Premier League

အချင်းချင်းအရေးယူဖို့ နှေးသလောက် အာတီတာဆို ချက်ချင်းအရေးယူတဲ့ အက်ဖ်အေ

အာဆင်နယ်နည်းပြ အာတီတာဟာ နယူးကာဆယ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ပွဲတာဝန်ရှိသူတွေကို ဒေါသတကြီး ပြစ်တင်ဝေဖန်ခဲ့တဲ့အတွက် အက်ဖ်အေရဲ့ အရေးယူခြင်းကို ခံခဲ့ရပါတယ်။

ဂန်းနားတွေဟာ နိုဝင်ဘာလ ၄ ရက်နေ့က စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း အန်သိုနီ ဂေါ်ဒွန်ရဲ့ အငြင်းပွားဖွယ် သွင်းဂိုးကြောင့် နယူးကာဆယ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးကို VAR က မတူညီတဲ့အခိုက်အတန့် ၃ ခုအတွက် စစ်ဆေးခဲ့ပေမယ့်လည်း ခွင့်ပြုခဲ့တဲ့အတွက် အာတီတာက ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အာတီတာက အာဆင်နယ်အနေနဲ့ ရှင်းလင်းပြီး သိသာတဲ့ ဆုံးဖြတ်ချက်ကြောင့် ရှုံးနိမ့်ဖို့ မထိုက်တန်​ကြောင်းနဲ့ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ဟာ အရှက်ရစရာနဲ့ အရုပ်ဆိုး အကျည်းတန်မှုဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အာတီတာရဲ့မှတ်ချက်ဟာ တာဝန်ရှိသူတွေကို စော်ကားပြီး ပြိုင်ပွဲကို အသရေပျက်စေခဲ့တယ်ဆိုပြီး အက်ဖ်အေက စွဲချက်တင်ခြင်းကို ခံခဲ့ရပြီဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်နေ့မတိုင်ခင်အထိ စွဲချက်တင်ထားမှုကို တုံ့ပြန်ဖို့ အချိန်ရမယ်လို့ အက်ဖ်အေရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အန်သိုနီ ဂေါ်ဒွန်ရဲ့ အာဆင်နယ်နဲ့ပွဲစဉ်က အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး PGMOL ဥက္ကဌ ဟောင်းဝပ်ဝက်ဘ်က နယူးကာဆယ်ရဲ့ သွင်းဂိုးကို ပယ်ဖျက်ဖို့အတွက် ထင်ရှားတဲ့ သက်သေတွေ မရှိခဲ့တာကြောင့် ဂိုးပေးခဲ့တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“နယူးကာဆယ်နဲ့ အာဆင်နယ်ပွဲက တကယ့်အခိုက်အတန့် ဖြစ်ခဲ့တယ်ပေါ့နော်။ အဓိကအားဖြင့် ဖြစ်ရပ်သုံးခုပေါ့။ ပထမဆုံး ဂိုးစည်းကျော်သွားတဲ့ ဖြစ်ရပ်မှာတော့ ကျွန်တော်တို့မှာ စည်းကျပ်ဒိုင် ရှိတာ မမေ့ပါနဲ့။ ပြီးတော့ ဘောလုံးက အရှိန်အဟုန်နဲ့ သွားခဲ့တာလည်း မဟုတ်ဘူး။ သူက ဂိုးစည်းမကျော်ဘူးလို့ ဆုံးဖြတ်ခဲ့တယ်။ ဘောလုံးက လုံးနေတာလေ။ ဆိုတော့ သူ့အလုံးအဝန်းက စည်းပေါ်မှာ ဆက်ရှိနေသေးတာ ဖြစ်နိုင်ပါတယ်။ ကင်မရာတွေအရလည်း ဒီဘောလုံးစည်းကျော်တယ်ဆိုတဲ့ ထင်ရှားတဲ့သက်သေ မရှိခဲ့ဘူး။”

