Premier League

ဂန်းနားတွေအတွက် ဖလားရယူပေးနိုင်မယ့် ကစားသမား ၂ ဦးကို ပြောပြခဲ့တဲ့ ကမ်းဘဲလ်

အာဆင်နယ်ဂန္တဝင် ဆိုးလ် ကမ်းဘဲလ်က ဇန်နဝါရီမှာ အာတီတာ ခေါ်ယူတာ မြင်ချင်တဲ့ တိုက်စစ်မှူး ၂ ဦးက ဘယ်သူတွေလဲဆိုတာကို ပြောပြခဲ့ပါတယ်။

အာတီတာရဲ့အသင်း ဒီရာသီမှာ အထင်ကြီးဖွယ်အကောင်းဆုံး ခြေစွမ်းပြသနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်ပေမယ့်လည်း တိုက်စစ်နေရာမှာ အားနည်းချက်ရှိနေသေးတာပြီး ဂါဘရီယဲလ် ဂျေဆူးနဲ့ အန်ကီးတီးယားတို့ဟာ တစ်ဦးက ဒဏ်ရာ၊ တစ်ဦးက ခြေစွမ်းပိုင်းတည်ငြိမ်မှုနဲ့ပတ်သက်ပြီး ရုန်းကန်နေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဂါဘရီယဲလ် ဂျေဆူးရဲ့ ဒဏ်ရာပြဿနာက အာဆင်နယ်ရဲ့ ဆုဖလားစိန်ခေါ်မှုအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာဖြစ်ပေမယ့် ဒီရာသီမှာတော့ လစ်လပ်နေတဲ့နေရာမှာ အထောင်တိုက်စစ်မှူးအဖြစ် ကစားပေးနိုင်တဲ့ ထရော့ဆာ့ဒ် ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂန်းနားတွေအနေနဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ယောက်သာ ခေါ်လိုက်ရင် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်လိမ့်မယ်လို့ အများစုက ယုံကြည်နေကြပြီး အာဆင်နယ်ကို ၂၀၀၄ ခုနှစ်မှာ ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့တဲ့ ကမ်းဘဲလ်ကလည်း အဲဒီအတိုင်းပဲ ယုံကြည်နေတာ ဖြစ်ပါတယ်။

“အဆုံးမှာတော့ ဇန်နဝါရီရဲ့ အဆုံးအဖြတ်ခံရမှာပါ။ သူတို့တွေ အထောင်တိုက်စစ်မှူး လိုအပ်နေလား။ ပရီးမီးယားလိဂ်မှာ ၂၀ ကနေ ၂၅ ဂိုးအထိ သွင်းနိုင်တဲ့သူမျိုးပေါ့။ ခင်ဗျား သိပါတယ်။ ခက်ခဲပြီး ဂိုးသွင်းရကြပ်တဲ့ပွဲတွေမှာ ဂိုးသွင်းနိုင်တဲ့သူမျိုး။ အဲဒါက သူတို့ကို အကူအညီဖြစ်စေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အထောင်တိုက်စစ်မှူးကောင်းကောင်း ရှာတွေ့ဖို့က လွယ်သလားဆိုရင် အဆုံးမှာ အဲဒီလိုမျိုး တစ်ယောက်လောက် သူတို့တွေ ရသွားနိုင်တယ်။ တိုက်စစ်ကို အားဖြည့်ပေးနိုင်မယ့် သင့်တော်တဲ့ အထောင်တိုက်စစ်မှူးတစ်ယောက်ပေါ့။ ခံစစ်တွေကို ဖြိုဖျက်ဖို့အတွက် ခင်ဗျား သူတို့လို ကစားသမားမျိုးကို ကစားခိုင်းဖို့ လိုတယ်။ အချို့ ခံစစ်တွေက ခင်ဗျားရဲ့ အထာကို နောကြေနေအောင် နားလည်တယ်။ ဒါပေမယ့် ခင်ဗျား နောက်ထပ် ကစားသမားခေါ်လိုက်ရင်ကျ တစ်မျိုးတစ်ဖုံဖြစ်သွားတယ်။ တစ်စုံတယောက်ကို ခေါ်ယူလိုက်တာက အခြေအနေကို တကယ်ပြောင်းလဲစေပါတယ်”

