Bundesliga

ဟက်ထရစ်ဘောလုံးထားစရာနေရာမရှိဖြစ်နေတဲ့ကိစ္စ ဖြေရှင်းတော့မယ့် ကိန်း

ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူး ဟာရီ ကိန်းဟာ တော့တင်ဟမ်ဟော့စပါးကနေ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးကို ပြောင်းရွှေ့လာပြီးနောက် ၃ လအကြာမှာ အမြဲတမ်း နေထိုင်မယ့် နေအိမ်ကို ပြောင်းရွှေ့ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

ကိန်းဟာ ယခုနွေရာသီမှာ ကစားသမားဘဝ အများစုကို အချိန်ကုန်ဆုံးခဲ့တဲ့ မိခင်ကလပ် တော့တင်ဟမ်ဟော့စပါးနဲ့ လမ်းခွဲခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ပေါင် ၈၂ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးနဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ဘွန်ဒက်စ်လီဂါသမိုင်းမှာ တန်ဖိုးအကြီးမားဆုံး ကစားသမားခေါ်ယူမှုဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ဟာရီ ကိန်းဟာ အသင်းသစ်မှာ အသားကျဖို့ အချိန်မယူခဲ့ရဘဲ ချက်ချင်း အထိုင်ကျသွားခဲ့ပြီး ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၁၆ ပွဲမှာ သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် စံချိန်တွေ တစ်ခုပြီးတစ်ခု ရိုက်ချိုးခဲ့တာဖြစ်ပါတယ်။

ကိန်းဟာ ဘွန်ဒက်စ်လီဂါမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမယ့်လည်း အသင်းဖော် သောမတ်စ် မူလာက ဟိုတယ်မှာ နေထိုင်နေရတဲ့ အင်္ဂလန်တိုက်စစ်မှူးရဲ့ အကြောင်းကို သိတာကြောင့် ပွဲဘောလုံးတွေကို ထားစရာနေရာမရှိတဲ့ကောင်လို့ နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ ကိန်းနဲ့ ဇနီးဖြစ်သူ ကိတ်တို့ဟာ မြူးနစ်မြို့ရဲ့ စျေးအကြီးဆုံး ဟိုတယ်တွေထဲက တစ်ခုဖြစ်တဲ့ Vier Jahreszeiten Kempinski မှာ တည်းခိုနေထိုင်ခဲ့တဲ့ ၃ လအကြာမှာ ပေါင် ၁ သန်းအထိ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

Vier Jahreszeiten Kempinski ဟိုတယ်မှာ ထမင်းချက် ဝန်ဆောင်မှုပေးထားပြီး နာမည်ကျော် ချောကလက်တံဆိပ်ဖြစ်တဲ့ Purity ကို စိတ်ကြိုက်စားသုံးခွင့်၊ ကမ္ဘာကျော် ရေမွှေးအမှတ်တံဆိပ်ဖြစ်တဲ့ Krigler အသုံးပြုခွင့်အပြင် အထူးထုတ်ထားတဲ့ BMW ကားကို စမ်းသပ်မောင်းနှင်ခွင့်ပါ ပေးထားတာဖြစ်ပါတယ်။

ကိန်းဟာ ဟိုတယ်မှာ နေထိုင်ရင်း အိမ်သစ်ကို ရှာဖွေနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အိမ်သစ်ကို ရှာတွေ့ခဲ့ပြီဖြစ်ပုံပေါ်ပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ ကိန်းရဲ့ ဇနီးနဲ့ ကလေး ၄ ယောက်ဟာ လာမယ့်လမှာ မြူးနစ်ကို ပြောင်းရွှေ့လာမယ်လို့ မျှော်လင့်ရပြီး အသက် ၃၀ အရွယ် တိုက်စစ်မှူးနဲ့ မိသားစုဟာ ပြည်ပကို ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ကစားသမားဟောင်း နေထိုင်ခဲ့တဲ့ ဇိမ်ခံအိမ်ရာထဲမှာ နေထိုင်သွားမယ်လို့ သိရပါတယ်။

မာနေး၊ လီဗန်ဒေါ့ဗ်စကီး၊ လူးကပ်စ် ဟာနန်ဒက်ဇ်၊ ပါဗက်တို့ဟာ မကြာသေးမီက ပြည်ပကို ပြောင်းရွှေ့သွားခဲ့ကြတာဖြစ်ပေမယ့်လည်း ဘယ်ကစားသမားနေထိုင်တဲ့ အိမ်လဲဆိုတာကို တရားဝင် ထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္တိုက္စစ္မႉး ဟာရီ ကိန္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးကေန ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ ၃ လအၾကာမွာ အၿမဲတမ္း ေနထိုင္မယ့္ ေနအိမ္ကို ေျပာင္းေ႐ႊ႕ဖို႔ စီစဥ္ေနၿပီလို႔ သိရပါတယ္။

