International

သရဲနီကြယ်ပွင့်ကို ဘာလို့ လက်ရွေးစင်ထဲမခေါ်လဲရှင်းပြလိုက်တဲ့ စကာလိုနီ

အာဂျင်တီးနားလက်ရွေးစင်နည်းပြ လီယွန်နယ် စကာလိုနီက မန်ချက်စတာယူနိုက်တက်အတွက် ခြေစွမ်းပြသနိုင်ခြင်းမရှိမှုက ဂါနာချိုကို နိုဝင်ဘာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အတွက် လူစာရင်းထဲ မခေါ်ယူခဲ့တဲ့ အဓိကနောက်ကွယ်က အကြောင်းအရင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆယ်ကျော်သက်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာပွဲစဉ်အားလပ်ရက် ၂ ကြိမ်စလုံးမှာ အာဂျင်တီးနားလက်ရွေးစင်လူစာရင်းအတွက် ခေါ်ယူခြင်းခံခဲ့ရပေမယ့်လည်း ဘိုလစ်ဗီးယားကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ နောက်ကျလူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ဂါနာချိုဟာ မန်ချက်စတာယူနိုက်တက်အတွက် ခြေစွမ်းပြသဖို့ ရုန်းကန်နေခဲ့ရပြီး ယခုရာသီ ၁၄ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်ပေးနိုင်ခြင်း မရှိသေးတာ ဖြစ်ပါတယ်။ ဂါနာချိုရဲ့ တစ်လုံးတည်းသော သွင်းဂိုးပါဝင်ပတ်သက်မှုဟာ ကာရာဘောင်းဖလားပွဲစဉ်မှာ ခရစ္စတယ် ပဲလေ့စ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ စက်တင်ဘာလပွဲစဉ်တုန်းက ဖြစ်ပြီး ယခုလအစောပိုင်းတုန်းက ဖူလ်ဟမ်နဲ့ပွဲမှာ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း မက်တော်မီနေးရဲ့ ဂိုးက လူကျွံဘောအဖြစ် ပယ်ဖျက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာ ခြေစွမ်းကောင်းပြသဖို့ ရုန်းကန်နေရပေမယ့်လည်း ဂါနာချိုက ကလပ်နဲ့ နိုင်ငံအတွက် ကြီးမားတဲ့ အနာဂတ်ရှိတဲ့ ကစားသမားအဖြစ် ရှုမြင်ခြင်းခံခဲ့ရပြီး စကာလိုနီက အသက် ၁၉ နှစ်အရွယ် ကစားသမားက နောက်ထပ်တစ်ကြိမ် ကစားပေးချင်စိတ်ရှိပုံမပေါ်တာကြောင့် အနားပေးတာက ပိုသင့်တော်တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

“ဂါနာချိုကို မခေါ်ယူခဲ့တဲ့ အကြောင်းအရင်းလား။ သူ့ကို မခေါ်ယူခဲ့တာက ခြေစွမ်းပိုင်း ပြဿနာကြောင့်ပါ။ နောက်ဆုံး ခေါ်ယူခဲ့တဲ့အချိန်တုန်းကလည်း သူ ပွဲကစားချိန် အများကြီးမရခဲ့တာလည်း ပါပါတယ်။ ကျွန်တော်တို့ ကစားသမားတွေနဲ့ပတ်သက်ပြီး လူသားဆိုတဲ့ ရှုထောင့်ကနေလည်း တွေးဖို့လိုပါတယ်။ ဒီမှာ အားလုံးက ရှိနေချင်ကြတာက အရမ်းကောင်းပါတယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂ်င္တီးနားလက္ေ႐ြးစင္နည္းျပ လီယြန္နယ္ စကာလိုနီက မန္ခ်က္စတာယူႏိုက္တက္အတြက္ ေျခစြမ္းျပသႏိုင္ျခင္းမရွိမႈက ဂါနာခ်ိဳကို ႏိုဝင္ဘာ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္အတြက္ လူစာရင္းထဲ မေခၚယူခဲ့တဲ့ အဓိကေနာက္ကြယ္က အေၾကာင္းအရင္းျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဆယ္ေက်ာ္သက္ၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ ၂ ႀကိမ္စလုံးမွာ အာဂ်င္တီးနားလက္ေ႐ြးစင္လူစာရင္းအတြက္ ေခၚယူျခင္းခံခဲ့ရေပမယ့္လည္း ဘိုလစ္ဗီးယားကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ေနာက္က်လူစားဝင္ကစားသမားအျဖစ္သာ ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။

ဂါနာခ်ိဳဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ေျခစြမ္းျပသဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး ယခုရာသီ ၁၄ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ျပဳလုပ္ေပးႏိုင္ျခင္း မရွိေသးတာ ျဖစ္ပါတယ္။ ဂါနာခ်ိဳရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးပါဝင္ပတ္သက္မႈဟာ ကာရာေဘာင္းဖလားပြဲစဥ္မွာ ခရစၥတယ္ ပဲေလ့စ္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ စက္တင္ဘာလပြဲစဥ္တုန္းက ျဖစ္ၿပီး ယခုလအေစာပိုင္းတုန္းက ဖူလ္ဟမ္နဲ႔ပြဲမွာ ဂိုးဖန္တီးမႈ ျပဳလုပ္ႏိုင္ခဲ့ပုံေပၚခဲ့ေပမယ့္လည္း မက္ေတာ္မီေနးရဲ႕ ဂိုးက လူကြၽံေဘာအျဖစ္ ပယ္ဖ်က္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

လက္ရွိမွာ ေျခစြမ္းေကာင္းျပသဖို႔ ႐ုန္းကန္ေနရေပမယ့္လည္း ဂါနာခ်ိဳက ကလပ္နဲ႔ ႏိုင္ငံအတြက္ ႀကီးမားတဲ့ အနာဂတ္ရွိတဲ့ ကစားသမားအျဖစ္ ရႈျမင္ျခင္းခံခဲ့ရၿပီး စကာလိုနီက အသက္ ၁၉ ႏွစ္အ႐ြယ္ ကစားသမားက ေနာက္ထပ္တစ္ႀကိမ္ ကစားေပးခ်င္စိတ္ရွိပုံမေပၚတာေၾကာင့္ အနားေပးတာက ပိုသင့္ေတာ္တယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

“ဂါနာခ်ိဳကို မေခၚယူခဲ့တဲ့ အေၾကာင္းအရင္းလား။ သူ႔ကို မေခၚယူခဲ့တာက ေျခစြမ္းပိုင္း ျပႆနာေၾကာင့္ပါ။ ေနာက္ဆုံး ေခၚယူခဲ့တဲ့အခ်ိန္တုန္းကလည္း သူ ပြဲကစားခ်ိန္ အမ်ားႀကီးမရခဲ့တာလည္း ပါပါတယ္။ ကြၽန္ေတာ္တို႔ ကစားသမားေတြနဲ႔ပတ္သက္ၿပီး လူသားဆိုတဲ့ ရႈေထာင့္ကေနလည္း ေတြးဖို႔လိုပါတယ္။ ဒီမွာ အားလုံးက ရွိေနခ်င္ၾကတာက အရမ္းေကာင္းပါတယ္။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.