ကမ်းဘဲလ်က အမ်းမရိတ်စ်မှာ အံဝင်မယ့် တိုက်စစ်မှူးလို့ ထင်မြင်တဲ့ သူတွေကိုလည်း ပြောပြခဲ့ပြီး “ဗစ်တာ အိုဆီမန်ပါ။ ဒါပေမယ့် သူက စျေးတော့ များမယ်။ အိုင်ဗန် တိုနီလည်းရှိတယ်။ သူတို့တွေက တခြားနေရာတွေမှာတော့ ကောင်းတယ်။ အထောင်တိုက်စစ်က သူတို့တွေ အဖြေရှာဖို့ လိုအပ်နေတဲ့ နေရာတစ်ခုဖြစ်ပြီး ဘာတွေဖြစ်နိုင်ခြေရှိလဲဆိုတာကို ကြည့်မလား ဒါမှမဟုတ် လာမယ့်ရာသီထိ စောင့်မှာလား။ဒါပေမယ့် ဂိုးသွင်းရကြပ်တဲ့ပွဲတွေမှာ ဂိုးပေါက်ရှာနိုင်တဲ့၊ တိုက်စစ်မှာ ဘာလုပ်ရမလဲဆိုတာ သိတဲ့၊ ခံစစ်ကို အလုပ်ပေးထားပြီး တခြားလူတွေကို လွတ်လွတ်ကျွတ်ကျွတ် ကစားခွင့်ရအောင် လုပ်ပေးနိုင်တဲ့ တိုက်စစ်မှူးလိုမျိုး လူမှန်တွေ့ရင်တော့ ခရစ္စမတ်မှာ ခေါ်။ ဒါမှမဟုတ်ရင် နောက်ရာသီတော့ ကျိန်းသေခေါ်ရမယ်။ လူမှန်က အသင်းအပေါ်က ဖိအားတွေကို ဖယ်ရှားပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ ဆိုးလ္ ကမ္းဘဲလ္က ဇန္နဝါရီမွာ အာတီတာ ေခၚယူတာ ျမင္ခ်င္တဲ့ တိုက္စစ္မႉး ၂ ဦးက ဘယ္သူေတြလဲဆိုတာကို ေျပာျပခဲ့ပါတယ္။

အာတီတာရဲ႕အသင္း ဒီရာသီမွာ အထင္ႀကီးဖြယ္အေကာင္းဆုံး ေျခစြမ္းျပသေနတဲ့ အသင္းေတြထဲက တစ္သင္းျဖစ္ေပမယ့္လည္း တိုက္စစ္ေနရာမွာ အားနည္းခ်က္ရွိေနေသးတာၿပီး ဂါဘရီယဲလ္ ေဂ်ဆူးနဲ႔ အန္ကီးတီးယားတို႔ဟာ တစ္ဦးက ဒဏ္ရာ၊ တစ္ဦးက ေျခစြမ္းပိုင္းတည္ၿငိမ္မႈနဲ႔ပတ္သက္ၿပီး ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကလည္း ဂါဘရီယဲလ္ ေဂ်ဆူးရဲ႕ ဒဏ္ရာျပႆနာက အာဆင္နယ္ရဲ႕ ဆုဖလားစိန္ေခၚမႈအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ျဖစ္ခဲ့တာျဖစ္ေပမယ့္ ဒီရာသီမွာေတာ့ လစ္လပ္ေနတဲ့ေနရာမွာ အေထာင္တိုက္စစ္မႉးအျဖစ္ ကစားေပးႏိုင္တဲ့ ထေရာ့ဆာ့ဒ္ ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂန္းနားေတြအေနနဲ႔ ကမာၻ႔အဆင့္ တိုက္စစ္မႉးတစ္ေယာက္သာ ေခၚလိုက္ရင္ ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္လိမ့္မယ္လို႔ အမ်ားစုက ယုံၾကည္ေနၾကၿပီး အာဆင္နယ္ကို ၂၀၀၄ ခုႏွစ္မွာ ခ်န္ပီယံျဖစ္ေအာင္ ကူညီေပးခဲ့တဲ့ ကမ္းဘဲလ္ကလည္း အဲဒီအတိုင္းပဲ ယုံၾကည္ေနတာ ျဖစ္ပါတယ္။