ကိန္းဟာ ယခုေႏြရာသီမွာ ကစားသမားဘဝ အမ်ားစုကို အခ်ိန္ကုန္ဆုံးခဲ့တဲ့ မိခင္ကလပ္ ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ လမ္းခြဲခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္အသင္းကို ေပါင္ ၈၂ သန္းနဲ႔ အၿပီးသတ္ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ အဂၤလန္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ဟာ ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးနဲ႔ ၄ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး ဘြန္ဒက္စ္လီဂါသမိုင္းမွာ တန္ဖိုးအႀကီးမားဆုံး ကစားသမားေခၚယူမႈျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

ဟာရီ ကိန္းဟာ အသင္းသစ္မွာ အသားက်ဖို႔ အခ်ိန္မယူခဲ့ရဘဲ ခ်က္ခ်င္း အထိုင္က်သြားခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္အတြက္ ၿပိဳင္ပြဲစုံ ၁၆ ပြဲမွာ သြင္းဂိုး ၂၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ စံခ်ိန္ေတြ တစ္ခုၿပီးတစ္ခု ႐ိုက္ခ်ိဳးခဲ့တာျဖစ္ပါတယ္။

ကိန္းဟာ ဘြန္ဒက္စ္လီဂါမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့ေပမယ့္လည္း အသင္းေဖာ္ ေသာမတ္စ္ မူလာက ဟိုတယ္မွာ ေနထိုင္ေနရတဲ့ အဂၤလန္တိုက္စစ္မႉးရဲ႕ အေၾကာင္းကို သိတာေၾကာင့္ ပြဲေဘာလုံးေတြကို ထားစရာေနရာမရွိတဲ့ေကာင္လို႔ ေနာက္ေျပာင္ခဲ့တာျဖစ္ပါတယ္။

The Sun ရဲ႕ ေဖာ္ျပခ်က္အရ ကိန္းနဲ႔ ဇနီးျဖစ္သူ ကိတ္တို႔ဟာ ျမဴးနစ္ၿမိဳ႕ရဲ႕ ေစ်းအႀကီးဆုံး ဟိုတယ္ေတြထဲက တစ္ခုျဖစ္တဲ့ Vier Jahreszeiten Kempinski မွာ တည္းခိုေနထိုင္ခဲ့တဲ့ ၃ လအၾကာမွာ ေပါင္ ၁ သန္းအထိ ကုန္က်ခဲ့တယ္လို႔ သိရပါတယ္။

Vier Jahreszeiten Kempinski ဟိုတယ္မွာ ထမင္းခ်က္ ဝန္ေဆာင္မႈေပးထားၿပီး နာမည္ေက်ာ္ ေခ်ာကလက္တံဆိပ္ျဖစ္တဲ့ Purity ကို စိတ္ႀကိဳက္စားသုံးခြင့္၊ ကမာၻေက်ာ္ ေရေမႊးအမွတ္တံဆိပ္ျဖစ္တဲ့ Krigler အသုံးျပဳခြင့္အျပင္ အထူးထုတ္ထားတဲ့ BMW ကားကို စမ္းသပ္ေမာင္းႏွင္ခြင့္ပါ ေပးထားတာျဖစ္ပါတယ္။

ကိန္းဟာ ဟိုတယ္မွာ ေနထိုင္ရင္း အိမ္သစ္ကို ရွာေဖြေနခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ အိမ္သစ္ကို ရွာေတြ႕ခဲ့ၿပီျဖစ္ပုံေပၚပါတယ္။ The Athletic ရဲ႕ ေဖာ္ျပခ်က္အရ ကိန္းရဲ႕ ဇနီးနဲ႔ ကေလး ၄ ေယာက္ဟာ လာမယ့္လမွာ ျမဴးနစ္ကို ေျပာင္းေ႐ႊ႕လာမယ္လို႔ ေမွ်ာ္လင့္ရၿပီး အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးနဲ႔ မိသားစုဟာ ျပည္ပကို ေျပာင္းေ႐ႊ႕သြားၿပီျဖစ္တဲ့ ကစားသမားေဟာင္း ေနထိုင္ခဲ့တဲ့ ဇိမ္ခံအိမ္ရာထဲမွာ ေနထိုင္သြားမယ္လို႔ သိရပါတယ္။

မာေနး၊ လီဗန္ေဒါ့ဗ္စကီး၊ လူးကပ္စ္ ဟာနန္ဒက္ဇ္၊ ပါဗက္တို႔ဟာ မၾကာေသးမီက ျပည္ပကို ေျပာင္းေ႐ႊ႕သြားခဲ့ၾကတာျဖစ္ေပမယ့္လည္း ဘယ္ကစားသမားေနထိုင္တဲ့ အိမ္လဲဆိုတာကို တရားဝင္ ထုတ္ေဖာ္ေျပာဆိုထားျခင္းမရွိေသးတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.