“နောက်တခုကတော့ ဂေဘရီယဲလ်နဲ့ ဂျိုလင်တန်တို့ပေါ့။ ဒါဟာ ပြစ်ဒဏ်ဘော ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ဒိုင်တွေကတော့ ဒါဟာ ထင်ရှားတဲ့ ပြစ်ဒဏ်ကျူးလွန်မှု ဖြစ်တယ်ဆိုတာကို ကင်မရာပုံရိပ်တွေမှာ မတွေ့ခဲ့ရဘူးတဲ့။ ဒါဟာ ပြစ်ဒဏ်ဘောဖြစ်တယ်လို့ အမြင်အမျိုးမျိုးတော့ ရှိတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော်ကတော့ ပြစ်ဒဏ်ဘောအဖြစ် မသတ်မှတ်တာ မှန်တယ်လို့ပဲ ပြောချင်ပါတယ်။ တဦးချင်း အယူအဆ အမျိုးမျိုးကတော့ ရှိမှာပဲလေ”

“နောက်ဆုံးအချက်က ဂေါ်ဒွန်လူကျွံမကျွံပေါ့နော်။ ဂျိုလင်တန်နဲ့ထိပြီး ဘောလုံးထွက်လာချိန်မှာ ကစားသမားအားလုံးက အရမ်း နီးကပ်နေပြီဗျ။ ဆိုတော့ ဂျိုလင်တန်ရဲ့ နောက်‌ဆုံးထိချက်မှာ ဂေါ်ဒွန်လူကျွံမကျွံဆိုတာ ကြည့်လို့ မရပါဘူး။ ပြောရရင် လူကျွံနေတာဆိုတာ ထင်ရှားတဲ့ သက်သေ မရှိဘူးပေါ့ဗျာ။ ဒါကြောင့် ဂိုးပေးလိုက်တာဟာ အရမ်းကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ နယူးကာဆယ္ယူႏိုက္တက္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီး ပြဲတာဝန္ရွိသူေတြကို ေဒါသတႀကီး ျပစ္တင္ေဝဖန္ခဲ့တဲ့အတြက္ အက္ဖ္ေအရဲ႕ အေရးယူျခင္းကို ခံခဲ့ရပါတယ္။

ဂန္းနားေတြဟာ ႏိုဝင္ဘာလ ၄ ရက္ေန႔က စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ကစားခဲ့တဲ့ ပြဲစဥ္အတြင္း အန္သိုနီ ေဂၚဒြန္ရဲ႕ အျငင္းပြားဖြယ္ သြင္းဂိုးေၾကာင့္ နယူးကာဆယ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး အဲဒီသြင္းဂိုးကို VAR က မတူညီတဲ့အခိုက္အတန႔္ ၃ ခုအတြက္ စစ္ေဆးခဲ့ေပမယ့္လည္း ခြင့္ျပဳခဲ့တဲ့အတြက္ အာတီတာက ေဒါသထြက္ခဲ့တာျဖစ္ပါတယ္။

ပြဲအၿပီးမွာ အာတီတာက အာဆင္နယ္အေနနဲ႔ ရွင္းလင္းၿပီး သိသာတဲ့ ဆုံးျဖတ္ခ်က္ေၾကာင့္ ရႈံးနိမ့္ဖို႔ မထိုက္တန္​ေၾကာင္းနဲ႔ ဒိုင္လူႀကီးေတြရဲ႕ ဆုံးျဖတ္ခ်က္ဟာ အရွက္ရစရာနဲ႔ အ႐ုပ္ဆိုး အက်ည္းတန္မႈျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အာတီတာရဲ႕မွတ္ခ်က္ဟာ တာဝန္ရွိသူေတြကို ေစာ္ကားၿပီး ၿပိဳင္ပြဲကို အသေရပ်က္ေစခဲ့တယ္ဆိုၿပီး အက္ဖ္ေအက စြဲခ်က္တင္ျခင္းကို ခံခဲ့ရၿပီျဖစ္ၿပီး ႏိုဝင္ဘာ ၂၁ ရက္ေန႔မတိုင္ခင္အထိ စြဲခ်က္တင္ထားမႈကို တုံ႔ျပန္ဖို႔ အခ်ိန္ရမယ္လို႔ အက္ဖ္ေအရဲ႕ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