“အဆုံးမွာေတာ့ ဇန္နဝါရီရဲ႕ အဆုံးအျဖတ္ခံရမွာပါ။ သူတို႔ေတြ အေထာင္တိုက္စစ္မႉး လိုအပ္ေနလား။ ပရီးမီးယားလိဂ္မွာ ၂၀ ကေန ၂၅ ဂိုးအထိ သြင္းႏိုင္တဲ့သူမ်ိဳးေပါ့။ ခင္ဗ်ား သိပါတယ္။ ခက္ခဲၿပီး ဂိုးသြင္းရၾကပ္တဲ့ပြဲေတြမွာ ဂိုးသြင္းႏိုင္တဲ့သူမ်ိဳး။ အဲဒါက သူတို႔ကို အကူအညီျဖစ္ေစလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ အေထာင္တိုက္စစ္မႉးေကာင္းေကာင္း ရွာေတြ႕ဖို႔က လြယ္သလားဆိုရင္ အဆုံးမွာ အဲဒီလိုမ်ိဳး တစ္ေယာက္ေလာက္ သူတို႔ေတြ ရသြားႏိုင္တယ္။ တိုက္စစ္ကို အားျဖည့္ေပးႏိုင္မယ့္ သင့္ေတာ္တဲ့ အေထာင္တိုက္စစ္မႉးတစ္ေယာက္ေပါ့။ ခံစစ္ေတြကို ၿဖိဳဖ်က္ဖို႔အတြက္ ခင္ဗ်ား သူတို႔လို ကစားသမားမ်ိဳးကို ကစားခိုင္းဖို႔ လိုတယ္။ အခ်ိဳ႕ ခံစစ္ေတြက ခင္ဗ်ားရဲ႕ အထာကို ေနာေၾကေနေအာင္ နားလည္တယ္။ ဒါေပမယ့္ ခင္ဗ်ား ေနာက္ထပ္ ကစားသမားေခၚလိုက္ရင္က် တစ္မ်ိဳးတစ္ဖုံျဖစ္သြားတယ္။ တစ္စုံတေယာက္ကို ေခၚယူလိုက္တာက အေျခအေနကို တကယ္ေျပာင္းလဲေစပါတယ္”

ကမ္းဘဲလ္က အမ္းမရိတ္စ္မွာ အံဝင္မယ့္ တိုက္စစ္မႉးလို႔ ထင္ျမင္တဲ့ သူေတြကိုလည္း ေျပာျပခဲ့ၿပီး “ဗစ္တာ အိုဆီမန္ပါ။ ဒါေပမယ့္ သူက ေစ်းေတာ့ မ်ားမယ္။ အိုင္ဗန္ တိုနီလည္းရွိတယ္။ သူတို႔ေတြက တျခားေနရာေတြမွာေတာ့ ေကာင္းတယ္။ အေထာင္တိုက္စစ္က သူတို႔ေတြ အေျဖရွာဖို႔ လိုအပ္ေနတဲ့ ေနရာတစ္ခုျဖစ္ၿပီး ဘာေတြျဖစ္ႏိုင္ေျခရွိလဲဆိုတာကို ၾကည့္မလား ဒါမွမဟုတ္ လာမယ့္ရာသီထိ ေစာင့္မွာလား။ဒါေပမယ့္ ဂိုးသြင္းရၾကပ္တဲ့ပြဲေတြမွာ ဂိုးေပါက္ရွာႏိုင္တဲ့၊ တိုက္စစ္မွာ ဘာလုပ္ရမလဲဆိုတာ သိတဲ့၊ ခံစစ္ကို အလုပ္ေပးထားၿပီး တျခားလူေတြကို လြတ္လြတ္ကြၽတ္ကြၽတ္ ကစားခြင့္ရေအာင္ လုပ္ေပးႏိုင္တဲ့ တိုက္စစ္မႉးလိုမ်ိဳး လူမွန္ေတြ႕ရင္ေတာ့ ခရစၥမတ္မွာ ေခၚ။ ဒါမွမဟုတ္ရင္ ေနာက္ရာသီေတာ့ က်ိန္းေသေခၚရမယ္။ လူမွန္က အသင္းအေပၚက ဖိအားေတြကို ဖယ္ရွားေပးႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.