Bundesliga Ligue1 Premier League

ဘိုင်ယန်က ၁၁ ပွဲ ၁၇ ဂိုးနဲ့ ရွှေဖိနပ်ယူဖို့ မဖြစ်နိုင်သေးတဲ့ ဟာရီကိန်း

ဘိုင်ယန်မြူးနစ်အသင်းမှာ ဘွန်ဒက်စ်လီဂါပွဲစဉ် ၁၁ ပွဲ ကစားအပြီး ၁၇ ဂိုးသွင်းယူထားခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းတစ်ယောက် ဒီရာသီ ဥရောပ ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးမှာ ဦးဆောင်နေလိမ့်မယ်လို့ ဘောလုံးပရိသတ်တွေက ထင်ခဲ့ကြပေမယ့် ဒါက ကမောက်ကမ အခြေအနေတွေကြောင့် အမှားကြီး မှားသွားခဲ့ရပါတယ်။

အမှတ်ပေးပြိုင်ပွဲရဲ့ အဆင့်အတန်းနဲ့ မြှောက်ကိန်းအရ ဂျာမန်လိဂ်အနေနဲ့ အမြင့်ဆုံး တန်ဖိုး အမြှောက် ၂ ကို ရရှိထားပြီး အသက် ၃၀ အရွယ် တိုက်စစ်မှူးရဲ့ သွင်းဂိုး ၁၇ ဂိုးက ၃၄ မှတ် တန်ဖိုးရှိနေချိန်မှာ ဒါက ပြိုင်ပွဲရဲ့ သုံးပုံတစ်ပုံလောက်သာ ကစားရသေးတဲ့အတွက် ဒီနှုန်းအတိုင်း ဆက်သွားရင် ရာသီကုန်မှာ ၅၁ ဂိုးအထိ ဖြစ်သွားနိုင်တာပါ။

ဒါပေမယ့် ဟာရီကိန်းရဲ့ လက်ရှိအနေအထားက ဥရောပ ရွှေဖိနပ် တန်းစီဇယားရဲ့ ထိပ်ဆုံးမှာ ရှိမနေခဲ့တာကိုတော့ အားလုံး အံ့အားသင့်ခဲ့ကြရပြီး လက်ရှိမှာ ထိပ်ဆုံးက ရပ်တည်နေသူကတော့ ပြင်သစ်ကလပ် မောင့်ပယ်လီယေးရဲ့ တိုက်စစ်မှူး အက်ကော အက်ဒမ်စ်ပဲ ဖြစ်လို့နေတာပါ။

ပိုပြီး အံ့အားသင့်စရာကတော့ အသက် ၂၃ နှစ်အရွယ် နိုင်ဂျီးရီးယားတိုက်စစ်မှူးအနေနဲ့ ပြင်သစ်လိဂန်မှာ ၁၁ ပွဲကစား ၇ ဂိုးသာ သွင်းယူထားခဲ့ပြီး ၁၄ မှတ်သာ ရရှိနေပေမယ့် သူ့ရဲ့ ဒီအသင်းကို မပြောင်းခင် ပြက္ခဒိန်နှစ်မှာ နော်ဝေကလပ် လီလ်စထရွမ်နဲ့ ၁၅ ဂိုး ရယူထားခဲ့လို့ အဲ့ဒီလိဂ်မှာတော့ မြှောက်ကိန်း ၁.၅ အရ နောက်ထပ် ၂၂.၅ ထပ်ပေါင်းခံခဲ့ရပြီး ၃၆.၅ မှတ် ရရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့် မကြာခင်မှာတော့ ပြင်သစ်အသင်းလတ်ကလေးက အက်ဒမ်စ်ကို ဟာရီကိန်းအနေနဲ့ ကျော်တက်သွားနိုင်ဖွယ်ရှိပြီး သူ့အနေနဲ့ လက်ရှိ ရာသီမှာ အဓိက ပြိုင်ဘက်အဖြစ် ပြိုင်ဆိုင်ရနိုင်တဲ့သူတွေကတော့ တစ်မြေတည်းသား စတုဂတ်ရဲ့ ဆာဟူးလ် ဂီရာဆီ (၁၅ ဂိုး)၊ ပီအက်စ်ဂျီရဲ့ ခီလီယန် အမ်ဘာပေ (၁၃ ဂိုး)နဲ့ မန်စီးတီးရဲ့ အာလင်း ဟားလန်း (၁၂ ဂိုး)တို့ ဖြစ်ကြောင်းလည်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘိုင္ယန္ျမဴးနစ္အသင္းမွာ ဘြန္ဒက္စ္လီဂါပြဲစဥ္ ၁၁ ပြဲ ကစားအၿပီး ၁၇ ဂိုးသြင္းယူထားခဲ့တဲ့ တိုက္စစ္မႉး ဟာရီကိန္းတစ္ေယာက္ ဒီရာသီ ဥေရာပ ေ႐ႊဖိနပ္ဆုအတြက္ ထိပ္ဆုံးမွာ ဦးေဆာင္ေနလိမ့္မယ္လို႔ ေဘာလုံးပရိသတ္ေတြက ထင္ခဲ့ၾကေပမယ့္ ဒါက ကေမာက္ကမ အေျခအေနေတြေၾကာင့္ အမွားႀကီး မွားသြားခဲ့ရပါတယ္။