အန္သိုနီ ေဂၚဒြန္ရဲ႕ အာဆင္နယ္နဲ႔ပြဲစဥ္က အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး PGMOL ဥကၠဌ ေဟာင္းဝပ္ဝက္ဘ္က နယူးကာဆယ္ရဲ႕ သြင္းဂိုးကို ပယ္ဖ်က္ဖို႔အတြက္ ထင္ရွားတဲ့ သက္ေသေတြ မရွိခဲ့တာေၾကာင့္ ဂိုးေပးခဲ့တာက မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“နယူးကာဆယ္နဲ႔ အာဆင္နယ္ပြဲက တကယ့္အခိုက္အတန႔္ ျဖစ္ခဲ့တယ္ေပါ့ေနာ္။ အဓိကအားျဖင့္ ျဖစ္ရပ္သုံးခုေပါ့။ ပထမဆုံး ဂိုးစည္းေက်ာ္သြားတဲ့ ျဖစ္ရပ္မွာေတာ့ ကြၽန္ေတာ္တို႔မွာ စည္းက်ပ္ဒိုင္ ရွိတာ မေမ့ပါနဲ႔။ ၿပီးေတာ့ ေဘာလုံးက အရွိန္အဟုန္နဲ႔ သြားခဲ့တာလည္း မဟုတ္ဘူး။ သူက ဂိုးစည္းမေက်ာ္ဘူးလို႔ ဆုံးျဖတ္ခဲ့တယ္။ ေဘာလုံးက လုံးေနတာေလ။ ဆိုေတာ့ သူ႔အလုံးအဝန္းက စည္းေပၚမွာ ဆက္ရွိေနေသးတာ ျဖစ္ႏိုင္ပါတယ္။ ကင္မရာေတြအရလည္း ဒီေဘာလုံးစည္းေက်ာ္တယ္ဆိုတဲ့ ထင္ရွားတဲ့သက္ေသ မရွိခဲ့ဘူး။”

“ေနာက္တခုကေတာ့ ေဂဘရီယဲလ္နဲ႔ ဂ်ိဳလင္တန္တို႔ေပါ့။ ဒါဟာ ျပစ္ဒဏ္ေဘာ ျဖစ္ႏိုင္ပါတယ္။ ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့လည္း ဒိုင္ေတြကေတာ့ ဒါဟာ ထင္ရွားတဲ့ ျပစ္ဒဏ္က်ဴးလြန္မႈ ျဖစ္တယ္ဆိုတာကို ကင္မရာပုံရိပ္ေတြမွာ မေတြ႕ခဲ့ရဘူးတဲ့။ ဒါဟာ ျပစ္ဒဏ္ေဘာျဖစ္တယ္လို႔ အျမင္အမ်ိဳးမ်ိဳးေတာ့ ရွိတာေပါ့ေနာ္။ ဒါေပမဲ့ ကြၽန္ေတာ္ကေတာ့ ျပစ္ဒဏ္ေဘာအျဖစ္ မသတ္မွတ္တာ မွန္တယ္လို႔ပဲ ေျပာခ်င္ပါတယ္။ တဦးခ်င္း အယူအဆ အမ်ိဳးမ်ိဳးကေတာ့ ရွိမွာပဲေလ”

“ေနာက္ဆုံးအခ်က္က ေဂၚဒြန္လူကြၽံမကြၽံေပါ့ေနာ္။ ဂ်ိဳလင္တန္နဲ႔ထိၿပီး ေဘာလုံးထြက္လာခ်ိန္မွာ ကစားသမားအားလုံးက အရမ္း နီးကပ္ေနၿပီဗ်။ ဆိုေတာ့ ဂ်ိဳလင္တန္ရဲ႕ ေနာက္‌ဆုံးထိခ်က္မွာ ေဂၚဒြန္လူကြၽံမကြၽံဆိုတာ ၾကည့္လို႔ မရပါဘူး။ ေျပာရရင္ လူကြၽံေနတာဆိုတာ ထင္ရွားတဲ့ သက္ေသ မရွိဘူးေပါ့ဗ်ာ။ ဒါေၾကာင့္ ဂိုးေပးလိုက္တာဟာ အရမ္းကို မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ပါပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.