International

လစ်ချ်တင်စတိုင်းနဲ့ပွဲမှာ ၈၆၅ ဂိုးမြောက်သွင်းယူပြီး ယူရိုထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာတဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကြာသပတေးနေ့ညက လစ်ချ်တင်စတိုင်းနဲ့ ကစားခဲ့တဲ့ ယူရို ခြေစစ်ပွဲစဉ်မှာ ပေါ်တူဂီအတွက် ၄၇ မိနစ်မှာ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ကစားသမားဘဝ သွင်းဂိုး ၈၆၅ ဂိုးပြည့်မြောက်ခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ အကောင်းဆုံးခြေစွမ်း ပြသနေသူဖြစ်ပြီး လစ်ချ်တင်စတိုင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ နိုင်ငံတကာသွင်းဂိုး ၁၀၈ ဂိုးပြည့်မြောက်စေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အောက်သင်းဖြစ်တဲ့ လစ်ချ်တင်စတိုင်းဟာ ပထမပိုင်းပြီးဆုံးတဲ့အချိန်အထိ ပေါ်တူဂီကို ဂိုးမပေးရအောင် ထိန်းသိမ်းထားနိုင်ခဲ့တဲ့အတွက် ချီးကျူးရမှာဖြစ်ပေမယ့်လည်း ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ၂ မိနစ်ခန့်မှာပဲ ခရစ္စတီယာနို ရော်နယ်လ်ဒိုက အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ကြယ်ပွင့် ဒီအိုဂို ဂျိုတာက အယ်လ်နာဆာ တိုက်စစ်မှူးဆီကို လှပသေသပ်တဲ့ ပေးပို့မှု ပြုလုပ်ခဲ့ရာမှာ ပေါ်တူဂီအသင်းခေါင်းဆောင်က တိကျသေချာ အဆုံးသတ်နဲ့ ကန်သွင်းယူပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဘယ်လ်ဂျီယမ်တိုက်စစ်မှူး လူကာကူးနဲ့အတူ ယူရို ၂၀၂၄ ခြေစစ်ပွဲအဆင့်မှာ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပြီဖြစ်ပြီး ပေါ်တူဂီအတွက် နောက်ထပ် ဦးဆောင်ဂိုးကို ၅၇ မိနစ်မှာ ဂျာအို ကန်ဆယ်လိုက သွင်းယူပေးခဲ့တာကြောင့် ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကြာသပတေးနေ့ညက လစ်ခ်ျတင်စတိုင်းနဲ့ ကစားခဲ့တဲ့ ယူရို ခြေစစ်ပွဲစဉ်မှာ ပေါ်တူဂီအတွက် ၄၇ မိနစ်မှာ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ကစားသမားဘဝ သွင်းဂိုး ၈၆၅ ဂိုးပြည့်မြောက်ခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ကလပ်အသင်းအတွက်ရော နိုင်ငံအသင်းအတွက်ပါ အကောင်းဆုံးခြေစွမ်း ပြသနေသူဖြစ်ပြီး လစ်ခ်ျတင်စတိုင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ နိုင်ငံတကာသွင်းဂိုး ၁၀၈ ဂိုးပြည့်မြောက်စေမယ့် ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အောက်သင်းဖြစ်တဲ့ လစ်ခ်ျတင်စတိုင်းဟာ ပထမပိုင်းပြီးဆုံးတဲ့အချိန်အထိ ပေါ်တူဂီကို ဂိုးမပေးရအောင် ထိန်းသိမ်းထားနိုင်ခဲ့တဲ့အတွက် ချီးကျူးရမှာဖြစ်ပေမယ့်လည်း ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ၂ မိနစ်ခန့်မှာပဲ ခရစ္စတီယာနို ရော်နယ်လ်ဒိုက အဖွင့်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။



REF: INTERNET SOURCES
SPORTS A2Z.