အမွတ္ေပးၿပိဳင္ပြဲရဲ႕ အဆင့္အတန္းနဲ႔ ေျမႇာက္ကိန္းအရ ဂ်ာမန္လိဂ္အေနနဲ႔ အျမင့္ဆုံး တန္ဖိုး အေျမႇာက္ ၂ ကို ရရွိထားၿပီး အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးရဲ႕ သြင္းဂိုး ၁၇ ဂိုးက ၃၄ မွတ္ တန္ဖိုးရွိေနခ်ိန္မွာ ဒါက ၿပိဳင္ပြဲရဲ႕ သုံးပုံတစ္ပုံေလာက္သာ ကစားရေသးတဲ့အတြက္ ဒီႏႈန္းအတိုင္း ဆက္သြားရင္ ရာသီကုန္မွာ ၅၁ ဂိုးအထိ ျဖစ္သြားႏိုင္တာပါ။

ဒါေပမယ့္ ဟာရီကိန္းရဲ႕ လက္ရွိအေနအထားက ဥေရာပ ေ႐ႊဖိနပ္ တန္းစီဇယားရဲ႕ ထိပ္ဆုံးမွာ ရွိမေနခဲ့တာကိုေတာ့ အားလုံး အံ့အားသင့္ခဲ့ၾကရၿပီး လက္ရွိမွာ ထိပ္ဆုံးက ရပ္တည္ေနသူကေတာ့ ျပင္သစ္ကလပ္ ေမာင့္ပယ္လီေယးရဲ႕ တိုက္စစ္မႉး အက္ေကာ အက္ဒမ္စ္ပဲ ျဖစ္လို႔ေနတာပါ။

ပိုၿပီး အံ့အားသင့္စရာကေတာ့ အသက္ ၂၃ ႏွစ္အ႐ြယ္ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးအေနနဲ႔ ျပင္သစ္လိဂန္မွာ ၁၁ ပြဲကစား ၇ ဂိုးသာ သြင္းယူထားခဲ့ၿပီး ၁၄ မွတ္သာ ရရွိေနေပမယ့္ သူ႔ရဲ႕ ဒီအသင္းကို မေျပာင္းခင္ ျပကၡဒိန္ႏွစ္မွာ ေနာ္ေဝကလပ္ လီလ္စထ႐ြမ္နဲ႔ ၁၅ ဂိုး ရယူထားခဲ့လို႔ အဲ့ဒီလိဂ္မွာေတာ့ ေျမႇာက္ကိန္း ၁.၅ အရ ေနာက္ထပ္ ၂၂.၅ ထပ္ေပါင္းခံခဲ့ရၿပီး ၃၆.၅ မွတ္ ရရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္ မၾကာခင္မွာေတာ့ ျပင္သစ္အသင္းလတ္ကေလးက အက္ဒမ္စ္ကို ဟာရီကိန္းအေနနဲ႔ ေက်ာ္တက္သြားႏိုင္ဖြယ္ရွိၿပီး သူ႔အေနနဲ႔ လက္ရွိ ရာသီမွာ အဓိက ၿပိဳင္ဘက္အျဖစ္ ၿပိဳင္ဆိုင္ရႏိုင္တဲ့သူေတြကေတာ့ တစ္ေျမတည္းသား စတုဂတ္ရဲ႕ ဆာဟူးလ္ ဂီရာဆီ (၁၅ ဂိုး)၊ ပီအက္စ္ဂ်ီရဲ႕ ခီလီယန္ အမ္ဘာေပ (၁၃ ဂိုး)နဲ႔ မန္စီးတီးရဲ႕ အာလင္း ဟားလန္း (၁၂ ဂိုး)တို႔ ျဖစ္ေၾကာင္းလည္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.