒီယက်ဇ်ကပဲ ဂိုးတိုင်နားမှာ လှပတဲ့ ဘောလုံးထိန်းသိမ်းမှုပြုလုပ်ပြီး ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လူးဝစ္စ ဒီယက်ဇ်ရဲ့ ရင်သပ်ရှုမောဖွယ် သွင်းဂိုး ၂ ဂိုးကြောင့် ကိုလံဘီယာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဆင့်မှာ ဒုတိယမြောက် နိုင်ပွဲရယူနိုင်ခဲ့ပြီဖြစ်ပြီး ဘရာဇီးလ်ကတော့ ၂ ပွဲဆက်တိုက် ရှုံးပွဲနဲ့အတူ အုပ်စု အဆင့် ၅ နေရာမှာ ရမှတ် ၇ မှတ်နဲ့ အုပ်စုပထမနေရာက အဓိကပြိုင်ဘက် အာဂျင်တီးနားနဲ့ ၅ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔မနက္ ၆ နာရီခြဲမွာ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ကိုလံဘီယာနဲ႔ ဘရာဇီးလ္တို႔ရဲ႕ ကမာၻ႔ဖလားေျခစစ္ပြဲ ေတာင္အေမရိကဇုန္ပြဲစဥ္မွာ ကိုလံဘီယာက လူးဝစၥ ဒီယက္ဇ္ရဲ႕ ကမာၻ႔အဆင့္ ေျခစြမ္းေၾကာင့္ အဖိုးတန္ႏိုင္ပြဲ ရရွိခဲ့ပါတယ္။

ဘရာဇီးလ္က ကိုလံဘီယာနဲ႔ပြဲစဥ္မွာ အားေကာင္းတဲ့ လူစာရင္းကို ပြဲထုတ္လာခဲ့ၿပီး ဂိုးမွာ အယ္လစ္ဆန္၊ ခံစစ္မွာ ႐ိုင္ရယ္၊ မာကင္ညိဳ႕စ္၊ ဂါဘရီယဲလ္၊ လိုဒီ ကြင္းလယ္မွာ ရာဖင္ညာ၊ အန္ဒရီ၊ ဂီမာေရးစ္၊ မာတီနယ္လီ တိုက္စစ္မွာ ဗင္နီးရွပ္စ္ ဂ်ဴနီယာနဲ႔ ႐ိုဒရီဂိုတို႔ကို အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ပထမပိုင္း ၄ မိနစ္မွာပဲ အာဆင္နယ္ၾကယ္ပြင့္ ဂါဘရီယဲလ္ မာတီနယ္လီက ဘရာဇီးလ္လက္ေ႐ြးစင္အသင္းအတြက္ သူ႔ရဲ႕ ပထမဆုံးေသာ ႏိုင္ငံတကာသြင္းဂိုးကို ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ဖန္တီးေပးပို႔မႈကေနတဆင့္ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ကိုလံဘီယာဟာ ဘရာဇီးလ္ကို တန္ျပန္တိုက္စစ္နဲ႔ အငိုက္ဖမ္း ကစားခဲ့ၿပီး ေတာင္ပံတေၾကာကေန လူးဝစၥ ဒီယက္ဇ္က ေတာက္ေလွ်ာက္ ၿခိမ္းေျခာက္ခဲ့တာျဖစ္ပါတယ္။ ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၁ မိနစ္အၾကာမွာပဲ ရာဖင္ညာက ဘရာဇီးလ္အတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူေပးႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ဂိုးတိုင္ထိထြက္သြားခဲ့တာေၾကာင့္ နစ္နာခဲ့ရတာျဖစ္ပါတယ္။

ကိုလံဘီယာအတြက္ ဘယ္ေတာင္ပံတေလွ်ာက္ အဓိက ၿခိမ္းေျခာက္မႈျဖစ္ခဲ့တဲ့ လူးဝစၥ ဒီယက္ဇ္ဟာ ပြဲကစားခ်ိန္ ၇၅ မိနစ္မွာပဲ အေရးႀကီးတဲ့ ေခ်ပဂိုးကို သြင္းယူေပးႏိုင္ခဲ့ၿပီး ဒီသြင္းဂိုးကို အက္စ္ပရီလာရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေခ်ပဂိုး ရသြားတဲ့ ကိုလံဘီယာဟာ ဘရာဇီးလ္ကို ေနာက္ထပ္ ဦးေဆာင္ဂိုး သြင္းယူႏိုင္ဖို႔ တရစပ္ ၿခိမ္းေျခာက္လာခဲ့ၿပီး ေနာက္ထပ္ ၄ မိနစ္အၾကာမွာပဲ ဟားမက္စ္ ႐ိုဒရီဂက္ဇ္ရဲ႕ ညာေတာင္ပံကေန ခုတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို လူးဝစၥ ဒီယက္ဇ္ကပဲ ဂိုးတိုင္နားမွာ လွပတဲ့ ေဘာလုံးထိန္းသိမ္းမႈျပဳလုပ္ၿပီး ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လူးဝစၥ ဒီယက္ဇ္ရဲ႕ ရင္သပ္ရႈေမာဖြယ္ သြင္းဂိုး ၂ ဂိုးေၾကာင့္ ကိုလံဘီယာဟာ ကမာၻ႔ဖလားေျခစစ္ပြဲအဆင့္မွာ ဒုတိယေျမာက္ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီျဖစ္ၿပီး ဘရာဇီးလ္ကေတာ့ ၂ ပြဲဆက္တိုက္ ရႈံးပြဲနဲ႔အတူ အုပ္စု အဆင့္ ၅ ေနရာမွာ ရမွတ္ ၇ မွတ္နဲ႔ အုပ္စုပထမေနရာက အဓိကၿပိဳင္ဘက္ အာဂ်င္တီးနားနဲ႔ ၅ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.